• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

စစ်ပြေးဒုက္ခသည်များအရေး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ဘာလုပ်သင့်လဲ

by ဒက်စမွန်
3 June 2022
in သူ့အတွေး သူ့အမြင်
A A
၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ရွှေဝါရောင်တော်လှန်ရေးကာလ ရန်ကုန်မြို့ထဲသို့ ရဟန်းပျိုများ ချီတက်လာစဉ် / AFP

၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက် ရွှေဝါရောင်တော်လှန်ရေးကာလ ရန်ကုန်မြို့ထဲသို့ ရဟန်းပျိုများ ချီတက်လာစဉ် / AFP

8.5k
VIEWS
Share on FacebookShare on Twitter

လက်ရှိ မြန်မာနိုင်ငံ အရေးတွင် ဗုဒ္ဓဘာသာ သံဃာတော်တွေ ဘယ်လို အားဖြည့်နိုင်မလဲ။ ထိုမေးခွန်းအတွက် ဆိုလျှင် နိုင်ငံရေး ဆန်လွန်းသွားသဖြင့် နိုင်ငံရေးဆိုလျှင် ကြောက်တတ်သည့် အချို့သော ဗုဒ္ဓဘာသာ သံဃာတော်များအနေဖြင့် လက်တွန့်သွားနိုင်သည်။ နိုင်ငံရေးတွင် တက်ကြွသည့် သံဃာ့သမဂ္ဂလို တိုက်ရိုက်ပါဝင် လုပ်ဆောင်ဖို့လည်း ရဟန်းတော်တိုင်းအတွက် မဖြစ်နိုင်။

ထို့အတွက်ကြောင့် ဤသို့မေးခွန်း ပြောင်းမေးလျှင်တော့ လူတွေကို ကယ်ဆယ်လိုသည့် ဘာသာရေးပုဂ္ဂိုလ်များ လက်ခံနိုင်မည်ဟု ယူဆရသည်။ မေးခွန်းမှာ “လက်ရှိ မြန်မာနိုင်ငံတဝှမ်း ရဟန်းရှင်လူအပေါင်းတို့ ကပ်ဘေးပေါင်းစုံ ခံစားနေရသည်ကို ဗုဒ္ဓဘာသာ သံဃာတော်များက မည်ကဲ့သို့ ဖြေဆည်ပံ့ပိုးပြီး သက်သာအောင် ဆောင်ရွက်ပေးနိုင်မည်လဲ” ဟူ၍ ဖြစ်ပါသည်။

ရှေးရိုးစွဲ ဗုဒ္ဓဘာသာများ လေသံအတိုင်း “ကပ်ကြီးသုံးပါး” ကျော်လွန်အောင် ပရိတ်ရွတ်၊ ပဌာန်းရွတ်ပေးမည် ဆိုရုံလောက်နှင့်တော့ နေအိမ် ပြာကျအောင် မီးရှို့ခံထားရပြီး စာရေးသောက်ရေး ခက်ခဲလွန်းနေသည့် အညာတခွင်မှ မိရိုးဖလာ ဗုဒ္ဓဘာသာများပင် ကျေနပ်မည် မထင်။

ရှေးရိုးစွဲ ဗုဒ္ဓဘာသာများ လေသံအတိုင်း “ကပ်ကြီးသုံးပါး” ကျော်လွန်အောင် ပရိတ်ရွတ်၊ ပဌာန်းရွတ်ပေးမည် ဆိုရုံလောက်နှင့်တော့ နေအိမ် ပြာကျအောင် မီးရှို့ခံထားရပြီး စာရေးသောက်ရေး ခက်ခဲလွန်းနေသည့် အညာတခွင်မှ မိရိုးဖလာ ဗုဒ္ဓဘာသာများပင် ကျေနပ်မည် မထင်။ အသက်ဆက်ရေး လက်တွေ့အကူအညီကို လိုအပ်နေသူများဖြစ်သောကြောင့် တရားဟောနေရုံဖြင့် မတင်းနိုင်သည်မှာ သဘာဝကျသည် မဟုတ်ပါလား။

ထို့အတွက် လက်တွေ့ကျသော အကူအညီများ ပေးနိုင်ရန် ဦးစားပေးသင့်ပြီဖြစ်သည်။ အကြမ်းဖက် စစ်တပ်၏ ဖိနှိပ်မှုကြောင့် ဒုက္ခရောက်နေရသော ဒုက္ခသည်များ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် ရဟန်းတော်များ တက်တက်ကြွကြွ အင်တိုက်အားတိုက် ပါဝင်ရန် အရေးတကြီး လိုအပ်နေပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုပါသည်။

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်‌ထဲရှိ ချောင်းမ ကျေးရွာ၊ ချင်းပုန်းကျေးရွာ သပြေအေးကျေးရွာနှင့် မိုးကောင်းကျေးရွာတို့တွင် မတ်လ ၃ ရက်က စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ / CJ

ဘုန်းကြီးအချို့ ချမ်းသာမှု

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် လူဝတ်ကြောင်များ လှူဒါန်းသည်ကိုသာ ရောင့်ရဲတင်းတိမ်ရသည့် အလှူခံပုဂ္ဂိုလ် သာမဂ္ဂီများသာ ဖြစ်သဖြင့် များများစားစား ကူနိုင်မည် မဟုတ်ဟုတော့ ပြောစရာ ရှိနိုင်ပါသည်။ ဓမ္မသဘောအရ အမှန်ပင် ဖြစ်သော်လည်း လက်ရှိ မြန်မာပြည်ရှိ ရဟန်းတော်တချို့၏ ချမ်းသာကြွယ်ဝမှုသည် မေးခွန်းထုတ်စရာ ကောင်းပါသည်။

ကမ္ဘာပေါ်တွင် အချမ်းသာဆုံး သူဌေးကြီးများကို စာရင်းလုပ်သကဲ့သို့ မြန်မာနိုင်ငံရှိ အချမ်းသာဆုံး ရဟန်းတော်စာရင်းကို ပြုစုချင်စိတ်ပင် ဖြစ်မိသည်။ သီလသမာဓိဖြင့် ပြည့်စုံကာ ဝိနည်းလေးစားသော သံဃာတော်၊ ဆရာတော်ကြီးများမှအပ အများစုသည် ကျောင်းကောင်းကောင်း၊ ကားကောင်းကောင်းဖြင့် နေနိုင်ရေးအတွက် တရားကောင်းကောင်း ဟောနေကြသည်ဟုပင် ဆရာတော်ကြီး တပါးက မှတ်ချက်ပြုဖူးသည်။

လက်တွေ့တွင်လည်း ဘုန်ကြီးတချို့၏ ကားနှင့် အသုံးအဆောင် ပစ္စည်များသည် သာမာန် ဝင်ငွေဖြောင့်သော လူလတ်တန်းစားများပင် လက်လှမ်းမမီသည့် အနေအထား ဖြစ်သည်။ ထို့အတွက်ကြောင့် ရဟန်းတော်တိုင်းသည် အများပြည်သူများအတွက် အလှူဒါန မပြုနိုင်သော်ငြား အချို့သော ရဟန်းတော်များသည် လှုဒါန်းနိုင်သည့် အနေအထား ရှိသည်ဟု ဆိုနိုင်သည်။ ထို့အပြင် ၎င်းတို့တွင် ချမ်းသာကြွယ်ဝသည့် ဒကာ၊ ဒကာမများ ကျောထောက်နောက်ခံ ရှိတတ်ကြသည်။ မိမိတို့ ဒကာ၊ ဒကာမများ လှူဒါန်းနိုင်အောင် နှိုးဆော် ဦးဆောင်ပေးနိုင်သေးသည်။

အဟန့်အတားလား၊ အကြောင်းပြချက်လား

ဤနေရာတွင် ဗုဒ္ဓအဆုံးအမ အောက်၌ ပြည့်ပြည့်ဝဝ နေလိုသည့် ရဟန်းတော်တချို့အတွက် ဝိနည်းစည်းကမ်း အခက်အခဲတော့ ရှိနိုင်သည်။ ရဟန်းတော်များ လက်ခံရရှိထားသည့် အချို့သော ပစ္စည်းများ၊ ပိုင်ဆိုင်မှုများသည် တဦးတည်းပိုင်သဘော မဟုတ်ဘဲ အများပိုင် (သံဃာ့အစုအဝေးပိုင်) ပစ္စည်းများကို ပြန်လှန်ပေးကမ်း မျှဝေ၍ မရပေ။

ထို့အတူ ဒကာ၊ ဒကာမများအပေါ် မလျော်ကန်သော ဆက်ဆံမှုနှင့် ပေးခြင်းကမ်းခြမ်းများကို ကန့်သတ်ထားသည့် ဝိနည်းများလည်း ရှိနေပြန်သည်။ အနှစ်သာရအားဖြင့် အကျင့်သီလကောင်းသော ရဟန်းတို့၏ ကိုယ်နှုတ်နှလုံးကို ထိန်းသိမ်းစေရန် ရည်သန်ခဲ့သည့် သတ်မှတ်ချက်များဟု အကြမ်းဖျဉ်း ဆိုချင်ဆိုနိုင်သည်။ အထူးသဖြင့် ကိုယ့်ကို လှူချင်လာအောင် ဆွဲဆောင်သည့် အလုပ်များကို တားမြစ်ထားသည်။

အများအကျိုးအတွက် အလုပ်ရှုပ် မခံလိုသော ဘုန်းကြီးတချို့အတွက် ဤအချက်သည် အကြောင်းပြ၍ ကောင်းလေသည်။ လူဝတ်ကြောင်များ ကိစ္စ၊ မပတ်သက်ကောင်းဟု အလွယ်ပင် ကောက်ယူလိုက်ခြင်းသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှောင်လွဲမှုဟု ဆိုနိုင်သည်။

အများအကျိုးအတွက် အလုပ်ရှုပ် မခံလိုသော ဘုန်းကြီးတချို့အတွက် ဤအချက်သည် အကြောင်းပြ၍ ကောင်းလေသည်။ လူဝတ်ကြောင်များ ကိစ္စ၊ မပတ်သက်ကောင်းဟု အလွယ်ပင် ကောက်ယူလိုက်ခြင်းသည် ကျင့်ဝတ်ပိုင်းဆိုင်ရာ ရှောင်လွဲမှုဟု ဆိုနိုင်သည်။

လက်တွေ့တွင် အများစုသော တရားဟော ဆရာတော်များသည် အလှူဒါန၏ အကျိုးကို အမျိုးမျိုး ဇာချဲ့၍ ဟောကြားကာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များ၏ အိတ်ကပ်များထဲမှ လှူဒန်းငွေများကို ရက်ရက်ရောရော အလှူခံလေသည်။ လိုသည်ထက် ပိုနေ၍ အလှူမခံတော့ဟူသော ရဟန်းမျိုးက အလွန်ပင် ရှားလိမ့်မည်။

အားလုံးကို သိမ်းကြုံးမပြောနိုင်သော်ငြား ဤသည်ကား လက်ရှိ အခြေအနေပင် ဖြစ်သည်။ ယခုခေတ်ကာလကဲ့သို့ မိမိတို့ ဆွမ်းအလှူရှင်များ အတိဒုက္ခရောက်နေချိန်တွင် လက်ပိုက်ကြည့်နေခြင်း၊ ကံ၊ ကံ၏အကျိုးလောက်ကိုသာ တရားပြပြီး ဆုံးမနေခြင်း သက်သက်သည် အဆီအငေါ် မတည့်လှသည်ကို ဗုဒ္ဓဘာသာ ဘုန်းကြီးများ အနေဖြင့် ရဲရဲရင့်ရင့် ရှုမြင်သင့်ပြီ ဖြစ်သည်။

မတူညီသော ဘာသာဝင်တို့ အကူအညီ

ဤနေရာတွင် မတူညီသော ဘာသာဝင်များထံမှ ဗုဒ္ဓဘာသာဝင်တို့ လေးစားတန်ဖိုးထား သင်ယူရမည့် လူမှုကူညီရေး အလေ့အထအချို့ကို ဆက်စပ်တင်ပြလိုသည်။ နမူနာအားဖြင့် အစ္စလာမ် ဘာသာဝင်တို့တွင် ဇကာသ်နှင့် ဖိသ်ရဟ်အလှူဒါန ပြုသည့် အလေ့အထ ရှိသည်။

ဇကာသ် ဟူသည် မိမိတွင်ရှိသော ပစ္စည်းဥစ္စာများအနက်မှ သတ်မှတ်ထားသော အစိတ်အပိုင်းကို ဆင်းရဲသားများအား အပိုင်ပေးအပ် လှူဒါန်းခြင်းဖြစ်သည်။ ဖိသ်ရဟ်ကမူ အီးဒ်နေ့တွင် မရှိဆင်းရဲသားများကို အများနည်းတူ ပျော်ရွှင်စေရန်အတွက် တယောက်စာ လုံလောက်စေသည့် ပမာဏကို ရှိသောသူများက အလှူမျှဝေပေးသည့် သဘောဖြစ်သည်။

ဇကာသ်ကို အခြေပြု၍ Muslim Aid ကဲ့သို့သော အဖွဲ့အစည်းများ ဖွဲ့စည်းကာ ကမ္ဘာအရပ်ရပ်ရှိ လိုအပ်သော ဆင်းရဲဒုက္ခ ရောက်ရှိနေသူများကို ကူညီထောက်ပံ့ကြသည်။

ခရစ်ယာန် ဂိုဏ်းကွဲအမျိုးမျိုးကို အခြေခံလျက် လူမှုကူညီရေး အဖွဲ့အစည်းမျိုးစုံ ရှိသည်။ နိုင်ငံပေါင်းစုံတွင် ဖြန့်ကျက်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ ရှိသကဲ့သို့ ပြည်တွင်းအခြေပြုကာ ဘုရားကျောင်းများမှတဆင့် ကူညီဆောင်ရွက်သည့် အဖွဲ့အစည်းများစွာ ရှိသည်။

ထို့အတူ ခရစ်ယာန် ဘာသာဝင်များသည်လည်း လူမှုရေးလုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ရာတွင် နာမည်ကျော်သည်။ ခရစ်ယာန် ဂိုဏ်းကွဲအမျိုးမျိုးကို အခြေခံလျက် လူမှုကူညီရေး အဖွဲ့အစည်းမျိုးစုံ ရှိသည်။ နိုင်ငံပေါင်းစုံတွင် ဖြန့်ကျက်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းများ ရှိသကဲ့သို့ ပြည်တွင်းအခြေပြုကာ ဘုရားကျောင်းများမှတဆင့် ကူညီဆောင်ရွက်သည့် အဖွဲ့အစည်းများစွာ ရှိသည်။ ၎င်းတို့သည် စစ်ဘေးရှောင် ကူညီရေးများတွင် တက်ကြွစွာ ရှေ့တန်းမှ ဆောင်ရွက်နေကြသည်ကို တွေ့နိုင်သည်။

မူလဘူတ ဖွဲ့စည်းဆောင်ရွက်စဉ်က ဘာသာရေးအတွက် ရည်ရွယ်ခဲ့သော အချို့အဖွဲ့များ ရှိကောင်း ရှိနိုင်သော်လည်း ယခုအချိန်တွင်မူ ၎င်းတို့၏ အကူအညီများကို လူမျိုးဘာသာမရွေး လိုအပ်သည့်အတိုင်း ကူညီနေကြသည်မှာ လေးစားဖွယ်ရာပင် ဖြစ်သည်။

လူမှုရေး တက်ကြွသည့် အစဉ်အလာ

ဤသို့ဆိုလျှင် ဗုဒ္ဓဘာသာ အဝန်းအဝိုင်းတွင်ရော လူမှုကူညီရေး မရှိလေသလား။ သမိုင်းနှင့်ချီ၍ပင် ခိုင်ခိုင်မာမာ ရှိသည်ဟု ဆိုနိုင်ပါသည်။ ဗုဒ္ဓဘာသာသည် ကိုလိုနီခေတ် မတိုင်မီကပင် လူမှုရေးနယ်ပယ်တွင် ထဲထဲဝင်ဝင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေခဲ့သည်။ ပညာရေးမှ အစပြု၍ နေ့စဉ်လူနေမှုဘဝကို လွှမ်းမိုးထားသည်။ ထို့နောက် ကိုလိုနီဆန့်ကျင်ရေး ကာလများတွင်လည်း အမျိုးသားရေး နိုးကြားရေးအတွက် အင်အားကောင်းကောင်းဖြင့် ပါဝင်ခဲ့ပြန်သည်။

အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းများတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သည့် သမိုင်းရှိသည်။ အနီးစပ်ဆုံး နမူနာအဖြစ် ၂၀၀၇ ရွှေဝါရောင် လှုပ်ရှားမှုကဲ့သို့သော အင်တိုက်အားတိုက် လုပ်ဆောင်မှုများ ရှိခဲ့သည်။ ထိုမျိုးဆက်သည် ၂၀၂၁ နွေဦးတော်လှန်ရေးတွင်လည်း တက်ကြွစွာဖြင့် လှုပ်ရှားနေပြန်သေးသည်။ ဤသည်က နိုင်ငံရေးဟု ဆိုပါက လူမှုရေး နယ်ပယ်ဟု သီးသန့်ဆိုနိုင်မည့် ကိစ္စရပ်များကိုလည်း လေ့လာကြည့်နိုင်ပါသည်။

၂၀၀၈ ခုနှစ် နာဂစ် ကူညီကယ်ဆယ်ရေးနှင့် သဘာဝ ကပ်ဘေးများ တုံ့ပြန်ရေးများတွင် ဗုဒ္ဓဘာသာ ရဟန်းတော်များ၊ ၎င်းတို့ ဖွဲ့စည်းတည်ထောင်ထားပေးသော ပရဟိတအဖွဲ့များမှ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခဲ့ကြသည်ကို တွေ့နိုင်ပေသည်။ ထိုမတိုင်ခင်ကပင် အစဉ်အလာ ကြီးမားသည့် လှုမှုရေး အသင်းအဖွဲ့များလည်း ရှိနှင့်နေပြီးသား ဖြစ်သည်။

မန္တလေးမြို့ ရှေ့ဆောင်ဟု ဆိုရမည့် ဗြဟ္မာစိုရ် အသင်းကြီးသည် ၁၉၉၈ တွင် တည်ထောင်ခဲ့သည်။ အသင်းကြီး တည်ထောင်ရာတွင် လေးပြင်လေးရပ်ရှိ ထေရ်ကြီးဝါကြီး ဆရာတော်များက ဦးဆောင်လမ်းညွှန်ခဲ့ကြပြီး ဩဝါဒါစရိယအဖြစ် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့နိုင်သည်။

ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ပရဟိတအသင်းများ မှိုလိုပေါက်သည့် ကာလဟုပင် ဆိုနိုင်သည်။ ထိုအထဲတွင် ဘုန်းကြီးကျောင်း အခြေပြုသည့် အသင်းအဖွဲ့များလည်း အစိတ်အပိုင်းတခုအဖြစ် ပါဝင်သည်။

ကုန်လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ပရဟိတအသင်းများ မှိုလိုပေါက်သည့် ကာလဟုပင် ဆိုနိုင်သည်။ ထိုအထဲတွင် ဘုန်းကြီးကျောင်း အခြေပြုသည့် အသင်းအဖွဲ့များလည်း အစိတ်အပိုင်းတခုအဖြစ် ပါဝင်သည်။ မိရိုးဖလာအရ သာရေးနာရေးအဆင့် အဖွဲ့အစည်များ ရှိသကဲ့သို့ စနစ်တကျဖြင့် ဖွဲ့စည်းလုပ်ဆောင်နိုင်သည့် အသင်းအဖွဲ့များစွာလည်း ရှိသည်။

ဤအချက်များကို ကြည့်ခြင်းဖြင့် ဗုဒ္ဓဘာသာအတွင်းရှိ ရဟန်းသံဃာတော်များသည် လူဝတ်ကြောင်းတို့ကိစ္စမို့ ဝင်မပါတာမျိုး မရှိခဲ့ဘဲ မိမိတို့ ဒကာ၊ ဒကာမများ၏ ကောင်းကျိုးအတွက် လူမှုရေးလုပ်ငန်းများကို အားပေးခဲ့သည်ကို မြင်သာသည်။

သို့သော်လည်း စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ပရဟိတအသင်းများ ပစ်မှတ်ထားခံရခြင်း၊ ပိတ်သိမ်းခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းတို့ကြောင့် အများစုက မလည်ပတ်နိုင်သည်များ ရှိသည်။ စစ်ကောင်စီသည် မြင်မြင်သမျှ ရန်သူထင်နေသဖြင့် အများအကျိုးလုပ်လေ မကြိုက်လေဟုပင် ဆိုနိုင်သည့် အနေအထားဖြစ်သည်။ သို့သော်လည်း ရသည့်နည်းလမ်းဖြင့် ဒုက္ခသည်များ၊ စစ်ဘေးရှောင်များအတွက် ကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေကြသည်များလည်း ရှိသည်။ ပေါ်ပေါ်ထင်ထင် လုပ်ခွင့်မရသည့်အတွက် အခက်အခဲများစွာ ရှိကြသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
383
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
6.5k

ထိုသို့အနေအထားတွင် နေ့စဉ်နှင့်အမျှ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများကလည်း များပြားတိုးပွားနေရာ လိုအပ်ချက်များကို အလျင်မီ ဖြည့်ဆည်းရန်လည်း မလွယ်ကူပေ။ ဤလိုအပ်ချက် လေဟာနယ်ကို ဖြည့်ဆည်းရန်အတွက် ဩဇာရှိသည့် ဗုဒ္ဓဘာသာ ဦးဆောင် ဆရာတော်များအနေဖြင့် ကြိုးပမ်းဆောင်ရွက်သင့်သည်။ ဆောင်ရွက်ရန်လည်း အခြေအနေတချို့ ရှိနေသည်။

ဘယ်လို ဆောင်ရွက်မလဲ

လက်တွေ့အကူအညီဟူရာ၌ ရုပ်ပိုင်းနှင့် စိတ်ပိုင်းအကူအညီဟု အပိုင်းနှစ်ပိုင်း ခွဲခြားမြင်နိုင်သည်။ ရုပ်ပိုင်းဆိုင်ရာအဖြစ် အရေးပေါ် လိုအပ်သည့် အခြေခံစားသောက်နှင့် လူသုံးကုန်ပစ္စည်းများ ထောက်ပံ့ခြင်း၊ လိုအပ်သည့် နေစရာ ယာယီဖန်တီးပေးခြင်းတို့ကို လုပ်ဆောင်နိုင်သည်။ အများစုသော ဘာသာရေး အဆောက်အဦများသည် နေရာကျယ်ပြန့်သည့်အတွက် အရေးပေါ် ခိုလှုံရန် နေရာကောင်းဖြစ်သည်။

စိတ်ပိုင်းဆိုင်ရာ အကူအညီတွင်မူ ဘာသာရေး၏ အစဉ်အလာ ဆုံးမချက်များထက် လတ်တလော စိတ်ဖိစီးမှုများ ပြေလျော့စေခြင်းကို ဦးစားပေးသင့်သည်။ ဘာသာရေး အဆုံးအမများတွင် လတ်တလော အပူများကို ဖြေဆည်ရာ အတိုင်းအတာ တခုအထိတော့ ရှိနိုင်စရာ ရှိသည်။

စိတ်ပိုင်းဆိုင်ရာ အကူအညီတွင်မူ ဘာသာရေး၏ အစဉ်အလာ ဆုံးမချက်များထက် လတ်တလော စိတ်ဖိစီးမှုများ ပြေလျော့စေခြင်းကို ဦးစားပေးသင့်သည်။ ဘာသာရေး အဆုံးအမများတွင် လတ်တလော အပူများကို ဖြေဆည်ရာ အတိုင်းအတာ တခုအထိတော့ ရှိနိုင်စရာ ရှိသည်။

ထိုသို့ ကူညီထောက်ပံ့မှုများ ပြုလုပ်ရာတွင် နိုင်ငံတကာ လူသားချင်းစာနာသည့် အဖွဲ့အစည်းတိုင်း လိုက်နာကြသည့် အခြေခံမှုများ ရှိသည်။ လူသားချင်း စာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်းတို့သည် အကူအညီလိုအပ်နေသော သူများထံ အကူအညီများ ရောက်ရှိရေးအတွက် အလွန် အရေးပါသည်။

ဤဆောင်းပါး အစပိုင်းတွင် ဆိုခဲ့သလို မည်သည့်နိုင်ငံရေးကိစ္စမှ ပါဝင်စရာ မလိုဘဲ အကူအညီ လိုအပ်သူများ၏ အရေးကိစ္စသီးသန့်ကိုသာ ဦးစားပေး ဆောင်ရွက်ရန်အတွက် ကြားနေခြင်းမူကို အပြည့်အဝ လိုက်နာနိုင်သည်။ သက်ဆိုင်ရာ အစုအဖွဲ့အသီးသီးကိုလည်း ဤမူများကို သိရှိစေခြင်း၊ လိုက်နာကျင့်သုံးစေခြင်းဖြင့် ဒုက္ခသည်များ၏ အခက်အခဲများကို လက်တွေ့ ဖြေရှင်းပေးရန် လမ်းစရစေနိုင်သည်။

ဤအခြေခံမှုများသည် နိုင်ငံတကာက ကျင့်သုံးနေသည့် မူများဖြစ်သဖြင့် နားမယဉ်ပါက ဗုဒ္ဓဘာသာ အဆုံးအမများကိုပင် အလေးမြတ်ပြုလိုက ပြုနိုင်ပါသေးသည်။ ဗြဟ္မာစိုရ် တရား လေးပါး ဖြစ်သော မေတ္တာ၊ ဂရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတို့ကို လက်တွေ့လူမှုဘဝထဲသို့ ကျင့်သုံး ယူဆောင်လာနိုင်ပါသေးသည်။ ကာယကံမေတ္တာ၊ ကာယကံဂရုဏာများ ဖြစ်မြောက်ဖို့သာ လိုသည် မဟုတ်ပါလား။

မကူနိုင်ရင်တောင် မယိုင်နဲ့

စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် / Sitagu Facebook

နောက်ဆုံးအနေနှင့် အခက်အခဲပေါင်းစုံကြောင့် ကိုယ်ထိလက်ရောက် မကူနိုင်လျှင်၊ ဆောင်ရန်များကို မလုပ်နိုင်လျှင်တောင်မှ ရှောင်ရန်အချက်များကို သတိကြီးကြီးဖြင့် ကျင့်သုံးနိုင်ပါသေးသည်။ ထိုသို့ ရှောင်သင့်သည့်အထဲတွင် အပြစ်မဲ့ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နေသော စစ်ခေါင်းဆောင်များကို ထောက်ခံ့သည့်အပြုအမှုများ မပြုလုပ်ရန်သည် အရေးကြီးဆုံး ဖြစ်သည်။

သီတဂူဆရာတော်နှင့် ဓမ္ဓဓူတဆရာတော် အရှင် ဆေကိန္န ကဲ့သို့သော လူသိများသည့် ဘုန်းကြီးများ၏ အကြမ်းဖက်လူသတ် စစ်တပ်အပေါ် ဆက်ဆံပုံများသည် ရဟန်းရှင်လူအပေါင်း၏ စိတ်နှလုံးကို လွန်စွာ ညှိုးနွမ်းစေလေသည်။ ဗုဒ္ဓဘာသာအပေါ် အများအမြင် မတင့်တယ် ဖြစ်စေသည်။

ဤသည်မှာ မိမိတို့ ယုံကြည်ကိုးကွယ်သော ဘာသာရေးပုဂ္ဂိုလ်များထံမှ ပြည်သူတို့ အလိုချင်ဆုံး၊ အမျှော်လင့်ဆုံးသော ဆန္ဒလည်း ဖြစ်သည်။ သီတဂူဆရာတော်နှင့် ဓမ္ဓဓူတဆရာတော် အရှင် ဆေကိန္န ကဲ့သို့သော လူသိများသည့် ဘုန်းကြီးများ၏ အကြမ်းဖက်လူသတ် စစ်တပ်အပေါ် ဆက်ဆံပုံများသည် ရဟန်းရှင်လူအပေါင်း၏ စိတ်နှလုံးကို လွန်စွာ ညှိုးနွမ်းစေလေသည်။ ဗုဒ္ဓဘာသာအပေါ် အများအမြင် မတင့်တယ် ဖြစ်စေသည်။ ဤသို့ ဒုစရိုက်သမား အားပေးခြင်းများကို သတိကြီးကြီးထားသင့်သည်။ လက်တွေ့ဒုက္ခရောက်နေသာ ရဟန်းရှင်လူများကို မစာနာရာလည်း ရောက်ပေသည်။

ဤသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ပြည်သူများ ပိုမိုများပြားလာသည့် အခြေအနေ၊ လိုအပ်ချက်များ ဖိစီးလာသည့် အခြေအနေတွင် မြန်မာပြည် အနယ်နယ်အရပ်ရပ်မှ ရဟန်းသံဃာတော်များ အနေဖြင့် ဘာသိဘာသာ မနေဘဲ ကိုယ်ထိလက်ရောက် ကူညီဆောင်မရန် အလွန်ပင် လိုအပ်နေပါသည်။ ပြည်သူပြည်သားတို့၏ လိုအပ်ချက်ကို ကူညီခြင်းဖြင့် မိမိတို့ ဘာသာရေး၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ရန် အချိန်ကျနေပြီဖြစ်ကြောင်းလည်း တိုက်တွန်းလိုက်ရပါသည်။

(ဒက်စမွန်သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် အသွင်ကူးပြောင်းရေးကာလ ပြဿနာများကို အထူးပြုသည့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး လေ့လာသူဖြစ်သည်။)

You may also like these stories:

စစ်ခေါင်းဆောင်များ၏ အကျွမ်းကျင်ဆုံး အလုပ်

စစ်ကောင်စီ စီစဉ်သည့် ဘာသာရေးပွဲများ သပိတ်မှောက်ရန် သံဃသမဂ္ဂ တိုက်တွန်း

သီတဂူဆရာတော်က စစ်ကောင်စီခေါင်းဆောင်ကို ချီးကျူး

စစ်ကိုင်း ကောင်းမှုတော် စည်တော်ကြီး အင်းတော်သို့ ပြန်ပို့

အာဏာသိမ်း စစ်အုပ်စု လက်ခုပ်ထဲက ဘာသာရေး လွတ်လပ်ခွင့်

Your Thoughts …
Tags: ခရစ်ယာန်စစ်ဘေးဒက္ခသည်စစ်အာဏာသိမ်းမှုပရဟိတဗုဒ္ဓဘာသာဘာသာရေးလူမှုရေးသံဃာတော်အစ္စလာမ်
ဒက်စမွန်

ဒက်စမွန်

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

Next Post
ယနေ့ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရန် ကော့သောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး ရုံးတွင် Border Pass ပြုလုပ်နေသူများ / ဧရာဝတီ

ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် ယနေ့ တရားဝင် ပြန်ဖွင့်

စစ်ကောင်စီ စီးနင်းမှုကြောင့် တန့်ဆည်မြို့နယ်က ဒေသခံများ ထွက်ပြေးပုန်းရှောင်နေရ  / CJ

တန့်ဆည်က စစ်ဘေးရှောင်များ ရိက္ခာနှင့်ဆေးဝါး အရေးပေါ်လိုနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved