• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဆီယံအထူးကိုယ်စားလှယ်နှင့် တိုင်းရင်းသားလက်နက်ကိုင် ၆ ဖွဲ့ တွေ့မည်

by ဧရာဝတီ
29 June 2022
in သတင်း
A A
အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွတ်ခွန်း  / Bangkok Post

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွတ်ခွန်း / Bangkok Post

12.1k
VIEWS
Share on FacebookShare on Twitter

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွတ်ခွန်းသည် ဇူလိုင် ၁ ရက်တွင် နေပြည်တော်၌ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (EAOs) ၆ ဖွဲ့နှင့် တွေ့မည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ထံမှ သိရသည်။

ယင်းလက်နက်ကိုင် ၆ဖွဲ့မှာ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နှင့် လားဟူဒီမိုကရက်တစ်အစည်း အရုံး (LDU) တို့ ဖြစ်ကြောင်း PPST ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဧရာဝတီသို့ အတည်ပြုပြောသည်။

အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးမည့်ကိစ္စဆိုင်ရာ အစည်းအဝေးတရပ်ကို PPST အဖွဲ့ဝင် EAOs များကြား ဇွန် ၂၈ ရက်က အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် EAOs ၆ ဖွဲ့က အစည်းအဝေးသို့ တဖွဲ့လျှင် ကိုယ် စားလှယ် ၂ ဦး စေလွှတ်နိုင်ရေး အတည်ပြုခဲ့ကြောင်း ၎င်းက ဆိုသည်။

PPST သည် အစိုးရနှင့် နိုင်ငံရေးညှိနှိုင်းမှုများ ပြုလုပ်ရန် NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြင့် ၂၀၁၆ခု တွင် နိုင်ငံရေး မဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပြီ စစ်တပ်အာဏာ သိမ်းပြီးနောက် ကရင်အမျိုး သား အစည်းအရုံး (KNU) အပါအဝင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့သည် PPST ၌ ၎င်းတို့ ပါဝင်ဆောင်ရွက်မှုကို အဆင့်လျှော့ချခဲ့ကြသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ပတ်သက်၍မူ ဗိုလ်မှူးကြီး စောကျော်ညွန့်က “RCSS နဲ့ ကတော့ ဘယ်လိုလဲ မသိဘူး။ သူတို့က ဒီနေ့ အစည်းအဝေးမှာလည်း မတက်ရောက်နိုင်ဘူးလေ။ အဲဒါကြောင့် တကယ်လို့ RCSS က သီးခြားပဲ တွေ့မှာလားပေါ့။ အဲဒီလို ဆိုရင်တော့ ကျနော်တို့က ၆ ဖွဲ့ ဖြစ်မှာပေါ့။ ဒါပေမဲ့ သူတို့ ဘယ်လို လုပ်မလဲတော့ ကျနော်တို့ အတိအကျ မပြောနိုင်သေးဘူး” ဟု မှတ်ချက်ပေးသည်။

အထူးကိုယ်စားလှယ်နှင့် တွေ့မည့်ပွဲသို့ တက်ရောက်ရန် အစီအစဉ်ရှိမရှိနှင့် ပတ်သက်၍ RCSS ၏ သဘောထားကို သိရှိနိုင်ရန် RCSS အတွင်းရေးမှူး (၂) ဗိုလ်မှူးခမ်းစံထံ ဧရာဝတီက ဖုန်းဆက်ခဲ့သော်လည်း အဆက်အသွယ် မရပေ။

အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် EAOs များ တွေ့ဆုံမည့် အစီအစဉ်သည် ဧပြီလက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သီးခြားစီ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော EAOs အဖွဲ့များကိုသာ တက်ရန် စီစဉ်ထား သည့် အခင်းအကျင်း ဖြစ်ကြောင်း၊ စစ်ကောင်စီဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ထားသူများကိုသာ စစ်ကောင်စီ ဘက် က သီးခြားစီ ဖိတ်စာများ ပေးပို့ထားခြင်း ဖြစ်ကြောင်း EAOs အဖွဲ့အချို့က ပြောသည်။

သို့သော် စစ်ကောင်စီဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ထားသည့် မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သော ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)နှင့် မိုင်းလားအဖွဲ့ (NDAA) တို့အား အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံမည့် အခြေအနေအား ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ယင်း အဖွဲ့များက အတည်ပြု ဖြေကြားခြင်း မရှိပေ။

EAOs အဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးကမူ “မြောက်ပိုင်းအဖွဲ့မှာ မိုင်းလားတို့၊ ဝ တို့၊ SSPP တို့ ပါတာပေါ့။ သူတို့လည်း ပါကောင်းပါနိုင်တယ် ထင်တယ်။ အခုက နစက (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ) ဥက္ကဋ္ဌနဲ့ တွေ့တဲ့သူတွေကိုပဲ ဖိတ်တဲ့ အခင်းအကျင်းကြောင့်လေ” ဟု ဧရာဝတီသို့ ပြောသည်။

PPST ပြောခွင့်ရ ဗိုလ်မှူးကြီးစောကျော်ညွန့်ကမူ စစ်ကောင်စီဘက်က ယင်းအစည်းအဝေး တက်ရောက်နိုင်ရန် တဖွဲ့ ချင်းစီကို ဖိတ်ကြားထားခြင်း ဖြစ်သော်လည်း EAOs ၆ ဖွဲ့ အနေဖြင့် အဖွဲ့အစည်း အချင်းချင်းကြား ဘုံသဘောတူထား သည့် အချက်များကိုသာ တင်ပြဆွေးနွေးမည် ဖြစ်ကြောင်း ဆိုသည်။

“နစကက တဖွဲ့ချင်း ဖိတ်ပေမယ့် ဟိုရောက်ရင်တော့ စုပေါင်းပြီး တက်မယ်၊ စုပေါင်းပြီး တွေ့မယ် အစီအစဉ် ရှိတာ ကြောင့် ကျနော်တို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ တွေ့ပြီးတော့ ညှိနှိုင်းဆွေးနွေးထားတာ ရှိပါတယ်။ အသေးစိတ် အနေနဲ့ကတော့ ကျနော်တို့ ထပ်မံဆွေးနွေးဖို့ ရှိပါတယ်” ဟု ၎င်းက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
60
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
73

အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံရာတွင် ယေဘူယျအားဖြင့် PPST ဖြစ်ပေါ်လာပုံ အပါအဝင် PPST ၏ နိုင်ငံရေး ရပ်တည်ချက် ဖြစ်သည့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံး ပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အရပ်သားများအား အကာအကွယ်ပေးရေးတို့ကို ဆွေးနွေး တင်ပြမည် ဖြစ်ကြောင်း ဗိုလ်မှူးကြီး စောကျော်ညွန့်က ဆိုသည်။

ထို့ပြင် အာဆီယံက မြန်မာနိုင်ငံရှိ အရပ်သားများအတွက် လူသားချင်းစာနာမှု အကူအညီများပေးရာတွင် EAOs များ ဘက်က ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စများလည်း ဆွေးနွေးသွားရန် ရှိကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် မတ်လအတွင်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အထူးကိုယ်စားလှယ်၏ မြန်မာပြည် ပထမဆုံးခရီးစဉ်တွင် PPST အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ခဲ့သေးသော်လည်း အချိန် မလုံလောက်ဟုဆိုကာ ပျက်သွားခဲ့သည်။

ယခု ဒုတိယအကြိမ် ခရီးစဉ်အဖြစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေး ဝန်ကြီး ပရတ်ဆွတ်ခွန်းသည် ဇွန် ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ပြီး ဇူလိုင် ၃ ရက်ထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

အထူးကိုယ်စားလှယ်၏ ပထမအကြိမ် ခရီးစဉ်အတွင်း အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် တွေ့ဆုံကာ မြန်မာစစ်တပ်အား စစ်ဆင်ရေးများတွင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန် တိုက်တွန်းပြောဆိုမှု များ ရှိခဲ့သည်။

You may also like these stories:

အာဆီယံအထူးကိုယ်စားလှယ်နှင့် PPST တွေ့မည့် အစီအစဉ်ပျက်

အာဏာသိမ်းခေါင်းဆောင်ဖိတ်သည့် ဆွေးနွေးပွဲသို့ တက်ရန် အပစ်ရပ် ၅ ဖွဲ့ဆုံးဖြတ်

စစ်ကောင်စီ၏ EAO များနှင့် ဆွေးနွေးပွဲ နိုင်ငံတကာအတွက် ဟန်ပြသာဖြစ်ဟုဆို

Your Thoughts …
Tags: EAOsPPSTစစ်ကောင်စီအာဆီယံအထူးကိုယ်စားလှယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဆူဇူကီး ကားမော်ဒယ်သစ် အရောင်းပြပွဲတပွဲကို ၂၀၁၈ ခုနှစ်အတွင်း မြင်ခဲ့ရစဉ် / Kyodo

ကားတင်သွင်းခွင့်ပိတ်လိုက်လို့ ကားဈေးကွက် ကမောက်ကမ ဖြစ်လာနေ

လူမှုကွန်ရက်ပေါ် ဖြန့်ဝေနေသည့် ယုဇနဖြစ်စဉ်တွင် ဖမ်းဆီးခံရသည့် လူငယ်  / CJ

ယုဇနဖြစ်စဉ် ပြည်သူများကို အပြစ်မတင်ရန် မြို့ပြပြောက်ကျားများဆို

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved