• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကိုင်း ကောင်းမှုတော် စည်တော်ကြီး အင်းတော်သို့ ပြန်ပို့

by ဧရာဝတီ
17 March 2022
in သတင်း
A A
စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော်စေတီတော်ရင်ပြင်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံး ''အဓိကဒုန္ဒုဘ'' စည်တော်ကြီး / ဧရာဝတီ

စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော်စေတီတော်ရင်ပြင်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံး ''အဓိကဒုန္ဒုဘ'' စည်တော်ကြီး / ဧရာဝတီ

17.5k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော်စေတီတော်ရင်ပြင်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံး ”အဓိကဒုန္ဒုဘ” စည်တော်ကြီးကို ဖြုတ်ချပြီး အင်းတော်ဒေသသို့ ပြန်လည်ပို့ဆောင်ခဲ့သည်။

စည်တော်ကြီးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အင်းတော်မြို့နယ် လက်ပံကုန်းကျေးရွာရှိ “ဆရာပွဲ” မြန်မာတူရိယာ အမျိုးမျိုး လုပ်ငန်းမှ ဦးကျော်ညွန့်နှင့် သားတပည့်များက ထုလုပ် လှုဒါန်းခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော် စေတီကြီးသို့ ၂၀၁၉ ခုနှစ် မတ်လ ၁၉ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ကိုယ်တိုင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ၏ ဩဝါဒကိုခံယူပြီး စည်တော်ကြီးကို ခမ်းခမ်းနားနားဖြင့် ပင့်ဆောင်ခဲ့ကာ သီတဂူဆရာတော်ကြီးက စည်တကာတို့ထက် လွန်ကဲသောစည်တော်ကြီး မဟာဘေရီ (သို့မဟုတ်) အဓိကဒုန္ဒုဘဟု အမည်သညာ ပေးခဲ့သည်။

ထိုစည်တော်ကြီးကို ယခုလို ဖယ်ရှားမှုသည် စည်တော်ကြီးကို အင်ဒို/ပသီ အောက်လမ်းနည်း ယတြာအစီအရင်များဖြင့် ပြုလုပ်ထားခြင်းကြောင့် စစ်ကိုင်းတိုင်းအတွင်း သေကြေပျက်စီးမှုများ ဖြစ်နေရသည်ဟု ရေးသားချက်များ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခြင်းနှင့် တိုက်ဆိုင်နေသည်။

“စစ်ကိုင်းတိုင်း ဒုက္ခရောက်ရခြင်း တရားခံက ယခင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် သင်္ချိုင်းက ကုက္ကိုသားနဲ့ စည်ထွင်းပြီး ကောင်းမှုတော်ဘုရားကြီးရဲ့ အင်္ဂါထောင့်မှာ အင်ဒို/ပသီအောက်လမ်းနည်း(Black Magic)ဖြင့် ယတြာချေတဲ့ အနေနဲ့လှူဒါန်းခဲ့တာကြောင့်ပါ၊ အခု စစ်ကိုင်းတိုင်းက အရင်စစ်ကိုင်းတိုင်းနဲ့ မတူတော့ဘဲ နယ်ခံ ရဟန်းရှင်လူ ပြည်သူတွေ သေကြေပျက်စီးကြနေတာ မျက်မြင်ကိုယ်တွေ့ပါပဲ၊ အပြစ်မဲ့ သံဃာ ၁၇ ပါးလည်း အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံခဲ့ရပါတယ်” ဟု အာဏာသိမ်းစစ်ကောင်စီယိမ်း လူမှုကွန်ရက်အကောင့်များတွင် ရေးသားဖြန့်ဝေနေခဲ့ကြသည်။

ထို့သို့ လူမှုကွန်ရက်ပေါ်မှ ရေးသားချက်များအပေါ် မူတည်၍ ယခုလို စည်တော်ကြီးကို ကောင်းမှုတော်ဘုရားမှ ဖြုတ်ချခဲ့ခြင်းဟု ဒေသခံများက ယုံကြည်နေကြသည်။

“အခုလို လုပ်တယ်ဆိုတာက စစ်ကောင်စီက တဘောင်တွေကို ကြောက်ပြီး စစ်ဆေး မေးမြန်းတာတွေ လုပ်ပြီး အဖြေတခုခု ပေါ်ထွက်လာလို့သာ လုပ်ကြတာ။ အင်းတွေ ယတြာတွေ အစီအရင်ဆိုတာမျိုးတွေကို အရင်အာဏာရှင်အဆက်ဆက် လက်ခံယုံကြည်ပြီး လုပ်ကိုင်ကြတဲ့ အရာတွေပဲ။ ဒါကြောင့် စကစက အခုလိုမျိုး စိတ်ထင်သလိုတွေ လျှောက်လုပ်နေတာလို့ပဲ မြင်တယ်”ဟု စည်တော်ကြီး ပင့်ဆောင်စဉ်က ပါဝင်ခဲ့သည့် စစ်ကိုင်းမြို့ခံတဦးက ပြောသည်။

စစ်ကိုင်း ကောင်းမှုတော်စေတီတော်ရင်ပြင်တွင် ”အဓိကဒုန္ဒုဘ” စည်တော်ကြီးကို ထားရန် ပြင်ဆင်ခဲ့ကြစဉ်/ ဧရာဝတီ

အဆိုပါ စည်တော်ကြီးသည် မတ်လ ၁၅ ရက်နေ့ ညဦးပိုင်းတွင် အင်းတော်မြို့သို့ ရောက်ရှိခဲ့ပြီး မန်လည်ကျေးရွာရှိ မန်လည်ဆရာတော်ကြီး သီတင်းသုံးခဲ့သည့် မန်လည်ကျောင်းတိုက်ဝန်းအတွင်း၌ ထားရှိကြောင်း သိရသည်။

“စည်တော်ကြီးက မနေ့က ညပိုင်းက ရောက်လာတာပါ။ အခုတော့ မန်လည်ကျောင်းတိုက်ဝင်းထဲမှာ ထားတယ်။ ဒီနေ့မနက် ပိုင်းမှာတော့ စည်တော်ကြီးကို ခိုင်ခိုင်ခံ့ခံ့ထားဖို့ လုပ်နေကြပါတယ်။ ကျနော်တို့ဒေသကို ပြန်ရောက်လာတာ ကောင်းသလား ဆိုးသလား ပြောမပြတတ်ဘူး။ ဒါပေမယ့် အခုအချိန်မှာ ဘယ်သူက ကန့်ကွက်ရဲမှာလဲ”ဟု အင်းတော်ဒေသခံတဦးက ပြောသည်။

ကောင်းမှုတော်ဂေါပကအဖွဲ့ကမူ စစ်ကောင်စီလက်အောက်ခံ စစ်ကိုင်းတိုင်းအဖွဲ့ထံသို့ အင်းတော်ဒေသခံများက စာတင်၍ တောင်းခံလာသဖြင့် ကောင်းမှုတော်စေတီတော် သြဝါဒဆရာတော်ကြီးများထံ လျှောက်ထားရာ သဘောတူလက်ခံမှုဖြင့် ပြန်လည် သယ်ဆောင်ရန် ခွင့်ပြုပေးခဲ့ကြောင်း ဆိုသည်။

“ကောင်းမှုတော်က စည်တော်ကြီးကို အင်းတော်ကို ပြန်ပို့တယ်ဆိုတာ မှန်ပါတယ်။ တနေ့က သယ်သွားကြပါပြီ၊။ ဘာကြောင့် ပြန်ပို့တာလဲဆိုတော့ မူရင်းဒေသမှာရှိကြတဲ့ ရဟန်သံဃာအချို့နဲ့ လူပုဂ္ဂိုလ်အချို့က သူတို့ဒေသက ထွက်ရှိထားတဲ့ အကြီးဆုံး စည်တော်ကြီးကို သူတို့ဒေသမှာပဲ ထားချင်ပါတယ်လို့ တိုင်းအစိုးရအဖွဲ့ကို စာတင်ပြီး တောင်းလို့ ခွင့်ပြုမိန့်အရ ပြန်ပို့လိုက်တာပါ”ဟု ကောင်းမှုတော်ဂေါပကအဖွဲ့မှ အမည်မဖော်လိုသူတဦးက ပြောပြသည်။

စစ်ကိုင်း ကောင်းမှုတော်စေတီတော်ရင်ပြင်တွင် ”အဓိကဒုန္ဒုဘ” စည်တော်ကြီးကို ထားရန် ပြင်ဆင်ခဲ့ကြစဉ်/ ဧရာဝတီ

စူဠာမဏိကောင်းမှုတော်စေတီတော် ရင်ပြင်တွင် စည်တော်ကြီး ထားရှိခဲ့ကြချိန်တွင် ဦးဆောင် ဩဝါဒ ဆရာတော်အဖြစ် ပါဝင်ခဲ့သည့် သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရကိုလည်း ခွင့်ပြုချက်တောင်းခံ လျှောက်ထားခဲ့ကြောင်းလည်း သိရသည်။

RelatedPosts

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
2
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
3
အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

အခုရွေးကောက်ပွဲက ခြောက်ခြောက်ကပ်ကပ်ပါပဲ (ရုပ်/သံ)

11 January 2026
14

“ဆရာတော်ကြီးကတော့ ဒီအပေါ်မှာ ဘာမှ ပြောဆိုတာမျိုး မရှိဘူး။ သြဝါဒဆရာတော်ကြီးတွေထဲမှာ ဆရာတော်ကြီးလည်း ပါတယ်လေ။ တိုင်းအစိုးရအဖွဲ့က ခွင့်တောင်းတဲ့အချိန်က ဆရာတော်ကြီးလည်း ပါတယ်။ စည်တော်ကြီးကိစ္စကို ဆရာတော် ကြီးပဲ ဦးဆောင်ပြီး လုပ်ဆောင်ထားပေမယ့် အခုကိစ္စမှာ ဘာမှ မပြော မမိန့်ဘူးဆိုတော့ သဘောတူတဲ့သဘောပေါ့။ ဒါကြောင့်လည်း တိုင်းအစိုးရက ခွင့်ပြုမိန့် ပေးလိုက်တာ။ ကျန်တဲ့ သြဝါဒဆရာတော်တွေကလည်း ဆရာတော်ကြီးက ဘာမှ မပြောတော့ ဒီအတိုင်းပဲ လက်ခံလိုက်ကြတာ”ဟု စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးအသိုင်းအဝိုင်းက အမည်မဖော်လိုသူ တဦးက ပြောသည်။

လူမှုကွန်ရက်တွင် ဖြုတ်ချခံ စည်တော်ကြီးအကြောင်း ရေးသားပျံ့နှံ့နေမှုအပေါ် ကောင်းမှုတော်ဂေါပကအဖွဲ့ဝင် တဦးက “စည်တော်ကြီးနဲ့ ပတ်သက်လို့ လိုင်းပေါ်မှာ ပျံ့နေတဲ့ သတင်းတွေက အမှားတွေပါ။ တမင်သက်သက် ဖွနေကြတဲ့ သဘောမျိုးပေါ့။ စည်တော်ကြီးက အင်းတွေ၊ အစီအရင်တွေဆိုတဲ့ကိစ္စက လတ်တလောဖြစ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ အဲဒီလို ဖွနေကြတာ တော်တော်ကြာနေပါပြီ”ဟု ပြောသည်။

စည်တော်ကြီးကို ထွင်းထုသည့် ကုက္ကိုသားသည် ၂၀၁၈ ခုနှစ်က အင်းတော်မြို့ရှိ အင်းတော်သုဿန် ရှင်းလင်းချိန်က ခုတ်လှဲခဲ့သည့် သက်တမ်း နှစ် ၁၅၀ ကျော်ရှိ ကုက္ကိုပင်ကို အသုံးပြု ထွင်းထုခဲ့ခြင်းဖြစ်ပြီး စည်တော်ကြီး၏ အရှည်မှာ အလျား ၁၂၈ လက်မ၊ အမြင့် ၆၄ လက်မ၊ စည်တော်မျက်နှာဝ အကျယ် ၅၄ လက်မ ရှိကြောင်း သိရသည်။

စစ်ကိုင်းမြို့ စူဠာမဏိကောင်းမှုတော်စေတီတော်ရင်ပြင်ရှိ မြန်မာနိုင်ငံတွင် အကြီးဆုံး ”အဓိကဒုန္ဒုဘ” စည်တော်ကြီး/ဧရာဝတီ

စည်တော်ကြီးထွင်းထုသည့် ကုန်ကျစားရိတ်မှာ ကျပ် သိန်း ၇၀ ခန့်ကုန်ကျခဲ့ပြီး စည်တော်အတွင်းပိုင်း၌ ဘုရားဟော တရားဒေသနာတော်နှင့် ဂါထာတော်များ၊ ဗားမဲ့ဆရာတော်၏ ဂါထာတော်နှင့် လောကီအစီအမံများ၊ စည်တော်အပြင်တွင် ၁၀၈ ကွက်ပါ ဗုဒ္ဓခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံကို ထည့်သွင်း၍ ထုလုပ်ထားကြောင်း သိရသည်။

“လိုင်းပေါ်က ရေးသားချက်တွေက အထောက်အထားကင်းမဲ့ လွန်းတယ်။ စစ်အာဏာရှင်တွေ လုပ်လေ့လုပ်ထရှိတဲ့ အစီအရင် တွေထဲက တခုပဲ ဖြစ်တယ်လို့ သုံးသပ်တယ်။ စည်တော်ကြီးကို ထုလုပ်လှုဒါန်းတဲ့ အလှုရှင်ကိုယ်တိုင်က အုတ်ဂူ ဖွေးဖွေးများအကြားမှာ ကြီးမားတဲ့ ကုက္ကိုပင်ကြီး ပြိုလဲနေတာကို ကြည့်ရင်း သံဝေဂရပြီး သံသရာ ဝဋ်ဆင်းရဲ ချုပ်ငြိမ်းရာ တရားအကြောင်းတွေ တွေးမိပြီး သစ္စာတရားလေးပါးကို သိရှိကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် ရည်ရွယ်ချက်နဲ့ ထုလုပ်လှူဒါန်းခဲ့တာလို့ ပြောခဲ့တာ။ ပြီးတော့ စည်တော်ကြီးကို လှုဒါန်းတဲ့အချိန်က တနိုင်ငံလုံး သိအောင် မီဒီယာတွေကလည်း ဖော်ပြခဲ့ကြတယ်။ အဲဒီအချိန်တုန်းက လူသိရှင်ကြား ကန့်ကွက်တာမျိုး မရှိခဲ့ဘူး။ ပြောချင်တာက စည်တော်ကြီးကို အောက်လမ်းနည်းနဲ့ ထိခိုက်အောင် ထုလုပ်ခဲ့တယ်ဆိုတာ ဘာအထောက်အထားမှ မရှိတဲ့အတွက် စစ်အုပ်စုက ရည်ရွယ်ချက် ရှိရှိနဲ့ သတင်းအမှားတွေ ဖြန့်တယ်လို့ပဲ ပြောချင်တယ်”ဟု ကောင်းမှုတော်စေတီတော်သို့ စည်တော်ကြီး ပို့ဆောင်စဉ်က ပါဝင်ခဲ့သည့် အင်းတော်ဒေသခံ တဦးက ပြောသည်။

You may also like these stories:

သာသနာ့ဗိမာန်ကို မင်္ဂလာပွဲခန်းမ ပြောင်းမည့် မဟာမုနိဂေါပကအဖွဲ့အကြံ အများဝေဖန်

စစ်ကောင်စီ အားပေးတဲ့ကြေညာချက်ကြောင့် ခရစ်ယာန်အသင်းတော်များကောင်စီ ပြန်တောင်းပန်ရ

ထင်ရှားသော ဆရာတော်ကြီးများကြား မဟာမိတ်များ စစ်ကောင်စီ ရှာဖွေ

အာဏာသိမ်း စစ်အုပ်စု လက်ခုပ်ထဲက ဘာသာရေး လွတ်လပ်ခွင့်

မန္တလေး နန်းမြို့ရိုးနှင့်ကျုံးသည် အာဏာရှင် အဆက်ဆက် အသုံးချခံ မဟုတ်

မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရေး အဆိုပြုလွှာမူချော ဇန်နဝါရီတွင် တင်မည်

Your Thoughts …
Tags: ကောင်းမှုတော်စစ်ကိုင်းစည်တော်ကြီးမြန်မာနိုင်ငံတွင် အကြီးဆုံးအင်းတော်အဓိကဒုန္ဒုဘ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

မုန်တိုင်ပင်ရွာ လူသတ်မှု၌ တာဝန်ရှိသူ တိုင်းမှူး ဖြစ်လာ

by ဧရာဝတီ
6 August 2023
15.1k

ပြီးခဲ့သည့်နှစ် မေလအတွင်းက စကခ- ၄ လက်အောက်ရှိ ခြေမြန်တပ်ရင်း (ခမရ ၇၀၈)သည် ရေဦးမြို့နယ် မုန်တိုင်ပင်ရွာမှ အရပ်သား ၂၆ ဦးကို သတ်ဖြတ်ခဲ့ရာ ယင်းဖြစ်စဉ်တွင် ဗိုလ်မှူးချုပ် ကြည်သိုက် တာဝန်ရှိကြောင်း ပြောဆို မှုများ...

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

by ဧရာဝတီ
30 October 2023
11.9k

ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျှောက်တွင် စစ်ဆင်ရေး စတင်သည့် အောက် တိုဘာ ၂၇ ရက်က စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

ဖလမ်းနှင့် အင်းတော်တိုက်ပွဲ တပ်မ ၇၇ အထိနာဟုဆို

ဖလမ်းနှင့် အင်းတော်တိုက်ပွဲ တပ်မ ၇၇ အထိနာဟုဆို

by ဧရာဝတီ
8 April 2025
6k

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် ဆက်သွယ်ထားသော ရွှေဘို-မြစ်ကြီးနားကားလမ်း၊ ရထားလမ်းပေါ် တွင်ရှိသည့် အင်းတော်မြို့နှင့် နဘားလမ်းဆုံကို PDF ပူးပေါင်းတပ်များသိမ်းပိုက်နိုင်သည့်အတွက် ကချင်ပြည်နယ်နှင့် ပြည်မကြား ဆက်သွယ်ရေးလမ်းကြောင်းအား ဖြတ်တောက်စိုးမိုးနိုင်ခဲ့သည့်အပြင် ဒေသတွင်းစစ်ရေးလှုပ်ရှားမှုများ ကိုလည်း ပိုမိုအားကောင်းလာနိုင်ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။

ရွှေဘိုနယ်မှ ပျူစောထီးရွာအချို့ အငတ်ဘေးကြုံ

ရွှေဘိုနယ်မှ ပျူစောထီးရွာအချို့ အငတ်ဘေးကြုံ

by ဧရာဝတီ
19 February 2025
5.5k

လက်ရှိ တည်သီးတောရွာအပြင် ရွှေဘိုမြို့နယ်အတွင်းမှ ပြည်သူ့စစ်အမည်ခံ ပျူစောထီးများ လက်နက်ချ အလင်းဝင်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသလို တည်သီးတော ပျူစောထီးရွာမှ ပြည်သူများအနေဖြင့် ထပ်မံ ထွက်လာလိုပါက ချိတ်ဆက်ဆောင်ရွက် ကယ်ထုတ်ပေးမည်ဖြစပြီး ပျူစောထီးများ အလင်းဝင်လိုပါကလည်း လက်ခံပေး မည်ဖြစ်ကာ...

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

by ဧရာဝတီ
26 December 2023
5.1k

ကချင်ပြည်နယ်ဘက်မှတဆင့် ကောလင်းမြို့နယ်အတွင်း ဝင်ရောက်မည့် မော်တော်ယာဉ်များကို အင်းတော်မြို့ နယ်ကနေ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသလို မန္တလေးတိုင်းနှင့် အခြားမြို့နယ်များမှတဆင့် ကောလင်းမြို့နယ် အတွင်း သွားရောက်မည့် မော်တော်ယာဉ်များကိုလည်း မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကိုးပင်ကျေးရွာ စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားကြောင်း

Next Post
တရုတ်ခေါင်းဆောင် မစ္စတာ ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဝေဖန်ခြင်း ရှောင်ရှားပြီး ယူကရိန်းတွင် သတ်ဖြတ်မှုမှ တရုတ်နိုင်ငံကို ခပ်ကင်းကင်းဖြစ်စေရန် ကြိုးစားသည်  /  AFP

ယူကရိန်း စစ်ပွဲမှ အမြတ်ထွက်ရန် တရုတ် မူချ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ စစ်ရှောင်များ  / CJ

တိုက်ပွဲပြင်းထန်နေသည့် ကန်ပက်လက်တွင် စစ်ရှောင်များ အရေးပေါ် အကူအညီလိုနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved