၂၀၂၃ ခုနှစ်၊ အောက်တိုဘာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့က တရုတ်နယ်စပ်အနီး ပိုင်နက်နယ်မြေများကို သိမ်းပိုက်သောအခါ တရုတ်က မျက်နှာလွှဲနေသည်။
တနှစ်ကြာသောအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ပြီး အရေးပါသော နယ်စပ်ဒေသများမှ စစ်တပ်ကို မောင်းထုတ်ကာ အားပြိုင်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်းသို့ ထိုးဖောက်သည်။
တုံ့ပြန်သည့်အနေဖြင့် တရုတ်သည် နယ်စပ်ကို ပိတ်ပြီး တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် နယ်မြေများသို့ ပို့ကုန်ပိတ်ဆို့သည်ဟု တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တဦးနှင့် နယ်စပ်ဒေသတွင် နေထိုင်သူ ငါးဦးက ပြောသည်။
ထိုသို့လုပ်ခြင်းသည် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အနေဖြင့် ယဉ်ကျေးမှုမြို့တော် မန္တလေးကို တိုက်ခိုက်ခြင်း အပါအဝင် ရှေ့ဆက်မတက်ရန် တားဆီးခြင်းဖြစ်သည်ဟု သုတေသီများက ပြောသည်။
စစ်ကောင်စီက မတားဆီးသည့် များပြားလှသော နယ်စပ်ရာဇဝတ်မှုများကို ဖြိုခွဲရန် ကနဦးတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ကို ထောက်ခံပြီးနောက် တရုတ်အစိုးရသည် မြန်မာတွင် တည်ငြိမ်ရေးကို အာမခံသည်ဟု မြင်သည့် မြန်မာစစ်တပ် အလျင်အမြန် အခြေအနေ ဆိုးရွားလာခြင်းကြောင့် တုန်လှုပ်သွားကြောင့် တရုတ် -မြန်မာဆက်ဆံရေးကို လေ့လာနေသူ နှစ်ဦးက ပြောသည်။
တိုင်းရင်းသားမဟာမိတ်များကို ကူညီနေသည့် အခြား ခုခံတော်လှန်ရေးအင်အားစုများ အင်အားကြီးထွားလာခြင်းနှင့် အမေရိကန်က ထောက်ခံသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်နေခြင်းတို့ကို တရုတ်က စိုးရိမ်ပူပန်လာသည်ဟု ၎င်းတို့အနက် တဦးကပြောသည်။
တိုင်းရင်းသားမဟာမိတ်များကို ကူညီနေသည့် အခြား ခုခံတော်လှန်ရေးအင်အားစုများ အင်အားကြီးထွားလာခြင်းနှင့် အမေရိကန်က ထောက်ခံသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်စပ်နေခြင်းတို့ကို တရုတ်က စိုးရိမ်ပူပန်လာသည်ဟု ၎င်းတို့အနက် တဦးကပြောသည်။
တရုတ်အစိုးရက သွင်းကုန်များကို ပိတ်ပင်ခြင်းအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်များကို မည်သို့ ဖိအားပေးသည်ဆိုသည့် ယခင်က မဖော်ပြရသေးသော အသေးစိတ်များကို ထိုပဋိပက္ခအကြောင်း သိသူ ပုဂ္ဂိုလ် ကိုးဦးက Reuters သို့ ပြောပြသည်။ ထိုသို့လုပ်ခြင်းကြောင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အနည်းဆုံးတခု တိုက်ပွဲမှ ဆုတ်ခွာရသည်။
တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များက အရှေ့မြောက်ပိုင်း လားရှိုးမြို့ကို သိမ်းပိုက်လိုက်ပြီး မြန်မာ့သမိုင်းတွင် ပထမဆုံး တိုင်းစစ်ဌာနချုပ်တခု ကျဆုံးစေသော သြဂုတ်လတွင် တရုတ်၏ လေသံပြောင်းသွားသည်။
လူဦးရေ ၁၃၀,၀၀၀ ရှိသော ထိုမြို့သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများလက်သို့ မျှော်လင့်ထားသည်ထက် နှစ်ဆ ပိုမိုမြန်ဆန်စွာ ကျသွားသည်ဟု တိုင်းရင်းသား မဟာမိတ်အဖွဲ့၏ ထိုးစစ်ဖြစ်သော ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံ တိုက်ခိုက်နေသည့် ကွန်မြူနစ် တော်လှန်ရေးအုပ်စု ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) အတွင်းရေးမှူး နီနီကျော်က ပြောသည်။
Reuters မေးခွန်းများကို တုံ့ပြန်သည့် မြန်မာစစ်ကောင်စီ၏ စာတွင် ၎င်းတို့သည် နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တရုတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ ၎င်းတို့က “လက်နက်ကိုင် အကြမ်းဖက်များ” ဟုခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တောင်းဆိုမှုများကို လက်ခံမည် မဟုတ်ကြောင်း ဖော်ပြထားသည်။
“အခြေအနေကို နိုင်ငံရေးနည်းနဲ့ ဆက်လက် ဖြေရှင်းမယ်” ဟုလည်း ထိုစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ၎င်းတို့သည် “မြန်မာတွင် ဖရိုဖရဲအခြေအနေနှင့် စစ်ဖြစ်ပေါ်ခြင်းကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း” Reuters သတင်းဌာနသို့ ပြောကြားပြီး ပါဝင်ပတ်သက်သူများအနေဖြင့် နယ်စပ်အနီးတွင် “ပူးတွဲပြီး ချုပ်တည်းကြရန်” တိုက်တွန်းသည်။ လွန်ခဲ့သော ပေါက်ကွဲမှုကြောင့် မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံး တစိတ်တပိုင်း ပျက်စီးသော်လည်း ထိခိုက်သေဆုံးမှု မရှိပေ။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့သည် မကြာသေးမီက ရလာသည့် အရှိန်အဟုန်ကို မြှင့်တင်ပြီး တောင်ဘက် မန္တလေးသို့ လမ်းကြောင်းရှာကြောင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်များနှင့် သုတေသီများက ပြောသည်။ ထိုနေရာမှ မြို့တော် နေပြည်တော်သို့ ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) သာ ဝေးတော့သည်။
တရုတ်အစိုးရသည် ထိုသို့သောလုပ်ရပ်ကို ဆန့်ကျင်ပုံရသည်ဟု တရုတ်နိုင်ငံပိုင် မီဒီယာတွင် နယ်စပ်အခြေအနေ ရေးသားနေသည့် နိုင်ငံတကာလုံခြုံရေး ကျွမ်းကျင်သူ ကျူကျန်မင်းက ပြောသည်။
“မန္တလေးက ရှန်ဟိုင်းလို မြန်မာမှာ ဒုတိယအကြီးဆုံးမြို့ပဲ” ဟု ၎င်းကပြောပြီး မန္တလေးမြို့ကျသွားပါ တရုတ်အစိုးရက တားဆီးမည့် ပဋိပက္ခ၏ အပြောင်းအလဲမှတ်ဖြစ်ကြောင်း ဆက်လက် ပြောသည်။
ခက်ခဲသော အခြေအနေ
လွန်ခဲ့သောနှစ်က စစ်ဆင်ရေး စတင်ချိန်ကို အစွဲပြု အမည်ပေးထားသည့် ၁၀၂၇ စစ်ဆင်ရေးသည် နယ်စပ်အနီးတွင် တရုတ်နိုင်ငံသားများကို ဖမ်းဆီးထားသည့် ရာဇဝတ်မှု ဖြစ်ပွားချိန်တွင် စတင်သည်။ ထို့ကြောင့် တရုတ်သည် ညီနောင်မဟာမိတ် သုံးဖွဲ့က စစ်ကောင်စီကို ချေမှုန်းသောအခါ မကန့်ကွက်ပေ။
ထိုမဟာမိတ်အဖွဲ့တွင် တရုတ်လူမျိုးစု မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးခုပါဝင်သည်။ MNDAA အပေါ် တရုတ်အစိုးရက သြဇာလွှမ်းမိုးသော်လည်း တိုက်ရိုက် ချုပ်ကိုင်နိုင်ခြင်း မရှိပေ။
သို့သော် တရုတ်သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရကို ဖြုတ်ချသည့် စစ်တပ် ပြိုလဲခြင်းကို ဆန့်ကျင်သည်။ ၁,၂၅၀ မိုင်ရှည်လျားသည့် မြန်မာနှင့်နယ်စပ်တွင် အမြဲတမ်း မတည်မငြိမ် ဖြစ်နေခြင်းသည် ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်ရေးအား ထိခိုက်စေမည်ကို တရုတ်က စိုးရိမ်သည်ဟု သုတေသီများက ပြောသည်။
ရာဇဝတ်မှု နှိမ်နင်းခြင်းသည် ပိုမိုကျယ်ပြန့်သော အခင်းအကျင်းကို မဖုံးကွယ်သင့်ဟု မြန်မာတွင် ဆိပ်ကမ်းတခု တည်ဆောက်နေသည့် တရုတ်နိုင်ငံပိုင်လုပ်ငန်း၏ ဌာနခွဲ CITIC ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သုတေသနဖောင်ဒေးရှင်းမှ ကျန်ကန်းက မတ်လ၌ သရုပ်ခွဲလေ့လာမှုတွင် ရေးသားခဲ့သည်။
မြန်မာနိုင်ငံ ပိုမို မတည်မငြိမ်ဖြစ်ခြင်းသည် အမေရိကန် ပြည်ထောင်စုနှင့် ဂျပန် အပါအဝင် တရုတ်၏ ပြိုင်ဘက်များကို အကျိုးရှိစေပြီး ထိုနိုင်ငံများသည် NUG ကဲ့သို့သော သြဇာရှိသည့် အင်အားစုများကို လိုလားသည်ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံ ပိုမို မတည်မငြိမ်ဖြစ်ခြင်းသည် အမေရိကန် ပြည်ထောင်စုနှင့် ဂျပန် အပါအဝင် တရုတ်၏ ပြိုင်ဘက်များကို အကျိုးရှိစေပြီး ထိုနိုင်ငံများသည် NUG ကဲ့သို့သော သြဇာရှိသည့် အင်အားစုများကို လိုလားသည်ဟု ၎င်းကပြောသည်။
ဇန်နဝါရီလတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်ကောင်စီအကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းပေးစဉ်က တရုတ်အစိုးရသည် သြဇာပြခဲ့၏။ သို့သော် နောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားပြီး သြဂုတ်လလယ်တွင် လားရှိုး ကျသည်။
လားရှိုးကျပြီး မကြာမီ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိသည် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကို မြန်မာတွင် သွားရောက်တွေ့ဆုံသည်။ တရုတ်အစိုးရသည် ဖရိုဖရဲအခြေအနေနှင့် ပဋိပက္ခကို ဆန့်ကျင်သည်ဟု မစ္စတာ ဝမ်ယိက ပြောပြီး တရုတ်ဝန်ထမ်းများနှင့် စီမံကိန်းများကို ကာကွယ်ရန် တိုက်တွန်းသည်ဟု တရုတ်အစိုးရ ကြေညာချက်အရ သိရသည်။ တရုတ်စစ်တပ်သည် ထိုလနှောင်းပိုင်းတွင် နယ်စပ်၌ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်သည်။
ထို့နောက် ညီနောင်မဟာမိတ် သုံးဖွဲ့အပေါ် ဖိအားများ ဖြစ်လာသည်။ တရုတ်က နယ်စပ်ဂိတ်များကို ပိတ်ပစ်ပြီး MNDAA ထိန်းချုုပ်လိုက်သည့် နယ်မြေသစ်များသို့ ထောက်ပံ့မှု ဖြတ်တောက်သည်ဟု တိုက်ပွဲတွင် မဟာမိတ်အဖွဲ့ကို ထောက်ခံသည့် အခြားတော်လှန်ရေး တပ်ဖွဲ့တခု၏ခေါင်းဆောင် မောင်ဆောင်းခနှင့် ဒေသခံ ငါးဦးက ပြောသည်။
ကလေးများအတွက် ကာကွယ်ဆေးကဲ့သို့သော ဆေးဝါးများကိုပင် ဖြတ်သန်းခွင့် မပြုတော့ဘဲ ပဋိပက္ခအကြား အများပြည်သူကျန်းမာရေးကို စီမံနေသည့် တိုင်းရင်းသားလက်နက်ကိုင်များကို အလွန်ခက်ခဲသော အခြေအနေ ဖြစ်စေကြောင်း မောင်ဆောင်းခက ပြောသည်။
တင်းကျပ်သော နယ်စပ်ထိန်းချုပ်မှုသည် တော်လှန်ရေးအင်အားစုများသို့ လက်နက်ခဲယမ်း စီးဆင်းမှုကို နှေးကွေးစေကြောင်း၊ သူ၏ တပ်များသည် ချေမှုန်းခံရသော စစ်ကောင်စီတပ်များထံမှ ခဲယမ်းများကို ပိုမိုသိမ်းယူရန် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
တရုတ်နှင့် ကာလကြာမြင့်စွာ ဆက်ဆံရေးရှိသော MNDAA က ၎င်းတို့သည် နယ်မြေချဲ့ထွင်ရန် မဟာမိတ်များနှင့် ဆက်လက် လုပ်ဆောင်တော့မည် မဟုတ်သလို တရုတ် သို့မဟုတ် မြန်မာကို ဆန့်ကျင်သည့် နိုင်ငံများနှင့် ထိတွေ့ဆက်ဆံ ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း စက်တင်ဘာလတွင် ကြေညာသည်။ တရုတ်နိုင်ငံ၏ လမ်းညွှန်မှုအောက်တွင် အပစ်အခတ်ရပ်စဲရန် အသင့်ရှိကြောင်း ထိုအဖွဲ့က ကြေညာသော်လည်း မဟာမိတ်အတွင်း ဆက်လက် ရှိနေသည်။
ထိုလနှောင်းပိုင်းတွင် စစ်ကောင်စီက လက်နက်ကိုင်အဖွဲ့ အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ဖိတ်ခေါ်သည်။ ထိုအဆိုပြုချက်ကို မောင်ဆောင်းခ ကဲ့သို့သော လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များက အလျင်အမြန် ပယ်ချသည်။ ထိုသို့သော စေ့စပ်ညှိနှိုင်းမှုများကို တရုတ်က ထောက်ခံခြင်းသည် ရွေးကောက်ပွဲအတုအတွက် လမ်းခင်းပေးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
တရုတ်သည် စစ်ကောင်စီဆန့်ကျင်ရေး အင်အားစုများအကြား သွေးကွဲစေရန် ကြိုးစားနေကြောင်း တရုတ်အစိုးရနှင့် ဆက်ဆံရေးကို ပြောခွင့်မရှိသောကြောင့် အမည်မဖော်လိုသည့် NUG အဆင့်မြင့်အရာရှိတဦးက ပြောသည်။ စစ်ကောင်စီကို တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ NUG နှင့် ပူးပေါင်းဆောင်ရွက်မှုရပ်ရန် တရုတ်က လက်နက်ကိုင်အဖွဲ့အစည်းအချို့ကို တိုက်တွန်းသည်ဟု အထက်ပါအရာရှိက ပြောသော်လည်း အထောက်အထား မသိရပေ။
NUG သည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့နှင့် မခိုင်မာသော မဟာမိတ်ဖွဲ့စည်းမှုရှိသလို အချို့သည် NUG ၏ အမိန့်ပေးကွပ်ကဲမှု ကွင်းဆက်တွင် ရှိသည်။
တရုတ်နှင့်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသည့် တချိန်တည်းတွင် မန္တလေးကို တိုက်ခိုက်ရန်အတွက် ညီနောင်မဟာမိတ် သုံးဖွဲ့အဖို့ ခက်ခဲမည်ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ သုတေသီ ဂျေဆင်တာဝါက ပြောသည်။
တရုတ်နှင့်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားသည့် တချိန်တည်းတွင် မန္တလေးကို တိုက်ခိုက်ရန်အတွက် ညီနောင်မဟာမိတ် သုံးဖွဲ့အဖို့ ခက်ခဲမည်ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) မှ သုတေသီ ဂျေဆင်တာဝါက ပြောသည်။
မဟာမိတ်အဖွဲ့၏ ထောက်ခံမှုမရှိဘဲ မန္တလေးကို သိမ်းယူရန် ကြိုးစားခြင်းသည် လက်နက်ကိုင် အဖွဲ့အစည်းများအတွက် အန္တရာယ်များမည်ဟုလည်း ၎င်းကပြောသည်။
တရုတ်သြဇာလွှမ်းမိုးမှုသည် “လက်တွေ့အခြေအနေမှန်” ဖြစ်သော်လည်း နယ်စပ်နှင့်ဝေးသည့် သူ့တပ်ဖွဲ့ကဲ့သို့သော အဖွဲ့များသည် မန္တလေးအတွက် တိုက်ပွဲတွင် ဦးဆောင်နိုင်ကြောင်း NUG လက်အောက်ခံ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်များ၏တပ်မှူး ကိုစိုးသူရဇော်က ပြောသည်။
“ကျနော်တို့ ညီညွတ်ရမယ်၊ ကျနော်တို့ ကြိုတင်ပြင်ဆင်ရမယ်။ တရုတ်ဖိအားကို ကျော်လွှားနိုင်ဖို့ ကျနော်တို့ လေ့ကျင့်မှုလုပ်ရမယ်” ဟု ၎င်းကပြောသည်။
ထိပ်ဆုံးမှ မတည်ငြိမ်မှု
တရုတ်အစိုးရ၏ နောက်ဆုံးကြားဝင်မှုသည် စစ်ကောင်စီတပ်များ လားရှိုးတွင် လျင်မြန်စွာ ပြိုကွဲသည်ကို တွေ့ပြီးနောက် ဖြစ်လာခြင်းဖြစ်သည်။
“တရုတ်ဟာ ပိုမိုကြိုတင်လက်ဦးမှု လုပ်လာပြီး အနေအထား သိသိသာသာ ပြောင်းလဲလိုက်တယ်” ဟု ဂျေဆင်တာဝါက ပြောသည်။
စစ်ကောင်စီသည် တရုတ်က အတင်းအကျပ် ယာယီ ထိုးစစ်ရပ်ခိုင်းသည်ကို အသုံးချပြီး ခိုင်မာသော ကာကွယ်ရေး ပြုလုပ်မည်ဖြစ်ကြောင်း ကိုစိုးသူရဇော်က ပြောသည်။ သို့သော် စစ်တပ်သည် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ရန် ကြိုးစားနေသော်လည်း ၎င်း၏အဆင့်မြင့် ကွပ်ကဲမှုသည် မတည်ငြိမ်မှုများ ဖြစ်နေသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မင်းအောင်လှိုင်သည် စစ်တိုင်းမှူးများကို အလှည့်ကျ ရွှေ့ပြောင်းမှု ပိုမိုမြန်ဆန်လာသည်။ ၂၀၁၇ ခုနှစ်၊ ဇွန်လနှင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှုအကြား ဗိုလ်ချုပ်များ မြန်မာနိုင်ငံအပေါ် ချုပ်ကိုင်မှု၏ အခြေခံဖြစ်သော ဒေသဆိုင်ရာစစ်တိုင်း ၁၄ ခုကို တိုင်းမှူးတာဝန်ယူသူ ၃၆ ဦးရှိကြောင်း ကိုလံဘီယာ တက္ကသိုလ်မှ စစ်တပ်များ စောင့်ကြည့်သည့် သုတေသနအဖွဲ့က ပြောသည်။
အာဏာသိမ်းပြီးနောက် အလားတူ ၄၄ လအတွင်း တိုင်းမှူးတာဝန်ယူသူ ၄၉ ဦးရှိပြီး ၃၆ ရာခိုင်နှုန်း တိုးလာသည်။ ယခင်က အသေးစိတ်မဖော်ပြခဲ့သည့် ထိုသို့ အလှည့်ကျ ရွှေ့ပြောင်းမှုများသည် စစ်တပ်က နယ်မြေ အကြီးအကျယ် ဆုံးရှုံးသည့် တရုတ်နယ်စပ်အနီးတွင် ပိုမို ဖြစ်ပွားသည်။
“နောက်ဆုံးရတဲ့ အချက်အလက်တွေအရ အခု တာဝန်ထမ်းဆောင်နေတဲ့ တိုင်းမှူး အများစုက အရင်က စစ်တိုင်းမှူး မလုပ်ဖူးတဲ့သူတွေ ဖြစ်တယ်” ဟု အထက်ပါ သုတေသနအဖွဲ့မှ ဒါရိုက်တာ တိုနီဝီလ်ဆင်က ပြောသည်။
“နောက်ဆုံးရတဲ့ အချက်အလက်တွေအရ အခု တာဝန်ထမ်းဆောင်နေတဲ့ တိုင်းမှူး အများစုက အရင်က စစ်တိုင်းမှူး မလုပ်ဖူးတဲ့သူတွေ ဖြစ်တယ်” ဟု အထက်ပါ သုတေသနအဖွဲ့မှ ဒါရိုက်တာ တိုနီဝီလ်ဆင်က ပြောသည်။
တိုင်းမှူးများကို အလျင်အမြန် ရွှေ့ပြောင်းခြင်းသည် စစ်တပ်အပေါ် ပိုမိုထိန်းချုပ်ရန်နှင့် သဘောထားကွဲမှုများကို တားဆီးရန် မင်းအောင်လှိုင်၏ ကြိုးစားမှုဖြစ်သည်ဟု သုတေသီ ကိုရဲမျိုးဟိန်းက ပြောသည်။ မင်းအောင်လှိုင်သည် လွန်ခဲ့သောနှစ်က ချေမှုန်းခံရခြင်းအတွက် ယခင် မကြုံဖူးသည့် ဖိအားနှင့် ဝေဖန်မှုများ ရင်ဆိုင်နေရပြီး ၎င်းကိုသစ္စာခံသူများ၏ ဝေဖန်မှုကိုပင် ခံနေရသည်။
တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်အတွင်း မင်းအောင်လှိုင်သည် အငြင်းပွားမှုတခုတွင် အမိန့် မနာခံသောကြောင့် လားရှိုးမှ စစ်တိုင်းမှူးကို ဖြုတ်လိုက်သည်ဟု စစ်ကောင်စီအရာရှိများနှင့် အဆက်အသွယ်ရှိသော ကိုမင်းဇော်ဦးနှင့် သုတေသီ ကိုရဲမျိုးဟိန်းတို့က ပြောသည်။
ထိုရာထူးတွင် အစားထိုးခန့်အပ်ခံရသူသည် တိုက်ပွဲဖြစ်နေသောကြောင့် လားရှိုးသို့ မသွားနိုင်ကြောင်း၊ အခြားဒေသများမှ တပ်ကူများလည်း မလာရောက်နိုင်ကြောင်း ၎င်းတို့က ပြောသည်။
“အမိန့်မနာခံရုံနဲ့ အကျပ်အတည်းမှာ တိုင်းမှူးအပြောင်းအလဲ လုပ်လို့ မရဘူး” ဟု ကိုမင်းဇော်ဦးက ပြောသည်။
(Reuters ပါ How an anxious China is backing Myanmar’s faltering junta in civil war ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီကို ထောက်ပံ့တာရပ်ဖို့ တရုတ်ကို ဆန္ဒပြ (ရုပ်/သံ)
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ
စစ်ကောင်စီအပေါ် တရုတ်ဖိအား လျှော့ချပြီးနောက် ငွေကြေးလိမ်လည်မှုလုပ်ငန်းများ အလျင်အမြန် ပြန်အသက်ဝင်
စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်
ချိနဲ့လာသည့် စစ်ကောင်စီကို တရုတ်က နေရာပေးရန် ကြိုးစားနေ
စစ်ကောင်စီ ရွေးကောက်ပွဲက တရုတ် အကျိုးစီးပွား ရှေးရှုနေ














