• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
in ဆောင်းပါး
A A
ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်ဒဏ်ခံ နေပြည်တော်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လှည့်လည်ကြည့်ရှုစဉ်/AFP

22.3k
VIEWS
Share on FacebookShare on Twitter

ကောလာဟလနှင့် အတိတ်နိမိတ် ပျံ့နှံ့မှုများကို ဆင်ဆာဖြတ်တောက်သောနိုင်ငံတွင် မြန်မာပြည်သူများသည် ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

မတ်လ ၂၈ ရက်နေ့က ဖျက်အားပြင်း ငလျင်အကြား အခြေအနေ ဆိုးရွားနေချိန် သေရေးရှင်ရေး မေးခွန်းတခု ငလျင်နောက်ဆက်တွဲ ဖုန်လုံးများအကြား ထွက်ပေါ်နေဆဲ ဖြစ်သည်။ ယင်းမှာ ပြည်တွင်းစစ်ကြောင့် ဒုက္ခရောက်နေသောနိုင်ငံတွင် နောက်ထပ် စိတ်ဒဏ်ရာဖြစ်စေသည့် ပြတ်ရွေ့လွှာများ အပြင်းအထန် ပွတ်တိုက်မိပြီး ငလျင်လှုပ်ခြင်းသည် စစ်ကောင်စီ ကျဆုံးမည်နိမိတ် ဖြစ်နိုင်သလားဆိုသည့် မေးခွန်းဖြစ်သည်။

စစ်တပ်က နှစ် ၈၀ ပြည့် တော်လှန်ရေးနေ့ (စစ်တပ်အခေါ် တပ်မတော်‌နေ့) ကို ယခင် စစ်အုပ်စုက ရည်ရွယ်ချက်ရှိရှိ တည်ဆောက်ခဲ့သည့် မြို့တော်နေပြည်တော်တွင် စစ်ရေးပြချီတက်ပြီး နောက်တရက်၌ အနည်းဆုံး လူ ၂ ထောင်ကျော် သေဆုံး သို့မဟုတ် ထို့ထက် များစွာ သေဆုံးနိုင်သည်ဟု သိရသည့် ငလျင် အပြင်းအထန်လှုပ်သည်။

ဆင့်ကဲဖြစ်စဉ်များကို လျစ်လျူရှုထား၍ မဖြစ်ပေ။

အတိတ်နိမိတ်များနှင့် ကောလာဟလများကို သတင်းအချက်အလက်စီးဆင်းမှု မရှိသလောက်ဖြစ်သော အာဏာရှင်နိုင်ငံတွင် အလေးထားကြသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ လွန်ခဲ့သော လေးနှစ်က စစ်အာဏာသိမ်းသောအခါ အာဏာသိမ်း ဗိုလ်ချုပ်များသည် နိုင်ငံကို ပိတ်ဆို့ပြီး အယူသည်းခြင်းနှင့် ဝါဒဖြန့်ချိရေး ကိုးကွယ်မှုသို့ ပြန်လည်တွန်းပို့သည်။

အတိတ်နိမိတ်များနှင့် ကောလာဟလများကို သတင်းအချက်အလက်စီးဆင်းမှု မရှိသလောက်ဖြစ်သော အာဏာရှင်နိုင်ငံတွင် အလေးထားကြသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ လွန်ခဲ့သော လေးနှစ်က စစ်အာဏာသိမ်းသောအခါ အာဏာသိမ်း ဗိုလ်ချုပ်များသည် နိုင်ငံကို ပိတ်ဆို့ပြီး အယူသည်းခြင်းနှင့် ဝါဒဖြန့်ချိရေး ကိုးကွယ်မှုသို့ ပြန်လည်တွန်းပို့သည်။

ထို့နောက် ငလျင်များအရေးသည် မြန်မာတွင် အမြစ်ကောင်းကောင်းတွယ်နေသည့် နက္ခတ်ပြက္ခဒိန်တွင် ပါဝင်လာသည်။ မတ်လ ငလျင်သည် မြို့များ ပျက်စီးခြင်းနိမိတ်ဖြစ်ပြီး ဇူလိုင်လ ငလျင်သည် ဘုရင်များ၊ အုပ်ချုပ်သူများ ဖြုတ်ချခံမည့်နိမိတ်ဟု လူအများက ယူဆသည်။

မန္တလေးမြို့ရိုးပေါ်က ပျက်စီးသွားသော ပြာသာဒ်တခု/AFP

စစ်ကောင်စီသည် မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံးမြို့ဖြစ်ပြီး ငလျင်ဒဏ် အပြင်းထန်ဆုံး ခံရသော မန္တလေးကဲ့သို့ မြို့ကြီးများတွင် အခိုင်အမာ ရှိနေသည်။ ယခု သဘာဝဘေးအန္တရာယ်သည် သူကြုံဖူးသမျှတွင် အဆိုးရွားဆုံးဖြစ်ကြောင်း အသက် ၈၉ နှစ်ရှိပြီဖြစ်သော ဒေါ်မာလာမြင့်က ပြောသည်။ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီးဖြစ်သော ဒေါ်မာလာမြင့်သည် သူ၏ဟောကိန်းကို ဇူလိုင်လအထိ အောင့်မထားနိုင်တော့ပေ။

“အခုလို ပြင်းထန်တဲ့ငလျင်တွေက ရက်စက်ကြမ်းကြုတ် မင်းကျင့်တရားနဲ့ မညီတဲ့ အုပ်ချုပ်သူကို သဘာဝတရားက ဒဏ်ခတ်အပြစ်ပေးတာဆိုတဲ့ ဆိုရိုးစကား ကျမတို့မှာ ရှိတယ်။ လူတွေအများကြီး သတ်ပြီးတော့ မင်းအောင်လှိုင်ဟာ သဘာဝတရားရဲ့ အဆုံးအဖြတ်ကို ခံနေရပြီ” ဟု ၎င်းကပြောသည်။

“သူ သတ်ထားတဲ့လူတွေ အရိုးတွန်ပြီ” ဟု ဒေါ်မာလာမြင့်က ပြောသည်။

မြန်မာမှ ရွေးကောက်ခံအစိုးရကို မင်းအောင်လှိုင် ဖြုတ်ချပြီးနောက် ပြည်တွင်းစစ် ဖြစ်နေသည်။ ပိုင်နက်နယ်မြေ အများစုသည် တော်လှန်ရေးအင်အားစု လက်တွင် ရှိနေပြီး စစ်တပ်သည် မြို့ကြီးများတွင် ခံစစ်ပြင်နေသည်။ စစ်ကောင်စီသည် အရပ်သားဒေသများကို လေကြောင်းမှ အကြမ်းဖက်ပြီး မကြာသေးမီလများတွင် ဂါဇာဒေသထက်ပင် ပြင်းထန်သည်။

တိုင်းရင်းသားလက်နက်ကိုင်များ၊ အတိုက်အခံ နိုင်ငံရေးသမားများ၊ ဒရုန်းစစ်ဆင်ရေးကို ဖြစ်နိုင်သည့် နေရာများမှ ဖော်ဆောင်နေသည့် နည်းပညာလိုက်စားသော လူငယ်များ စသည့် အဖွဲ့အမျိုးမျိုးရှိ မြန်မာ့တော်လှန်ရေးအင်အားစုများသည် နိုင်ငံတကာထောက်ခံမှု မရသလောက်ရှိပြီး အပြင်းအထန် တိုက်ပွဲဝင်နေကြသည်။ စစ်တပ်သည် စစ်သားများကို စတေးသောကြောင့် ဘက်ပြောင်းမှု များပြားသည်။ ထိုကိစ္စသည် ရိုင်းစိုင်းကြမ်းတမ်းသော ဒဏ်ခတ်သည့် စစ်ဖြစ်ပြီး နှစ်ဖက်လုံးသည် ထွက်ပေါက် အပြင်းအထန် ရှာနေကြသည်။

ငလျင်နောက်ဆက်တွဲကို မြန်မာပြည်သူများ မတ်လ ၂၉ ရက်နေ့တွင် လေ့လာသောအခါ အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ၏ အော်ဟစ်သံများသည် မြို့များတွင် ပဲ့တင်ထပ်နေပြီး ပျက်စီးမှု အတိုင်းအတာသည် ပုံပေါ်လာစသာ ရှိသေးသည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက်ဆီးသွားသော နေပြည်တော်က စေတီများ/AP

ပြည်ပတွင် ပိုမိုကောင်းမွန်သော အလုပ်အကိုင်ရှာရန် နိုင်ငံမှထွက်ပြေးလာသည့် လူငယ်ပညာတတ်များအနက် တဦးဖြစ်သူ ကိုကျော်သည် စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်သည်။ မိဘများ၊ ဇနီး၊ အသက် ၄ နှစ်နှင့် ၇ နှစ်အရွယ် သမီး နှစ်ဦးထံ ငွေပြန်ပို့သည်။ ငလျင်အတွင်း မန္တလေးမှ သူတို့နေထိုင်သော ကွန်ဒိုမီနီယံ ပြိုကျသောအခါ သူတို့အားလုံး သေဆုံးသည်။ ၎င်းတို့၏ အလောင်းများသည် ခန်းမတခုတွင် စုပုံထားသည့် အလောင်းများအနက် အနည်းငယ်သာဖြစ်ပြီး မြှုပ်နှံသင်္ဂြိုဟ်ရမည့် နေရာမရှိသေးပေ။

ကိုလိုနီခေတ်လွန် နောက်ပိုင်းအများစုတွင် မြန်မာကို စစ်အာဏာရှင်များ အုပ်ချုပ်သည်။ ဗိုလ်ချုပ်မျိုးဆက်များသည် ၎င်းတို့၏ မူဝါဒဆုံးဖြတ်ချက်များကို လမ်းညွှန်ရန် နက္ခတ်နှင့် ဗေဒင်ဆရာများကို အားကိုးကြသည်။

ကိုလိုနီခေတ်လွန် နောက်ပိုင်းအများစုတွင် မြန်မာကို စစ်အာဏာရှင်များ အုပ်ချုပ်သည်။ ဗိုလ်ချုပ်မျိုးဆက်များသည် ၎င်းတို့၏ မူဝါဒဆုံးဖြတ်ချက်များကို လမ်းညွှန်ရန် နက္ခတ်နှင့် ဗေဒင်ဆရာများကို အားကိုးကြသည်။

စစ်ခေါင်းဆောင်ဟောင်း တဦးသည် ညီအမတော်စပ်သူတဦးမှတဆင့် စကားပြောသည့် အကြားအမြင်ဆရာမ အီးတီထံမှ အကြံဉာဏ်တောင်းသည်။ (ထို ညီအမတော်စပ်သူသည် အီးတီ ကွယ်လွန်ပြီးနောက်တွင်ပင် ဆက်လက် ဟောနေသော်လည်း သူ၏ဟောကိန်းများသည် မမှန်ဟု ယခင်က သူ၏ဟောကိန်းအတွက် ငွေအမြောက်အများ ပေးခဲ့သူများက ပြောသည်။)

ယခင်က ထောက်လှမ်းရေးအကြီးအကဲသည် သူ၏အာဏာကို အမွှမ်းတင်ရန် သက်ရှိဆင်ဖြူများ စုဆောင်းသည်။ ယခင်က စစ်ခေါင်းဆောင်တဦးသည် ၉ ဂဏန်းနှင့် ပတ်သက်ပြီး အယူသည်းသောကြောင့် နိုင်ငံ၏ငွေကြေးကိုလည်း ထိုအတိုင်းသတ်မှတ်ပြီး ၄၅ ကျပ်တန်နှင့် ၉၀ ကျပ်တန်များ ထုတ်ဝေသည်။

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ၏ဂုဏ်သတင်း ကျော်ဇောစေရန် ဘုရားများနှင့် နေပြည်တော်မှ အလွန်ကြီးမားသည့် ဗုဒ္ဓဆင်းတုကြီးကို အနေကဇာတင်သည်။ သူလည်း ဆင်ဖြူတော်များ စုဆောင်းထားသည်။

ဗိုလ်ချုပ်များအတွက် အကျိုးဆက်အများဆုံး ဟောကိန်းမှာ ၂၀၀၅ ခုနှစ်က ဟောကိန်းဖြစ်သည်။ မြန်မာ၏ မြို့တော်ကို ရန်ကုန်မှ နိုင်ငံအလယ်ပိုင်းရှိ ထိုစဉ်က အမည်မပေးရသေးသည့် ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အခါတော်ပေးသူများ ပြောသည့် မင်္ဂလာအရှိဆုံးအချိန်တွင် ပြောင်းရွှေ့သည်။ ဗေဒင်ဆရာများနှင့် တိုင်ပင်ပြီးနောက် ကုန်တင်ကားများသည် နောင်တွင် နေပြည်တော်ဟု ခေါ်သည့် နေရာသို့ စတင် ထွက်ခွာပြောင်းရွှေ့ကြသည်။

ငလျင်ဒဏ်ခံ နေပြည်တော်တွင် အပျက်အဆီးကြားမှ ရွှေ့ထုတ်လာသော ဗုဒ္ဓဆင်းတုတော်များ/AFP

ယနေ့တွင် ထိုမြို့တော်သစ်ကို တောင်တန်းများဖြင့် ကာရံထားပြီး ရန်ကုန်ကဲ့သို့ ရေကြောင်းမှ တိုက်ခိုက်မခံရနိုင်ပေ။ မြို့တော်ဟောင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ၂၀၀၈ ခုနှစ်က နာဂစ်မုန်တိုင်းတိုက်ပြီး လူ ၁၃၀,၀၀၀ ကျော် သေဆုံး၊ ပျောက်ဆုံးသောအခါ နေပြည်တော်သည် အရာမယွင်းပေ။ ဗိုလ်ချုပ်များသည် ခမ်းနားသည့် လမ်းမကြီးများ၊ ကြီးမားသော ဝန်ကြီးဌာနများနှင့် ပင်ဂွင်းငှက်အစစ်များကို ရေခဲပြင်တွင်ထားပြီး ၎င်းတို့၏ ခံကတုတ်မြို့တော်အတွက် ဂုဏ်ယူကြသည်။

သို့သော် မတ်လ ၂၈ ရက်နေ့က ငလျင်သည် နေပြည်တော်ကို အလွတ်မပေးပေ။ ဝန်ကြီးဌာနရုံးများ အက်ကွဲကုန်သည်။ မင်းအောင်လှိုင် အပါအဝင် ထိပ်တန်းခေါင်းဆောင်များ၏ ဓာတ်ပုံများ ကြမ်းပြင်သို့ ပြုတ်ကျသည်။ မြို့တော်မှ လေကြောင်းထိန်းချုပ်ရေးမျှော်စင် ပြိုကျပြီး လူအနည်ဆုံး ခုနစ်ဦးသေသည်ဟု စစ်ကောင်စီမီဒီယာက ဖော်ပြသည်။

RelatedPosts

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
44
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
979
သဇင်ပန်း

သဇင်ပန်း

10 January 2026
73

သိပ်မဝေးလှသည့် တောင်တန်းများမှ တော်လှန်ရေးအင်အားစုများ စောင့်ကြည့်နေသည်။ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်သည့်ဒေသတွင် အထပ်မြင့်အဆောက်အအုံ နည်းသောကြောင့် မတ်လ ၂၈ ရက်နေ့ ငလျင်သည် ၎င်းတို့ကို ထိခိုက်မှုနည်းသည်။ မန္တလေး၊ စစ်ကိုင်းနှင့် ကျောက်ဆည်ကဲ့သို့ မြို့ပြဒေသခံများ အပျက်အစီးများကို လက်ချည်းသက်သက်ဖြင့် တူးဖော်ပြီး ရှင်ကျန်နေသူများကို ရှာဖွေရန် အုတ်ခဲတခုချင်း ဖယ်ရှားနေချိန်တွင်ပင် စစ်တပ်သည် အကျင့်ဟောင်းများကို ပြန်လည်စတင်လာသည်။

မန္တလေးနှင့် နယ်နိမိတ် ထိစပ်နေသည့် ရှမ်းပြည်မြောက်ပိုင်းတွင် မတ်လ ၂၈ ရက်နေ့ညက စစ်ကောင်စီ ဂျက်တိုက်လေယာဉ်များသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် နောင်လင်းကျေးရွာပေါ် ဗုံးကြဲသည်။ ယခုအကြိမ်တွင် ထိခိုက်သေဆုံးမှု မရှိသော်လည်း ယခင် နှစ်ရက်က အနီးရှိကျေးရွာသို့ ဗုံးကြဲတိုက်ခိုက်မှုများတွင် လူ လေးဦးသေဆုံးသည်။ ထိုမြို့နယ်တွင်ပင် ယခင်တပတ်ခွဲက ဘုရားကျောင်းတခုတွင် ခိုလှုံနေသည့် လူ ၁၀ ဦး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသည်။

ငလျင်ကာလတွင် လေကြောင်းတိုက်ခိုက်သည်ကို မယုံနိုင်အောင်ဖြစ်ရကြောင်း နောင်လင်းကျေးရွာမှ လွေးယေဦးက ပြောသည်။ “မင်းအောင်လှိုင်က မြန်မာကို လူသတ်ကွင်းဖြစ်အောင် လုပ်နေတယ်” ဟု ၎င်းကပြောသည်။

မြန်မာတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ပြီးနောက် မြင်ကွင်းတခု X/@UNICEF

စစ်ခေါင်းဆောင်များ၏ ဗေဒင်နက္ခတ်အပေါ် ယုံကြည်မှု မကျဆင်းကြောင်း စစ်ကောင်စီ ထိပ်တန်းအရာရှိများကို ဟောပြောပေးနေသည့် ရန်ကုန်မှ ဗေဒင်ဆရာမတဦးက ပြောသည်။ ၎င်းတို့သည် နိုင်ငံတွင် အာဏာ လျော့နည်းလာစေကာမူ ယုံကြည်မှုကို ဖက်တွယ်ထားကြသည်ဟု ၎င်းကပြောသည်။ မင်းအောင်လှိုင်သည် အာဏာတည်မြဲရေးတွက် ဗုဒ္ဓဘာသာ အဆောင်လက်ဖွဲ့ကို အလွန်အားကိုးကြောင်း အမည်မဖော်လိုသည့် ထိုဗေဒင်ဆရာမက ပြောသည်။ စစ်တပ်မှ အဆင့်မြင့် ဆည်းကပ်သူများရှိနေသောကြောင့် အမည်မဖော်လိုခြင်း ဖြစ်သည်။

မတ်လ ၂၉ ရက်နေ့ နံနက်တွင် စစ်တပ်ကြားခံတဦးက သူ့ထံဖုန်းဆက်ပြီး မြန်မာစစ်ခေါင်းဆောင် အာဏာခိုင်မြဲရေးအတွက် ကူညီရန်ပြောကြောင်း အဆိုပါ ဗေဒင်ဆရာမက ပြောသည်။ အဆောင်လက်ဖွဲ့တခု အမြဲတမ်း ဝတ်ဆင်ထားရန် ၎င်းက ယတြာပေးလိုက်သည်။ သို့သော် ငလျင်သည် ထိုဗိုလ်ချုပ်အတွက် အတိတ်နိမိတ်မကောင်းကြောင်း ဗေဒင်ဆရာမက ပြောသည်။

မတ်လ ၂၉ ရက်နေ့ နံနက်တွင် စစ်တပ်ကြားခံတဦးက သူ့ထံဖုန်းဆက်ပြီး မြန်မာစစ်ခေါင်းဆောင် အာဏာခိုင်မြဲရေးအတွက် ကူညီရန်ပြောကြောင်း အဆိုပါ ဗေဒင်ဆရာမက ပြောသည်။ အဆောင်လက်ဖွဲ့တခု အမြဲတမ်း ဝတ်ဆင်ထားရန် ၎င်းက ယတြာပေးလိုက်သည်။

သို့သော် ငလျင်သည် ထိုဗိုလ်ချုပ်အတွက် အတိတ်နိမိတ်မကောင်းကြောင်း ဗေဒင်ဆရာမက ပြောသည်။

(The New York Times ပါ Hannah Beech ၏ A Question in Quake-Wracked Myanmar: Does This Augur the End of the Junta? ကို ဘာသာပြန်သည်။ ဟန်နာဘိချ်သည် ဘန်ကောက်အခြေစိုက် တိုင်းမ်သတင်းထောက်ဖြစ်ပြီး အာရှအကြောင်း သတင်းရေးသားနေသည်မှာ ၂၅ နှစ်ရှိပြီဖြစ်သည်။ သူသည် စုံစမ်းဖော်ထုတ်သတင်းများကို အထူးပြုသည်။)

You may also like these stories:

စစ်ကိုင်းငလျင်ကြီး၊ စစ်ရပ်စဲရေးနဲ့ တဖက်ပိတ် စစ်ကောင်စီ

ငလျင်အကူအညီများကို စစ်ရာဇဝတ်ကောင်များထံ မပေးဘဲ ပြည်သူ့ထံ ပေးရမည်

ငလျင် ကယ်ဆယ်ရေးများ လုပ်နေချိန် ပေါက်နှင့် နောင်ချိုကို စစ်တပ် ဗုံးကြဲ

ငလျင်ကယ်ဆယ်ရေး ကန့်သတ်ပိတ်ဆို့များ ဖယ်ရှားရန် ပရဟိတအဖွဲ့များ တောင်းဆို

ကယ်ဆယ်ရေးရဟတ်ယာဉ်တွေ ဘယ်မှာလဲ (ရုပ်/သံ)

သီတဂူဆရာတော်နဲ့ အရှင်ဆေကိန္န ဘယ်ရောက်နေလဲ (ရုပ်/သံ)

Your Thoughts …
Tags: Sliderငလျင်စစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနက္ခတ်ဗေဒင်ပြည်တွင်းစစ်လေကြောင်းတိုက်ခိုက်မှုသဘာဝဘေးအန္တရာယ်အကျင့်ပျက်ခြစားမှု
Hannah Beech

Hannah Beech

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နေပြည်တော် စစ်ဘက်အဆောက်အဦများ ပြိုကျမှု သတင်းအမှောင်ချထား

နေပြည်တော် စစ်ဘက်အဆောက်အဦများ ပြိုကျမှု သတင်းအမှောင်ချထား

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved