• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ထင်ရှားသော ဆရာတော်ကြီးများကြား မဟာမိတ်များ စစ်ကောင်စီ ရှာဖွေ

by ဧရာဝတီ
16 September 2021
in ဆောင်းပါး
A A
သက်ကြီးဝါကြီးဆရာတော်အချို့မှာ စစ်ကောင်စီခေါင်းဆောင်များနှင့် ပူးပေါင်းသွားကြသည်

သက်ကြီးဝါကြီးဆရာတော်အချို့မှာ စစ်ကောင်စီခေါင်းဆောင်များနှင့် ပူးပေါင်းသွားကြသည်

143k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ၇ လကြာသောအခါ အချို့ ဗုဒ္ဓဘာသာ ရဟန်းငယ်များသည် စစ်ကောင်စီကို ဆန့်ကျင်သည့် တိုက်ပွဲတွင် ပါဝင်လာကြသော်လည်း သက်ကြီးဝါကြီးဆရာတော်အချို့မှာမူ စစ်ကောင်စီခေါင်းဆောင်များနှင့် ပူးပေါင်းသွားကြသည်။

ထိုသို့သော ဆရာတော်များအနက်တပါးမှာ သီတဂူဆရာတော်ဖြစ်ပြီး သူသည် စစ်ကောင်စီ၏ နံပတ် ၂ ခေါင်းဆောင်ဖြစ်သော ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အတူ ယခုလအစောပိုင်းက ရုရှားခရီးစဉ်တွင် လိုက်ပါသွားခဲ့သည်။ အခြား ထင်ရှားသူ အင်းစိန်ရွာမ ဆရာတော်နှင့် ဓမ္မဒူတ ဆရာတော်တို့လည်း ယင်းခရီးစဉ်တွင် ပါဝင်ကြသည်။

စစ်အာဏာသိမ်းမှုနှင့်ပတ်သက်သည့် အခြားကျော်ကြားသော ဆရာတော်မှာ စစ်အာဏာမသိမ်းမီက အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အခါပေးခဲ့သည်ဟု စွပ်စွဲခံရသည့် ရှမ်းပြည်နယ် ကျိုင်းတုံမှ ဦးကောဝိဒဖြစ်သည်။

အခြားကျော်ကြားသော ဆရာတော်များတွင် ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မှ သက်တော် ၉၂ နှစ်ရှိသော ဘဒ္ဒန္တဓမ္မသိရီ၊ ယခုဖျက်သိမ်းလိုက်ပြီဖြစ်သော မဘသခေါ် အမျိုးသာသာသာသနာ ကာကွယ်စောင့် ရှောက်ရေးအသင်းထိပ်တန်းခေါင်းဆောင် ကရင်ပြည်နယ် ဘားအံမှ ဘဒ္ဒန္တ ကဝိဒဇနှင့် ဓမ္မဒူတ အသျှင်ဆေကိန္ဒတို့ ပါဝင်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် သူ၏ဇနီးအပါအဝင် စစ်အရာရှိများ သီတဂူဆရာတော်နှင့် ဓာတ်ပုံရိုက်ကြစဉ်

အာဏာသိမ်းပြီးနောက် အချို့သံဃာတော်များသည် စစ်ကောင်စီဆန့်ကျင်သည့် လမ်းမပေါ် ဆန္ဒပြပွဲများတွင် အရပ်သားများနှင့် ပူးပေါင်းပြီး ၎င်းတို့ ဘုန်းကြီးကျောင်းများတွင် တိတ်ဆိတ်စွာ ဆန္ဒပြကြသည်။ အချို့မှာ စစ်ကောင်စီဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးရိုက်နှက်ခြင်းကို ခံကြရပြီး အချို့မှာ သင်္ကန်းချွတ်ပြီး စစ်ကောင်စီကို ဆန့်ကျင်ရန် လက်နက်စွဲကိုင်ကြသည်။

သို့သော် သီတဂူ ဆရာတော်အပါအဝင် အခြားသက်ကြီး ဝါကြီးဆရာတော်များ၏ ဇာတ်လမ်းမှာ တမျိုးတဖုံဖြစ်နေသည်။ ထိုသက်တော် ၈၄ နှစ်ရှိပြီဖြစ်သော ဆရာတော်သည် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ ဂိုဏ်း ၉ ဂိုဏ်းအနက်တခုဖြစ်သော ရွှေကျင်ဂိုဏ်းတွင် ဒုတိယ သြဇာအကြီးမားဆုံးဖြစ်သည်။ ထိုဂိုဏ်းဝင်များသည် သံဃာတော်များ၏ ဝိနည်းသိက္ခာဖြစ်သည့် ဝိနိယကို တင်းကျပ်စွာလိုက်နာသည်ဟု ကျော်ကြားသည်။

သီတဂူဆရာတော်သည် ပရဟိတ လုပ်ငန်းများအတွက် ကျော်ကြားပြီး အတိတ်က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရာတွင် ထင်ရှားသည်။ သူသည် ဦးသိန်းစိန်၏ အရပ်သားတပိုင်း အစိုးရအောက်တွင် စစ်တပ်နှင့် နီးစပ်သွားပြီး ထိုစဉ်က သူသည် မဘသ ဒုဥက္ကဌအနေဖြင့် မြန်မာနိုင်ငံတွင် အစ္စလမ် ဘာသာ ပျံ့နှံ့မှုကို တားဆီးသည့် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေများ ပြဋ္ဌာန်းရန် တွန်းအားပေးခဲ့သည်။

ဦးကောဝိဒနှင့် သီတဂူဆရာတော်

မကြာသေးမီ အချိန်ကာလများက စပြီး ယခု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သီတဂူဆရာတော်ကို ကိုးကွယ်သူအဖြစ် လူသိများလာသည်။

အာဏာသိမ်းပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ဗုဒ္ဓဘာသာထွန်းကားအောင် ဆောင်ရွက်သူအဖြစ် ပုံဖေါ်ပြီး ဖြုတ်ချခံ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် နိုင်ငံသားအများစု ကိုးကွယ်သည့် ဘာသာရေးထက် လူ့အခွင့်အရေးကို ဦးစားပေးသည်ဆိုသည့် အယူအဆကို နိုင်ငံ၏ အမျိုးသားရေးဝါဒီများအကြား ရေပမ်းစားအောင် ဆက်လက်ဖြန့်ချိသည်။

သူသည် အာဏာသိမ်းပြီး နောက်တနေ့တွင် ကျော်ကြားသော ဈေးကုန်းဆရာတော်နှင့် နေပြည်တော်ရှိ အခြားဆရာတော်များထံ သွားရောက်သည်။ (ဝမ်းနည်းစရာကောင်းသည်မှာ ထိုဆရာတော်သည် ဇွန်လအတွင်က စစ်လေယာဉ် ပျက်ကျရာတွင် ပျံလွန်တော်မူသည်။) ဗိုလ်ချုပ်မှူးကြီးသည် သူ၏လက်အောက်ငယ်သားများလည်း သူကဲ့သို့ လုပ်ဆောင်ရန် အမိန့်ပေးပြီး အခြားဆရာတော်များထံ သွားရောက်လှူဒါန်းစေသည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာ အများစုနိုင်ငံဖြစ်သောကြောင့် သက်ကြီးဝါကြီး ဆရာတော်များသည် ၎င်းတို့ကို ကိုးကွယ်သူများအပေါ် သြဇာကြီးမားကြသည်။ ဆရာတော်ကြီးများ၏ ထောက်ခံမှု ရပါက ထိုဆရာတော်များ၏ နောက်လိုက်နောက်ပါများ၏ ထောက်ခံမှုကို ရလိမ့်မည်ဟု အာဏာသိမ်းခေါင်းဆောင် ထင်ကောင်းထင်နိုင်သည်။

ဆရာတော် ဘဒ္ဒန္တ ဓမ္မသိရီ ဖြစ်ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံးဘာသာရေးဘွဲ့ဖြစ်သည့် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကို စစ်အာဏာခေါင်းဆောင်က ဆက်ကပ်စဉ်

သံဃာငယ်များက စစ်ကောင်စီကို ဆန့်ကျင်ရန် နေ့စဉ်လမ်းမပေါ် ဆန္ဒပြပွဲများတွင် ပါဝင်နေချိန်တွင် သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရှိ သူ၏ကျောင်းတွင် စစ်ခေါင်းဆောင်နှင့် ဇနီးကို လက်ခံတွေ့ဆုံသည်။ မတ်လက နေပြည်တော်တွင် ကမ္ဘာ့အကြီးမားဆုံး ဗုဒ္ဓဆင်းတုတော်ကို တည်ဆောက်ပြီး ဆရာတော်ကြီးများထံမှ တရားနာသောအခါ သီတဂူဆရာတော်လည်း ထို အခမ်းအနားသို့ တက်ရောက်သည်။ ထိုစဉ်က စစ်ကောင်စီသည် နိုင်ငံတဝှမ်းတွင် ဆန္ဒပြသူ ၅ ဒါဇင်နီးပါးကို ပစ်သတ်ထားပြီးချိန်ဖြစ်သည်။

သီတဂူဆရာတော်သည် ဖြုတ်ချခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အစိုးရက သံဃာတော်များကို ဆွမ်းကပ်ချိန်ကလည်း တက်ရောက်ခဲ့သည်။ သူသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့၏ လှူဒါန်းမှုများကိုလည်း လက်ခံသည်။ အာဏာမသိမ်းမီ ၃ လအလိုက ၎င်းတို့သည် ဆရာတော်ကို ဆွမ်းကပ်ကြသည်။

စစ်ခေါင်းဆောင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ သီတဂူဆရာတော်နှင့် စကားစမည်

မကြာသေးခင်က သီတဂူဆရာတော်သည် မော်စကိုရှိ ထေရဝါဒ ဗုဒ္ဓဘာသာ ဝိဟာရ ကျောင်းသို့ရောက်သွားသည်။ ထိုကျောင်းသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးအပြင် အခြား တပ်အသိုင်းအဝိုင်းထံမှ လှူဒါန်းမှုများကို ရရှိသော ကျောင်းဖြစ်သည်။

တနိုင်ငံလုံးက စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်နေချိန်တွင် သီတဂူဆရာတော်ကဲ့သို့သော မြန်မာနိုင်ငံမှ ထိပ်တန်းဆရာတော်များသည် စစ်ကောင်စီနှင့်အတူ ရပ်တည်သည်ကို တွေ့ရသောကြောင့် စိတ်မကောင်းကြောင်း မန္တလေးမှ သပိတ်မှောက်ဆရာတော် အသျှင် အာစရ က ပြောသည်။

၂၀၂၀ ခုနှစ် ပုဂံရှိ ထီးလိုမင်းလို စေတီတွင် ဗိုလ်ချုပ်မှူးကြီးနှင့် ဦးကောဝိဒတို့ အတူတကွ

“ထိပ်တန်း ဗုဒ္ဓဘာသာဆရာတော်တပါးက အဓမ္မဘက်က ရပ်တည်တယ်။ ဗုဒ္ဓဘာသာ သံဃာတော်တပါးအနေနဲ့ ရှက်မိတယ်။ ပြည်သူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်” ဟု အသျှင်အာစရက မိန့်သည်။

အခြားထင်ရှားသော ဆရာတော်တပါးမှာ ဝစီပိတ် ဆရာတော်ဟု လူသိများသည့် ဦးကောဝိဒ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရှမ်းပြည်အရှေ့ပိုင်းကို ကြီးကြပ်ရသည့် တြိဂံဒေသတိုင်း တိုင်းမှူးတာဝန်ထမ်းဆောင်စဉ် ၂၀၀၆ ခုနှစ်က စတင်ပြီး ထိုဆရာတော်ကို ကိုးကွယ်သည်။

စစ်ကောင်စီတပ်များအနေဖြင့် ဆန္ဒပြသူများကို ဦးခေါင်းတွင် ပစ်ရန် အာဏာသိမ်းခေါင်းဆောင်ကို ထိုဆရာတော်က အကြံပေးသည်ဟု စွပ်စွဲကြသည်။ စစ်ကောင်စီက ဆန္ဒပြပွဲများကို နှိမ်နင်းသည့် အစောပိုင်းရက်များတွင် သတ်ဖြတ်ခံရသည့် စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြသူ အများစုသည် ဦးခေါင်းတွင်ကျည်ဆံထိမှန်သော ဒဏ်ရာကြောင့် သေဆုံးရသူများဖြစ်သည်။

ထိုဆရာတော်ကို စစ်ကောင်စီဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ဝေဖန်ရှုတ်ချပြီး ဆန္ဒပြသူအချို့က သူ၏ဓါတ်ပုံများကို ထမီများနှင့်တွဲပြီး အများပြည်သူ မြင်နိုင်သောနေရာများတွင်ပြသကာ ၎င်းတို့၏ ဒေါသကို ဖေါ်ပြကြသည်။ သူ ကိုးကွယ်သော ဆရာတော်ပုံကို ထမီနှင့်တွဲထားသည်ကို မြင်ရခြင်းအတွက် ဗိုလ်ချုပ်မှူးကြီး ဒေါသထွက်ရသည်။ ထိုထမီများကို ဖြုတ်ချရန် စစ်ကောင်စီတပ်များကို ညွှန်ကြားပြီး ထိုလုပ်ရပ်ကို ပြုလုပ်သူ မည်သူကိုမဆို ဗုဒ္ဓဘာသာကို စော်ကားမှုဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း စစ်ကောင်စီသတင်းစာတွင် လူသိရှင်ကြား ကြေညာစေသည်။ သက်တော် ၆၄ နှစ်ရှိပြီဖြစ်သော ထိုဆရာတော်သည် သီတဂူဆရာတော်နှင့် ရင်းနှီးသူလည်း ဖြစ်သည်။

အခြားဆရာတော်တပါးမှာ ကျောင်းအမည်ကို အစွဲပြုခေါ်ဝေါ်ကြသည့် နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တ ဓမ္မသိရီ ဖြစ်ပြီး မြန်မာနိုင်ငံတွင် အမြင့်ဆုံးဘာသာရေးဘွဲ့ဖြစ်သည့် အဘိဓဇ မဟာရဋ္ဌဂုရုဘွဲ့ကို စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးရသည်။ အဖြူရောင်နှင့် အနီရောင် အဆောင်လက်ဖွဲ့များကို လက်ကောက်ဝတ်နှစ်ဖက်လုံးတွင် ဝတ်ဆင်သော ထိုဆရာတော်သည် အထက်ပါဘွဲ့ကို သူ၏ကျောင်းတွင် အာဏာသိမ်းခေါင်းဆောင်က လာရောက်ပေးအပ်ပြီး စစ်ကောင်စီတပ်များက လူငယ်ဆန္ဒပြသမား ရာပေါင်းများစွာကို သတ်ဖြတ်ချိန်တွင် ထိုဘွဲ့ကို လက်ခံသောကြောင့် ဝေဖန်ခံရသည်။

မှတ်သားစရာကောင်းသောအချက်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဇာကြီးမားသော သို့မဟုတ် ထူးခြားဆန်းကြယ်သည့် အစွမ်းရှိသော ဆရာတော်များကို သွားရောက်ဖူးမျှော်တတ်ပြီး ဘွဲ့တံဆိပ်များ ပေးအပ်ခြင်းဖြစ်သည်။ အာဏာသိမ်းခေါင်းဆောင်သည် ကျိုင်းတုံနှင့် တာချီလိတ်မှ အပြန်တွင် ဆရာတော်တပါးပါးက ပေးလိုက်သော အနီရောင်အဆောင်လက်ဖွဲ့ကို စစ်ကောင်စီအစည်းအဝေးများတွင်ပင် ဝတ်ဆင်ထားတတ်သည်။

ဇွဲကပင်ဆရာတော်အား စစ်အာဏာသိမ်းခေါင်းဆောင် သွားရောက်တွေ့ဆုံစဉ်

မေလက ကရင်ပြည်နယ်သို့သွားရောက်စဉ်ကလည်း ဗိုလ်ချုပ်မှူးကြီးနှင့် သူ၏ ဇနီးတို့သည် ဘာသာရေး အယူအဆပြင်းထန်သည့် ဘုန်းကြီးတပါးဖြစ်သော ဘဒ္ဒန္တ ကဝိဒဇ ထံသို့ သွားရောက်သည်။ ထိုဆရာတော်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ ဖြုတ်ချမခံရမီက စစ်တပ်လိုလားသော လူထုထောက်ခံပွဲများကျင်းပပြီး စစ်အုပ်စုကို ထောက်ခံသူဖြစ်သည်။ သူ၏ ကျောင်းအမည်ကို အစွဲပြုခေါ်သည့် ဇွဲကပင်ဆရာတော်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက မဘသကို မတရားသင်းအဖြစ်သတ်မှတ်ခြင်းနှင့် ထိုအဖွဲ့ဆိုင်းဘုတ်များကို တနိုင်ငံလုံးတွင် ဖြုတ်ချရန်အမိန့်ကို လူသိရှင်ကြား အာခံသည်။

သူသည် မဘသ ကိုဆက်ခံသည့် အဖွဲ့အစည်းဖြစ်သော ဗုဒ္ဓဓမ္မ ပရဟိတ ဖေါင်ဒေးရှင်း၏ ခေါင်းဆောင်ဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။

ဆရာတော် ဓမ္မဒူတ အရှင်ဆေကိန္တသည် နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းများကြောင့် ထင်ရှားသည်။ ထိုသင်တန်းများတွင် သူသည် ဆယ်ကျော်သက်ရွယ်လူငယ်များကို ဗုဒ္ဓဘာသာနှင့် အခြားဘာသာရပ်များ သင်ကြားပေးပြီး နှစ်စဉ် လူငယ်ရာပေါင်းများစွာ တက်ရောက်ကြသည်။ စစ်အာဏာသိမ်းပြီးနောက် ထိုဆရာတော်သည် အများပြည်သူမြင်ကွင်းသို့ ထွက်ခဲပြီး ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသည်ကို နှုတ်ဆိတ်နေသည်။

အရှင်ဆေကိန္တနှင့် သီတဂူဆရာတော်

ဆန္ဒပြသူများမှာ သူ၏ယဉ်ကျေးလိမ္မာသင်တန်းသားများနှင့် ရွယ်တူများဖြစ်သည်။ ထို့ကြောင့် သူသည် သီတဂူဆရာတော်နှင့် အမြင်တူသူအဖြစ် မြင်ကြသည်။ အရှင်ဆေကိန္တသည် လက်ရှိအချိန်တွင် ရန်ကုန်ရှိ နိုင်ငံတကာ ထေရဝါဒ သာသနာပြု တက္ကသိုလ်တွင် ဌာနမှူးအဖြစ် လုပ်ကိုင်နေသည်။ သူသည် စစ်ကောင်စီနှင့် သီတဂူဆရာတော် ကဲ့သို့သော စစ်ကောင်စီနှင့် နီးစပ်သည့် ဆရာတော်များကို မဝေဖန်ရန် ဆုံးဖြတ်ထားသည်ဆိုသည့် ကောလာဟလများ ထွက်နေသည်။ ထိုသို့ဆုံးဖြတ်ထားခြင်းမှာ အထက်ပါ တက္ကသိုလ်တွင် ပါမောက္ခချုပ်ဖြစ်ရေးတွင် ဆရာတော်ကြီးများနှင့် အာဏာပိုင်များ၏ ထောက်ခံမှု လိုအပ်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

စစ်အာဏာရှင်များသည် ၎င်းတို့ အာဏာချုပ်ကိုင်မှု ခိုင်မာရေးအတွက် ဘာသာရေးကို အသုံးချရန် လက်မတွန့်ကြပေ။ စစ်ကောင်စီသည် ယခုအခါ သဘောထားတင်းမာသည့် အမျိုးသားရေးဝါဒီ ဘုန်းကြီးဦးဝီရသူကို စွဲဆိုထားသည့် အမှုများကို ရုတ်သိမ်းလိုက်ပြီဖြစ်သည်။ ထိုဘုန်းကြီးကို ဖြုတ်ချခံလိုက်ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ပုန်ကန်မှုဖြင့် စွဲဆိုထားသည်။ မြန်မာပြည်သူများအကြားတွင် အမည်ဆိုးကျော်ကြားလှသော ဦးဝီရသူသည် သီတဂူ ဆရာတော်၏ နောက်လိုက်ဖြစ်ပြီး သီတဂူဆရာတော်က သူ့ကို “တခါက ကျုပ်ရဲဘော်”ဟု ခေါ်ဆို ဂုဏ်ပြုခဲ့ဖူးသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
413
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
126

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Finds Allies Among Well-Known Buddhist Monks. ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

အာဏာသိမ်း စစ်အုပ်စု လက်ခုပ်ထဲက ဘာသာရေး လွတ်လပ်ခွင့်

စစ်ကောင်စီကို ထောက်ခံသော သီတဂူဆရာတော် ဝေဖန်ခံနေရ

စစ်ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် မြန်မာ ခရစ်ယာန်သာသနာပိုင် တိုက်တွန်း

နိုင်ငံတော်သြဝါဒ စရိယ ဈေးကုန်းဆရာတော် လေယာဉ်ပျက်ကျမှုကြောင့် ပျံလွန်တော်မူ

Your Thoughts …
Tags: စစ်ကောင်စီ မဟာမိတ်များဇွဲကပင်ဆရာတော်ထင်ရှားသော ဆရာတော်ကြီးများဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သီတဂူဆရာတော်အရှင်ဆေကိန္တဦးကောဝိဒ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

ဘွဲ့ရစစ်ဗိုလ်များ ဗိုလ်ချုပ်ဖြစ်မလာတော့

by အောင်သူရ
29 July 2024
21.8k

စစ်ကောင်စီတပ်၏ စစ်တိုင်းမှူးများထဲတွင် အရပ်ဖက်မှ ဘွဲ့တခုရပြီး စစ်ဗိုလ်ဖြစ်လာသော Officer Training School-OTS ကျောင်းဆင်း စစ်ဗိုလ်ချုပ်များကို ယခု မတွေ့ရတော့ပေ။

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

by အောင်ဇော်
10 June 2024
13.8k

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်တပ်သည် ဘာသာရေးဝှက်ဖဲကို ဆက်လက် အသုံးပြုသည်။

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

မေမြို့မှာ အပူရှောင် စံကျောင်းတော် သီတဂူဆရာတော် ဆောက်လုပ် သီတင်းသုံး

by ဧရာဝတီ
8 June 2024
11.4k

အဆိုပါကျောင်းတော်အား သီတဂူ နွေရာသီ စံကျောင်းတော်ကြီးဟု အမည်ပေးထားသည်။

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

မြန်မာစစ်တပ် စွမ်းရည်ကျဆင်းမှုကို မြင်သာစေသည့် ၂၀၂၃

by ဧရာဝတီ
2 January 2024
9.6k

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် စစ်နည်းဗျူဟာသစ်က မြေပြင်နှင့်ဝေဟင် ပူးတွဲစစ်ဆင်ရေးဖြစ်ပြီး စခန်းတခု တိုက်ခိုက်ခံရပါက လေကြောင်းပစ်ကူ ရောက်လာသည့်တိုင် ထိန်းထားပြီး ယင်းနောက် ပစ်ကူနှင့် အတူ လေကြောင်း ချီတပ်များက ဝိုင်းပတ်ပိတ်ဆို့ကာ တိုက်ခိုက်သည့် ဗျူဟာဖြစ်သည်။

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

စစ် အနိုင်တိုက်ရန် ဆန္ဒရှိ မရှိ စစ်ခေါင်းဆောင်ကို ဦးဝီရသူမေးခွန်းထုတ်

by ဧရာဝတီ
10 August 2024
7.6k

စစ်တိုင်းမှူးများက အမိန့်နာခံမှု သစ္စာစောင့်သိမှုနှင့် ပြန်တိုက်နေသော်လည်း တကယ်တိုက်သည့်အချိန်တွင် စစ်ကူလည်း မလာ၊ ရိက္ခာလည်းမလာသဖြင့် စစ်သားများနှင့် မိသားစုဝင်များအား သေတွင်းထဲပို့ခြင်းသာဖြစ်ကြောင်း

Next Post
၁၉၄၉ ခုနှစ် အင်းစိန်တိုက်ပွဲအတွင်း မြင်ရသည့် သံချပ်ကာကားတစီး

NUG ခုခံစစ် ကြေညာမှု ၁၉၄၉ ခုနှစ် ပုန်ကန်မှုကို ပြန်မြင်စေ

တာလီဘန်ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံခဲ့စဉ်

တရုတ် ရင်းနှီးမြှုပ်နှံမှုကို တာလီဘန် ကော်ဇောနီဖြင့် ကြိုဆို

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved