မြန်မာနိုင်ငံက ကလေး လူငယ်တွေနဲ့ အမျိုးသမီးတွေရဲ့လုံခြုံရေးဟာ နေ့စဥ် ခြိမ်းခြောက်ခံနေရပါတယ်။
လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခံရမှု၊ မုဒိမ်းမှု နဲ့ သက်ငယ်မုဒိမ်းမှုတွေအပြင် လိင်ကွဲပြားမှုကြောင့် ချိုးဖောက်မှုခံရတာတွေနဲ့ အမြတ်ထုတ်ခံရမှုတွေ များလာနေပြီး၊ ဗဟိုကော်မတီကို တိုင်လာတဲ့အမှုတွေ အရ ၂၀၁၄ ခုနှစ် နှစ်ဝက်မှာတင် ၂၀၂၃ နှစ် တနှစ်လုံးထက် သုံးပုံ ၂ ပုံခန့် ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက သိရပါတယ်။
၂၀၂၃ ခုနှစ်မှာ ဝန်ကြီးဌာနကို လိပ်မူပြီး တိုင်ကြားစာ ဗဟိုကော်မတီကို ရောက်တဲ့ အမှုထဲက ၈၁ မှု နဲ့ ၂၀၂၄ ခုနှစ် အတွင်း တိုင်လာတဲ့ အမှုတွေထဲက ၅၅ မှုကို စုံစမ်း စစ်ဆေးနေတယ်လို့ ဝန်ကြီးဌာန ဒုဝန်ကြီး မအိသဉ္ဇာမောင်က ပြောပါတယ်။
ဒီအထဲ တိုင်တန်းသူ မပါဘဲ ကျော်ဇော အမှု တွေကိုလည်း စုံစမ်းစစ်ဆေး နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမှုအခင်းတွေရဲ့ စီမံပြီးမြောက်မှု ဒါမှမဟုတ် ဆောင်ရွက်ဆဲ အခြေအနေတွေကို ပြည်သူလူထုက အချိန်နဲ့ တပြေးညီ မသိရှိရဘဲ ဖြစ်နေတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဒီအခြေအနေတွေ၊ စိန်ခေါ်ချက်တွေနဲ့ ပတ်သက်ပြီး ဒုဝန်ကြီး မအိသဉ္ဇာမောင်ကို ဧရာဝတီသတင်းဌာန အယ်ဒီတာ ငြိမ်းငြိမ်းက မေးမြန်းထားပါတယ်။
#အမျိုးသမီး #လုံခြုံရေး #women #security #WPS #safety #rape #minorrape #sexualharrassment #သက်ငယ်မုဒိမ်းမှု #PSHEA #အိသဉ္ဇာမောင် #NUG #အမျိုးသမီး_လူငယ်_ကလေးသူငယ်ရေးရာဝန်ကြီးဌာန #တရားစီရင်ရေးမဏ္ဍိုင်
———————————————————-
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR