• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး

by ဧရာဝတီ
11 June 2021
in သတင်း
A A
မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ  / CJ

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ / CJ

37.4k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ ကျော်အတွက် ဝယ်ယူထားသည့် ရိက္ခာ၊ ဆေးဝါးနှင့် လူနာတင်ယာဉ် ၁ စီးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။

ဆန်အိတ်နှင့် ဆေးဝါးများကို ဖယ်ခုံမြို့နယ်အတွင်းရှိ လွယ်ယင်း (တောင်ခြေ) ကျေးရွာတွင် စုပုံထားစဉ် စစ်ကောင်စီဘက်မှ ဇွန်လ ၈ ရက်နေ့က မီးရှို့ဖျက်ဆီးသွားခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
2
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
5
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
11

လွယ်ယင်း (တောင်ခြေ) ကျေးရွာ ဒေသခံတဦးက “ဇွန် ၇ ရက်မှာ PDF တွေနဲ့ စစ်ကောင်စီ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ် တယ်။ အဲဒီအချိန်မှာ ကျနော်တို့က ဒုက္ခသည်တွေကို ပို့မယ့်ရိက္ခာကို လွယ်ယင်းရွာထဲမှာ ပုံထားတာ။ PDF တွေက အကုန် လုံး ဆုတ်သွားတော့ ရွာမှာ ကျနော်တို့နဲ့ ရိက္ခာတွေပဲ ကျန်ခဲ့တယ်။ စစ်ကောင်စီတပ်က ဝင်လာတော့ ကျနော်တို့လည်း ထွက်ပြေးရတယ်။ အဲဒီမှာ အကုန်လုံး မီးရှို့သွားတာပါ” ဟု ပြောသည်။

ယင်းဖြစ်စဉ်ကြောင့် ဆန်အိတ် ၈၀၊ ဆီ ၃ ပေပါ၊ ကုန်ခြောက်၊ ဆေးဝါးများနှင့် ကား ၂ စီး မီးရှို့ ဖျက်ဆီးခံလိုက်ရကြောင်း၊ မီး ရှို့ခံရသည့် ကား ၂ စီးအနက် ၁ စီးသည် အရပ်သား အိမ်စီးကား ဖြစ်သော်လည်း ကျန် ၁ စီးမှာ မိုးဗြဲ နာရေးကူညီမှု အသင်း ၏ လူနာတင်ယာဉ်ကား ဖြစ်ကြောင်း သိရသည်။

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ / CJ

အဆိုပါ ဒေသခံက “ပါသွားတဲ့ ဆေးတွေကလည်း ဝမ်းပျက်ဝမ်းလျောဖြစ်ရင်၊ ဖျားနာရင် သောက်တဲ့ ဆေးတွေပါ။ အခု ဒုက္ခသည် ၃၀၀၀ ကျော်ကတော့ သူတို့မှာရှိတဲ့ ဆန်နည်းနည်းနဲ့ မျှဝေပြီး စားသောက်ရေးကို ဖြေရှင်းနေပါတယ်။ သူတို့က မိုးဗြဲတိုက်ပွဲတုန်းက ရဲစခန်းကို PDF က တိုက်တုန်းက ပြေးရတဲ့ မိုးဗြဲမြို့ပေါ်က လူတွေနဲ့ အနီးအနားရွာက အရပ်သားတွေပါ” ဟု ပြောသည်။

စစ်ဘေးရှောင် ဒုက္ခသည်များအတွက် ရိက္ခာများ မီးရှို့ခံခဲ့ရသည့် လွယ်ယင်း (တောင်ခြေ) ကျေးရွာသည် ဖယ်ခုံမြို့နှင့် ၁၅ မိုင်ကျော် ကွာဝေးကာ ကယန်းလူမျိုးစုများ နေထိုင်သည့် ကျေးရွာဖြစ်ပြီး ယခုအခါ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ နှင့် စစ်ကောင်စီတို့၏ တိုက်ခိုက်မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရသည့် ရွာဖြစ်သည်။

ကယား (ကရင်နီ) ပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့တွင် PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တိုက်ခိုက်မှုများကြောင့် မြို့ပေါ်ရပ်ကွက် တချို့နှင့် ကျေးရွာပေါင်း ၁၅၀ ကျော်မှ အရပ်သား ၁ သိန်းကျော်သည် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။

အရပ်သားများသည် ကနဦး စတင်ထွက်ပြေးကြစဉ်က နေအိမ်များမှ စွန့်ခွာလာသော်လည်း ဘုရားကျောင်း၊ ဘုန်း ကြီးကျောင်းများနှင့် နီးစပ်ရာ ကျေးရွာနယ်မြေများတွင် အလံဖြူထောင်ကာ ခိုလှုံခဲ့ကြသည်။

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ / CJ

သို့သော် စစ်ကောင်စီဘက်က PDF တပ်ဖွဲ့များ ခိုအောင်းနေသည်ဟု ပြောဆိုကာ လက်နက်ကြီးများဖြင့် ဘုရားကျောင်းများ ကို ဦးတည်ပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်။

မေ ၂၄ ရက်၊ နံနက် ၁ နာရီက ဖယ်ခုံနှင့် လွိုင်ကော်နယ်စပ်၊ ကယန်းသာယာ (တောင်) ကျေးရွာအတွင်းရှိ ဘုရားကျောင်း ကို စစ်ကောင်စီက လက်နက်ကြီးဖြင် ပစ်ခတ်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်နေသည့် အရပ်သား ၄ ဦး သေဆုံးခဲ့သည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များသည် အခြားကျေးရွာများသို့ ထွက်ပြေးခြင်း၊ တော တောင်များ အတွင်းသို့ ဝင်ရောက် ခိုလှုံနေကြရပြီး လက်ရှိအချိန်ထိ ၎င်းတို့ ခိုလှုံနေသည့် နေရာများကိုလည်း လုံခြုံရေးအရ ထုတ်ဖော် ပြောဆိုကြခြင်း မရှိပါ။

စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီနေသူများ၏ ပြောဆိုချက်အရ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ်အတွင်း စစ်ဘေးရှောင်များ စုဝေးခိုလှုံနေသည့် နေရာပေါင်း ၁၀ နေရာထက်မနည်း ရှိသည်ဟု သိရသည်။

စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ ၁ သိန်းကျော်၏ နေ့စဉ် စားသောက်ရေးကို ဖြေရှင်းရန် ကယားနှင့် ရှမ်းပြည်နယ် တောင် ပိုင်း၊ ဖယ်ခုံမြို့နယ်မှ ရပ်မိရပ်ဖများ၊ လူငယ်များနှင့် အရပ်ဖက် အဖွဲ့အစည်းများက ဆောင်ရွက်နေသော်လည်း လုံလောက် သည့် စားနပ်ရိက္ခာ၊ သန့်ရှင်းသည့် သောက်ရေသန့်နှင့် ဆေးဝါးများမှာ နေရာတိုင်း ရရှိခြင်း မရှိသေးပါ။

ဖယ်ခုံမြို့နယ်နှင့် ကပ်လျက်တည်ရှိသည့် လွိုင်ကော်မြို့နယ်အတွင်းမှ ပီကင်းကောခူ စစ်ဘေးရှောင် ဒုက္ခသည်စခန်း ကြီး ကြပ်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း “ဒီ ၂ ရက်အတွင်းလောက်မှာ ပစ်ခတ်သံတွေ မကြားရဘူး။ ငြိမ် နေတယ်။ ဒါပေမယ့် ရွာထဲကို စစ်သားတွေ ဝင်လာရင် ပြေးလိုက် ပြန်ဝင်လိုက်နဲ့ အခြေအနေက ရှိနေတယ်။

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ / CJ

နောက် စက် သုံးဆီက ကျနော်တို့ဘက်မှာ ဝယ်မရတော့ဘူး။ အောင်ပန်း – တောင်ကြီးကြားမှာလည်း စစ်တပ်ဂိတ်က ပိတ်ထားတော့ အလှူရှင်တွေဆီက ရိက္ခာတွေ မရရှိနိုင်ဘူး ဖြစ်နေပါတယ်။ သူတို့ လမ်းထပ်ပိတ်ထားရင် ဒီမှာရှိတဲ့ ဒုက္ခသည်တွေ အားလုံး ငတ်နိုင်တဲ့ အခြေအနေ ရှိနေပါတယ်” ဟု ရှင်းပြသည်။

ပီကင်းကောခူ စစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်ဒုက္ခသည် ၁၅၀၀ ကျော် ခိုလှုံနေပြီး ၎င်းတို့အတွက် ရိက္ခာမှာ ၁ ပတ် ခန့်စာသာ ရှိတော့သည်ဟုလည်း သိရသည်။

လက်နက်ကိုင်ထားသည့် နှစ်ဖက်တပ်များကြား ပစ်ခတ်တိုက်ခိုက်မှု ဖြစ်လျှင်လည်း တဖက်တွင် အရပ်သားများ၏ အသက် ရှင်ပိုင်ခွင့်အတွက် အခြေခံရပိုင်ခွင့်ရှိသော စားနပ်ရိက္ခာ၊ ဆေးဝါး၊ လုံခြုံသည့် အမိုးအကာများဖြင့် နေထိုင်ခွင့်များကို ခွင့်ပြု ပေးသင့်ကြောင်း ပီးကင်ကောခူ စစ်ဘေးရှောင်ဒုက္ခသည်စခန်း ကြီးကြပ်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

စစ်ကောင်စီတပ်က ကယားပြည်နယ်တွင်း ရိက္ခာသယ်ယူရေး လမ်းကြောင်းများကိုလည်း ဂိတ်စခန်းများဖွင့်ကာ စစ်ဆေးခြင်း၊ ပိတ်ဆို့ခြင်းများ ပြုလုပ်သည့်အပြင် ရှမ်းပြည်နယ်၊ တောင်ကြီး – အောင်ပန်း ကားလမ်းတလျှောက် ဖယ်ခုံမြို့ နယ်နှင့် ကယားပြည်နယ်ဘက်သို့ သွားမည့် ကားများကိုလည်း တင်းတင်းကြပ်ကြပ် စစ်ဆေးလျက် ရှိသည်။

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ / CJ

စစ်ကောင်စီက PDF တပ်ဖွဲ့များကို ချေမှုန်းရန် ကြိုးစားနေပြီး PDF အဖွဲ့ဝင်များ လှုပ်ရှားသည်ဟု ယူဆသည့် နယ်မြေများကို လျှပ်စစ်မီးများ ဖြတ်တောက်ခြင်း၊ အင်တာနက်လိုင်းနှင့် ဖုန်းအဆက်အသွယ် ဖြတ်တောက်ခြင်းများ ပြုလုပ်ထားသည်မှာ ရက်သတ္တပတ်ခန့်ရှိပြီ ဖြစ်သည်။

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တွင်း တိုက်ခိုက်မှုများတွင် စစ်ကောင်စီသည် PDF တပ်ဖွဲ့များ ကို တိုက်ခိုက်သည့်အပြင် အရပ်သားများကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်ဟုလည်း လူထုကြား ဝေဖန် ခံနေရသည်။

တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ၏ စာရင်းအရ ကယားပြည်နယ်တွင် မတ်လ ၁၀ ရက်မှ ယနေ့ထိ ဖမ်းဆီးခံရသူ ၁၃၁ ဦး ရှိပြီဖြစ်ပြီး ၎င်းတို့အနက် ၇ ဦးမှာ စစ်ဘေးရှောင်စခန်းများသို့ သွားသည့်လမ်းတွင် ဖမ်းဆီးခံ ရခြင်း ဖြစ်သည်။

အဆိုပါ ၇ ဦးအနက် ကိုစိုင်းလင်းလင်းဦး၊ မနန္ဒာဦးခင်နှင့် မမေဇင်ထူးတို့သည် စစ်ဘေးရှောင် ဒုက္ခသည်များကို ရိက္ခာပေးပို့ရန် သွားနေစဉ် ဒီးမော့ဆို – လွိုင်ကော်လမ်း၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ကျန် ၄ ဦးဖြစ်သော မောင်ဘရာဇီး၊ မောင်အိုက်ဘိ၊ မောင်အန်းကူနှင့် မောင်သိန်းဝင်းတို့မှာ မိသားစုဝင်များရှိသည့် စစ်ဘေးရှောင်စခန်းများသို့ သွားရာလမ်း ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာတွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ / CJ

စစ်ကောင်စီဘက်က ကယားပြည်နယ်နှင့် ဖယ်ခုံမြို့နယ်တို့အတွင်း တိုက်ပွဲကာလ၌ အရပ်သားများ စွန့်ခွာထွက်ပြေးသွား သည့် နေအိမ်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ အဆောက်အဦများ ပြိုကျပျက်စီးသွားသည်အထိ ဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ စစ်ဘေးရှောင်ဒုက္ခသည်များအတွက် ရိက္ခာပို့ဆောင်ပေးသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသူများကို ဖမ်းဆီးထားခြင်းများသည် အရပ်သားများအပေါ် အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် သက် သေများ ဖြစ်နေသည်။

ဂျနီဗာကွန်ဗန်းရှင်း၏ ပြဋ္ဌာန်းချက် အမှတ် (၃) တွင် ပြည်တွင်းပဋိပက္ခများ၌ တဖက်လက်နက်ကိုင် တပ်ဖွဲ့ဘက်မှ ဖမ်းမိ သည့် သုံ့ပန်းများ၊ ဖျားနာခြင်း သို့မဟုတ် ဒဏ်ရာရထားခြင်းကြောင့် ဆက်လက် တိုက်ခိုက်နိုင်ခြင်း မရှိတော့သည့် စစ်သား များကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ မပြုလုပ်ရဟု ပြဋ္ဌာန်းထားသည်။

ထို့အတူ အရပ်သားများကိုလည်း လူမျိုး၊ အသားအရောင်၊ ကိုးကွယ်ယုံကြည်မှု ဘာသာ၊ လိင်ကွဲပြားမှု စသည်တို့အပေါ် ခွဲခြားဆက်ဆံခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ သတ်ဖြတ်ခြင်း၊ အသက်ရှင်နေထိုင်မှုကို ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရဟုလည်း ဆိုသည်။

မီးရှို့ဖျက်ဆီးခြင်းခံလိုက်ရသည့် စစ်ရှောင်များအတွက် ရိက္ခာများ / CJ

တိုက်ပွဲကာလအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်နေသည့် လုပ်ငန်းများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကိုလည်း တိုက်ခိုက်ခြင်း မပြုလုပ်ရန် ဂျနီဗာကွန်ဗန်းရှင်းတွင် ပြဋ္ဌာန်းထားသည်။

အဆိုပါ ဂျနီဗာကွန်ဗန်းရှင်းကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၉၀ ကျော်က သဘောတူ လက်ခံကာ လိုက်နာပါမည် ဟု လက်မှတ် ရေးထိုးထားသည်။

You may also like these stories:

ဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက် မင်းတပ်မြို့ကိုပါ စစ်ကောင်စီတပ်က ပိတ်ဆို့

ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်သူ ၈၀၀၀ ကျော် အကူအညီများ လိုအပ်နေ

Your Thoughts …
Tags: စစ်ကောင်စီစစ်ဘေးရှောင်မီးရှို့ဖျက်ဆီးရိက္ခာ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
NUG-PDF ၏ ပထမပတ် စစ်သင်တန်းဆင်းပွဲ/ NUG  / NUG

PDF ဘာလဲ ဘယ်လဲ

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ / ဧရာဝတီ

အာဏာသိမ်း စစ်ကောင်စီ၏ နေဝင်ချိန်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

8 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved