• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့တော်လှန်ရေးအင်အားစုများကို ဖြိုခွဲဖို့ တရုတ်အစိုးရ ကြိုးစားနေသည်

by သက်ထားမောင်
5 November 2024
in သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ

တရုတ်နိုင်ငံခြားရေး ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်

6.4k
VIEWS
Share on FacebookShare on Twitter

၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော လက်နက်ကိုင် တော်လှန်ပုန်ကန်ကန်မှုများအား နောက်ဆုံးတွင် စစ်တပ်က အသာစီးရပြီး ထိန်းချုပ်နိုင်လိမ့်မည်ဟု ယူဆသူအချို့ကို ပြည်တွင်းရော ပြည်ပမှာပါ တွေ့မြင်ရ၏။ ထိုသို့ ကြည့်မြင်ယူဆသူများထဲတွင် တရုတ်လည်း ပါပုံရ၏။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းတွင် အထူးသံတမန် ခန့်အပ်ပြီး မြန်မာ့အရေးတွင် ပါဝင်ခဲ့သည့် တရုတ်တို့သည် သူ၏ဩဇာကို အသုံးပြု၍ မြန်မာအရေးကို စေ့စပ်ဖြေရှင်းနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့ကြ၏။ တရုတ်သည် တနှစ်အတွင်း စစ်ကောင်စီ၊ တရုတ်နယ်စပ်ရှိ အဖွဲ့များနှင့်သာ တွေ့ဆုံပြီး တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့သည်ကို တွေ့ရ၏။ သို့သော်လည်း အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို ထောက်ခံသည်ဟုဆိုသည့် တရုတ်တို့သည် ပဋိပက္ခတွင် ပါဝင်သည့် ဘက်အားလုံးနှင့် တွေ့ဆုံခြင်းတော့ မပြုခဲ့ပေ။

စစ်ကောင်စီနှင့် မြောက်ပိုင်းအဖွဲ့များကြား လွန်းထိုးသွားနေသော တရုတ်အထူးသံသည် စစ်ကောင်စီနှင့် မြောက်ပိုင်း တိုင်းရင်းသားများကြား တွေ့ဆုံဆွေးနွေး သဘောတူညီချက်ရရန် တနှစ်ခန့် ကြိုးစားနေသော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။ ထို့ပြင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး လပိုင်းအတွင်း တရုတ်တို့၏ လှုပ်ရှားမှုများသည် ပို၍ မျက်ကလဲဆန်ပျာဖြစ်လာပြီး ‌၎င်းတို့၏သဘောထားများကို ဗြောင်အတိအလင်း ဖော်ပြလာသည်ကို တွေ့ရ၏။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
416
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
149
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
406

စစ်တပ်ပြိုကွဲနိုင်ခြေနှင့် တရုတ်

၁၀၂၇ စစ်ဆင်ရေးသည် နွေဦးတော်လှန်ရေးတွင် အလှည့်အပြောင်းတရပ်ဖြစ်ပေါ်စေခဲ့၏။ ထိုအလှည့်အပြောင်းမှာ မြန်မာစစ်တပ်ကို အထိနာအောင် ထိုးနှက်နိုင်ခဲ့ပြီး စစ်တပ် ပြိုကွဲနိုင်သည်ကို ပြသခဲ့ခြင်းဖြစ်၏။

ဤအချက်ကို တရုတ်တို့ ကောင်းစွာ တွေ့မြင်ခဲ့သကဲ့သို့ မြန်မာစစ်တပ်ပြိုကွဲပါက မြန်မာပြည် ဗရမ်းဗတာ ဖြစ်နိုင်သည်၊ တရုတ်အကျိုးစီးပွားများ ထိခိုက်နိုင်သည်၊ မြန်မာပြည် တည်ငြိမ်အောင် မြန်မာစစ်တပ်သာ ထိန်းနိုင်လိမ့်မည်ဟူ၍ ယူဆသည့် သို့မဟုတ် မြန်မာစစ်တပ် အာဏာတည်မြဲမှသာ တရုတ်တို့ အကျိုးရှိမည်ဟု ယူဆကြသည့် တရုတ်တို့သည် မြန်မာစစ်တပ် ပြိုကွဲကျရှုံးခြင်း မဖြစ်စေရန်အတွက် အသည်းအသန် လုံးပမ်းသည့်ဖြစ်စဉ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ စတင်တွေ့ရ၏။

ဟိုင်ဂင်သဘောတူညီချက်ဆိုသည်မှာ မြန်မာစစ်တပ်နှင့် မြောက်ပိုင်းသုံးဖွဲ့ အကြေအလည် တွေ့ဆုံဆွေးနွေး သဘောတူခြင်းဖြင့် ထွက်ပေါ်လာခြင်း မဟုတ်ဘဲ တရုတ်တို့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အား အတင်းဖိအားပေး၊ ခြိမ်းခြောက် လက်မှတ်ထိုးစေပြီး အပစ်ရပ်ခိုင်းခဲ့သည်ကို တွေ့ရ၏။ ထိုစဉ်ကတည်းက အပစ်ရပ်၊ မရပ်ပါက တရုတ်နယ်စပ်အားလုံး ပိတ်ပြီး ဖြတ်ငါးဖြတ် ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့၏။

ဟိုင်ဂင်သဘောတူညီချက်ဆိုသည်မှာ မြန်မာစစ်တပ်နှင့် မြောက်ပိုင်းသုံးဖွဲ့ အကြေအလည် တွေ့ဆုံဆွေးနွေး သဘောတူခြင်းဖြင့် ထွက်ပေါ်လာခြင်း မဟုတ်ဘဲ တရုတ်တို့က မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အား အတင်းဖိအားပေး၊ ခြိမ်းခြောက် လက်မှတ်ထိုးစေပြီး အပစ်ရပ်ခိုင်းခဲ့သည်ကို တွေ့ရ၏။ ထိုစဉ်ကတည်းက အပစ်ရပ်၊ မရပ်ပါက တရုတ်နယ်စပ်အားလုံး ပိတ်ပြီး ဖြတ်ငါးဖြတ် ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့၏။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့မှစ၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်း ပြန်လည် စတင်သည်နှင့် နယ်စပ်တလျှောက် တရုတ်တို့ စတင်ပိတ်ပင်ခဲ့၏။ သို့သော်လည်း MNDAA နှင့် TNLA တို့၏ တိုက်ခိုက်မှုကြောင့် နောင်ချို၊ ကျောက်မဲ၊ လားရှိုးစသည့်မြို့များ ကျပြီး မြန်မာစစ်တပ် ပြိုကွဲနိုင်ခြေ မြင့်တက်လာသောအခါ တရုတ်တို့သည် မြန်မာစစ်တပ်ဘက်မှ ဗြောင်အတိအလင်း ရပ်တည်ပြီး မြန်မာစစ်တပ်အား အသက်ဆက်ပေးရန် ကြိုးစားလာသည်ကို တွေ့ရ၏။

မြန်မာစစ်တပ်ဘက်က ရပ်တည်လိုက်သော တရုတ်

လားရှိုးကျပြီး ၁၀ ရက်အကြာ ဩဂုတ်လ ၁၄ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မြန်မာပြည်သို့ ရောက်လာခဲ့ပြီး စစ်ကောင်စီနှင့် ‌တွေ့ဆုံရာတွင် “မြန်မာနိုင်ငံက ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်အောက်တွင် ရှေ့လုပ်ငန်းစဉ် ငါးရပ် အသစ်ကို ဖော်ဆောင်၍ နိုင်ငံရေးပြန် လည်သင့်မြတ်မှု၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် ပြန်လည် ဖော်ဆောင်မှုကို ဆောလျင်စွာ အကောင်အထည် ဖော်ဆောင်ကာ ငြိမ်အေးချမ်းသော လမ်းကြောင်းရှာဖွေရေးကို အခိုင်အမာ ထောက်ခံအားပေးပါကြောင်း” ပြောကြားသည်ကို တွေ့ရ၏။

တရုတ်တို့သည် မြန်မာစစ်တပ်က ဆုပ်ကိုင်ထားသည့် ၂၀၀၈ အခြေခံဥပဒေ၊ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်ကို ထောက်ခံခဲ့ပြီး ပါဝင်သင့်သူအားလုံး တွေ့ဆုံဆွေးနွေးရေးအပါအဝင် အာဆီယံမူ ဘုံသဘောတူညီချက် ငါးချက်ကို ကျောခိုင်းခဲ့သည်ကို တွေ့ရ၏။

ထို့ပြင် လုံခြုံရေးအရ စိုးရိမ်စရာမရှိသည့် တရုတ်နယ်စပ်တွင် စစ်ရေးလေ့ကျင့်မှုများပြုလုပ်ပြီး TNLA နှင့် MNDAA ကိုသာမက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကိုပါ တွေ့ဆုံ၍ စစ်ကောင်စီနှင့် အပစ်ရပ်ရန်၊ အပစ်ရပ်ခြင်း မပြုပါက နယ်စပ်ဂိတ်အားလုံးပိတ်၍ ဖြတ်ငါးဖြတ် ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

တိုင်းရင်းသားတပ်ဖွဲ့များက စစ်ကောင်စီအား ဆက်လက် တိုက်ခိုက်သည့်အခါ နယ်စပ်အားလုံးကို ပိတ်ပစ်ခဲ့ကြောင်း တွေ့ရ၏။ TNLA ကို “ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်သည့် နည်းလမ်း” ကို အသုံးပြုမည်ဟုပင် ဆိုခဲ့သည်ကို တွေ့ရပြီး ထိုအသုံးအနှုန်းမှာ ဗီယက်နမ်ကို ဝင်တိုက်စဉ်က တရုတ်တို့ သုံးစွဲခဲ့သည်။

ယခုလည်း “ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်မည်” ဟုဆိုခြင်းမှာ TNLA အား စစ်ရေးတိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြီး တရုတ်တို့သည် မြန်မာစစ်တပ်ဘက်က ဝင်ရောက်ကူညီမည် ဆိုခြင်းလည်း ဖြစ်သည့်အပြင် တရုတ်တို့၏ မောက်မာထောင်လွှားမှုနှင့် ဗိုလ်ကျခြင်းကို ပြသခြင်းလည်း ဖြစ်သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့က ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုယ်စားလှယ်အဖွဲ့နှင့် တရုတ်အထူးသံ မစ္စတာ တိန့်ရှီကျွန်းတို့ တွေ့ဆုံသည့် ဆွေးနွေးပွဲမှတ်တမ်းကို တရုတ်တို့က တမင်ပေါက်ကြားပေးသည်ကို တွေ့ရ၏။

တရုတ်တို့က ထိုဆွေးနွေးပွဲမှတ်တမ်းကို တမင်ပေါက်ကြားပေးခဲ့သည်မှာ တရုတ်တို့အနေနှင့် မြန်မာစစ်တပ်ဘက်က ရပ်တည်ကြောင်းနှင့် UWSA ထံမှ လက်နက်ခဲယမ်းများ အခြားအဖွဲ့များထံ မရောက်စေရန် တရုတ်တို့က တားဆီးနေကြောင်း ဖော်ပြခြင်းဖြစ်၏။ ထို့ပြင် မြန်မာပြည်နိုင်ငံရေးတွင် မြန်မာစစ်တပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) / အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသည့် အခြားအဖွဲ့များနှင့် အစားထိုးမရကြောင်း ယူဆသည့် တရုတ်တို့ရပ်တည်ချက်ကို ပြတ်သားစွာ ဖော်ပြလို၍ ဖြစ်၏။

တချိန်တည်းတွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် ၅ ကြိမ်မြောက် တရုတ်-မြန်မာ Think Tank Forum ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉၊ ၃၀ ရက်များတွင် ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာဘက်မှ စစ်ကောင်စီ ဒုဝန်ကြီးတဦး ဦးဆောင်၍ တက်ရောက်ခဲ့၏။

မြန်မာနိုင်ငံမှ Think Tank အမည်ခံ စစ်ထောက်လှမ်းရေးဟောင်းများ၊ လက်ရှိ စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် စစ်ဘက်နှင့် အရပ်ဘက်ဝန်ထမ်းများပါသည့်အဖွဲ့များ တက်ရောက်ခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် စစ်ထောက်လှမ်းရေးဟောင်းများသည် ဘေဂျင်းအထိသွား၍ တရုတ် Think Tank အမည်ခံ တရုတ်ထောက်လှမ်းရေးများနှင့် တွေ့ဆုံ၍ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ပြဿနာကို ဆွေးနွေးခဲ့သည်ဟု သိရ၏။

မြန်မာနိုင်ငံမှ Think Tank အမည်ခံ စစ်ထောက်လှမ်းရေးဟောင်းများ၊ လက်ရှိ စစ်ကောင်စီမှ ဖွဲ့စည်းထားသည့် စစ်ဘက်နှင့် အရပ်ဘက်ဝန်ထမ်းများပါသည့်အဖွဲ့များ တက်ရောက်ခဲ့သည်ကို တွေ့ရ၏။ ထို့ပြင် စစ်ထောက်လှမ်းရေးဟောင်းများသည် ဘေဂျင်းအထိသွား၍ တရုတ် Think Tank အမည်ခံ တရုတ်ထောက်လှမ်းရေးများနှင့် တွေ့ဆုံ၍ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ပြဿနာကို ဆွေးနွေးခဲ့သည်ဟု သိရ၏။

အဓိကအားဖြင့် တရုတ်တို့သည် မြန်မာစစ်တပ်နှင့် ဆက်လက်ပူးပေါင်း၍ မြန်မာစစ်တပ်ကို ကူညီပြီး တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ဖြိုခွဲရန်၊ မြန်မာစစ်တပ်နှင့် ပူးပေါင်းပြီး မြန်မာပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရန် ကြိုးစားလျက်ရှိနေသည်ကို တွေ့ရ၏။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် သရုပ်ဖော်ပုံ / CITI

လက်ရှိ တရုတ်တို့၏ လှုပ်ရှားမှုကို ကြည့်ပါက မြန်မာပြည်ပြဿနာကို အားလုံးတွေ့ဆုံဖြေရှင်းရေး ဆိုသည်ကို လုံးဝမပြောတော့ဘဲ စစ်ကောင်စီမူဝါဒကိုသာ ထောက်ခံသည့်အပြင် တိုင်းရင်းသားတပ်ဖွဲ့များအား အပစ်ရပ်ရန် ဖိအား‌ပေးနေသော်လည်း စစ်ကောင်စီ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အရပ်သားမြို့ရွာများကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ကို နှုတ်ဆိတ်နေသည်ဖြစ်ရာ မြန်မာစစ်တပ်က လက်ရဲဇက်ရဲ ကျူးလွန်ရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်နေ၏။

ထို့ပြင် တရုတ်နယ်စပ်ရှိ မြန်မာပြည် တိုင်းရင်းသားလူမျိုးများအား စစ်ကောင်စီနှင့် အလိုတူအလိုပါ ဖြတ်လေးဖြတ်၊ ဖြတ်ငါးဖြတ်ဖြင့် ပိတ်ဆို့လျက်ရှိရာ တရုတ်တို့၏ လုပ်ရပ်သည် ဆွေမျိုးပေါက်ဖော် မဆိုထားနှင့် မြန်မာပြည် ပြည်သူများအတွက် မိတ်ဆွေကောင်းတယောက်၏ လုပ်ရပ်မျိုးပင် မဟုတ်ပေ။

လက်တွေ့တွင် မျှတသည့် လုပ်ဆောင်မှုမရှိဘဲ မြန်မာစစ်တပ်ဘက်က တဖက်သတ် ရပ်ခံနေသည်ဖြစ်ရာ တရုတ်တို့ လှုပ်ရှားမှုသည် မြန်မာပြည် ငြိမ်းချမ်းရေးအတွက် လှုပ်ရှားနေသည် မဟုတ်ဘဲ တရုတ်အကျိုးစီးပွားအတွက် မြန်မာစစ်တပ်ဘက်က ရပ်တည်လုပ်ဆောင်ခြင်းသာ ဖြစ်သည်ကို တွေ့ရ၏။

တရုတ်နယ်စပ်ရှိ လူထုအား မြန်မာစစ်တပ်က ဖြတ်လေးဖြတ် ပြုလုပ်သကဲ့သို့ တရုတ်တို့က ဖြတ်ငါးဖြတ် ပြုလုပ်ပေးနေသည်။ မြန်မာစစ်တပ် မနိုင်သော TNLA ကို တရုတ်တို့က ဝင်တိုက်မည်ဟု ခြိမ်းခြောက်နေသည်ဖြစ်ရာ တရုတ်တို့သည် မြန်မာစစ်တပ်ဘက်က ရပ်တည်ပြီး မြန်မာပြည် တော်လှန်ရေးအင်အားစုများကို ‌ဗိုလ်ကျ ခြိမ်းခြောက်နေသည်ကို ရှင်းလင်းစွာ တွေ့မြင်နေရ၏။

တော်လှန်ရေးအင်အားစုများအား ဖြိုခွဲခြင်း

တရုတ်အထူးသံ တိန့်ရှီကျွန်း၏ တရုတ်နယ်စပ် တိုင်းရင်းသားအဖွဲ့များနှင့် ပြောကြားချက်များအရ သိရသည်မှာ တရုတ်တို့သည် မြန်မာစစ်တပ်ဘက်က ရပ်တည်ပြီးနောက် တော်လှန်ရေးအင်အားစုများကို ဖြိုခွဲရန် ကြိုးစားလာခြင်း ဖြစ်၏။

၂၀၂၁ ခုနှစ် မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် တော်လှန်ပုန်ကန်မှုများကြောင့် မြန်မာစစ်တပ် အထိနာလာခြင်းမှာ ယခင်ကကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များ သက်သက်သာမကဘဲ ပြည်မရှိ ဗမာလူမျိုးများပါ အင်နှင့်အားနှင့် ပါဝင်တိုက်ခိုက်ခဲ့၍ ဖြစ်၏။ တချိန်တည်းတွင် ထိုအင်အားစုများသည် တပြည်လုံးအတိုင်းအတာအရ တစုတစည်းတည်း မဖြစ်သေးသော်လည်း စုစည်းနိုင်ရန် ကြိုးစားနေကြသည်။ တချိန်တည်းတွင် ဒေသအလိုက် စုစည်းတိုက်ခိုက်နေကြသည့်အပြင် တပြည်လုံးအနှံ့ တိုက်ခိုက်ခိုက်နေကြ၍ မြန်မာစစ်တပ်သည် အခြေအနေကို ထိန်းချုပ်၍ မရနိုင်တော့ပေ။

အကယ်၍ ၁၉၈၈၊ ၁၉၈၉ ခုနှစ်ကကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်များကို အပစ်ရပ်ထားနိုင်ပါက ပြည်မရှိ လက်နက်ကိုင်အင်အားစုများကို ခွဲခြား၍ အလွယ်တကူ ချေမှုန်းနိုင်မည်ဟု စစ်တပ်က ယူဆနေသကဲ့သို့ တရုတ်တို့ကလည်း NUG / PDF သက်သက်ဆိုလျှင် စစ်တပ်ကို မယှဉ်နိုင်၊ စစ်တပ်၏ ပြိုင်ဘက်မဟုတ်ဟု ယူဆနေ၏။

မြန်မာစစ်တပ်နှင့် တရုတ်တို့သည် တိုင်းရင်းသားလက်နက်ကိုင်များကို စစ်ရေးအရ အပစ်ရပ်ထားနိုင်ပါက PDF များကို တိုက်ခိုက်အနိုင်ယူမည်၊ ပြည်မကို ထိန်းချုပ်နိုင်မည်ဟု ယူဆကြသည်။ ထို့ကြောင့် ၁၉၈၈၊ ၁၉၈၉ ကာလက စစ်တပ်ထောက်လှမ်းရေးဟောင်းများကို ပွဲထုတ်လာကြခြင်း ဖြစ်၏။

သို့ဖြစ်ရာ တရုတ်အထူးသံ တိန့်ရှီကျွန်းက တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်များအား NUG နှင့် မပူးပေါင်းရန်၊ PDF များနှင့် မပူးပေါင်းရန် အတိအလင်းပြောဆိုပြီး စစ်ကောင်စီကို ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများကို သွေးခွဲသည့်လုပ်ရပ်အား ဗြောင်ကျကျ လုပ်ကိုင်နေသည်ကို တွေ့ရသည်။

သို့ဖြစ်ရာ နွေဦးတော်လှန်ရေးစကတည်းက KIA, KNU, ကရင်နီ KNPP နှင့် ချင်း CNF တို့သည် K3C အနေဖြင့် NUG/PDF နှင့် ပူးပေါင်း၍ နွေဦးတော်လှန်ရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပ ဆက်ဆံရေး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် အတူတကွ ပူးပေါင်းဆောင်ခဲ့ကြ၏။

၂၀၂၄ ခုနှစ်အတွင်း တရုတ်တို့၏ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုများကြောင့် KIA သည် နောက်တလှမ်း ဆုတ်နေရသဖြင့် ယခုအခါ K3C အစား K2C ကိုသာ တွေ့မြင်နေရ၏။ တရုတ်တို့၏ တော်လှန်ရေးအင်အားစုများကို ဖြိုခွဲရန်အတွက် ဖိအားပေး၊ ခြိမ်းခြောက်နေသဖြင့် တရုတ်နယ်စပ်တွင် အခြေပြုနေသည့် KIA လည်း သူ၏ နိုင်ငံရေးအရ ပေါ်ပေါ်တင်တင် လှုပ်ရှားမှုများကို ရပ်တန့်ထားရသည်ကို တွေ့မြင်နိုင်သည်။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က တရုတ်အထူးသံဆိုသူနှင့် UWSA ကိုယ်စားလည်အဖွဲ့ ထပ်မံတွေ့ဆုံရာတွင် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းတွင် ဖွင့်လှစ်ထားသည့် KIA, ရခိုင် AA, ရှမ်း SSPP, TNLA, MNDAA ကိုယ်စားလှယ်ရုံးများအား ပိတ်ပစ်ရန် တရုတ်က UWSA ကို ဖိအားပေးပြောဆိုသည်ဟု သိရ၏။

ထို့ပြင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က တရုတ်အထူးသံဆိုသူနှင့် UWSA ကိုယ်စားလည်အဖွဲ့ ထပ်မံတွေ့ဆုံရာတွင် UWSA ဌာနချုပ်ရှိရာ ပန်ဆန်းတွင် ဖွင့်လှစ်ထားသည့် KIA, ရခိုင် AA, ရှမ်း SSPP, TNLA, MNDAA ကိုယ်စားလှယ်ရုံးများအား ပိတ်ပစ်ရန် တရုတ်က UWSA ကို ဖိအားပေးပြောဆိုသည်ဟု သိရ၏။

တရုတ်သည် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များ၏ နိုင်ငံရေး၊ စစ်ရေးမဟာမိတ်ဖွဲ့မှုကိုပါ ဖြိုခွဲရန် ကြိုးစားလာသည်။ မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအား အစိတ်စိတ်အမွှာမွှာ ကွဲပြားစေပြီး ဖြိုခွဲနှိမ်နင်းရန် ကြိုးပမ်း လုပ်ဆောင်နေသည်ကို တွေ့ရ၏။

သို့ဖြစ်ရာ တရုတ်တို့သည် မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် NUG/PDF တို့ကြားရှိ ညီညွတ်‌ရေး၊ သွေးစည်းရေးသာမက မြောက်ပိုင်းတိုင်းရင်းသားအဖွဲ့ အချင်းချင်းကြားရှိ ညီညွတ်ရေး၊ သွေးစည်းရေးကိုပါ ဖြိုခွဲလျက်ရှိသည်ကို ရှင်းလင်းစွာတွေ့ရ၏။

တရုတ်တို့သည် လားရှိုးနှင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကျဆုံးပြီးနောက် စစ်ကောင်စီအား အသက်ဆက်ပေးရန် မျက်ကလဲဆန်ပျာ ကြိုးပမ်းလာနေပြီး နွေဦးတော်လှန်ရေး အင်အားစုများကို ဖြိုခွဲရန်အတွက် ခြိမ်းခြောက်ခြင်း၊ ဗိုလ်ကျခြင်း၊ ဖိအားပေးခြင်း၊ နယ်စပ်ဒေသ တိုင်းရင်းသားပေါင်းစုံ ပြည်သူများအား ဖြတ်ငါးဖြတ် ပြုလုပ်ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်ကို ရှင်းလင်းစွာ တွေ့မြင်နေရပေသည်။

(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)

You may also like these stories:

အငြိမ်းစား စစ်ထောက်လှမ်းရေးဟောင်းများ တရုတ်သို့ စစ်ကောင်စီစေလွှတ်

စစ်ကောင်စီကို တရုတ်က ထောက်ခံလာသောအခါ

စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ

တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAK3CKIAMNDAANLDNUGPDFSSPPTNLAUWSAစစ်ကောင်စီစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနွေဦးတော်လှန်ရေးဖြတ်ငါးဖြတ်ဖြတ်လေးဖြတ်လေကြောင်းတိုက်ခိုက်မှုအာဆီယံ
သက်ထားမောင်

သက်ထားမောင်

မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရသောကြောင့် တရုတ် ပြာယာခတ်

ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရသောကြောင့် တရုတ် ပြာယာခတ်

ကချင်နယ်စပ်က မရေရာမှုကြောင့် တရုတ်မြေရှား ဈေးတက်

ကချင်နယ်စပ်က မရေရာမှုကြောင့် တရုတ်မြေရှား ဈေးတက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved