• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ

by ဧရာဝတီ
28 June 2022
in သတင်း
A A
မဘသ ဆရာတော် ဦးဝါသဝ / CJ

မဘသ ဆရာတော် ဦးဝါသဝ / CJ

6.8k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်းအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှနှင့် တန့်ဆည်မြို့နယ်များတွင် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆရာတော် ဦးဝါသ၀ ဦးဆောင်ပြီး ပြည်သူ့စစ်အမည်ခံ ပျုစောထီးအဖွဲ့များကို ဖွဲ့စည်းနေကြောင်း ဒေသခံများ ထံမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် ကျွန်းလှမြို့ အပါအဝင် နယ်လှ၊ သံဘို၊ ဘို့ကုန်း၊ ကျီကုန်း၊ ကန့်ဘလူမြို့နယ်တွင် ဇီးကုန်းမြို့နှင့် ချပ်ကြီး၊ ချပ်သင်း၊ ပင့်သာ၊ နတ်အင်း၊ ထန်းကုန်း၊ မှော်တော်၊ တောက္ကရှပ်၊ ကံရိုး၊ မင်းကုန်း(ခ)၊ တင်ကုတ်ကြီး၊ ပျဉ်းတော်၊ ကြိုကြာ၊ ညောင်ပင်ကြီး၊ ဆိပ်ဖူးမြောင်၊ မြေဒူး၊ နတ်ပေး၊ ဒါန်းပင်၊ ညောင်ဇင်၊ သင်ပေါင်းကျင်း၊ ဝက်သိုး(တ)၊ ထန်းတပင်နှင့် တန့် ဆည်မြို့နယ်တွင် နားဋောင်းကျ၊ ကျွန်းလည်၊ ကဘဲ၊ ဘေရင်း၊ မူးခွ၊ မူးတိမ် စသည့် ကျေးရွာများ၌ ဖွဲ့စည်းထားခြင်း ဖြစ် ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီကို လက်နက်ကိုင် ခုခံတော်လှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ (LDF) အား နှိမ်နင်းရန် မဘသဘုန်းကြီးများကိုယ်တိုင် ကျေးရွာများထိဆင်းပြီး စည်းရုံးဖွဲ့စည်းနေခြင်း ဖြစ်ကြောင်း ကန့်ဘလူဒေသခံတဦးက ပြောသည်။

၎င်းက “အဲဒီအဖွဲ့တွေက စစ်တပ်က စစ်ကြောင်းထိုးရင် လိုက်ရတယ်။ ခမရ (၃၆၇) နဲ့ အများဆုံး လိုက်ရတယ်။ ပြီးတော့ စစ်တပ်နဲ့ ပေါင်းပြီး လမ်းတွေပေါ်တက် ပြည်သူတွေကို ဒုက္ခမျိုးစုံ ပေးနေတာပဲ။ ခိုင်ခိုင်မာမာနဲ့ အထိုင်ချထားတာကတော့ ချပ်ကြီး၊ ထန်းကုန်း၊ နတ်အင်း၊ မင်းကုန်း(ခ)၊ ကျွန်းလည်၊ တောက္ကရှပ်၊ ကံရိုး၊ မှော်တော်ရွာတွေပဲ” ဟု ရှင်းပြသည်။

ခမရ (၃၆၇) သည် အမှတ်(၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ရှိ ဖောင်းပြင်အခြေစိုက် ခြေမြန်တပ်ရင်း တရင်း ဖြစ်သည်။

ဗိုလ်ကြီးကျော်သူရိန် ဦးစီးသော အဆိုပါ ခမရ (၃၆၇) တပ်မှ စစ်ကောင်စီတပ်သည် တန့်ဆည်မြို့နယ်အတွင်းရှိ အိမ်ခြေ ၃၅၀ ကျော် ရှိသော ကျွန်းလည်ကျေးရွာတွင် အထိုင်ချပြီး အခြားကျေးရွာများမှ ပျူစောထီးများအား စစ်သင်တန်းပို့ချခြင်း၊ စီမံကွပ်ကဲညွှန်ကြားခြင်းများ ပြုလုပ်နေသလို ယင်းကျေးရွာတွင် စစ်ကြောရေးစခန်းလည်း ဖွင့်ထားကာ ဖမ်းဆီးခံရသူများ အား နှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသသတင်းရင်းမြစ်များက ပြောသည်။

ကျွန်းလှမြို့ခံတဦးက “အဓိကတော့ မဘသက ဘုန်းကြီးတွေ ဦးဆောင်ပြီး ပျူစောထီးအဖွဲ့တွေကို ဖွဲ့နေတာပေါ့။ သူတို့ အခေါ်ကတော့ ပြည်သူ့စစ်။ အမျိုးဘာသာ သာသနာကို ဗန်းပြပြီးတော့ NLD ပါတီနဲ့ စစ်အာဏာရှင် တော်လှန်နေတဲ့ သူတွေကို နှိမ်နင်းရေးနဲ့ အပျောက်ရှင်းဖို့ ရည်ရွယ်တာပဲ။ ကျေးလက်ဒေသတွေဆိုတော့ ဘာသာရေးကို ခုတုံးလုပ်ပြီး မှိုင်း တိုက်ဖို့လွယ်တော့ အသုံးချခံတွေ ဖြစ်ကုန်ကြတာပဲ” ဟု ပြောဆိုသည်။

မဘသဘုန်းကြီး ဦးဝါသဝ နှင့် ပျူစောထီးတပ်ဖွဲ့များ / CJ

ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်မြို့နယ်များတွင် မဘသ ဆရာတော်အဖြစ် လူသိများသည့် ဦးဝါသဝ ဦးဆောင်ပြီး ၂၀၂၁ နိုဝင်ဘာမှ စတင်ကာ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းခဲ့ရာ ယခုအခါ အမျိုးသမီးအဖွဲ့ဝင် ၁၀၀ ကျော် အပါ အဝင် အင်အား ၄၀၀၀ ကျော်ထိ ရှိကြောင်း ဒေသသတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

ဦးဝါသဝသည် ကန့်ဘလူမြို့နယ် မြေဒူအုပ်စု၊ မှော်တောကျေးရွာရှိ သာသနာ့အလင်းရောင်ကျောင်းတွင် လွန်ခဲ့သော ၇ နှစ် ခန့်မှ စတင်ကာ ကျောင်းထိုင်ခဲ့ပြီး မဘသ အဖွဲ့အတွက် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သလို မှော်တောကျေးရွာကျောင်း၌ စစ်တပ် ထောက်ခံပွဲ ပြုလုပ်ခြင်း၊ စစ်တပ်ထောက်ခံသော Myanmar National Post သတင်းဌာနက တင်ဆက်သည့် PDF မုန်းတီး ရေး၊ စစ်တပ် အားပေးထောက်ခံရေး စကားဝိုင်းများတွင်လည်း ပါဝင်ဆွေးနွေးခြင်းများ ပြုလုပ်ဝါဒဖြန့်နေသူ ဖြစ်သည်။

ထိုကဲ့သို့ ပျူစောထီးအဖွဲ့များ ဦးဆောင် ဖွဲ့စည်းနေမှုများနှင့် ပတ်သက်၍ ဧရာဝတီက ဦးဝါသဝအား ဆက်သွယ်မေးမြန်းရာ လက်ခံဖြေကြားခြင်း မရှိပေ။

People Defence Force Myinmu – MMPDF မှ ဗိုလ်သိန်းငှက်က “ပြည်သူအများစုက လက်မခံတာ၊ မကြိုက်တာကို သိလျက်နဲ့ လုပ်နေကြတာကတော့ ပြည်သူအချင်းချင်း ဒုက္ခပေး သတ်ခိုင်းတာမျိုး၊ ရန်တိုက်ပေးတဲ့ အနေအထားကို ရောက်သွားပြီ။ PDF အဖွဲ့တွေ ဆိုတာက NLD အစိုးရ ပြန်ဖြစ်ရေးအတွက် တိုက်နေကြတာမျိုး မဟုတ်ဘူး။ စစ်တပ်က လက်နက်အားကိုးနဲ့ အနိုင်ကျင့် ဗိုလ်ကျတာကို လက်မခံနိုင်လို့ တိုက်နေကြ တာ။ စစ်အာဏာရှင်ကို လက်မခံတာ အဓိကပဲ” ဟု ပြောသည်။

ယခုအခါ ဦးဝါသဝ၏ ကျောင်းဝင်းအတွင်း၌ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပျုစောထီးအဖွဲ့များက လက်နက် အပြည့်အစုံဖြင့် လုံခြုံရေး ယူပေးထားကြောင်း သိရသည်။
မန္တလေးသပိတ်အင်အားစုမှ ဆရာတော်တပါးက “ရဟန်းတော်တွေဟာ ကိုယ်တိုင် လက်နက်ကိုင်ဆောင်ဖို့ မပြောနဲ့ စစ်ဖြစ်ရာအရပ်မှာ မနေအပ်ဘူးလို့ ဘုရားဟောထဲမှာရော ဝိနည်းမှာပါ ပညတ်ထားပြီးသားပါ။ အဲဒီလိုလုပ်ရင် ပါရာဇိကပဲ။ အခုက ကိုယ်တိုင်လည်း သေနတ်ကိုင်ထားတာမျိုး တွေ့ဖူးတယ်။ အခုလို နှိပ်စက်၊ လုယက်၊ သတ်ဖြတ်နေတာကို အားပေးအား မြှောက်ပြုနေတာဟာ သာမန်လူပုဂ္ဂိုလ်ဆိုရင်တောင် မလေးစားထိုက်တော့ဘူး။ ရဟန်းသံဃာဆိုရင် သာသနာအတွက်ပါ ရင်လေးစရာကောင်းတာပေါ့။ သံဃာရဲ့ ဝိနည်းအရလည်း တားမြစ်ထားတာမို့ ရှုတ်ချပါတယ်” ဟု မိန့်ကြားသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
307
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ကျွန်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် (ပ.က.ဖ) တဦးကလည်း ဦးဝါသဝမှာ မဘသအစွန်းရောက် ဘုန်းကြီးတပါး ဖြစ်ပြီး စစ်အာဏာမသိမ်းခင်ကတည်းက ၎င်း၏ကျောင်းတွင် ဘာသာရေးဆိုင်ရာ အစွန်းရောက်တရားများနှင့် NLD မုန်းတီးရေး၊ ဘာသာခြားများအား မုန်းတီးရေးတရားများ ဟောပြောလေ့ ရှိကြောင်း၊ စစ်တပ် ကျောထောက်နောက်ခံပြုထားသည့် ဘုန်းကြီး ဖြစ်သည့်အလျောက် ယခုလိုကာလတွင် ပျူစောထီးများ ဖွဲ့စည်းရေးနှင့် လက်နက်ရရှိရေးများကို ဦးဆောင်လုပ် နေခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

မဘသဘုန်းကြီး ဦးဝါသဝ နှင့် ပျူစောထီးတပ်ဖွဲ့များ / CJ

ပြည်သူ့စစ်အမည်ခံ ပျုစောထီးအဖွဲ့များ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်း ထွန်းက “PDF များက သူတို့ကို မထောက်ခံတဲ့အတွက် ရန်ရှာနေတဲ့ ရွာတွေအတွက် ကျေးရွာလုံခြုံရေးအတွက် ကျနော်တို့ အနေနဲ့ အဲဒီဘက်မှာ ပြည်သူ့စစ်အဖွဲ့ ဖွဲ့စည်းထားတာတော့ ရှိတယ်။ သံဃာတော်တွေ အနေနဲ့ကတော့ သူတို့ကို လက် နက်ထောက်ပံ့ပေးတာ မရှိဘူး။ ထောက်ပံ့ပေးစရာလည်း အကြောင်းမရှိဘူး” ဟု သတင်းစာရှင်းလင်းပွဲတခုတွင် တုံ့ပြန်ပြောဆိုထားသည်။

စစ်ကိုင်းတိုင်းအတွင်း၌ ဦးဝါသဝအပြင် မဘသဆရာတော်များအဖြစ် လူသိများသော ဦးဝီရရာဇာ၊ ဦးပဏ္ဍိတ စသည့် သံဃာတော်များ ဦးဆောင်ကာ ပျူစောထီးအဖွဲ့များကို ဖွဲ့စည်းနေကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ရဟန်းသံဃာများက ဗုဒ္ဓလမ်းစဉ်နှင့် သွေဖည်ပြီး လူသတ်လက်နက်များကို ကိုယ်တိုင်ကိုင်ရုံသာမက လူသတ် အဖွဲ့အစည်းကိုပါ ဦးဆောင်နေကြခြင်းသည် အများအမြင် မတင့်တယ်သလို နိုင်ငံအတွက်လည်း မကောင်းနိုင်ကြောင်း သံဃသမဂ္ဂ (မန္တလေး) မှ ဆရာတော်တပါးကလည်း မိန့်ကြားသည်။

ပြီးခဲ့သည့် မတ်လအတွင်းကလည်း မဘသဆရာတော်အဖြစ် လူသိများသော ဦးဝီရသူ အပါအဝင် ဒေသခံ မဘသဆရာ တော်များ ဦးဆောင်ပြီး စစ်ကိုင်းတိုင်းအတွင်းရှိ စစ်တပ်နှင့် ကြံ့ခိုင်ရေးပါတီကို ထောက်ခံမှုများသော ကျေးရွာများသို့ လှည့် လည်ကာ PDF များအား တိုက်ခိုက်ချေမှုန်းရန်နှင့် ပျုစောထီးအဖွဲ့သို့ ဝင်ရောက်ပေးကြရန် စည်းရုံးရေးဆင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလို ပျူစောထီးအဖွဲ့များတွင် မဘသဆရာတော်များ ပါဝင်ပတ်သက်လာခြင်းသည် စစ်ကောင်စီက ဘာသာရေးကို နိုင်ငံရေးအတွက် အမြတ်ထုတ်ရန် အသုံးချလာခြင်း ဖြစ်သည်ဟူသော သုံးသပ်မှုများလည်း ရှိနေသည်။

ကျေးရွာအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်အား ဦးဝါသဝ ဦးဆောင်သည့် မဘသဘုန်းကြီးများက စားစရာများပေးလှူ / CJ

ကျွန်းလှမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တဦးက “သူတို့နဲ့ မတည့်တဲ့သူ၊ အမြင်မကြည်သူတွေဆိုရင် PDF၊ PDF ထောက်ပို့၊ အားပေးကူညီသူဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး ဖမ်းဆီးတာတွေအပြင် ပစ်သတ်တာတွေအထိ လုပ်နေကြတာပဲ။ နောက် NLD အားပေး ထောက်ခံသူတွေဆိုရင် သူတို့ ပိုင်ဆိုင်သမျှကို ဖျက်ဆီး၊ လုယက်၊ စိုက်ခင်းတွေဆိုလည်း မရိတ်သိမ်းနိုင်အောင် ဖိအားပေးခြိမ်းခြောက် လုပ်နေကြတာပဲ။ ပြောရမယ်ဆိုရင် လက်နက်ကိုင် ဓားပြတိုက်အဆင့်ပါပဲ” ဟု မှတ်ချက်ပေးသည်။

ကျွန်းလည်ကျေးရွာသည် ပျူစောထီးအားကောင်းသည့် ကျေးရွာတရွာဖြစ်ပြီး လက်ရှိတွင် ပျူစောထီး မဟုတ်သည့် ဒေသခံ များမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

တန့်ဆည်မြို့နယ် PDF တပ်ဖွဲ့ဝင်တဦးက “လက်ရှိ အခင်းအကျင်းတွေအရ အနီ၊ အစိမ်း ပြဿနာတွေ အများကြီး ရှိခဲ့တယ်။ PDF အဖွဲ့တွေကို အစိမ်းတွေကတော့ သဘောမကျဘူးပေါ့။ သဘောမကျသော်လည်းပဲ ကျနော်တို့ အနေနဲ့က အစိမ်းတွေကို တိုက်ခိုက်နေတာ မဟုတ်ဘူး ဆိုတာကို နားလည် လက်ခံပေးကြဖို့ လိုတယ်။ နောက်ဆုံးအဆင့် သူတို့ အခက်အခဲတွေ ရှိလာတယ် ဆိုရင်တောင် ကျနော်တို့က ကာကွယ်ကူညီပေးမယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ မွေးထားကြသူတွေပါ” ဟု ပြောသည်။

မကြာသေးမီကာလက လူမှုကွန်ရက်မီဒီယာပေါ် ပျံ့နှံ့ခဲ့သည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ လျှို့ဝှက်အစီရင် ခံစာအရ စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့စစ်အဖွဲ့ပေါင်း ၇၇ ဖွဲ့ ဖွဲ့စည်းထားပြီး လက်နက် ၂၀၀၀ ကျော် တပ်ဆင်ထားပြီး ဖြစ်ကြောင်း၊ ကျန်ရှိနေသေးသည့် အစွန်အဖျား ကျေးရွာများတွင်လည်း ပြည်သူ့စစ်အဖွဲ့များ ထပ်မံဖွဲ့စည်းရန် ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါ ပျူစောထီးအဖွဲ့များကို စစ်တပ်က ဦးဆောင်ကာ သင်တန်းများ ပို့ချပေးပြီး ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ်များ (G3)၊ တတောင့်ထိုးသေနတ်များ၊ ၆၀ မမ၊ RPG၊ စက်လက်၊ စနိုက်ပါများနှင့်အတူ ဆက်သွယ်ရေးကွန်ရက် ဖြတ်တောက်သည့် ဂျန်ပါများလည်း တပ်ဆင်ပေးထားကြောင်း သိရသည်။

Your Thoughts …
Tags: PDFစစ်ကိုင်းစစ်ကောင်စီပျူစောထီးမဘသဦးဝါသဝ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကိုလံဘိုမြို့တွင် လောင်စာဆီ ပြတ်တောက်ပြီးနောက် ဇွန်လ ၂၇ ရက်နေ့က သီရိလင်္ကာလုံခြုံရေး တပ်ဖွဲ့ဝင်တဦး လောင်စာဆီဆိုင်တွင် စောင့်ကြပ်နေစဉ်  / Reuters

သီရိလင်္ကာတွင် လောင်စာဆီ ခွဲတမ်းချ

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွတ်ခွန်း  / Bangkok Post

အာဆီယံအထူးကိုယ်စားလှယ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ တွေ့မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved