၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပသည့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၈ ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး (GMS) ၏ ထူးခြားချက်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒကို စင်တင်အကောင်ထည်ဖော်ခြင်း၊ အာဆီယံဒေသတွင်းနိုင်ငံများနှင့် မိတ်ဆက်ပေးခြင်း ဖြစ်၏။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒ
လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျရှုံးပြီး မြန်မာစစ်တပ် ပြိုကွဲနိုင်ခြေရှိသည်ဟူသည့် သုံးသပ်ပြောဆိုချက်များ ထွက်ပေါ်လာခဲ့ပြီးနောက် ၁၀ ရက်အကြာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်ကို တွေ့ရပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒသစ်ကို စတင်တွေ့ရ၏။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် ရွေးကောက်ပွဲကို ထောက်ခံသည်ဟု ဆိုခဲ့ပြီး မြန်မာစစ်ကောင်စီကို အတိအလင်း ထောက်ခံမှုပေးခဲ့သည့်အပြင် မြန်မာပြည်သည် စည်းသုံးစည်းကို ကျော်၍မရဟု ဆိုခဲ့၏။
မြန်မာပြည်တွင်သာမက ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC) ၏ ၉ ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တက်ရောက်လာသည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နှင့် မြန်မာ နိုင်ငံခြားရေးဝန်ကြီးများကို မြန်မာနိုင်ငံနှင့် ပတ်သက်သည့် တရုတ်သဘောထားအား ထပ်မံရှင်းလင်းပြခဲ့သည်ကို တွေ့ရ၏။
အာဆီယံ ဘုံသဘောတူညီချက် ငါးချက် ချမှတ်ထားသည့် အာဆီယံအဖွဲ့ဝင်များဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယားတို့အား မြန်မာနှင့်ပတ်သက်သည့် တရုတ်မူဝါဒအသစ်ကို စတင်မိတ်ဆက်ပေးခဲ့၏။
တရုတ်မူဝါဒကို အကောင်ထည်ဖော်ခြင်း
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့က တရုတ်ပြည်၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ကျင်းပသည့် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးသို့ တရုတ်တို့က စစ်ကောင်စီဥက္ကဋ္ဌအား ဖိတ်ကြားတက်ရောက်စေခြင်းသည် အာဆီယံ မူငါးချက်နှင့် မတူကွဲပြားသည့် တရုတ်မူဝါဒကို စတင်အကောင်အထည်ဖော်လိုက်ခြင်းဖြစ်၏။
အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာရန် ပျက်ကွက်၍ အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် မရခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌသည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အာဆီယံ လေးနိုင်ငံမှ ခေါင်းဆောင်များနှင့်သာမက အာဆီယံအတွင်းရေးမှူးချုပ်နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ရသည်။
အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို လိုက်နာရန် ပျက်ကွက်၍ အာဆီယံ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့် မရခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌသည် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို အာဆီယံ လေးနိုင်ငံမှ ခေါင်းဆောင်များနှင့်သာမက အာဆီယံအတွင်းရေးမှူးချုပ်နှင့်ပါ တွေ့ဆုံဆွေးနွေးခဲ့ရသည်။
တရုတ်တို့က စစ်ကောင်စီဥက္ကဋ္ဌအား နိုင်ငံတော်ဧည့်သည်အဖြစ် ဖိတ်ကြားခြင်း မပြုဟုဆိုသော်လည်း မဲခေါင်ဒေသခွဲ အစည်းအဝေးအား အကြောင်းပြုပြီး အာဆီယံ လေးနိုင်ငံပါဝင်သည့် ဒေသတွင်းနိုင်ငံများ အစည်းအဝေးတွင် မြန်မာစစ်ကောင်စီခေါင်းဆောင်ကို တရုတ်တို့ နေရာပေးခဲ့၊ စင်တင်ပေးခဲ့ခြင်း ဖြစ်၏။
တရုတ်၏ ဤသို့ ပြုမူလုပ်ဆောင်ချက်သည် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ချန်လှပ်ထားသော စစ်ခေါင်းဆောင်ကို အာဆီယံနိုင်ငံအချို့က တွေ့ဆုံခြင်း ဖြစ်ပေါ်လာစေခဲ့၏။ တရုတ်တို့၏ ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံမှ ခေါင်းဆောင်များအား စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံစေပြီး ၎င်းတို့ ထောက်ခံထားသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲဆိုသည်ကို ထောက်ခံလာစေရန် ရည်ရွယ်ပုံရ၏။
ထို့ပြင် အာဆီယံ မူငါးချက်တွင် ပါဝင်သည့် “ပါဝင်ပတ်သက်သူအားလုံး ပါဝင်၍ ဆွေးနွေးအဖြေရှာရေးမူဝါဒ” နှင့် လမ်းခွဲပြီး ရွေးကောက်ပွဲအား ထောက်ခံကာ ရွေးကောက်ပွဲမှတဆင့် အဖြေရှာရေးဆိုသည့် တရုတ်မူဝါဒကို ဦးတည်လာစေသည်။
အာဆီယံမူနှင့် တရုတ်မူ ကွဲလွဲချက်
မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး အာဆီယံ မူဝါဒနှင့် တရုတ်မူဝါဒများကြားတွင် ကွဲလွဲမှုများရှိသည်။ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒတွင် နိုင်ငံတွင်း သက်ဆိုင်ရာအဖွဲ့အစည်းများ အပါအဝင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးမှုများအား အားပေးခြင်း၊ အကြမ်းဖက်မှုကို ရပ်တန့်စေခြင်းနှင့် နိုင်ငံရေး ဖြေရှင်းမှု ရှာဖွေရန် အခွင့်အလမ်းများ ဖန်တီးခြင်းတို့ ပါဝင်သည်။ အာဆီယံသည် နိုင်ငံတွင်း အကြောင်းအခြေအနေများကို အဖြေရှာရန် ကူညီနိုင်ရေး အာရုံစိုက်ပြီး မြန်မာပြည်သူများအတွက် နေရာပေးချင်သော မူဝါဒဖြစ်သည်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာ ပဋိပက္ခများကို မျက်ကွယ်ပြုပြီး တိုင်းပြည်တည်ငြိမ်မှုရှိရေးအပေါ် အထူးအာရုံစိုက်သည်။ အကြမ်းဖက်မှုနှင့် တိုက်ပွဲများကို ရှောင်ရှားခြင်းဖြင့် စီးပွားရေးအရ ဆက်သွယ်မှုများနှင့် လုပ်ငန်းများကို ဆက်လက်မြှင့်တင်ရန် ရည်ရွယ်သည်။
တရုတ်နိုင်ငံသည် အာဆီယံ၏ နိုင်ငံရေးဖြေရှင်းနည်းများကို အပေါ်ယံ ထောက်ခံသော်လည်း၊ စစ်ကောင်စီ၏ အကြမ်းဖက်အုပ်ချုပ်မှုအား တရားဝင်မှုရှိသည်ဟု အသိမှတ်ပြုသည့်အပြင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည်ဟု ယူဆသည်ဖြစ်ရာ အာဆီယံမူဝါဒနှင့် ကွာဟမှု ရှိနေသည်။
တရုတ်နိုင်ငံသည် အာဆီယံ၏ နိုင်ငံရေးဖြေရှင်းနည်းများကို အပေါ်ယံ ထောက်ခံသော်လည်း၊ စစ်ကောင်စီ၏ အကြမ်းဖက်အုပ်ချုပ်မှုအား တရားဝင်မှုရှိသည်ဟု အသိမှတ်ပြုသည့်အပြင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရန် လိုအပ်သည်ဟု ယူဆသည်ဖြစ်ရာ အာဆီယံမူဝါဒနှင့် ကွာဟမှု ရှိနေသည်။
မဲခေါင်အစည်းအဝေးနှင့် အာဆီယံမူ
တရုတ်တို့အနေဖြင့် အာဆီယံမူကို ထောက်ခံသည်ဟု ဆိုနေသော်လည်း လက်တွေ့တွင် အလုပ်မဖြစ်၊ အကောင်အထည် မပေါ်နိုင်သေးသည့် အာဆီယံမူ ငါးချက်အား လုံးဝ ဆန့်ကျင်ခြင်း မပြုသော်လည်း ရွေးကောက်ပွဲမှတဆင့် ဆက်လက်၍ အဖြေရှာရေးဆိုသည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒကို အကောင်အထည်ဖော်လာသည်ဟု ဆိုနိုင်သည်။ မဲခေါင်အစည်းအဝေး တက်ရောက်သည့် အာဆီယံ လေးနိုင်ငံခေါင်းဆောင်များအား စတင်မိတ်ဆက်ပြီး အာဆီယံအတွင်း သူ၏ မူဝါဒကို ထောက်ခံလာစေရန် ကြိုးစားခြင်း ဖြစ်၏။
မဲခေါင်အစည်းအဝေးတွင် တရုတ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒဖြစ်သည့် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် ရွေးကောက်ပွဲကို ထောက်ခံခြင်းအား ထပ်မံအတည်ပြုခဲ့၏။ သို့သော် သတင်းထုတ်ပြန်ရာတွင် တရုတ်တို့ သတိထားထုတ်ပြန်သည်ကို တွေ့ရ၏။
တရုတ် ဆင်ဟွာသတင်းဌာနက တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းနှင့် စစ်ခေါင်းဆောင် တွေ့ဆုံသည့်သတင်း ဖော်ပြရာတွင် တရုတ်ဝန်ကြီးချုပ်က မြန်မာ့နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးနှင့် အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများကို ထောက်ခံမည်ဟု ပြောဆိုခဲ့ကြောင်း အလေးပေးဖော်ပြသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က မြန်မာပြဿနာအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ဖော်ပြရာ၌ မြန်မာ ဘက်အသီးသီးတို့အား ချစ်ခင်ရင်းနှီးစွာ တိုင်ပင်ဆွေးနွေးခြင်းဖြင့် နိုင်ငံရေးဆိုင်ရာ သင့်မြတ်ရေးကို အကောင်အထည်ဖော်ဆောင်ရန်၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ ပြန်လည်စတင်ရန်နှင့် မြန်မာပြည် တပေါင်းတစည်းတည်း ရှိရေးဆိုသည်တို့ကို အလေးထား ရှင်းလင်းသွားသည်ကို တွေ့ရ၏။
ဆင်ဟွာသတင်းနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတို့ ပြောဆိုရာတွင် နိုင်ငံတကာ၊ အာဆီယံနှင့် မြန်မာပြည်သူများ လက်ခံနိုင်သည့် မြန်မာ့နိုင်ငံရေး ပြန်လည်သင့်မြတ်ရေးနှင့် အသွင်ကူးပြောင်းရေး ကြိုးပမ်းမှုများ၊ ဘက်အသီးသီးတို့ ဆွေးနွေးခြင်း စသည်တို့ကို ထည့်သွင်း အသုံးပြုထားပြီး အာဆီယံမူ ငါးချက်နှင့် ချိတ်ဆက်ရန် ကြိုးစားသည်ကို တွေ့ရ၏။
သို့သော်လည်း လက်တွေ့တွင် စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးချက်ကို ထောက်ခံခြင်း၊ ရွေးကောက်ပွဲကို ထောက်ခံခြင်းသည် နိုင်ငံရေးအရ အားလုံးပါဝင်ဆွေးနွေး အဖြေရှာရေးဆိုသည့် အာဆီယံမူနှင့် ကွဲလွဲသွားသည့် လမ်းကြောင်းဖြစ်သည်။
တရုတ်မူဝါဒနှင့် စစ်ကောင်စီ
စစ်ရေးအရ ဆက်တိုက် ရှုံးနိမ့်နေပြီး နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေသော စစ်ကောင်စီအတွက် တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်သည် မင်းအောင်လှိုင်အား ထွက်ပေါက်ပေးလိုက်သည်ဖြစ်ရာ စစ်ကောင်စီအဖို့ တရုတ်စည်းချက်အတိုင်း လိုက်ပါရန်မှအပ အခြားမရှိပေ။
စစ်ရေးအရ ဆက်တိုက် ရှုံးနိမ့်နေပြီး နိုင်ငံရေးအရ ထွက်ပေါက်ပိတ်နေသော စစ်ကောင်စီအတွက် တရုတ်၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒသစ်သည် မင်းအောင်လှိုင်အား ထွက်ပေါက်ပေးလိုက်သည်ဖြစ်ရာ စစ်ကောင်စီအဖို့ တရုတ်စည်းချက်အတိုင်း လိုက်ပါရန်မှအပ အခြားမရှိပေ။
ကူမင်းခရီးစဉ်အတွင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် မြောက်ပိုင်းအဖွဲ့များအား လက်နက်ကိုင်အကြမ်းဖက်များအဖြစ် ပုံဖော်ပြီး စစ်ပွဲ၏ တရားခံများအဖြစ် စွပ်စွဲခဲ့၏။ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က ငြိမ်းချမ်းရေး လိုလားသည့်သဘောထား အရင်ပြမှ ဆွေးနွေးမည်ဟုလည်း ဆိုခဲ့သည်ကို တွေ့ရ၏။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ သဘောထားကို ကြည့်ပါက အပစ်ရပ်ရေးနှင့် ငြိမ်းချမ်းရေးဆိုသည်ကို ရှေ့တန်းတင်ခြင်း မရှိပေ။ စစ်ကောင်စီအနေဖြင့် လက်လွှတ်ခဲ့ရသောဒေသများအား စစ်ရေးအရလည်း ပြန်လည် သိမ်းပိုက်နိုင်စွမ်း မရှိရာ ပြည်ပအကူအညီ လိုအပ်နေ၏။
တရုတ်တို့အနေဖြင့် နယ်စပ်ကုန်သွယ်ရေးနှင့် တရုတ်-မြန်မာစင်္ကြံလမ်းကို အကောင်အထည်ဖော်လိုပါက နယ်စပ်ရှိ တိုင်းရင်းသားတပ်ဖွဲ့များအား နှိမ်နင်းရန်လိုသည်ဟုဆိုနေပြီး ထိုအတွက် တရုတ်တို့ မြန်မာစစ်တပ်နှင့် ပူးပေါင်းလာရန် ကြိုးစားနေခြင်းသာဖြစ်၏။
ဤအချက်ကို တရုတ်တို့ ကူညီပါက မြန်မာစစ်ကောင်စီဘက်က နယ်စပ်ကုန်သွယ်ရေး၊ တရုတ်-မြန်မာစင်္ကြံလမ်းတို့နှင့်ပတ်သက်ပြီး တရုတ်တို့ တောင်းဆိုသမျှ လိုက်လျောမည်သာဖြစ်၏။ ယခုပင်လျှင် တရုတ်-မြန်မာ ရထားလမ်းကို ဖြစ်နိုင်သည့်နေရာတွင် စတင်အကောင်အထည်ဖော် မည်ဆိုကာ တရုတ်တို့အား မက်လုံးပေးနေသည်ကို တွေ့ရ၏။
လက်တွေ့တွင် တရုတ်-မြန်မာ ရထားဖြတ်သန်းမည့် ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်တို့တွင် စစ်ကောင်စီသည် လုံခြုံရေးအရ ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ သို့ဖြစ်ရာ ထိန်းချုပ်နိုင်ရန် ကူညီပါက တရုတ်တို့လိုလားချက်ကို မဆိုင်းမတွ အကောင်အထည်ဖော်ပေးမည်ဟု ဆိုနေခြင်းဖြစ်၏။
အတွင်းသဘောအရ တရုတ်အနေဖြင့် စစ်ကောင်စီ အာဏာတည်မြဲရေးကို ကူညီပါက တရုတ်တို့ မြန်မာပြည်တွင် လုပ်ချင်သမျှ သဘောတူမည်ဟု မီးစိမ်းပြလိုက်ခြင်းလည်း ဖြစ်၏။
အတွင်းသဘောအရ တရုတ်အနေဖြင့် စစ်ကောင်စီ အာဏာတည်မြဲရေးကို ကူညီပါက တရုတ်တို့ မြန်မာပြည်တွင် လုပ်ချင်သမျှ သဘောတူမည်ဟု မီးစိမ်းပြလိုက်ခြင်းလည်း ဖြစ်၏။
တရုတ်မူဝါဒနှင့် မြန်မာပြည်လက်တွေ့
တရုတ်နှင့် စစ်ကောင်စီတို့ စဉ်းစားသည်မှာ တရုတ်နယ်စပ်ရှိ အဖွဲ့များအား ဖိအားပေး အပစ်ရပ်ခိုင်းပြီးပါက ပြည်တွင်းရှိ PDF များသည်လည်း အားပျော့သွားပြီး စစ်တပ်က အခြေအနေကို ပြန်လည်ထိန်းချုပ်နိုင်မည်၊ တရုတ်-မြန်မာစင်္ကြံလမ်းနှင့် နယ်စပ်ကုန်သွယ်ရေးကို အမြန်ပြန်လည် စတင်နိုင်မည်ဟု တွက်ချက်ပုံရသည်။ သို့သော် လက်တွေ့ပြဿနာသုံးရပ်အား ကျော်လွှားနိုင်ရန် ခက်ခဲမည်။
ပထမပြဿနာမှာ တရုတ်တို့ အသက်ဆက်ပေးရန် ကြိုးစားနေသည့် မြန်မာစစ်တပ်သည်လည်း ယခင်ကကဲ့သို့ မဟုတ်တော့ပေ။ ဗိုလ်နေဝင်းခေတ်က စီးပွားရေးလမ်းစဉ်မှား၍ တိုင်းပြည်မွဲပြာကျခဲ့သော်လည်း စစ်တပ်ကို စည်းကမ်းနှင့် တည်ဆောက်နိုင်ခဲ့၏။ တိုက်ရည်ခိုက်ရည်ရှိခဲ့၏။
သို့သော် ဗိုလ်သန်းရွှေ တာဝန်ယူချိန်မှစ၍ စစ်တပ်သည် ကိုယ်ကျိုးရှာ၊ အကျင့်ပျက်ခြစားနေသည့် အဖွဲ့အစည်းဖြစ်လာခဲ့ပြီး တိုက်စိတ်ခိုက်စိတ်ရော၊ တိုက်ရည်ရည်ခိုက်ရည်ပါ စတင်ကျဆင်းခဲ့၏။
အချိန်ကြာမြင့်စွာ အကျင့်ပျက် ခြစားပြီး နေခဲ့သည့်အပြင် လက်ရှိစစ်မြေပြင်၌ စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသော စစ်တပ်သည် သူ့အား တော်လှန်ပုန်ကန်နေသူများကို နှိမ်နင်းရန် အစွမ်းမရှိတော့ပေ။ ထိုသို့သော စစ်တပ်ကို တရုတ်တို့ ကယ်ရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။
လက်တွေ့တွင် မိုင်ထောင်ချီသည့် တရုတ်နယ်စပ်တလျှောက်တွင် စစ်တပ်သည် မူဆယ်နှင့် ကန်ပိုက်တီ (ကံပိုင်တည်) မြို့နှစ်မြို့သာ ထိန်းချုပ်နိုင်ပြီး ထိုနှစ်မြို့သည်ပင် တရုတ်တို့ ကာကွယ်ပေးထား၍ ရပ်တည်နေနိုင်ခြင်းဖြစ်၏။ လက်လွှတ်ဆုံးရှုံးရသည့် ကချင်နှင့် ရှမ်းတလျှောက် နယ်စပ်ဒေသများသာမက ကျန်တပြည်လုံးရှိ ဆုံးရှုံးထားသည့်ဒေသများအား စစ်တပ်က အချိန်တိုအတွင်း ပြန်လည်ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်တော့ပေ။
ဒုတိယပြဿနာဖြစ်သည့် မြန်မာပြည်၏ တိုင်းရင်းသားလက်နက်ကိုင်ပြဿနာမှာ တရုတ်နယ်စပ်ရှိ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ပြဿနာသက်သက် မဟုတ်ပေ။ တပြည်လုံးပြဿနာ ဖြစ်၏။ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးတိုင်းနှင့် ဖြစ်ပွားနေသော ပြဿနာဖြစ်၏။ မြန်မာပြည်ရှိ တိုင်းရင်းသားလူမျိုးတိုင်း လက်နက်ကိုင်တိုက်နေကြသည့် ပြဿနာဖြစ်၏။
ပြဿနာကို အပစ်ရပ်ရုံနှင့် မဖြေရှင်းနိုင်ကြောင်း ပြီးခဲ့သောနှစ်များက သက်သေပြခဲ့ပြီဖြစ်၏။ ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တိုင်းရင်းသားလူမျိုးပြဿနာကို မဖြေရှင်းနိုင်ပေ။
ထိုပြဿနာကို အပစ်ရပ်ရုံနှင့် မဖြေရှင်းနိုင်ကြောင်း ပြီးခဲ့သောနှစ်များက သက်သေပြခဲ့ပြီဖြစ်၏။ ထို့ပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် တိုင်းရင်းသားလူမျိုးပြဿနာကို မဖြေရှင်းနိုင်ပေ။
တရုတ်တို့က ၁၉၈၉၊ ၁၉၉၀ ခန့်ကကဲ့သို့ စစ်တပ်နှင့် မြောက်ပိုင်းအဖွဲ့များ ထိုက်သင့်သည့် အခွင့်အရေးအချို့ယူပြီး အပစ်ရပ်စေလိုသည်။ သို့သော် စစ်တပ်သည် အင်အားရှိလာလျှင် ၂၀၀၉ ခုနှစ်တုန်းကကဲ့သို့ တိုင်းရင်းသားအဖွဲ့များအား နှိပ်ကွပ်မည်သာဖြစ်၍ မြောက်ပိုင်းအဖွဲ့များက စစ်တပ်ကို လုံးဝ အယုံအကြည် မရှိကြပေ။
ယခုကဲ့သို့ ပြည်မ၌ နွေဦးတော်လှန်ရေး အင်အားစုများ အားကောင်းမောင်းသန်ရှိနေစဉ် စစ်တပ်ကို အလဲထိုးရန် အခွင့်အခါကောင်းဟု မှတ်ယူထားကြ၏။ သို့မဟုတ်ပါက နောင်တွင် ကိုယ့်ကို ပြန်လည်ဒုက္ခပေးမည့် မြွေပွေးအား ခါးပိုက် ပိုက်ထားသကဲ့သို့ ဖြစ်မည်ဟု ယူဆကြ၏။ သို့ဖြစ်ရာ မြောက်ပိုင်းအဖွဲ့များသည် တရုတ်၏ သဘောထားကို လက်မခံနိုင်ကြပေ။ တရုတ်တို့၏အမြင်နှင့် လုံးဝကွဲလွဲနေ၏။
တတိယအချက်အနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအား တရုတ်တို့ ထောက်ခံခြင်းမှာလည်း အငြင်းပွားဖွယ် ဖြစ်၏။ အဓိက အတိုက်အခံ ခေါင်းဆောင်များအပါအဝင် စစ်ကောင်စီအား ဆန့်ကျင်သူ ၂ သောင်းကျော် ဖမ်းဆီးခံရသည့်အပြင် အဓိက အတိုက်အခံပါတီများ မပါဝင်ခြင်း၊ အချို့ပါတီများအား မှတ်ပုံတင်ခွင့် မပြုခြင်း၊ တပြည်လုံးအနှံ့တွင် ရွေးကောက်ပွဲကျင်းပနိုင်မှု မရှိခြင်း၊ စစ်တပ်အုပ်ချုပ်နေသည့် ဒေသအားလုံးတွင် လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့် မရှိခြင်း စသည့် အခြေအနေများအောက်တွင် ရွေးကောက်ပွဲ၏ တရားမျှတမှုနှင့် တရားဝင်မှုသည် လက်ခံနိုင်ဖွယ်ရှိလိမ့်မည် မဟုတ်ပေ။
ထို့ပြင် တရုတ်တို့က စစ်ကောင်စီ၏ ရွေးကောက်ပွဲအား အသိအမှတ်ပြုခြင်းသည် နေအိမ်ပေါင်း ၁ သိန်းကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး လူပေါင်းထောင်ချီ၍ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်ရာဇဝတ်မှုများကို မျက်ကွယ်ပြုရာရောက်သကဲ့သို့ စစ်ကောင်စီအား စစ်ရာဇဝတ်မှုများ လက်ရဲဇက်ရဲ ဆက်လက် ကျူးလွန်နိုင်ရန် ကာကွယ်ပေးသကဲ့သို့ ဖြစ်မည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်မူဝါဒသည် မြန်မာပြဿနာကို တကယ်တမ်း ဖြေရှင်းနိုင်ခြင်းမရှိသည့် တရုတ်ဆေးမြီးတိုတလက်ဟု ဆိုရပါမည်။
တရုတ်ဆေးမြီးတိုနှင့် မြန်မာစစ်ကောင်စီ
နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ဘက်စုံ အကျပ်အတည်းတွေ့နေသည့် စစ်ကောင်စီအတွက်မူ တရုတ်ဆေးမြီးတိုအား အသက်ကယ်ဆေးသဖွယ် မှတ်ယူမည်ဖြစ်၏။ ဘက်ပေါင်းစုံ အကျပ်အတည်းဆိုက်နေသည့် ကာလတွင် တရုတ်နှင့် ဒေသတွင်းနိုင်ငံများပါသည့် ထိပ်သီးဆွေးနွေးပွဲတခုကို တက်ရောက်ခွင့်ရသည်ဖြစ်ရာ စစ်ကောင်စီအတွက် သံတမန်ရေးအောင်ပွဲတခုအဖြစ် သတ်မှတ်အောင်ပွဲခံမည် ဖြစ်၏။
စစ်ခေါင်းဆောင်၏ ပြည်တော်ပြန်ခရီးတွင် နဂါးအကဖြင့် အောင်ပွဲခံနေသည်မှာ အံ့ဩဖွယ်ရာ မရှိပေ။ သို့သော်လည်း စစ်ကောင်စီသည် တရုတ်ဆေးမြီးတိုဖြင့် အသက်ဆက်နေရသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။
ထိုကြောင့်လည်း စစ်ခေါင်းဆောင်၏ ပြည်တော်ပြန်ခရီးတွင် နဂါးအကဖြင့် အောင်ပွဲခံနေသည်မှာ အံ့ဩဖွယ်ရာ မရှိပေ။ သို့သော်လည်း စစ်ကောင်စီသည် တရုတ်ဆေးမြီးတိုဖြင့် အသက်ဆက်နေရသည်ကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။
တရုတ်၏ အကူအညီကြောင့် မြန်မာစစ်ကောင်စီ တစုံတရာ ပိုမို အားကောင်းလာနိုင်သော်လည်း အကန့်အသတ်များ ရှိပါသည်။ တရုတ်က နယ်စပ်ကုန်သွယ်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝသယံဇာတများနှင့် မဟာဗျူဟာဒေသအတွက် စိတ်ဝင်စားမှုရှိသည်။
ထို့ကြောင့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး စီးပွားရေးနှင့် စစ်ဘက်အကူအညီများ ထောက်ပံ့ပေးနိုင်သော်လည်း မြန်မာနိုင်ငံအတွင်း လုံခြုံရေး မတည်ငြိမ်မှု ပိုမိုဆိုးရွားလာပါက တရုတ်၏အကျိုးစီးပွားလည်း ထိခိုက်နိုင်သည်ကို ထည့်သွင်းတွက်ချက်မည်ဖြစ်ရာ စစ်ကောင်စီသည် တရုတ်၏ကျားကန်မှုကို အကြွင်းမဲ့ မျှော်လင့်၍မရပေ။။ ထို့ပြင် တရုတ်သာမက အမေရိကန်၊ အိန္ဒိယ စသည့် နိုင်ငံကြီးများ၏ သက်ရောက်မှုကြောင့်၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အခင်းအကျင်းသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါသည်။
တကယ်တမ်းအားဖြင့် တရုတ်-မြန်မာစင်္ကြံလမ်းနှင့် နယ်စပ်ကုန်သွယ် ရေးပြဿနာသည် နှစ်နိုင်ငံ ရေရှည် စဉ်းစားလုပ်ဆောင်ရမည့်ကိစ္စ ဖြစ်၏။ ရေရှည်စီမံကိန်းများ ဖြစ်၏။ မြန်မာပြည် ရေရှည်တည်ငြိမ်မှသာ ထိုလုပ်ငန်းများ အောင်မြင်မှုရမည် ဖြစ်၏။ ရောဂါကျွမ်းနေသည့် မြန်မာပြဿနာကို ဆေးမြီးတိုနှင့် ကုသ၍ မရနိုင်ပေ။ ထိုဆေးမြီးတိုသည် တရုတ်တို့၏ ရေရှည်အကျိုးစီးပွားအတွက်လည်း အကျိုးရှိလိမ့်မည် မဟုတ်ပေ။
(ဗညားအောင်သည် နိုင်ငံရေးနှင့် တိုင်းရင်းသားရေးရာများဆိုင်ရာ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်
မင်းအောင်လှိုင် တရုတ်သွားတောလား (သို့မဟုတ်) အပယ်ခံမှ လတ်တလော တရားဝင်မှုဆီသို့
တရုတ်နယ်စပ်ဂိတ်များ ပြန်ဖွင့်ဖို့ မျှော်လင့်ချက်မရှိသေး
တော်လှန်ရေးအပေါ် တရုတ်ဖိအားပေးမှု အကျိုးမရှိဟု NUG ပြော
တရုတ်တို့ ရင်းနှီးမြုပ်နှံရန် စစ်ခေါင်းဆောင် ဖိတ်ခေါ်
အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်
မြန်မာတွင် အားပြိုင်နေသော တရုတ်၏ အကျိုးစီးပွား