• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် မြန်မာ ခရစ်ယာန်သာသနာပိုင် တိုက်တွန်း

by ဧရာဝတီ
22 June 2021
in သတင်း
A A
ရန်ကုန် သာသနာပိုင် ခရစ်ယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ချားလ်ဘို / ဧရာဝတီ

ရန်ကုန် သာသနာပိုင် ခရစ်ယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ချားလ်ဘို / ဧရာဝတီ

20.9k
VIEWS
Share on FacebookShare on Twitter

တိုင်းပြည်တွင် တိုက်ခိုက်မှုများ အရှိန်မြင့်နေချိန်တွင် မျှော်လင့်ချက်ကို ဆက်လက်ဆုပ်ကိုင်ထားရန် ရန်ကုန် သာသနာပိုင် ခရစ်ယာန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ချားလ်ဘိုက ပြည်သူများကို တနင်္ဂနွေနေ့့ တိုက်တွန်းလိုက်ပြီး အမုန်းတရားသည် မည်သည့်အခါတွင်မျှ အဖြေထုတ်ပေးမည် မဟုတ်သောကြောင့် အကြမ်းဖက်စစ်အာဏာသိမ်းသည့် ခေါင်းဆောင်များအတွက် ဆုတောင်းပေးရန် ပြောကြားလိုက်သည်။

ဘုရားသခင်နှင့် သာဝကများ ခရီးသွားနေသည့် သင်္ဘောအား မှောက်ပစ်ရန် ခြိမ်းခြောက်နေသည့် မုန်တိုင်းတခုကို ဘုရားသခင်က ငြိမ်သက်သွားအောင် လုပ်ခဲ့သည့် ကျမ်းစာပါ အကိုးအကားဖြင့် သာသနာပိုင် ချားလ်ဘိုက ဘာသာတရားယုံကြည်မှုသည် မင်းတပ်နှင့် လွိုင်ကော်မှ စစ်ဘေးရှောင် ၁၂၀၀၀၀ ကျော်အတွက်နှင့် ဘုရားကျောင်းများအတွင်း ဒဏ်ရာရသူများကို နှစ်သိမ့်ပေးနိုင်ကြောင်း ပြောသည်။

“အစားအစာနဲ့ဆေးဝါးမရှိဘဲ အကြောက်တရားနဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ မိုးထဲမှာ ချမ်းစိမ့်နေတဲ့ ဒီပြည်သူတွေဟာ ကျမ်းစာထဲက သင်္ဘောလိုပဲ လှုပ်ခါနေတယ်” ဟု သူပြောပြီး မုန်တိုင်းထဲမှ သာဝကများကဲ့သို့ မြန်မာပြည်သူများသည် ဘုရားသခင်ကို အလားတူမေးခွန်းကို မေးနေကြောင်း သူပြောသည်။ “တပြည့်တော်တို့ သေကျေပျက်စီးမှာကို အရှင်ဘုရား မပူပန်ဘူးလား”

“ကျိုးနေတဲ့ အရိုးတိုင်း၊ ပွန်းပဲ့နေတဲ့ နှလုံးသားတိုင်းက ဒီမေးခွန်းကို မေးကြတယ်။ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုမှာ အညှာတာကင်းမဲ့စွာ သတ်ဖြတ်ခံရသူ ရာပေါင်းများစွာရဲ့ တိတ်ဆိတ်သွားတဲ့ အသံတွေမှာ၊ လူမဆန်တဲ့ထောင်တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ထောင်များစွာရဲ့ တိတ်ဆိတ်တဲ့ မျက်ရည်တွေမှာ ဒီမေးခွန်းဟာ မိနစ်တိုင်းမှာ ပေါ်လာနေတယ်။ တပြည့်တော်တို့တွေ သေကျေပျက်စီးမှာကို အရှင်တော် မပူပန်ဘူးလား။”

မြန်မာနိုင်ငံတွင်းသို့ လက်နက်စီးဆင်းမှုကို တားဆီးကြရန် ကုလသမဂ္ဂ အထွေထွေညီလာခံက သောကြာနေ့တွင် တောင်းဆိုခဲ့သည်။ ထိုဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၁၉ နိုင်ငံက ထောက်ခံပြီး မြန်မာသို့ လက်နက်အများဆုံးရောင်းနေသည့် တရုတ်နှင့် ရုရှား အပါအဝင် နိုင်ငံပေါင်း ၃၆ နိုင်ငံက မဲမပေးဘဲနေသည်။

ထိုဆုံးဖြတ်များတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အရပ်သားခေါင်ဆောင်များကို ဖြုတ်ချသည့် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် အကြမ်းဖက်မှု ရပ်ဆိုင်းရန်လည်း ပါဝင်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ စစ်အာဏာသိမ်းပြီးနောက် လူပေါင်း ၉၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး လူ ၅၀၀၀ ကျော် ဖမ်းဆီးခံထားရသည်။

သောကြာနေ့က မဲခွဲပြီးနောက် အထွေထွေညီလာခံတွင် ပြောကြားရာတွင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ခရစ္စတင်း ရှရနာ ဘာဂနာက “မြန်မာနိုင်ငံမှာ ကြီးမားတဲ့ ပြည်တွင်းစစ်ဖြစ်မယ့် အန္တရာယ်က အမှန်တကယ်ရှိနေတယ်။ အချိန်က အရေးအကြီးဆုံးပဲ။ စစ်အာဏာသိမ်းကို ပြန်လည်ပယ်ဖျက်ဖို့ အခွင့်အလမ်းက ကျဉ်းမြောင်းလာနေပြီ” ဟု ပြောကြားခဲ့သည်။

စစ်ကောင်စီတပ်များနှင့် အတိုက်အခံ အုပ်စုများအကြား တိုက်ခိုက်မှုသည် န်ိုင်ငံအရှေ့ပိုင်းနှင့် အနောက်ပိုင်း ပြည်နယ်များတွင် တိုးပွားနေပြီး ထောင်နှင့်ချီသော ပြည်သူများသည် ပတ်ဝန်းကျင်တောတောင်များတွင် ပုန်းအောင်းရန် ကျေးရွာများကို စွန့်ခွာထွက်ပြေးနေကြသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
6
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
11
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

ဒေါ်အောင်ဆန်းစုကြည်သည် အဂတိလိုက်စားမှု၊ နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနှင့် ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်များ ချိုးဖေါက်မှုအပါအဝင် စွဲချက်များစွာဖြင့် အမှုရင်ဆိုင်နေရသည်။ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့ကို ကျင်းပရန် ရန်ကုန်မှ ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည် ပန်းပန်သကဲ့သို့ ပန်းများပန်ပြီး အရိုအသေပြုထောက်ခံကြသည်။

သူ၏တရားတော်တွင် သာသနာပိုင်ဆရာတော်က အကြမ်းဖက်မှုများ ဆက်လက် ဖြစ်ပေါ်နေသောကြောင့် သေဆုံးမှုနှင့် နေရပ်စွန့်ခွာမှုများ မြင့်မားနေစဉ် မြန်မာပြည်သူများသေကြေပျက်စီးနေစဉ်တွင် ဘုရားသခင်သည် အိပ်ပျော်နေသည်ဟု တွေးမိတတ်ကြကြောင်းလည်း သူထောက်ပြသည်။

မုန်တိုင်းတိုက်ခတ်နေစဉ် ဘုရားသခင်က သူ၏ သာဝကများကို ဘာသာတရားယုံကြည်ရန်သာ ဆုံးမခဲ့သည်။

ဘာသာတရားကိုယုံကြည်ရန်ဆိုသည်မှာ ပျော်ရွှင်စရာအချိန်များအတွက်သာ မဆိုလိုကြောင်း ဆရာတော်ပြောသည်။ ဘာသာတရားယုံကြည်မှု အမှောင်မိုက်ဆုံးညတွင် တောက်ပသည့်ကြယ်တစင်း ဖြစ်ကြောင်း ဆရာတော်ပြောသည်။ ဘာသာတရားယုံကြည်မှုကို မမြင်ရသော်လည်း ခံစားရနိုင်ပြီး မည်သူမျှမရှိဟု ခံစားရချိန်တွင် ဘာသာတရားသည် ခွန်အားကိုဖြစ်စေကာ အရာရာဆုံးရှုံးပြီဟု ခံစားရချိန်တွင် မျှော်လင့်ချက်ကို ဖြစ်စေသကဲ့သို့ ပစ်ပယ်ခံထားရသည်ဟု ခံစားရချိန်တွင် ဘာသာတရားယုံကြည်မှုသည် ဘုရားသခင် တည်ရှိမှုကို ခံစားစေကြောင်းလည်း ဆရာတော်ပြောသည်။

ဝေဒနာခံစားရသည့် အချိန်တိုင်းသည် အသစ်အဆန်းတခုကိုဖြစ်စေပြီး သာဝကများနှင့် အစောပိုင်းက ခရစ်ယာန် ဘာသာကိုးကွယ်သူများ မည်သို့ ညှင်းပမ်းနှိပ်စက်ခံ၊ ထောင်ချခံ၊ သတ်ဖြတ်ခံရသည်ကို ပြောကြားပြီး ခရစ်ယာန်ဘာသာနှင့် ကင်းရှင်းစွာနေရန် အခြားသူများကို သတိပေးသည့် အနေဖြင့် ရှေးဦးခရစ်ယာန် သူရဲကောင်းအများအပြားကို ခြင်္သေ့များရှိသည့် သတ်ကွင်းအတွင်းသို့ ပစ်ချခဲ့သည်ကို ရှင်းပြသည်။

“သူတို့ဝေဒနာတွေခံစားနေရချိန်မှာ သူတို့တွေ့ကြုံခံစားနေရတဲ့စိတ်က ဘုရားသခင်က ငါတို့ဆီမှာရှိနေပြီး ငါတို့နဲ့အတူ လုပ်ကိုင်ဆောင်ရွက်နေတ်ဆိုတဲ့ အတွေ့အကြုံဖြစ်တယ်။ သူတို့ခံစားနေရတဲ့ ဝေဒနာတွေကြားမှာ အသစ်အဆန်းတခု ရှိနေတယ်။ သွေးတွေ မျက်ရည်တွေကြားထဲမှာ မိုးကုပ်စက်ဝိုင်းမှာ အလင်းရောင်ရှိနေတယ်” ဟု သူပြောပြီး ရှည်ကြာလှသော တိတ်ဆိတ်သည့် မျက်ရည်များ၏ ညသည် အရုဏ်တက်ချိန်တွင် အဆုံးသတ်ကြောင်းနှင့် ရှည်ကြာသော်လည်း အရုဏ်တက်လာမည်ဖြစ်ကြောင်းလည်း သူပြောသည်။

ဘာသာတရားကို ယုံကြည်ခြင်းအပြင် ဘုရားသခင်က သာဝကများကို ဟောကြားသည့်နောက်တခုမှာ “ရန်သူတွေကို ချစ်ပါ။ သင့်ကို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်သူတွေအတွက် ဆုတောင်းပေးပါ” ဆိုသည့် တရားဖြစ်ကြောင်း ဆရာတော်ပြောသည်။

မြန်မာနိုင်ငံတွင်လည်း ထိုသို့သာ လုပ်ဆောင်ရမည်ဖြစ်ကြောင်းပြောပြီး မြန်မာနိုင်ငံသည် ကျမ်းစာမှ သင်္ဘောနှင့်တူပြီး လတ်တလောတွင် ဆိုးရွားသည့် မုန်တိုင်းဒဏ်ခံနေရကြောင်း သူပြောသည်။

“အခုမြန်မာနိုင်ငံဟာ အမုန်းမုန်တိုင်းကို ဖြတ်သန်းနေတယ်။အမုန်းတရားလို သင်္ဘောကို လှုပ်ခါနေတဲ့ မုန်တိုင်းဖြစ်တယ်” ဟု ဆရာတော်ပြောကြားပြီး ဘာသာတရားယုံကြည်သူများအနေဖြင့် အလျှင်အမြန်အရေးယူဆောင်ရွက်ခြင်းမပြုလျှင် မြန်မာနိုင်ငံသည် ဒဏ်ရာအနာတရဖြစ်ပြီး ကျူးကျော်တိုက်ခိုက်လာသော အမုန်းလှိုင်းများအောက်တွင် နစ်မြုပ်တော့မည်ဟု သတိပေးလိုက်သည်။

“သေနတ်ရဲ့ အာဏာကို ယုံကြည်သူတွေနဲ့ မတူတဲ့ လမ်းကို လျှောက်ကြပါစို့။ လူသားတွေကို အခွင့်အရေး တခုပေးလိုက်ပါ။ သင်တို့ကို လူမဆန်တဲ့သူတွေအပေါ် လူသားဆန်ပေးလိုက်ပါ။ ဒါအန္တိမအောင်ပွဲဘဲ ဖြစ်တယ်” ဟု ဆရာတော်ပြောကြားပြီး တပ်မတော်အတွက် ဆုတောင်းပေးကြရန် တိုက်တွန်းသည်။

ထိုသို့လုပ်ဆောင်ရန်အချို့သူများအတွက် ခက်ခဲပြီး အငြင်းပွားဖွယ် ဖြစ်ကောင်းဖြစ်သော်လည်း ဆရာတော်က “ ခရစ်ယာန်တယောက်အနေနဲ့ မွေးကတည်းကအကြမ်းဖက်နေတဲ့ နိုင်ငံသမိုင်းနဲ့ ဆယ်စုနှစ် ၆ ခုကြား အချဉ်းနှီးသော စစ်ကို မြင်ခဲ့သူအနေနဲ့၊ ဆရာတော် တိုက်တွန်းချင်တာကတော့ စစ်တပ်နဲ့ခေါင်းဆောင်တွေအတွက် ဆုတောင်းပေးလိုက်ပါ ဆိုတာပဲ” ဟု တိုက်တွန်းသည်။

“သူတို့အတွက် ဆုတောင်းတွေ အမှန်တကယ် လိုအပ်နေတယ်။ သူတို့နှလုံးသားတွေ အရည်ပျော်လာပြီး ဒီအကြမ်းဖက်မှုဟာ ရန်သူနိုင်ငံကို အကြမ်းဖက်တာမဟုတ်ဘူး၊ ကိုယ့်ပြည်သူကိုယ် ပြန်အကြမ်းဖက်နေတာဆိုတာကို သဘောပေါက်လာသင့်တယ်” ဟုလည်း ဆရာတော်ဟောကြားသည်။

ခရစ်ယာန်များသာမက မြန်မာနိုင်ငံသားအားလုံသည် ထိုရည်ရွယ်ချက်ဖြင့် ဆုတောင်းပေးသင့်ကြောင်း ဆရာတော် ဆက်လက်ပြောကြားပြီး “ဆရာတော်တို့အားလုံးက လူသားထုကို ဆုတောင်းပေးခြင်းနဲ့ကယ်ရမယ်။ ဆုတောင်းပေးခြင်းဟာ နှလုံးသားကို အရည်ပျော်စေသင့်ပြီး အားလုံးညီအကိုတွေလို ပူးပေါင်းသင့်တယ်” ဟုလည်း ဆရာတော်ပြောသည်။

ကိုးကား။ ။ Crux မှ As violence escalates, Myanmar cardinal urges prayer for coup leaders

You may also like these stories:

ထီးပို့ကလိုးရွာသို့ စစ်ကောင်စီတပ် ဝင်သဖြင့် ဒေသခံ ၂ သောင်းကျော် ထွက်ပြေး

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်သူ ၈၀၀၀ ကျော် အကူအညီများ လိုအပ်နေ

ဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက် မင်းတပ်မြို့ကိုပါ စစ်ကောင်စီတပ်က ပိတ်ဆို့

Your Thoughts …
Tags: ချားလ်ဘိုစစ်ခေါင်းဆောင်များစစ်ဘေးရှောင်မင်းတပ်လွိုင်ကော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

သတိပြုစရာ သေးဆူလဲတိုက်ပွဲ

by မိုးစက်ငြိမ်းချမ်း
16 September 2023
22.4k

သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

တော်လှန်ရေးနှင့် အရှိန်မြင့်လာသည့် စစ်ကောင်စီ ပြိုကွဲမှု

by Matthew B. Arnold
20 November 2023
12.2k

၁၀၂၇ စစ်ဆင်ရေးသည် မစဉ်းစားမဆင်ခြင်ဘဲ အခွင့်ကောင်းယူသည့် ဆုံးဖြတ်ချက် မဟုတ်ဘဲ တရုတ်က လှုံဆော်သည့် စစ်ဆင်ရေးဖြစ်သည်ဟုလည်း စာရေးသူ မယုံကြည်ပေ။

လက်နက်ကြီးဖြင့် အပစ်ခံရသည့် စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်

လက်နက်ကြီးဖြင့် အပစ်ခံရသည့် စစ်ခေါင်းဆောင်၏ လွိုင်ကော်ခရီးစဉ်

by စောလွင်
5 September 2024
11.4k

လက်နက်ကြီးကျည် ၂လုံး ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့မှု မရှိသော်လည်း အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဒစကမှူးနှင့် ဒု ဒစကမှူးတို့မှာ စိုးရိမ်ထိတ်လန့်ကာ လွိုင်ကော် အနောက်တောင်ဘက် မိုင် ၂၀ခန့် အကွာရှိ ဒီးမောဆိုမြို့နယ် အတွင်းမှ ကရင်နီတော်လှန်ရေး ပူးပေါင်းများ...

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

by မောင်ကဝိ
19 June 2025
9.2k

အဆိုပါကိတ်မုန့်တွင် “အကျဉ်းချထားသူ အားလုံးကို အမြန်ဆုံးလွှတ်ပေးပါ” ဟု ရေးသားထားသည်ကလည်း ပါဝင်ခဲ့သည်။

မိုးရွာသော်လည်း မီးမလာသေး

ရန်ကုန် စစ်ဘေးရှောင်စခန်းမှ ပေးစာ

by သာဦး
7 September 2024
9.1k

ဘူးလေးရာ ဖရုံဆင့်ဆိုသကဲ့သို့ ရန်ကုန်သို့ စစ်ဘေးရှောင်များမှာ အိမ်ငှားခက အလွန်ခက်ခဲလှသည်။

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

၁၀၂၇ စစ်ဆင်ရေး တလကြာသည့်တိုင် စစ်ကောင်စီ နာလန်မထူ

by ဧရာဝတီ
1 December 2023
8.3k

ခုခံတော်လှန်ရေးသမား ခန့်မှန်းခြေ ၂၀,၀၀၀ ကို စုစည်းပြီး ထိုစစ်ဆင်ရေးသည် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီကို တိုက်ခိုက်သည့် အကြီးမားဆုံး၊ အကောင်းဆုံး စုစည်းထားသည့် ထိုးစစ်ဖြစ်သည်။

Next Post
ဒီဇိုင်နာ ဂမ်  / Gam Htoi's Facebook

CDM သမားတွေကို လှူဖို့ ဗမာဝတ်စုံ အပ်ထည် လက်ခံမယ့် ဒီဇိုင်နာ ဂမ်

လူရွှင်တော် “ဟားငါးကောင်” အဖွဲ့  / Taing Kyaw's Facebook

အသဲမာစပြုနေပြီဆိုတဲ့ တချိန်တုန်းက ပျော်တော်ဆက် “ဟားငါးကောင်အဖွဲ့”

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved