မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ပြည်ခရီးစဉ်က အခြားနိုင်ငံများက ခေါင်းဆောင်များနှင့်မတူဘဲ ပုံမှန်ထက် ပိုကြာသည်။ အချို့ခေါင်းဆောင်များက သူတို့ တက်ရမည့်အစည်းအဝေး တက်ပြီးသည်နှင့် ချက်ချင်းပြန်သွားကြသည်။
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေး လာတက်သည့် အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာ မိုဒီသည် အစည်းအဝေးပြီးသည်နှင့် ချက်ချင်းပြန်သွားသည်။ တရုတ်က ခင်းကျင်းပြသသည့် ဒုတိယကမ္ဘာစစ်အောင်ပွဲ နှစ် ၈၀ ပြည့် စစ်ရေးပြအခမ်းအနားကိုပင် ကြည့်မသွား။
အလားတူ အခြား တက်ရောက်လာသည့် နိုင်ငံခေါင်းဆောင်တချို့လည်း အခမ်းအနားပြီးပြီးချင်း ပြန်သွားကြသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်ကမူ သာမန်ထက် ပိုကြာသည်။ တီယန်ကျင်းမှ ဘေဂျင်း၊ ဘေဂျင်းမှ ဟာဘင်း၊ ဟာဘင်းမှ ချန်ဒူး။
တရုတ်က စစ်ခေါင်းဆောင်ကို အလုပ်သဘော ခေါ်လိုက်ခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်အတွက် ဒုတိယအကြိမ် တရုတ်ခရီးစဉ်မှာ ကာလရှည်ကြာစွာ မျှော်လင့်စောင့်စားနေသည့် လူရာသွင်းခံရမှုဖြစ်သည်။
တရုတ်က စစ်ခေါင်းဆောင်ကို အလုပ်သဘော ခေါ်လိုက်ခြင်းဖြစ်သည်။ စစ်ခေါင်းဆောင်အတွက် ဒုတိယအကြိမ် တရုတ်ခရီးစဉ်မှာ ကာလရှည်ကြာစွာ မျှော်လင့်စောင့်စားနေသည့် လူရာသွင်းခံရမှုဖြစ်သည်။
ပထမအကြိမ် ယူနန်ခရီးစဉ်က သိပ်မကြာသော်လည်း ယခု တီယန်ကျင်း၊ ဘေဂျင်း၊ ဟာဘင်းနှင့် ချန်ဒူး ခရီးစဉ်ကမူ ရက်သတ္တ တပတ်အထိ ကြာသည်။ စစ်ခေါင်းဆောင်သည် ချန်ဒူးတွင် ဒုတိယအကြိမ် တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး တက်ရောက်မည်ဖြစ်သည်။ ချန်ဒူးအစည်းအဝေးမှာ တရုတ်၏ အဓိက မဟာဗျူဟာ ရပ်ဝန်းနှင့်လမ်း အစီအစဉ် (BRI) နှင့် ဆက်စပ်နေသော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) ပေါ်က စီမံကိန်းများ အကောင်အထည်ဖော်ရေး ဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၀ ရက်တွင် စစ်ခေါင်းဆောင်နှင့်အဖွဲ့သည် တီယန်ကျင်းတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့သည်။ ယခုကဲ့သို့ သံတမန်အခမ်းအနားနှင့် တရားဝင်တွေ့ခွင့်ရမှုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက် ရှားရှားပါးပါးဖြစ်သည်။
SCO အစည်းအဝေးတွင်ရော ဘေဂျင်း၌ပြုလုပ်သည့် တရုတ်စစ်ရေးပြအခမ်းအနားတွင်ပါ ကမ္ဘာ့အာဏာရှင်ခေါင်းဆောင်အချို့နှင့် တွေ့ခွင့်၊ ခေတ္တခဏ စကားလက်ဆုံကျခွင့် ရလိုက်ခြင်းမှာ စစ်ခေါင်းဆောင်အတွက်တော့ ဖရဏာပီတိ ဂွမ်းဆီထိဘိအလား ကျေနပ်နေပုံရသည်။
အမေရိကန်တွင် ရောက်နေသည့် ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန် ဥပမာပေးလိုက်ပုံက ပို၍ ပြောင်မြောက်သည်။
“မင်းအောင်လှိုင်အတွက် ဒီခရီးစဉ်က ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလိုပေါ့ဗျာ” ဟူ၏။
ခေါ်မည့် ပြောမည့်သူမရှိ၊ အသိအမှတ်ပြုမခံရသည့် မင်းအောင်လှိုင်မှာ တရားဝင် အသိအမှတ်ပြုခံလိုမှု ဖြစ်နေပြီး ယခုပွဲမှာ မင်းအောင်လှိုင်အတွက် ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလိုဖြစ်နေသည်ဟု ဆိုလိုသည်။
ခေါ်မည့် ပြောမည့်သူမရှိ၊ အသိအမှတ်ပြုမခံရသည့် မင်းအောင်လှိုင်မှာ တရားဝင် အသိအမှတ်ပြုခံလိုမှု ဖြစ်နေပြီး ယခုပွဲမှာ မင်းအောင်လှိုင်အတွက် ခွေးငတ် အလှူပွဲကြီးနဲ့ တိုးသလိုဖြစ်နေသည်ဟု ဆိုလိုသည်။
တရုတ်က သူ့အကျိုးစီးပွားအတွက် စစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့သော်လည်း ပရိုတိုကောအရ နာမည်စဉ်တော့ နောက်ဆုံးမှာ ဖြစ်သည်။ သူသည် တရားဝင်သမ္မတ မဟုတ်။ မြန်မာစစ်ခေါင်းဆောင် အဆက်ဆက် နိုင်ငံတကာသံခင်းတမန်ခင်းကိစ္စများတွင် အားနည်းချက်များ တွေ့နေရသည်။ နိုင်ငံတကာသုံး အင်္ဂလိပ်စကားကို ထမင်းစား ရေသောက်အဆင့် ကျကျနန မပြောတတ်၊ မဆိုတတ်ကြခြင်းပင်။
ယခင် စစ်ဗိုလ်ချုပ် ခင်ညွန့်တို့ လက်ထက်ကလည်း ယခုလို အစည်းအဝေးကြီးများတွင် တခြား နိုင်ငံခေါင်းဆောင်များနှင့် ထမင်းစား ရေသောက် အလ္လာပသလ္လာပ ပြောကြသည့်အဆင့်တွင်ပင် ခွေးအကြီး လှည်းနင်းသလို ဖြစ်နေသည်။ ပရိုတိုကောအရ အစည်းအဝေးများတွင် မိမိဘာသာစကားကိုသာ စကားပြန်နှင့် သုံးစွဲပြောဆိုသည်မှာ မှန်ကန်သော်လည်း အစည်းအဝေးအပြင်ဘက်တွင် တခွန်းစ နှစ်ခွန်းစ ပြောစကားကိုပင် အထာကျကျ မပြောတတ်ကြ။
ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးတွင် မလေးရှားဝန်ကြီးချုပ် အီဗရာဟင်နှင့်တွေ့သောအခါ စကားတွေက ထစ်အနေသည်ကို တွေ့ရသည်။ အချို့ခေါင်းဆောင်များနှင့် ခဏတဖြုတ် ပြောကြတော့လည်း စကားပြန်မျက်နှာကြည့်ပြီး ပြောနေတာ တွေ့ရသည်။ ဒါတွေက မြန်မာစစ် ခေါင်းဆောင်တို့၏ အရည်အချင်းဖြစ်သည်။
ဥရောပတွင် သက်ဆိုးအရှည်ဆုံး အာဏာရှင် ဘီလာရုစ်သမ္မတ လူကာရှန်ကိုနှင့် တွေ့ဆုံခြင်းကိုလည်း မြင်လိုက်ရသည်။ မြောက်ကိုးရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် မတ်တပ်ရပ် နှုတ်ဆက်နေသည်ကို မြင်ရသည်။ အာဏာရှင်အချင်းချင်း တွေ့ဆုံမှုမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြုံးနေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်အတွက်တော့ ယခုလို နိုင်ငံပေါင်း ၂၀ ကျော်က ခေါင်းဆောင်များနှင့် တွေ့ခွင့်ရလိုက်ခြင်းမှာ အနှစ်နှစ်အလလ သူမျှော်လင့်နေသော သမ္မတအိပ်မက်လည်းဖြစ်သည်။ မိုးသီးဇွန်ပြောသကဲ့သို့ “ခွေးငတ် အလှူပွဲတိုးသလိုမျိုး”။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ပြည် ရှန်ဟိုင်း SCO အစည်းအဝေးခရီစဉ်မှာ အလွန်အောင်မြင်ကြောင်း၊ ရလဒ်ကောင်းများ ရရှိခဲ့ပြီး နိုင်ငံတကာ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ကြောင်း စစ်ခေါင်းဆောင်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက သူခေါ်သွားသော သတင်းထောက်များကို တီယန်ကျင်း-ဘေဂျင်း အဝေးပြေးလမ်းပေါ်၌ မော်တော်ကားပေါ်တွင် ပြောကြားခဲ့သည်။
တရုတ်ကတော့ ရှင်းသည်။ ယခု စီစဉ်ကျင်းပသော SCO ထိပ်သီးအစည်းအဝေးရော၊ နှစ် ၈၀ ပြည့် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားပါ မိမိအနေအထားကို အမေရိကန်နှင့် ကမ္ဘာကြီးကသိအောင် ထုတ်ပြလိုက်သည်။
တရုတ်နောက်တွင် နျူးကလီးယားလက်နက် ပိုင်ဆိုင်သော နိုင်ငံများရှိသည်။ တရုတ်၏ စစ်အင်အားကို ကမ္ဘာသိ ချပြလိုက်သည်။
တချက်ခုတ် နှစ်ချက်ပြတ် သမ္မတ ထရမ့်၏ ကုန်သွယ်ခွန်ကြောင့် ဒုက္ခရောက်လာသူများနှင့် လည်ပင်းဖက်ပြခဲ့သည်။ ကမ္ဘာကြီးကို အမေရိကန်တဦးတည်း ဗိုလ်ကျစိုးမိုးလို့မရဆိုသည့် အဓိပ္ပာယ်ပင်။
မြန်မာပြည်တွင် ဘာတွေဖြစ်နေသည်၊ မြန်မာပြည်သူများ ဘယ်လို အတိဒုက္ခရောက်နေသည်ကို တရုတ် စိတ်မဝင်စား။ တရုတ်စိတ်ဝင်စားသည်မှာ တရုတ်အကျိုးစီးပွားသာ ဖြစ်သည်။ မြန်မာပြည်တွင် ဘာတွေ ဖြစ်နေနေ တရုတ်အကျိုးစီးပွားကို လာမထိဖို့ဘဲ အရေးကြီးသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုလိုက်ခြင်းမှာ မင်းအောင်လှိုင်၏ အရည်အချင်းကြောင့်မဟုတ်။ တရုတ်အကျိုးစီးပွားကြောင့်သာ ဖြစ်သည်။

တရုတ်က မြန်မာပြည်တော်လှန်ရေးကို ဂရုမစိုက်သလို ဒီမိုကရေစီအင်အားစုများကိုလည်း မလိုလား။ ပြီးခဲ့သည့်နှစ်ကစ၍ တရုတ်သည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်က ရပ်လိုက်သည်။ ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအပြီးတွင် မြန်မာစစ်တပ် အခြေမလှတော့သည်ကို သိရှိသွားသည့် အချိန်ကစ၍ မြန်မာစစ်တပ်ကို တရုတ်က ကျားကန်ပေးလိုက်သည်။
မြန်မာစစ်တပ် ပြိုကွဲသွားနိုင်ပြီး ပြိုကွဲသွားလျှင် စုစည်းမှုမရှိသည့် တော်လှန်ရေးအုပ်စုများကို တရုတ် မထိန်းနိုင်သလို အမေရိကန်နှင့် နီးစပ်သော ဒီမိုကရေစီအင်အားစုများ အသာရ၍ မဖြစ်။ မည်သို့ပင်ဖြစ်စေကာမူ မြန်မာနိုင်ငံ တည်ငြိမ်နေဖို့လိုသည်။ တည်ငြိမ်နေမှ တရုတ်၏ မဟာဗျူဟာ BRI ကို အကောင်အထည်ဖော်နိုင်မည်။
တရုတ်သည် မြန်မာစစ်တပ်ကို အကူအညီပေးပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဘက်က ရပ်တည်ကာ မိမိအကျိုးစီးပွား တည်ဆောက်ဖို့ ကြိုးစားနေသည်။ တော်လှန်ရေးအဖွဲ့များ နာလန်မထူနိုင်တော့ဘဲ မင်းအောင်လှိုင် အာဏာသက်ဆိုးရှည်နေသမျှ မိမိတို့အကျိုးရှိမည်၊ မိမိတို့ အကျိုးစီးပွား မပျက်ယွင်း။
မြန်မာပြည်တွင် ဒီမိုကရေစီရရှိခြင်း၊ တရားမျှတမှု ရှိခြင်း၊ မရှိခြင်း၊ လူမှုဘဝနိမ့်ကျခြင်း၊ မနိမ့်ကျခြင်းမှာ တရုတ်နှင့် မဆိုင်။ တရုတ်နှင့်ဆိုင်သည်မှာ မြန်မာပြည်တွင် အာဏာကို မည်သူဆုပ်ကိုင်ထားသနည်း၊ စစ်တပ်က အာဏာကို ဘယ်လိုနည်းနှင့်ပဲ မတရားရယူ ဆုပ်ကိုင်ထားသည်ဖြစ်စေ စစ်တပ်လက်အောက်မှာ မြန်မာပြည်ရှိနေလျှင် စစ်တပ်ကိုပဲ ပေါင်းမည်။ ထို့ကြောင့် စစ်တပ်က ပြောနေသည့် အတုအယောင် ရွေးကောက်ပွဲကို တရုတ်က မသိကျိုကျွံပြု ထောက်ခံနေခြင်းဖြစ်သည်။
သို့သော် ယခုအနေအထားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ်၏ မျှော်လင့်ချက်သာ ဖြစ်သည်။ မြန်မာပြဿနာသည် ရှုပ်ထွေးလွန်းသည်။ နိုင်ငံရေးပြဿနာများ မဖြေရှင်းနိုင်သရွေ့ မြန်မာပြည်တွင် လက်နက်ကိုင်ပဋိပက္ခများ မည်သည့်အခါမှ ချုပ်ငြိမ်းမည်မဟုတ်သလို တရုတ်မျှော်လင့်နေသည့် တည်ငြိမ်သည့် မြန်မာပြည်လည်း ဖြစ်လာမည်မဟုတ်။ ရွေးကောက်ပွဲသည် အဖြေမဟုတ်သလို အဖြေမဟုတ်သည့် ရွေးကောက်ပွဲ ကျင်းပလိုက်ရုံနှင့် ပြဿနာများ ပြီးဆုံးသွားမည်မဟုတ်။

တရုတ်၏ ကမ္ဘာဖြန့်ကြက် လွှမ်းမိုးရေး၊ ရပ်ဝန်းနှင့်လမ်း အစီအစဉ်တွင် အာဖရိကမှ အကျင့်ပျက်ခြစားနေသော နိုင်ငံများ၊ အစိုးရအဖွဲ့များ၊ လက်တင်အမေရိကနိုင်ငံများ၊ အာရှရှိ အာဏာရှင်နိုင်ငံများသာမက ကွန်မြူနစ်အမာခံနိုင်ငံများလည်း ပေါင်းရုံးပါဝင်သည်။
SCO အစည်းအဝေးတွင် သမ္မတ ရှီကျင့်ဖျင်က “ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးအစီအစဉ်” အကောင်အထည်ဖော်ရန် တိုက်တွန်းသွားသည်။ တရုတ်က တည်ဆောက်လိုသော ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးစနစ်မှာ အာဏာရှင်များ၊ အကျင့်ပျက်ခြစားနေသော အစိုးရများသာ ကြီးစိုးသည့် အုပ်ချုပ်ရေးစနစ်သာ ဖြစ်ပါလိမ့်မည်။
(နွေနေသည် မြန်မာသတင်းစာဆရာတဦး ဖြစ်သည်။)
You may also like these stories:
ပေါက်ဖော်ကြီးက စစ်ကော်မရှင်ကို ဝယ်လိုက်ပြီလား (ရုပ်/သံ)
မြန်မာစစ်အုပ်စု၏ တီယန်ကျင်း ကစားကွက်အကြောင်း သိကောင်းစရာ ၆ ချက်
မြန်မာစစ်အုပ်စုကို တရုတ်က မျက်နှာသာ ပြန်ပေးလိုက်သည်
မင်းအောင်လှိုင် တရုတ်ကို လိမ်တာလား (ရုပ်/သံ)
မြစ်ဆုံနဲ့ တရုတ်လိုချင်တဲ့ စီမံကိန်းတွေ မင်းအောင်လှိုင် ထိုးကြွေးတော့မလား (ရုပ်/သံ)
တရုတ်ကို ဒူးထောက်လိုက်ရတဲ့ မင်းအောင်လှိုင် (ရုပ်/သံ)
မင်းအောင်လှိုင်ကို လူရာသွင်းလိုက်တဲ့ တရုတ် ဆေးမြီးတို စွမ်းမလား