• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်

by Zachary Abuza
6 September 2024
in စီးပွားရေး, သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီကို တရုတ်က ဘဏ္ဍာရေး အသက်ဆက်မပေးရန် လိုသည်

တရုတ်သည် သတိထားစောင့်ကြည့်ရမည့် မြီရှင်၊ ကြွေးရှင် ဖြစ်သည်/ Amanda Weisbrod / RFA

8.4k
VIEWS
Share on FacebookShare on Twitter

အတိုက်အခံတို့၏ စစ်မြေပြင်အောင်ပွဲများသည် စစ်ကောင်စီအတွက် စစ်ရေးရှုံးနိမ့်မှုမျှသာ မကဘဲ ဆိုးရွားနေပြီးဖြစ်သည့် ဘဏ္ဍာရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည့် အရေးပါသော စီးပွားရေးထိုးနှက်ချက်လည်း ပါသည်။ ယင်းသည် မြန်မာစစ်ကောင်စီကို ဘဏ္ဍာရေး ထောက်ပံ့ရန် တရုတ်က ထည့်သွင်းစဉ်းစားသည့်အချက် ဖြစ်သည်။

၂၀၂၃ ခုနှစ် နှောင်းပိုင်းတွင် ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး မစတင်မီအထိ စစ်ကောင်စီ၏ လွန်စွာဆိုးရွားသော စီးပွားရေး စီမံခန့်ခွဲမှုသည် အခြား စစ်ရေးစိန်ခေါ်များထက် ပိုမိုကြီးမားသည့် ခြိမ်းခြောက်မှု ဖြစ်သည်။

အာဏာသိမ်းပြီးနောက်တွင် ငွေကြေးဖောင်းပွမှု ၃၀ ရာခိုင်နှုန်းကျော်ပြီး အခြေခံကုန်စည်များ၏ ဈေးနှုန်းများ ၂၀၀ ရာခိုင်နှုန်း တက်သည်။

စစ်အာဏာသိမ်းပြီးနောက် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု (GDP) ၂၀ ရာခိုင်နှုန်း ကျဆင်းသည်။ အာဏာမသိမ်းမီက တဒေါ်လာ ၁,၃၅၀ ကျပ်သာရှိရာမှ ယခုအခါ ကျပ်ငွေကို တဒေါ်လာ ၆,၀၀၀ ကျပ် ဝန်းကျင်ဖြင့် ရောင်းဝယ်ကြသည်။ အာဏာသိမ်းပြီးနောက်တွင် ငွေကြေးဖောင်းပွမှု ၃၀ ရာခိုင်နှုန်းကျော်ပြီး အခြေခံကုန်စည်များ၏ ဈေးနှုန်းများ ၂၀၀ ရာခိုင်နှုန်း တက်သည်။

၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းထားသည့် စီးပွားရေးတိုးတက်မှုနှုန်း ၁ ရာခိုင်နှုန်းသာ ရှိသည်။ အမှန်တကယ် ရသင့်သည့် လုပ်အားခများ တန်ဘိုးထိုးကျပြီး ပြည်တွင်းစားသုံးမှုကို ထိခိုက်စေသည်။

စစ်အာဏာသိမ်းမှုသည် ၁၅ နှစ်ကြာ ရေရှည်စီးပွားရေးတိုးတက်မှုကို ကွယ်‌ပျောက်စေပြီး နိုင်ငံလူဦးရေ ထက်ဝက်ကျော်သည် ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်မျဉ်းအောက် ရောက်သွားသည်။ ပြည်သူ့ကျန်းမာရေးနှင့် သန့်ရှင်းရေးကို ငွေကြေးထောက်ပံ့မှု လွန်စွာနည်းသောကြောင့် နိုင်ငံတွင် ကာလဝမ်းရောဂါဖြစ်ပွားမှု တိုးလာနေသည်။

ငွေကြေးထိန်းချုပ်မှုများသည် သွင်းကုန်သမားများကို ဘဝပျက်စေသည်။ အစိုးရသည် နိုင်ငံခြားငွေ အပြင်းအထန် ပြတ်တောက်နေပြီး လေယာဉ်ဆီ အပါအဝင် လောင်စာနှင့် အခြား အခြေခံကုန်စည်များအတွက် ပေးရန် ခွဲဝေသုံးနေရသည်။ ဘဏ်များမှ ငွေများ အလုံးအရင်း ထုတ်ယူမှုကို တားဆီးရန် စစ်ကောင်စီသည် ဘဏ်များမှ နေ့စဉ် ငွေထုတ်ယူမှုကို ကျပ် ၂ သိန်းဖြင့် ကန့်သတ်ထားသည်။

စစ်ရေးရှုံးနိမ့်မှုများကြောင့် စီးပွားရေးထိခိုက်

အတိုက်အခံများက နိုင်ငံ၏ ၅၀ ရာခိုင်နှုန်းနှင့် မြို့ကြီးမြို့ငယ် ၃ ပုံ ၁ ပုံကို ထိန်းချုပ်ထားကြောင်း ပြောသည်။ အလွန်အကျွံ ပြန့်ကျဲနေသော စစ်တပ်သည် အတင်းအကျပ် စစ်သားစုဆောင်းထားသူများကို ရှေ့တန်းတွင် မှီခိုနေရပြီး စစ်ကို ရေရှည်တိုက်နိုင်သည့် သယ်ယူပို့ဆောင်ရေး ထောက်ပို့စွမ်းရည် ပြိုလဲနေသည်။

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်တွင် အမျိုးသားတဦးက ဗိုလ်ချုပ် အောင်ဆန်းပုံပါ ၁၀၀၀ ကျပ်တန်ဖြင့် ပုံဖော်ထားသည့် နှာခေါင်းစည်း တပ်ဆင်ထားစဉ် / AFP

အတင်းအကျပ် စစ်သားစုဆောင်းရန် အရေးတကြီး ပိုလိုအပ်သောကြောင့် စစ်ကောင်စီသည် လူငယ်များ ပြည်ပ မထွက်ရန် ပိတ်ပင်နေပြီး တချိန်တည်းတွင် ပြည်ပမှ လုပ်အားခများ၏ ၂၅ ရာခိုင်နှုန်းကို အခွန်တိုးကောက်ရန် ကြိုးစားနေသည်။ ထိုငွေကို နိုင်ငံပိုင်ဘဏ်များမှတဆင့် အတင်းအကျပ် လုပ်ယူထားသည့် နိမ့်ကျသော တရားဝင် ငွေလဲနှုန်းဖြင့် လဲလှယ်ရမည်ဖြစ်သည်။

စစ်ရေးရှုံးနိမ့်မှုများက အဓိက ဝင်ငွေရင်းမြစ်များဖြစ်သည့် ကျောက်မျက်ရောင်းချငွေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေ၊ စစ်တပ်ပိုင်လုပ်ငန်းများ၏ ဝင်ငွေနှင့် ကော်ပိုရိတ်လုပ်ငန်း အခွန်ငွေတို့ကို ပြတ်တောက်သွားစေပြီး စစ်ကောင်စီ၏ ဆိုးရွားသော စီးပွားရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်။

စစ်ရေးရှုံးနိမ့်မှုများက အဓိက ဝင်ငွေရင်းမြစ်များဖြစ်သည့် ကျောက်မျက်ရောင်းချငွေ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေ၊ စစ်တပ်ပိုင်လုပ်ငန်းများ၏ ဝင်ငွေနှင့် ကော်ပိုရိတ်လုပ်ငန်း အခွန်ငွေတို့ကို ပြတ်တောက်သွားစေပြီး စစ်ကောင်စီ၏ ဆိုးရွားသော စီးပွားရေးအကျပ်အတည်းကို ပိုမိုဆိုးရွားစေသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) သည် ပတ္တမြားတူးဖော်သည့် ဒေသ မိုးကုတ်မြို့ကို သိမ်းပိုက်လိုက်သည်။ မိုးကုတ်နှင့် အခြားနေရာများမှ ကျောက်မျက် လက်ကားရောင်းချသည့် လုပ်ငန်းများကို စစ်တပ်ပိုင် ကုမ္ပဏီများက အများအားဖြင့် ထိန်းချုပ်ထားသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သည် အဓိကကျသည့် ကျောက်စိမ်းတူးဖော်သော ဒေသများကို ထိန်းချုပ်မှု မြှင့်တင်ပြီး ဖားကန့်မြို့နယ်မှ စစ်တပ်စခန်း နှစ်ခုကို မကြာသေးမီက သိမ်းပိုက်လိုက်သည်။

သြဂုတ်လ အစောပိုင်းတွင် အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက မန္တလေးမြို့ မြောက်ဘက်မှ တကောင်းတောင် နီကယ်စက်ရုံကို သိမ်းပိုက်သည်။

ထိုနီကယ်စက်ရုံသည် မြန်မာမှ တရုတ်၏ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုများအနက် တခုဖြစ်ပြီး အာဏာမသိမ်းမီက စစ်ကောင်စီကို နှစ်စဉ်ငှားရန်းခ ဒေါ်လာ သန်း ၁၂၀ ရစေသည်ဟု ယူဆရသည်။ ထိုသတ္တုတွင်းကို လုပ်ကိုင်သည့် ဝမ်ပေါင် သတ္တုတွင်းလုပ်ငန်းသည် တရုတ်၏ လက်နက်ထုတ်လုပ်ရေး လုပ်ငန်းစု NORINCO ၏ လုပ်ငန်းခွဲ ဖြစ်သည်။

အတိုက်အခံ အင်အားစုက ပိုက်လိုင်းငှားရမ်းခ လိုချင်

တကောင်း နီကယ်စက်ရုံ သိမ်းပိုက်ခံရပြီးနောက်တွင် တရုတ်သည် NUG ကို တိုက်ရိုက်ဆက်သွယ်သည်။ ယခုအခါ PDF များက ထိုလုပ်ငန်းကို လုံခြုံရေးပေးနေပြီး ငှားရမ်းခကို စစ်ကောင်စီထံ ပေးတော့မည် မဟုတ်ပေ။

သြဂုတ်လတွင် PDF များသည် တရုတ် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်း ပို့လွှတ်ရေးစခန်းတခုကို ခဏ သိမ်းပိုက်သည်။ စစ်ကောင်စီသည် တရုတ်ထံမှ ငှားရမ်းခကို ငမ်းငမ်းတက် လိုချင်သောကြောင့် ထိုစခန်းကို ပြန်လည်သိမ်းယူသည်။

NUG နှင့် မဟာမိတ် တိုင်းရင်းသားတပ်မတော်များသည် တရုတ်စီးပွားရေး အကျိုးစီးပွားများ၊ အထူးသဖြင့် ထိုပိုက်လိုင်းများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ကတိပြုပြီး ငှားရမ်းခကို စစ်ကောင်စီသို့ မပေးဘဲ ၎င်းတို့ထံပေးရန် တွန်းအားပေးနေသည်။

NUG နှင့် မဟာမိတ် တိုင်းရင်းသားတပ်မတော်များသည် တရုတ်စီးပွားရေး အကျိုးစီးပွားများ၊ အထူးသဖြင့် ထိုပိုက်လိုင်းများကို ကာကွယ်ပေးမည်ဖြစ်ကြောင်း အကြိမ်ကြိမ် ကတိပြုပြီး ငှားရမ်းခကို စစ်ကောင်စီသို့ မပေးဘဲ ၎င်းတို့ထံပေးရန် တွန်းအားပေးနေသည်။

မြန်မာနိုင်ငံ အနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) က ကျောက်ဖြူဆိပ်ကမ်းကို မသိမ်းပိုက်သေးပေ။ ကျောက်ဖြူတွင် တရုတ်နိုင်ငံပိုင်လုပ်ငန်းတခုသည် ရေနက်ဆိပ်ကမ်းနှင့် ၎င်း၏ ပိုက်လိုင်းများ ပတ်လည်တွင် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ကြိုးစားနေသည်။ ထိုလုပ်ငန်းသည် တရုတ်၏ အရေးပါသော ရပ်ဝန်းနှင့် ပိုးလမ်းမ အစီအစဉ် ပိုင်နက် ဖြစ်သည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မဒေးကျွန်းရှိ ကမ်းလွန်ရေနံလုပ်ကွက်တွင် ရေနံလှောင်ကန်များကို တရုတ်အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) က ဆောက်လုပ်နေသည်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လက တွေ့ရစဉ် / AFP

PDF များသည် မတ်လနောက်ပိုင်း စတုတ္ထမြောက် ရေနံမြေကို သိမ်းပိုက်ထားသည်။ ထိုရေနံမြေများကို မြန်မာ့ ရေနံနှင့်သဘာဝလုပ်ငန်းက တိုက်ရိုက်ပိုင်သည်။

စစ်ကောင်စီသည် ၎င်း၏လုပ်ငန်းစုကြီး နှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) ကို ငွေရှာရန် အသုံးပြုနေသည်မှာ ကာလကြာမြင့်ပြီ ဖြစ်သည်။ ထို လုပ်ငန်းနှစ်ခုပေါင်းသည် စီးပွားရေးကဏ္ဍ အားလုံးနီးပါးတွင် ကော်ပိုရေးရှင်း ၁၂၀ ကျော်ကို ပိုင်ဆိုင်သည်။

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
139
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.5k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.1k

NUG သည် နိုင်ငံမှ အကြီးမားဆုံး ဆက်သွယ်ရေးလုပ်ငန်း Mytel၊ မြန်မာဘီယာနှင့် ဒဂုံဘီယာ၊ Red Ruby နှင့် Premium Gold စီးကရက် လုပ်ငန်းပိုင်ရှင်များကို သပိတ်မှောက်ရန် လုပ်ဆောင်နေသည်။

ငွေကြေးထိန်းချုပ်မှုကြောင့် ငွေရင်းစီးထွက်

ထိုသို့သပိတ်မှောက်ခြင်းနှင့် အခြား ဖြတ်တောက်မှုများ၏ ရိုက်ခတ်မှု အပြည့်အဝကို မသိနိုင်သော်လည်း MEHL သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် နှစ်စဉ်အမြတ်ငွေ မပေးနိုင်တော့ဘဲ စစ်တပ်၏ စိတ်ဓာတ်ကို ပျက်စီးစေသည်။ စစ်သားအားလုံးသည် ရာထူးအလိုက် ၎င်းတို့၏ အနည်းငယ်သော လစာမှ သတ်မှတ်ပမာဏ တခုကို MEHL တွင် လစဉ် ရင်းနှီးမြှုပ်နှံရသည်။ နှစ်စဉ်အမြတ်ငွေသည် ဘဏ္ဍာရေး အသက်သွေးကြော ဖြစ်သည်။

စီးပွားရေးတခုလုံး ပြိုလဲခြင်းနှင့်အတူ လုပ်ငန်းခွန်များ ကျဆင်းနေသည်။ တရုတ်နှင့် ထိုင်းမှအပ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလည်း မလာတော့ပေ။

၂၀၂၄ ခုနှစ် ပထမ ၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၅၀ ဖိုးသာ ကတိကဝတ်ရသည်။ Primark, H&M နှင့် Inditex အပါအဝင် အထည်အလိပ်လုပ်ငန်းမှ အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပြန်လည် ရုတ်သိမ်းသွားသည်။ ငွေအရင်းအနှီး စီးဆင်းဝင်ရောက်မှု ရပ်ဆိုင်းနေသည်။

၂၀၂၄ ခုနှစ် ပထမ ၇ လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ သန်း ၁၅၀ ဖိုးသာ ကတိကဝတ်ရသည်။ Primark, H&M နှင့် Inditex အပါအဝင် အထည်အလိပ်လုပ်ငန်းမှ အဓိက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ပြန်လည် ရုတ်သိမ်းသွားသည်။ ငွေအရင်းအနှီး စီးဆင်းဝင်ရောက်မှု ရပ်ဆိုင်းနေသည်။

စစ်ကောင်စီသည် စစ်အသုံးစရိတ်ကို ငွေကြေးထိန်းချုပ်မှု ယန္တရားမှ အဓိကအားဖြင့် ငွေရှာနေပြီး ကုမ္ပဏီအားလုံးသည် ၎င်းတို့ နိုင်ငံခြားငွေများ၏ ၆၅ ရာခိုင်နှုန်းကို အလွန်နိမ့်ကျသည့် အတင်းအကျပ် ငွေလဲနှုန်းဖြင့် လဲလှယ်ရန် လိုအပ်သည်။

စစ်ကောင်စီသည် ၂၀၂၄ ခုနှစ် တနှစ်တည်းတွင်ပင် ငွေလဲနှုန်းကို ဈေးနှိမ်ဝယ်ပြီး ဈေးအမြင့်ဖြင့် ပြန်ရောင်းကာ ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံရသည်ဟု ပညာရှင် ဂျရတ်ဘစ်ဆင်ဂျာက မကြာသေးမီက အစီရင်ခံစာတစောင်တွင် ဖော်ပြသည်။ ထို့ကြောင့် စီးပွားရေး တိုးတက်စေရန် သုံးမည့် ထုတ်ကုန်ဝင်ငွေကို ရယူလိုက်ခြင်းဖြစ်ပြီး ငွေအရင်းအနှီး ပြန်လည်စီးထွက်မှု ပိုမိုဖြစ်စေသည်။ ပို့ကုန်သမားများသည် ပိုင်ဆိုင်မှုများကို ပြည်ပတွင် ဝှက်ထားရန် အရောင်းလျှော့ချ အစီရင်ခံဖွယ် ရှိသည်။

စီးပွားရေးလုပ်ငန်းများကလည်း ပုံမှန်မရှိဘဲ လျော့ကျနေသည့် လျှပ်စစ်ဓာတ်အား ဖြန့်ချိမှုကြောင့် အနှောင့်အယှက် ဖြစ်နေသည်။ ဟောင်ကောင်မှ V-Corp သည် စီမံကိန်းအများအပြား ပိတ်လိုက်ပြီး စင်ကာပူမှ Sembcorp သည်လည်း မန္တလေးမြို့ပြင်မှ ၂၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်သောကြောင့် ဓာတ်အား မလုံလောက်မှု ပိုမိုဆိုးရွားစေသည်။

သြဂုတ်လ အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက မန္တလေးမြို့ မြောက်ဘက်မှ တကောင်းတောင် နီကယ်စက်ရုံကို သိမ်းပိုက်သည်

ရေနံနှင့် ဒီဇယ် တင်သွင်းရန် စစ်ကောင်စီက ဒေါ်လာသန်း ၁၀၀ ပေးမည်ဟု ကတိပြုသော်လည်း ဘာမှ ဖြစ်မလာဘဲ နိုင်ငံတဝန်း မလုံလောက်ခြင်းနှင့် ဈေးနှုန်းများ မြင့်တက်ခြင်းကို ဖြစ်စေသည်။

တရုတ်က ဘဏ္ဍာရေး အသက်ဆက်ပေးမလား

ငွေမာရှားပါးသောကြောင့် စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေးကို တွန်းအားပေးသည်။ ထိုသို့ လုပ်ခြင်းကြောင့် ကျပ်ငွေ တည်ငြိမ်စေနိုင်သည်။ သို့သော် တိုင်းရင်းတပ်မတော်များက နယ်စပ်စခန်းအများစုနှင့် တရုတ်နယ်စပ်တလျှောက် ပိုမိုများပြားနေသည့် ကုန်သွယ်ရေး အချက်အခြာများ လမ်းကြောင်းများကို ထိန်းချုပ်ထားသောကြောင့် ထိုကိစ္စသည်လည်း အဆင်မပြေပေ။

ငွေသားပြတ်လပ်ခြင်းကြောင့် စစ်ကောင်စီသည် လက်နက်ခဲယမ်း ပြည်တွင်းတွင် ထုတ်လုပ်ရေးကို ဦးစားပေးလာသည်။ သို့သော် သြဂုတ်လတွင် PDF များက မြင်းခြံရှိ အမြောက်ဆံအတွက် သံမဏိ ထုတ်လုပ်သည့် MEC ပိုင်စက်ရုံကို တိုက်ခိုက်သောကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းသွားသည်။

NUG သည် စစ်တပ်၏ စစ်ဆင်နိုင်စွမ်းကို ပုံမှန် ပစ်မှတ်ထားလာနေသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက စစ်ကောင်စီအတွက် ဒေါ်လာ ၃ ဘီလီယံကို ဘဏ္ဍာရေး အသက်ဆက်ပေးရန် ကမ်းလှမ်းသည်။

ထိုသို့သော အခြေအနေကို ရင်ဆိုင်နေရစဉ် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိက စစ်ကောင်စီအတွက် ဒေါ်လာ ၃ ဘီလီယံကို ဘဏ္ဍာရေး အသက်ဆက်ပေးရန် ကမ်းလှမ်းသည်။

ထိုသို့လုပ်ခြင်းသည် စစ်ကောင်စီ ရွေးကောက်ပွဲကို ပြည်တွင်းစစ်မှ ထွက်ပေါက်အဖြစ် လက်ခံရန် ဆွဲဆောင်သည်ဟု မြင်နိုင်သော်လည်း ထိုကိစ္စသည် စစ်ဆက်လက်တိုက်ရန် စစ်ကောင်စီကို ယုံကြည်မှု ပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။

NUG က တရုတ်ကို သတိပေးချက် ချက်ချင်းထုတ်ပြန်ပြီး စစ်ကောင်စီကြောင့် ကုန်ကျသည့် ကြွေးမြီများနှင့် ပေးရန် တာဝန်များကို လေးစားလိုက်နာမည် မဟုတ်ကြောင်း NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်က သတိပေးသည်။

စင်ကာပူမှ Sembcorp သည်လည်း မြင်းခြံမှ ၂၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံကို အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်သောကြောင့် ဓာတ်အား မလုံလောက်မှု ပိုမိုဆိုးရွားစေသည်။

စစ်ကောင်စီသည် ပြည်သူကို ကိုယ်စားမပြုသော၊ ပြည်သူ့ထံမှ နိုင်ငံတော်အာဏာကို အတင်းအကျပ်လုယူသော တရားမဝင် စစ်ကောင်စီဖြစ်ကြောင်း၊ ၎င်းတို့၏ အကြောက်တရား ဖန်တီးရေး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှု ယန္တရားကို ရန်ပုံငွေထောက်ပံ့ရန် ပြည်တွင်းပြည်ပက မြီရှင်များထံမှ အများပြည်သူအတွက် ဟန်ပြပြီး ချေးငှားခြင်းကို ခွင့်မလွှတ်နိုင်သလို ခွင့်လည်း မပြုနိုင်ကြောင်း ၎င်းကပြောသည်။

စစ်ကောင်စီသည် စစ်မြေပြင်တွင် ဆက်လက် ရှုံးနိမ့်နေစဉ် ဝင်ငွေစီးကြောင်းများကိုလည်း ဆုံးရှုံးမည်ဖြစ်ကာ ၎င်းတို့၏ မခိုင်မာသည့် ဘဏ္ဍာရေး အခြေအနေကို ဖိအားပိုမိုပေးလာမည် ဖြစ်သည်။

တရုတ်သည် သတိထားစောင့်ကြည့်ရမည့် မြီရှင်၊ ကြွေးရှင် ဖြစ်သည်။

(RFA ပါ Zachary Abuza ၏ Caveat creditor: China offers a financial lifeline to Myanmar’s junta ကို ဘာသာပြန်သည်။ Zachary Abuza သည် ဝါရှင်တန်ရှိ အမျိုးသားစစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့ဂျ်တောင်း တက္ကသိုလ် သုတေသီတဦးဖြစ်သည်။)

You may also like these stories:

ကျပ်ငွေထပ်မံ ပုံနှိပ်သုံးစွဲသောကြောင့် ငွေတန်ဖိုး အရှိန်အဟုန်ဖြင့် ကျဆင်း

နိုင်ငံခြားငွေလဲနှုန်း ကွာဟမှုမှ စစ်ကောင်စီ စစ်စရိတ်ရှာနေဟု ကျွမ်းကျင်သူများ ပြောဆို

မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား

အပယ်ခံဗိုလ်ချုပ်များနှင့် တရုတ်ဆက်ဆံခြင်းက မြန်မာအတွက်ဆိုးကျိုး

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် အင်တာဗျူး (ရုပ်/သံ)

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAKIAMECMEHLNUGPDFSliderTNLAငွေကြေးဖောင်းပွမှုစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးစီးပွားရေး ဦးပိုင်လီမိတက်ညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းပြည်တွင်းစစ်အတင်းအကျပ် စစ်သားစုဆောင်းမှုအမျိုးသားညီညွတ်ရေးအစိုးရ
Zachary Abuza

Zachary Abuza

ဇာချာရီ အဘူဇာသည် ဝါရှင်တန်ရှိ အမျိုးသား စစ်ကောလိပ်မှ ပါမောက္ခနှင့် ဂျော့တောင်း တက္ကသိုလ်မှ အချိန်ပိုင်း ပါမောက္ခဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

တရားစီရင်ရေးမဏ္ဍိုင် ပိုပြီးကောင်းမွန်လာဖို့လိုတယ်

အာဏာရှင်စီးပွားဖက် လက်နက်ကိုင်ခရိုနီ (ရုပ်/သံ)

အာဏာရှင်စီးပွားဖက် လက်နက်ကိုင်ခရိုနီ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved