• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်

by နွေနေ
9 November 2024
in သူ့အတွေး သူ့အမြင်
A A
တရုတ် ကျားကန်မှုဖြင့် စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပမည်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က "ရွေးကောက်ပွဲလမ်းကြောင်း" ကို တွင်တွင်ပြောနေပြီး တရုတ်ကလည်း ထောက်ခံသည်

2.4k
VIEWS
Share on FacebookShare on Twitter

ဘာလိုလိုနဲ့ နိုဝင်ဘာရက်များထဲ ရောက်လို့လာခဲ့ပြီ။ နှစ်တနှစ်၏ သက်တမ်းသည် မကြာခင် ကုန်ဆုံးပါတော့မည်။ ၂၀၂၄ ခုနှစ်။ အချိန်တွေ ကုန်လွန်လာခဲ့တာ ခရီးတာ အတော်ရှည်ခဲ့ပြီလို့ ဆိုရမည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ကံဆိုးမိုးမှောင်ကျခဲ့သည်။

တိုင်းပြည်သည် နက်ရှိုင်းသော အသူရာချောက်ကြီးထဲ ကျရောက်သွားသည်။ လူ့အသက်တွေ၊ ဘဝတွေ အရှင်လတ်လတ် မြေမြှုပ်ခံလိုက်ရသည်။ တည်ငြိမ်နေသော နိုင်ငံတခုသည် ရုတ်ချည်း အဝိဇ္ဇာအမှောင်ဖုံးနေသော လူတစု၏ ရက်စက်သော နင်းခြေမှုကို ခံလိုက်ရသည်။ မြို့ပျက်၊ ရွာပျက်၊ ပြည်ပျက်။

“အခက်အခဲ ကြုံနေရတာ မန်ချက်စတာ ယူနိုက်တက် မဟုတ်ပါဘူး။ မြန်မာပြည်ပါ” (It is difficult time for Myanmar. Not Manchester United.)။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
89
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
78
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
5.2k

ဒီစကားက မြန်မာပြည်ကြီး တကယ်အခက်အခဲ မကြုံခင် ၂၀၁၈ မှာ မန်ယူနည်းပြ မော်ရင်ဟို ပြောခဲ့တာပါ။ ရှုံးပွဲတွေနဲ့ ဆက်တိုက်ကြုံနေရတဲ့ မန်ယူဟာ အခက်အခဲဆုံးအချိန် ကျရောက်နေပြီလားလို့ သတင်းထောက်က မေးလိုက်ချိန်မှာ မန်ယူနည်းပြကြီး မော်ရင်ဟိုက ပြန်ပြောလိုက်တဲ့စကားပါ။

“အခက်အခဲကြုံနေတာ မန်ယူ မဟုတ်ပါဘူး။ မြန်မာပြည်ပါ။ ကျနော် သတင်းထဲ ဖတ်ကြည့်တဲ့အခါ မြန်မာပြည်က အခြေအနေ တော်တော်ဆိုးနေတယ်။ တပွဲ နှစ်ပွဲ ရှုံးရုံနဲ့ မန်ယူက အခက်ခဲဆုံးအချိန် မရောက်သေးပါဘူး။ တကယ်ရောက်နေတာက မြန်မာပြည်ပါ”။

“အခက်အခဲကြုံနေတာ မန်ယူ မဟုတ်ပါဘူး။ မြန်မာပြည်ပါ။ ကျနော် သတင်းထဲ ဖတ်ကြည့်တဲ့အခါ မြန်မာပြည်က အခြေအနေ တော်တော်ဆိုးနေတယ်။ တပွဲ နှစ်ပွဲ ရှုံးရုံနဲ့ မန်ယူက အခက်ခဲဆုံးအချိန် မရောက်သေးပါဘူး။ တကယ်ရောက်နေတာက မြန်မာပြည်ပါ”။

မော်ရင်ဟိုက အပြောကောင်းလို့ သူ့အကျပ်အတည်းကို မြန်မာပြည်နဲ့ ခိုင်းနှိုင်းလိုက်တာ ဆိုပေမယ့် တကယ့် အခြေအနေမှာတော့ မြန်မာပြည်ဟာ ကျဉ်းထဲကျပ်ထဲမှာပါ။ အခုတော့ အခြေအနေက ပိုပိုလို့ ဆိုးခဲ့ရပြီ။ စစ်အာဏာရှင် လေးနှစ်နီးပါး သက်တမ်းအတွင်း တိုင်းပြည်က ရစရာမရှိအောင် ပျက်စီးသွားခဲ့ပြီ။ ကျရှုံးတိုင်းပြည် (failed state) ဆိုတာထက်ကို ပိုခဲ့ပြီ။

ထူးခြားမှုတခုက မြန်မာအဖြစ်အပျက်သည် ဆင်းရဲတွင်းနက်သော အာဖရိကဒေသမှာ ဖြစ်နေတာ မဟုတ်။ ပြဿနာများသော အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်နေတာ မဟုတ်။ အိမ်နီးချင်းနိုင်ငံအားလုံးက အေးအေးလူလူ စီးပွားရှာ အလုပ်လုပ်၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နေကြသော အရှေ့တောင်အာရှမှာ။ အိမ်နီးချင်းမှာ စစ်ဖြစ်နေသော နိုင်ငံမရှိ။ ဒီတနိုင်ငံတည်း အာဏာရှင် လူတသိုက်၏ အတ္တကြောင့် သေနတ်ယမ်းမီးခိုးတွေ ဝေနေခဲ့သည်။ အချင်းချင်း သတ်ကြ၊ ဖြတ်ကြ၊ ဗုံးကြဲကြ၊ ရွာမီးရှို့ကြ။ စစ်ရှောင်ဒုက္ခသည်အားလုံး ဒီနိုင်ငံကပဲ ထွက်သည်။ အိမ်နီးချင်းနိုင်ငံတွေမှာ မရှိ။

စစ်ပွဲက လေးနှစ်နီးပါး ကြာညောင်းလာခဲ့ပြီ။ ပြီးဆုံးမည့် အရိပ်အယောင် မတွေ့ရသေး။ သူသေကိုယ်သေ တိုက်ရင်း တိုင်းပြည်က ဖွတ်ဖွတ်ညက်ညက်ကြေခဲ့ပြီ။

လူထုအပေါ် နှစ်ပေါင်း ၆၀ ကျော် အကြောက်တရားဖြင့် ဖိနှိပ်အုပ်ချုပ်လာသော စစ်အာဏာရှင်သည် အာဏာသိမ်းအတွေ့အကြုံ ရင့်ကျက်နေခဲ့ပြီ။ မိမိကို ဆန့်ကျင်သော တော်လှန်ရေးအုပ်စုတွေကို မည်သို့ သွေးခွဲမည်၊ မည်သို့ သပ်လျှိုမည်ကို ကောင်းစွာကျွမ်းကျင်သည်။

တော်လှန်ရေးတခု အချိန်ကြာလာသည်နှင့်အမျှ (လူအများဖြင့် ဖွဲ့စည်းထားသော) တော်လှန်ရေးအုပ်စုတွေကြား သဘောထားအမြင် ကွဲပြားတာ၊ ပြဿနာ အဖုအထစ်၊ အက်ကြောင်းကလေးတွေ ဖြစ်ပေါ်လာတတ်တာ သဘာဝပဲ ဖြစ်သည်။

ထိုသဘာဝကို မကြာခဏ အာဏာသိမ်းသော စစ်အုပ်စုသည် နောကြေနေအောင် သိသည်။ ထို့ကြောင့် စစ်အုပ်စုအဆက်ဆက် အချိန်ဆွဲနည်းလမ်း (Delay tactic) ကို အသုံးပြုကြသည်။ အာဏာကို တဆုံးအထိ ဆုပ်ကိုင်ထားခြင်းဖြင့် ရန်သူပြိုလဲချိန်ကို စောင့်လေ့ရှိသည်။

အချိန်ဆွဲကစားနည်းက ဘောလုံးပွဲတွေမှာသာ မဟုတ်။ စစ်အာဏာရှင်တွေ ကျင့်သုံးတတ်သော ကစားနည်းဖြစ်သည်။ အချိန်ဆွဲခြင်း နည်းလမ်းအမျိုးမျိုးဖြင့် ပြိုင်ဘက်စိတ်ဓာတ်ကျဆင်းအောင်၊ ဆက်တိုက် ထိုးစစ်မဆင်နိုင်အောင် လုပ်တတ်ကြသည်။

အချိန်ဆွဲကစားနည်းက ဘောလုံးပွဲတွေမှာသာ မဟုတ်။ စစ်အာဏာရှင်တွေ ကျင့်သုံးတတ်သော ကစားနည်းဖြစ်သည်။ အချိန်ဆွဲခြင်း နည်းလမ်းအမျိုးမျိုးဖြင့် ပြိုင်ဘက်စိတ်ဓာတ်ကျဆင်းအောင်၊ ဆက်တိုက် ထိုးစစ်မဆင်နိုင်အောင် လုပ်တတ်ကြသည်။

တဖက်က အရှိန်မြှင့် တိုက်စစ်ဆင်ဖို့ ကြိုးပမ်းနေချိန်မှာ အသားလွတ် ဘောလုံးကို ဘေးကန်ထုတ်လိုက်တာမျိုး၊ ဒဏ်ရာမရဘဲ နာကျင်ဟန်ဆောင်တာမျိုး။ စစ်အုပ်စုသည် ဤသို့အားဖြင့် ပွဲပြီးဖို့ မျှော်မှန်းထားသည်။ အာဏာကို မလွတ်စတမ်း ဆုပ်ကိုင်ပြီး တော်လှန်ရေးကာလကို ဆွဲဆန့်နိုင်သမျှဆွဲဆန့်ဖို့ ကြိုးစားရင်း တော်လှန်ရေးအဖွဲ့တွေ လူစုကွဲ ခြေကုန်လက်ပန်းကျချိန်ကို စောင့်ဆိုင်းသည်။

လေးနှစ်ဆိုသော တော်လှန်ရေးကာလအတွင်း ယခင့်ယခင်က မရရှိခဲ့ဖူးသော အောင်ပွဲတွေ ရရှိခဲ့၊ စစ်အုပ်စုကို အထိနာ ကျိုးပဲ့အောင် လုပ်ဆောင်နိုင်ခဲ့သည်ကား ငြင်းမရ။ ယခုအချိန်အခါသည်ကား မြန်မာပြည်၏ အခက်ခဲဆုံး အချိန်ကာလ။

အားကောင်းမောင်းသန်ဖြစ်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး တော်လှန်ရေးအရှိန်အဟုန်သည် တနှစ်အကြာတွင် တန့်သွားသည်။ စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မြို့ရွာများကို အလုံးအရင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုအား တရုတ်က သူနှင့်ထိစပ်နေသည့် နယ်စပ်တလျှောက် ကုန်သွယ်ရေးစခန်း အားလုံးကို ပိတ်ဆို့ခြင်းဖြင့် ထပ်လောင်း ဖိအားပေးသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ရောက်ရှိရာနေရာမှ နောက်ဆုတ်ခိုင်းသည်။ ကျဉ်းထဲကျပ်ထဲရောက်အောင် ဖန်တီးသည်။ စစ်ကောင်စီဘက်က ထောက်ခံအားပေးသည်။ အာဏာသိမ်းခေါင်းဆောင်ကို နိုင်ငံထဲ တရားဝင်ဖိတ်ခေါ်သည်။

တော်လှန်ရေး အရှိန်အဟုန်ကတော့ ကျမသွားသေး။ ကချင်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပန်ဝါအထူးဒေသကို ထိန်းချုပ်လိုက်သည်။ စစ်ကောင်စီ နယ်ခြားစောင့်တပ်ကို ရှင်းထုတ်နိုင်ခဲ့သည်။

ရခိုင်ပြည်နယ်တိုက်ပွဲက အမ်း၊ တောင်ကုတ်၊ ဂွကို ရောက်လာသည်။ ရခိုင်မှာ အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တွေ စစ်ရှိန်မြှင့်နေဆဲ။ တိုက်ပွဲကြီးတွေ ဖော်ဆောင်နေဆဲ။ စစ်ကောင်စီသည် ဂွကို ဗုံးကြဲသည်။ မောင်တောကို ဗုံးကြဲသည်။ ခံစစ်အနေအထားဖြင့် AA ကို ရင်ဆိုင်နေရသည်။ ဗုံးကြဲတိုက်ခိုက်ခြင်းမှအပ အရာမထင်။

စစ်ကောင်စီသည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ် နောင်ချို၊ ကွတ်ခိုင်၊ နမ့်ဆန်၊ သီပေါကို ဗုံးကြဲသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ထိန်းချုပ် လားရှိုးကို ဗုံးကြဲသည်။ ဗုံးကြဲတိုက်ခိုက်ခြင်းမှအပ ယခုချိန်ထိ မြေပြင်ထိုးစစ်သည် ထိရောက်မှု မရှိ။ မြို့တမြို့ကိုမှ ပြန်လည် မသိမ်းယူနိုင်။

အာဏာသိမ်းစစ်ကောင်စီသည် တရုတ်၏ ဖိအားကို ငံ့လင့်သည်။ တရုတ်၏ ပိတ်ဆို့မှုမှတဆင့် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအဖွဲ့တွေကို လက်မြှောက် အရှုံးပေးလာရန် မျှော်လင့်သည်။

အာဏာသိမ်းစစ်ကောင်စီသည် တရုတ်၏ ဖိအားကို ငံ့လင့်သည်။ တရုတ်၏ ပိတ်ဆို့မှုမှတဆင့် တိုင်းရင်းသားလက်နက်ကိုင်တွေ၊ တော်လှန်ရေးအဖွဲ့တွေကို လက်မြှောက် အရှုံးပေးလာရန် မျှော်လင့်သည်။

စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်သည် စစ်ကောင်စီကို အသက်ဆက်ဖို့ ဖြစ်သည်။ အားရစရာကောင်းသည်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ၏ ခိုင်မာသော သံန္နိဋ္ဌာန် ဖြစ်သည်။

AA ခေါင်းဆောင်ပိုင်းက နိုင်ငံရေးဆုံးဖြတ်ချက် ပြတ်သားသလို KIA ကလည်း ပြတ်သားသည်။ မကြာမီက KIA ခေါင်းဆောင် ဗိုလ်ချုပ် ဂွန်မော်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်ချုပ် ဂွန်မော်က တရုတ်၏ ဖိအားရှိသော်လည်း KIA အန္တိမရည်မှန်းချက်မှာ “အာဏာရှင်စနစ် အမြစ်ပြတ်ရေး” သာ ဖြစ်သည်ဟု ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ရည်မှန်းချက် ရှင်းလင်းပြတ်သားသည်။

လက်ရှိအခြေအနေအရ စစ်က တာရှည်နေမည့်သဘောမှာ ရှိသည်။ စစ်ကောင်စီသည် တခုတည်းသော နည်းလမ်းဖြစ်သည့် အရပ်သားပစ်မှတ် လူနေအိမ်ခြေတွေကို ဗုံးကြဲတိုက်ခိုက်ရုံကလွဲလို့ ထိရောက်သော မြေပြင်တိုက်ပွဲ ဆင်နွှဲနိုင်စွမ်း မရှိသလို ရခိုင်ပြည်နယ်၊ ရှမ်းမြောက်၊ စစ်ကိုင်း၊ ချင်း၊ ကယား အစရှိသည့် လက်လွှတ်ဆုံးရှုံးနယ်မြေတွေကိုလည်း ပြန်လည်ရယူနိုင်စွမ်း မရှိတော့ပါ။ တိုင်းရင်းသား လက်နက်ကိုင်တွေကလည်း ထိုနယ်မြေတွေကို အလွယ်တကူ လက်လွှတ်မည့် အခြေအနေမရှိ။

မည်သို့ပင်ဖြစ်စေ၊ စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပမည်။ ရွေးကောက်ပွဲကျင်းပမည် ဆိုသောကိစ္စကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တရုတ်တွင် အရေးတယူ ချပြသည်။

မည်ကာမတ္တ၊ ဟန်ပြ စစ်ကောင်စီအလိုကျ ရွေးကောက်ပွဲကို တရုတ်က မသိချင်ယောင်ဆောင် ထောက်ခံမည်။ စစ်ကောင်စီနှင့် လက်တွဲလုပ်လို့ရသမျှ လုပ်မည်။

အာဏာသိမ်း လေးနှစ်တာကာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယခု ပထမဦးဆုံးအကြိမ် တရုတ်နိုင်ငံကို တရားဝင် သွားရောက်ခွင့်ရခဲ့သည်။ ၈ ကြိမ်မြောက် မဲခေါင်ဒေသခွဲနိုင်ငံများ အစည်းအဝေးက အထီးကျန်နေသော မင်းအောင်လှိုင်ကို လူပုံအလယ် ဖိတ်ခေါ်လိုက်သည်။

မဲခေါင်ဒေသခွဲနိုင်ငံတွေဆိုသည်က တရုတ်ဩဇာမကင်းသော၊ တရုတ်ဩဇာခံတွေလို့ ပြော၍ရသော နိုင်ငံတွေဖြစ်သည်။ တရုတ်က အိမ်ရှင်လုပ်သော ဒီပွဲမှာ တရုတ်က ဆရာကြီးနေရာက နေပြီး လက်ချာပေးမည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ နိုင်ငံတကာခေါင်းဆောင်များအလယ် “ရွေးကောက်ပွဲ” အကြောင်း တွင်တွင်ပြောရင်း ချွေးသိပ်ရသည်။

မဲခေါင်ဒေသခွဲနိုင်ငံတွေဆိုသည်က တရုတ်ဩဇာမကင်းသော၊ တရုတ်ဩဇာခံတွေလို့ ပြော၍ရသော နိုင်ငံတွေဖြစ်သည်။ တရုတ်က အိမ်ရှင်လုပ်သော ဒီပွဲမှာ တရုတ်က ဆရာကြီးနေရာက နေပြီး လက်ချာပေးမည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အဖို့ နိုင်ငံတကာခေါင်းဆောင်များအလယ် “ရွေးကောက်ပွဲ” အကြောင်း တွင်တွင်ပြောရင်း ချွေးသိပ်ရသည်။

မင်းအောင်လှိုင်၏ ယခု တရုတ်ခရီးစဉ်က ထူးခြားမှုတွေ ရှိနေသည်။ ခရီးစဉ်မတိုင်မီ ထောက်လှမ်းရေးဟောင်းများအဖွဲ့ think tank ကို စေလွှတ်သည်။ စီးပွားရေးလုပ်ငန်းရှင်တွေကို စေလွှတ်သည်။ လက်ရှိအခင်းအကျင်းအရတော့ တရုတ်-မြန်မာ ဆက်ဆံပူးပေါင်းရေးက တရုတ်နယ်စပ်မှ ရှမ်းမြောက်တကြော၊ ရခိုင်အထိ လမ်းပိတ်နေသည်။ လမ်းပျောက်နေသည်။ ထိုနယ်မြေအားလုံးကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက ထိန်းချုပ်ထားသည်။

ထိုလမ်းကို ရှင်းမှ စစ်အုပ်စု လိုလားနေသော၊ တရုတ်ကလည်း အလိုရှိနေသော တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး အဆင်ပြေမည်။ စစ်ကောင်စီအတွက် အသက်ရှူပေါက်ရမည်ဖြစ်သလို တရုတ်အတွက်လည်း နယ်စပ်ကုန်သွယ်ရေးမှသည် အကောင်အထည်ဖော်နေဆဲ ရပ်ဝန်းနှင့်လမ်းမ စီမံကိန်း (BRI) ဆက်စပ် ရင်းနှီးမြှုပ်နှံမှုတွေအထိ ဆောင်ရွက်နိုင်မည်။

တရုတ်သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိန်းချုပ်မှုအောက်ရောက် ရှမ်းပြည်မြောက်ပိုင်းဒေသ ပြန်လည်ရရှိရေး စစ်ကောင်စီနှင့်အတူ ယခုပွဲတွင် အဖြေရှာဖို့ ကြိုးပမ်းဖွယ်ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖိအားကြီးကြီးပေးရန် ကြိုးစားမည်။ ဤအခြေအနေတွင် KIA, ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) မိုင်းလားတို့ ပါဝင်သော အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) အပြင်ဘက်က ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) ၏ သဘောထားက အရေးပါလာသည်။ တရုတ်နှင့် စစ်ကောင်စီကို အလျှော့ပေးမည်လား။ ပိုနေမြဲ ကျားနေမြဲ ဆက်လက်ရပ်တည်မလား။

ရွေးကောက်ပွဲပျားရည်ဖြင့် ဝမ်းချခြင်း၊ ရွေးကောက်ပွဲခေါင်းစဉ်ဖြင့် ထွက်ပေါက်ရယူခြင်းများက ခေတ်အဆက်ဆက် အာဏာသိမ်းစစ်ဗိုလ်ချုပ်များ၏ ရိုးစင်းသော ကစားကွက်များသာ ဖြစ်သည်။ တော်လှန်ရေးအချိန်ကာလ တာရှည်လာသည်နှင့်အမျှ စစ်အာဏာရှင်တို့သည် နိုင်ငံကို ဒရွတ်တိုက်ဆွဲရင်း မိမိတို့ကစားကွက်ရောက်အောင် ဖန်တီးလေ့ရှိသည့် သာဓကတွေ ရှေ့မှာ ရှိနှင့်ခဲ့ပြီးဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ “ရွေးကောက်ပွဲလမ်းကြောင်း” ကိုသာ တွင်တွင်ပြောနေသည်။ အတုအယောင်၊ ဟန်ပြ၊ တဖက်သတ်ရွေးကောက်ပွဲကို တရုတ်နှင့် တရုတ်ဩဇာခံ မဲခေါင်နိုင်ငံများ လက်ခံလာအောင်ပြောရင်း မြန်မာ့နိုင်ငံရေးကို ဆက်ပြီး အချိန်ဆွဲကစားနေသည်။

မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်က မည်သည့်ရလဒ်တစုံတရာ ဖြစ်ပေါ်တိုးတက်မှု မရှိဘဲနှင့်လည်း ပြီးဆုံးသွားနိုင်သည်။ တရုတ်က ပိတ်ဆို့မှုတွေ ဆက်လက်ပြုလုပ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖိအားပေးမည်။ စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များ ထိန်းချုပ်ထားသည့် မြို့ရွာတွေကို ဆက်လက် ဗုံးကြဲမည်။ စစ်ပွဲတွေ ဆက်လက် တာရှည်နေရင်း ၂၀၂၅ ခုနှစ်ကို ဖြတ်ကျော်မည်။ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ အာဏာသိမ်းကာလ လေးနှစ်ပြည့်မည်။ တဖက်က ဗုံးကြဲ၊ တဖက်က မြေပြင်စစ်ပွဲဆင်နွှဲရင်း ၂၀၂၅ ခုနှစ်ကို ဖြတ်သန်းမည်။

ရွေးကောက်ပွဲပျားရည်ဖြင့် ဝမ်းချခြင်း၊ ရွေးကောက်ပွဲခေါင်းစဉ်ဖြင့် ထွက်ပေါက်ရယူခြင်းများက ခေတ်အဆက်ဆက် အာဏာသိမ်းစစ်ဗိုလ်ချုပ်များ၏ ရိုးစင်းသော ကစားကွက်များသာ ဖြစ်သည်။ တော်လှန်ရေးအချိန်ကာလ တာရှည်လာသည်နှင့်အမျှ စစ်အာဏာရှင်တို့သည် နိုင်ငံကို ဒရွတ်တိုက်ဆွဲရင်း မိမိတို့ကစားကွက်ရောက်အောင် ဖန်တီးလေ့ရှိသည့် သာဓကတွေ ရှေ့မှာ ရှိနှင့်ခဲ့ပြီးဖြစ်သည်။

(နွေနေသည် မြန်မာသတင်းစာဆရာတဦးဖြစ်သည်။)

You may also like these stories:

မြန်မာ့တော်လှန်ရေးအပေါ် အမြင်လွဲမှားမှုများ ပြောင်းလဲချိန်တန်ပြီ

တော်လှန်ရေးအင်အားစုများ ပြန့်ကျဲသတဲ့လား

၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်နှင့် နွေဦးတော်လှန်ရေး အလှည့်အပြောင်း

မြန်မာ့တော်လှန်ရေး ဆင့်ကဲဖြစ်ပေါ် တိုးတက်မှု (အပိုင်း ၁)- ပထမဆုံး အာဏာသိမ်းမှု ဘာကြောင့် ခုခံမှု နည်းရသလဲ

မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေသည်

နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAFPNCCKIAMNDAANDAATNLAUWSAစစ်ကောင်စီစစ်ဘေးရှောင်စစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနယ်စပ်ကုန်သွယ်ရေးပြည်တွင်းစစ်မန်ချက်စတာ ယူနိုက်တက်မော်ရင်ဟိုမဲခေါင်ဒေသခွဲနိုင်ငံများ အစည်းအဝေးရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှုအပစ်အခတ်ရပ်စဲရေးအရပ်သားပစ်မှတ်အရှေ့တောင်အာရှ
နွေနေ

နွေနေ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာတွင် တရုတ်၏ မူဝါဒပန်းတိုင်များ

မြန်မာတွင် တရုတ်၏ မူဝါဒပန်းတိုင်များ

မီးမြှိုက်သူများ

မီးမြှိုက်သူများ

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

9 hours ago
1.4k
ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

7 days ago
1.2k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved