• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ် ရင်းနှီးမြှုပ်နှံမှုကို တာလီဘန် ကော်ဇောနီဖြင့် ကြိုဆို

by ဧရာဝတီ
16 September 2021
in သတင်း
A A
တာလီဘန်ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံခဲ့စဉ်

တာလီဘန်ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ တွေ့ဆုံခဲ့စဉ်

42.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန်တပ်များ ဖရိုဖရဲဆုတ်ခွာသွားပြီးနောက် အာဖဂန်ကို သိမ်းပိုက်လိုက်သော တာလီဘန်အစိုးရသစ်သည် လာမည့် ၆ အတွင်း တရုတ်နိုင်ငံမှ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုများကို မျှော်လင့်နေသော်လည်း ဘေ့ဂျင်းသည် ထိုကိစ္စကို အထူးသတိထားကိုင်တွယ်လိမ့်မည်ဟု ကျွမ်းကျင်သူများ မျှော်လင့်နေသည်။

အစိုးရသစ်သည် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်လမ်းအစီအစဉ် BRI ၏ ဒေါ်လာ ၅၀ ဘီလီယံတန် ပါကစ္စတန်အစိတ်အပိုင်းဖြစ်သော တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) တွင် ပါဝင်လိုကြောင်း တာလီဘန်ပြောခွင့်ရသူ ဇဘီရုလာ မူဂျာဟစ်က ပြီးခဲ့သည့်အပတ် အစောပိုင်းတွင်ပြောသည်။

အာဖဂန်နစ္စတန်တွင် အလားအလာရှိသော စီမံကိန်းများအတွက် တရုတ်က တာလီဘန်ကို ၂၀၁၈ ခုနှစ်ကပင် စည်းရုံးနေကြောင်း တာလီဘန်နှင့် နီးစပ်သည့် အမည်မဖေါ်လိုသော သတင်းရင်းမြစ်တခုက Nikkei Asia သို့ ပြောသည်။ “ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးတရုတ်နဲ့တာလီဘန်အကြား နှုတ်အားဖြင့်သဘောတူညီထားတာတွေ ရှိတယ်” ဟု ထိုသတင်းရင်းမြစ်ကပြောသည်။ “တာလီဘန်အစိုးရကို ကမ္ဘာက အသိအမှတ်ပြုတဲ့အခါကျတော့ တရုတ်က စစ်ဒဏ်ခံထားရတဲ့ အာဖဂန်မှာ အခြေခံအဆောက်အအုံ စီမံကိန်းတွေ စတင်မယ်” ဟုလည်း သူပြောသည်။

တရုတ်နိုင်ငံသည် အမျိုးသမီးများ မိန်းကလေးငယ်များနှင့်ပတ်သက်သည့် လူ့အခွင့်အရေးကိစ္စများကို ထည့်တွက်မည်မဟုတ်ဟု မျှော်လင့်ကြောင်း၊ ဝီဂါစစ်သွေးကြွများနှင့် ထိရောက်သော အုပ်ချုပ်ရေးကိုသာ အာရုံစိုက်ကြောင်း ထိုသတင်းရင်းမြစ်က ဆိုသည်။

တာလီဘန်အစိုးရကို ကမ္ဘာက အသိအမှတ်ပြုတဲ့အခါကျတော့ တရုတ်က စစ်ဒဏ်ခံထားရတဲ့ အာဖဂန်မှာ အခြေခံအဆောက်အအုံ စီမံကိန်းတွေ စတင်မယ်

အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အီရန်၊ တာဂျစ်စတန်၊ တာ့ခ်မင်နစ္စတန်၊ ဥဇဘက်ကစ္စတန်နှင့် ပါကစ္စတန်တို့မှ နိုင်ငံခြားရေးဝန်ကြီးများ၏ ဗီဒီယိုအစည်းအဝေးတခုကို ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့တွင် ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ် ကူရက်ရှီက ကျင်းပသည်။

“အာဖဂန်နစ္စတန်အခြေအနေက ရှုပ်ထွေးပြီး မတည်ငြိမ်သေးဘူး” ဟု ထိုအစည်းအဝေးအပြီးတွင် ကူရက်ရှီက တွစ်တာတွင်ရေးသားသည်။ “နိုင်ငံရေးအခြေအနေ တည်ငြိမ်ပြီး မကြာခင် ပုံမှန်အတိုင်းဖြစ်သွားမယ်လို့ ကျနော်တို့မျှော်လင့်တယ်။ ပကတိအခြေအနေသစ်အရ ကျနော်တို့ဟာ အမြင်ဟောင်းတွေကို စွန့်ပစ်ပြီး အမြင်သစ်ဖေါ်ထုတ်ကာ ပကတိအရှိတရားနဲ့ လက်တွေ့ကျကျ လုပ်ဆောင်ဖို့လိုလိမ့်မယ်” ဟုလည်း သူ ဆက်လက်ရေးသားသည်။

ထိုအစည်းအဝေးအတွင်း တရုတ်နိုင်ငံက စားနပ်ရိက္ခာ၊ ဆောင်းရာသီအတွက် လိုအပ်သော ပစ္စည်းများ၊ ကာကွယ်ဆေးနှင့် ဆေးဝါးအပါအဝင် အာဖဂန်နစ္စတန်အတွက်အရေးပေါ်အကူအညီ ဒေါ်လာ ၃၁ သန်း ကတိပြုသည်။ “ တရုတ်အနေနဲ့ လတ်တလောလုပ်နိုင်တာက ပုံမှန်စီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်သူချင်း ဆက်ဆံရေးနယ်ပယ်တွေမှာ တာလီဘန်နဲ့ ဆက်သွယ်ထားဖို့ပဲ” ဟု တရုတ်အစိုးရအာဘော် အင်္ဂလိပ် သတင်းစာ Global Times က ရေးသားသည်။

တာလီဘန်က အလျှင်အမြန် ရင်းနှီးမြှုပ်နှံရန် တောင်းဆိုမှုကြောင့် တရုတ်သြဇာတက်လာမည်ဟု ယုံကြည်ကြောင်း German Marshall Fund မှ အာရှအစီအစဉ်၏ ဝါရင့်သုတေသီ အင်ဒရူး စမောက ပြောသည်။ တရုတ်အစိုးရသည် လတ်တလော စီးပွားရေးအကူအညီများပေးသော်လည်း ပိုမို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ရေးကိုမူ သိမ်မွေ့စွာ လုပ်ဆောင်မည်ဖြစ်သည်။

တရုတ်အစိုးရက ကတိတွေမျှောပေးထားပြီး BRI နဲ့ CPEC တိုးချဲ့ရေးကို ဆွေးနွေးမယ်။ ဒါပေမယ့် နိုင်ငံရေးနဲ့လုံခြုံရေးအခြေအနေကို မယုံကြည်မချင်းမြေပြင်မှာတော့ ဘာမှလုပ်မှာ မဟုတ်ဘူး

“တရုတ်အစိုးရက ကတိတွေမျှောပေးထားပြီး BRI နဲ့ CPEC တိုးချဲ့ရေးကို ဆွေးနွေးမယ်။ ဒါပေမယ့် နိုင်ငံရေးနဲ့လုံခြုံရေးအခြေအနေကို မယုံကြည်မချင်းမြေပြင်မှာတော့ ဘာမှလုပ်မှာ မဟုတ်ဘူး” ဟု စမောက Nikkei သို့ပြောသည်။

တာလီဘန်အတွက် ရင်းနှီးမြှုပ်နှံမှုရွေးချယ်စရာ အကန့်အသတ်များရှိနေကြောင်း ကျွမ်းကျင်သူများပြောသည်။ “တရုတ်က သူ့အတွက် ပစ်ထားလို့မရအောင် အရေးပါတဲ့ နယ်မြေကနေ အမေရိကန်ဆုတ်ခွာသွားပြီးနောက် တာလီဘန်ကို ကူညီဖို့ စိတ်အားထက်သန်မယ်လို့ မျှော်လင့်ရတယ်” ဟု အစ္စလမ်မာဘတ်မှ ပြည်သူ့ရေးရာ မူဝါဒ သုတေသီ ဟက်ဆန် ခါဝါက Nikkei သို့ပြောသည်။

သတ္တုသိုက် ပမာဏအရဆိုပါက ကမ္ဘာ့ ဒုတိယ အကြီးမားဆုံးဖြစ်သော Mes Aynak ကြေးနီမိုင်းအပါအဝင် အာဖဂန်နစ္စတန်၏ များပြားလှသော တွင်းထွက်သယံဇာတများကို တရုတ်နိုင်ငံက ကောင်းစွာ သတိထားမိသည်။ China Metallurgical Group သည် ထိုသတ္တုသိုက်မှ ထုတ်လုပ်ခွင့်လိုင်စင်ကို ၂၀၀၈ ခုနှစ်က ဒေါ်လာ ၃ ဘီလီယံဖြင့် ဝယ်ယူထားသော်လည်း လုံခြုံရေးအခြေအနေကြောင့် လုပ်ငန်းများ ရပ်ဆိုင်းနေသည်မှာ ဆယ်စုနှစ်တခုကျော်ပြီဖြစ်သည်။ မတည်ငြိမ်သောအခြေအနေတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ မည်သို့ မအောင်မမြင်ဖြစ်ရသည်ကို ထိုသို့ဆိုင်းငံ့ထားရသော သတ္တုမိုင်းက တရုတ်နိုင်ငံကို သတိပေးနေသည်။

“ကြေးနီက လျှပ်စစ်ဓါတ်ကြိုး၊ အီလက်ထရွန်းနစ်ပစ္စည်း၊ မော်တာနဲ့ တရုတ်နိုင်ငံမှာ ထုတ်လုပ်နေတဲ့ ပစ္စည်းအများအပြားအတွက် အဓိကကျတယ်” ဟု ပရာ့ဂ်စီးပွားရေး တက္ကသိုလ်မှ နိုင်ငံတကာဆက်ဆံရေး လက်ထောက်ပါမောက္ခ ဂျရမီ ဂါးလစ်က Nikkei သို့ပြောသည်။ “တရုတ်က အန္တရာယ်များတဲ့အချိန်မှာ အလျှင်စလ်ို လုပ်မှာမဟုတ်ဘူး။ အာဖဂန်နစ္စတန်မှာ ပိုမိုနက်နက်ရှိုင်းရှိုင်းပါဝင်ဖို့ကို သတိထားစဉ်းစားမယ်လို့ မျှော်လင့်ရတယ်” ဟုလည်း သူပြောသည်။

စစ်သွေးကြွခြင်းနှင့် အာဖဂန်နစ္စတန်မြေကို ကမ္ဘာ့အကြမ်းဖက်မှု ပျိုးထောင်ရာ နယ်မြေအဖြစ် အသုံးပြုခြင်းသည် တရုတ်အပါအဝင် တကမ္ဘာလုံးအတွက် စိုးရိမ်စရာအကောင်းဆုံး ကိစ္စဖြစ်နေသည်။ ထိုပြဿနာကို တာလီဘန်က မထိန်းချုပ်နိုင်ပါက တရုတ်နိုင်ငံသည် မည်မျှပင် ရင်းနှီးမြျုပ်နှံလိုသည်ဖြစ်စေ ရင်းနှီးမြှုပ်နှံ နိုင်မည်မဟုတ်ပေ။

အာဖဂန်နစ္စတန်သည် စစ်သွေးကြွများကို ခွင့်ပြုထားသော အပြန်အလှန်ဆက်စပ်နေသည့် အချက်အခြာနေရာတခုဖြစ်လာမည်ကို တရုတ်က လိုလားမည်မဟုတ်

အာဖဂန်နစ္စတန်သည် စစ်သွေးကြွများ အပြန်အလှန်ဆက်စပ်နေသည့် အချက်အခြာနေရာတခုဖြစ်လာမည်ကို တရုတ်က လိုလားမည်မဟုတ်ကြောင်း စမောက ပြောသည်။ “CPEC အတွက် လုံခြုံရေးအခြေအနေယိုယွင်းနေတာကို တရုတ်က စိုးရိမ်နေရပြီး တာလီဘန်အောင်ပွဲကြောင့် Tehrik-i-Taliban Pakistan အဖွဲ့ ဘယ်လောက်အထိ အတင့်ရဲလာမလဲဆိုတဲ့ အဓိကပြဿနာကို ရင်ဆိုင်နေရတယ်” ဟုလည်း သူပြောသည်။

တချိန်တည်းတွင် ပါကစ္စတန်အစိုးရ အရာရှိများကလည်း တာလီဘန်တို့ CPEC ၏ အစိတ်အပိုင်းဖြစ်လိုသော ဆန္ဒကို ကြိုဆိုနေသည်။ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့၏ တိုးတက်မှုများသည် ဆက်စပ်နေကြောင်း ပြည်ထဲရေး ဝန်ကြီး ရှီအိုက် ရာရှစ်အာမက်က လွန်ခဲ့သောအပတ် အင်္ဂါနေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

သို့သော် ပါကစ္စတန်အနေဖြင့် CPEC ကို အာဖဂန်နစ္စတန်အထိ တိုးချဲ့ရေးအတွက် သတိထားရန် လိုကြောင်း အချို့ကယူဆသည်။ “ပါကစ္စတန်ကိုယ်တိုင်တောင် ပြည်တွင်းတည်ငြိမ်ရေးနဲ့အကြမ်းဖက်ဝါဒအတွက် စိုးရိမ်နေရတယ်။ CPEC ကို အာဖဂန်နစ္စတန်အထိ တိုးချဲ့လိုက်ရင် ပါကစ္စတန်အတွက် ပိုမိုဝန်ထုတ်ဝန်ပိုးဖြစ်လာမယ်” ဟု တရုတ်ရပ်ဝန်းနှင့် လမ်းအစီအစဉ်၏ ရိုက်ခတ်မှုများ – အာရှမှ ဥရောပအထိ စာအုပ်ကိုရေးသားသူ ဂျရမီ ဂါးလစ်ပြောသည်။

တရုတ်-တာလီဘန် ဆက်ဆံရေးအတွက် အခြားအတားအဆီးတခုမှာ လက်ရှိ ပါကစ္စတန်ရှိ CPEC စီမံကိန်းများ အကောင်အထည်ဖေါ်မှု နှေးကွေးနေခြင်းဖြစ်ကြောင် ဂျရမီ ဂါးလစ်ယုံကြည်နေသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
52
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
41
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
62

ကိုးကား။ ။ Nikkei Asia မှ Taliban rolls out red carpet to China’s Belt and Road Initiative

You may also like these stories:

တာလီဘန်ကို တရုတ် လက်ကမ်းမှု မြန်မာမှာ လာထိရှ

အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး

မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန် ဘယ်လိုကိုင်တွယ်နိုင်သလဲ

သံတမန်ရေး အောင်ပွဲအသီးအပွင့်များ NUG အစိုးရ စ ဆွတ်ခူးနေ

Your Thoughts …
Tags: BRICPECကော်ဇောနီဖြင့် ကြိုဆိုတရုတ် ရင်းနှီးမြှုပ်နှံမှု ဖနွမ်းပင် အိမ်ယာဈေးကွက်တာလီဘန်အာဖဂန်နစ္စတန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
11k

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

တရုတ်လုံခြုံရေးကုမ္ပဏီက မြန်မာ့အနာဟောင်းကို ဆွနေသည်

by သက်ထားမောင်
19 November 2024
10.7k

တရုတ်တို့သည် ၎င်းတို့ လုံခြုံရေးကုမ္ပဏီအား မြန်မာပြည်သို့ စေလွှတ်ရန် ၂၀၁၉ ခုနှစ်ကတည်းက စီစဉ်ဆောင်ရွက်မှုများရှိပြီး ယခု လက်တွေ့အကောင်အထည် ဖော်လာသည်ဟု ဆိုရမည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

by Anthony Davis
17 July 2024
8.6k

လာမည့်နှစ်အတွင်း မြန်မာ၏ ဖရိုဖရဲနိုင်သည့် စစ်မြေပြင်ကို ပုံဖော်ရာတွင် အဓိက အချိန်မရွေး ပြောင်းလဲနိုင်သည့် အခြေအနေ နှစ်ခုသည် အရေးပါမည်ဖြစ်သည်။

ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလို မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး

ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလို မင်းအောင်လှိုင်ရဲ့ တရုတ်ခရီး

by နွေနေ
9 September 2025
8.1k

"မင်းအောင်လှိုင်အတွက် ဒီခရီးစဉ်က ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလိုပေါ့ဗျာ"

Next Post
၂၀၁၃ ခုနှစ်က KIA ဌာနချုပ် လိုင်ဇာမြို့တွင် တွေ့ရသည့် KIA တပ်ဖွဲ့များ / ဧရာဝတီ

တိုက်ပွဲဖြစ်ခြင်း မရှိဘဲ လိုင်ဇာအနီးသို့ လက်နက်ကြီးဖြင့် စစ်ကောင်စီ ပစ်ခတ်

မြိုင်မြို့နယ် စံပြကျေးရွာအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီး  / CJ

မြိုင်တွင် အသက်မပြည့်သေးသူ အပါအဝင် ၃ ဦးကို စစ်တပ်က ပစ်ခတ် မီးရှို့သတ်ဖြတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved