• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Military

စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ

by စွယ်တော်
7 October 2024
in Military, သူ့အတွေး သူ့အမြင်
A A
စစ်ကောင်စီ အသက်ဆက်ဖို့ တရုတ်ကို အားထားနေရပြီ

တရုတ်နိုင်ငံခြားရေး ဝမ်ယိနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့တွင် နေပြည်တော်၌ တွေ့ဆုံခဲ့သည်

6.2k
VIEWS
Share on FacebookShare on Twitter

“အဘတပ်ချုပ်ကြီးက တရုတ်နဲ့ညှိလိုက်ပြီ၊ အေးဆေးဖြစ်တော့မှာပါ” ဆိုသည့်စကားက တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ နေပြည်တော် ခရီးစဉ်အပြီးတွင် တပ်တွင်း၌ အများဆုံးကြားရသည့် ဝါဒဖြန့်စကား ဖြစ်သည်။

စစ်တပ်အတွင်းရှိ အရာရှိ၊ စစ်သည်များနှင့် တပ်မိသားစုဝင်များ အနေဖြင့် အာဏာသိမ်းကာလအတွင်း တပ်တွင်း ထိခိုက်ကျဆုံးမှုများကို မျက်မြင်ကိုယ်တွေ့ ကြုံနေရသလို အချို့လည်း ကိုယ်တိုင် မကြုံသေးသည့်တိုင် မိမိတို့၏ရင်းနှီးသည့်တပ်မိသားစု၊ မိတ်ဆွေ သူငယ်ချင်းများ၊ မိသားစုများ ကျဆုံးမှု၊ အဖမ်းဆီးခံရမှု သတင်းများသည် မကြားချင်မှအဆုံး ဖြစ်သည်။

ထို့ကြောင့် တပ်ချုပ် မင်းအောင်လှိုင်၏ ကိုယ်ကျိုးရှာ အာဏာသိမ်းမှုအပေါ် တီးတိုးဝေဖန်ရာမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာခဲ့ကြသည်။ စစ်ခေါင်းဆောင်များသည် သူတို့ကိုယ်ကျိုးရှာမှုကို ဖုံးကွယ်ရန်အတွက် အာဏာသိမ်းကာစတွင် မဲရလဒ် PDF File ကို Excel File ပြောင်းကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို မဲမသမာမှု ခေါင်းစဉ်တပ်ခဲ့သော်လည်း စစ်ခေါင်းဆောင်များ၏ ရှေ့နောက်မညီသော စကားများကြောင့် တပ်တွင်း ယုံကြည်မှုများ ကျဆင်းလာခဲ့သည်။ (ဥပမာ – ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုသည့် သက်တမ်း နှစ်နှစ်သာ နိုင်ငံတော်အာဏာ ရယူပါမည်ဆိုခဲ့သည့် တပ်ချုပ်သည် မပြီးနိုင်မစီးနိုင် ခြောက်လ တခါ သက်တမ်းတိုးနေခြင်း ဖြစ်သည်။)

ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေး စစ်ရှုံးပြီး နောက်ပိုင်းတွင် လောက်ကိုင် ရှေ့တန်းစခန်းကုန်းက စေတီကိစ္စနှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကို ကွေ့ရှမ်းတရုတ်ဟု တံဆိပ်ကပ်၍ ကျူးကျော်မှုကို ဆန့်ကျင်ကြောင်း စစ်ကောင်စီ တပ်တွင်း၌ ပြောင်းလဲဝါဒဖြန့်နေခဲ့ကြ၏။

ယခုနောက်ပိုင်းတွင် “တရုတ်နှင့် ညှိနှိုင်းပြီးပြီ၊ မကြာမီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) က နယ်မြေတွေပြန်သိမ်းမယ်၊ MNDAA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့လည်း သူတို့နေရာတွေ ပြန်ဆုတ်တော့မယ်၊ လောက်ကိုင်အထိ ပြန်ယူမယ်” ဆိုသည့် စကားသံဖြင့် အစားထိုး ဝါဒဖြန့်လာခဲ့သည်။

ယခုနောက်ပိုင်းတွင် “တရုတ်နှင့်ညှိနှိုင်းပြီးပြီ၊ မကြာမီ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) က နယ်မြေတွေပြန်သိမ်းမယ်၊ MNDAA နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့လည်း သူတို့နေရာတွေ ပြန်ဆုတ်တော့မယ်၊ လောက်ကိုင်အထိ ပြန်ယူမယ်” ဆိုသည့် စကားသံဖြင့် အစားထိုး ဝါဒဖြန့်လာခဲ့သည်။

တရုတ်နှင့် ပြောဆိုညှိနှိုင်းလိုက်လျှင် ဖြစ်သမျှစစ်ပွဲ အကုန်ရပ်မည်ဟု တပ်တွင်း၌ ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ထားသည်။ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ အဖွဲ့ဝင် အာရက္ခတပ်တော် (AA) ဗိုလ်ချုပ် ထွန်းမြတ်နိုင်က သိကြားမင်း ဆင်းတားလျှင်တောင် ရပ်မည်မဟုတ်ဟု ပြောထားသည်။

MNDAA နှင့် TNLA ကို ယူနန်အစိုးရက စာထုတ်ဟန့်တားသည့်တိုင် ထိုးစစ်များက ရပ်သွားခဲ့ခြင်း မရှိပေ။ တရုတ်က မြန်မာပြည်တွင်း စစ်ဆင်ရေးများကို တကယ်ပဲ ရပ်တန့်စေနိုင်သလား။ မြောက်ပိုင်း သုံးဖွဲ့အပါအဝင် ပြည်တွင်းက တော်လှန်ရေး ထိုးစစ်အဟုန်များ တဖြည်းဖြည်း ကျသွားနိုင်သလား တွေးမိသည်။ ထို့ကြောင့်လည်း အာဏာသိမ်းကာလအတွင်း တရုတ်၏ စစ်ကောင်စီအပေါ်ထားသည့် သဘောထားများကို ပြန်လည် ဆန်းစစ်ကြည့်မိသည်။

တရုတ်ဘက်က၂၀၂၁ ခုနှစ်၊ ဖေဖော်ရီလ ၁ ရက်နေ့ မြန်မာစစ်တပ် တိုင်းပြည်အာဏာကို သိမ်းပြီးကတည်းက စစ်ခေါင်းဆောင် တပ်ချုပ် မင်းအောင်လှိုင်ကို သူ့မြေပေါ်သို့ လာရောက်ခွင့် မပေးခဲ့ပေ။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လက ပုဂံမြို့တွင် ကျင်းပသည့် ၇ ကြိမ်မြောက် မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း တပ်ချုပ်က တွေ့ဆုံခွင့်တောင်းသည့်တိုင် မစ္စတာ ဝမ်ယိက တွေ့ခွင့်မပေးခဲ့ကြောင်း သိရသည်။ သို့သော် အာဏာသိမ်းကာလအတွင်း မြန်မာနှင့်ပတ်သက်၍ နိုင်ငံတကာကို မှတ်ချက်ပေး ပြောကြားရာတွင် ပြည်တွင်းရေးဖြစ်သည် ဆိုသည့်စကားနှင့် စစ်ကောင်စီကို ကာကွယ်ပေးထားပြန်သည်။

တရုတ်သို့ တပ်ချုပ် မင်းအောင်လှိုင်ကို အလာမခံခဲ့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်မှ ဝန်ကြီးအဆင့်ရှိသူများအနေဖြင့် ခေါင်းစဉ်အမျိုးမျိုးဖြင့် မကြာခဏ သွားရောက်ခွင့်ရခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လဆန်းတွင် မဆီမဆိုင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို အကြောင်းပြပြီး ဒုချုပ် စိုးဝင်းကို တရုတ်သို့ ဖိတ်ခေါ်ခဲ့သည်

ဇူလိုင်လဆန်းက ဒုချုပ် စိုးဝင်း ခရီးစဉ်မတိုင်မီအထိ အဆင့်အမြင့်ဆုံး သွားရောက်ခဲ့ရသူမှာ စစ်ကောင်စီ ဒုဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဖြစ်သည်။ တတိယအကြိမ် ရပ်ဝန်းနှင့်ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရန် ပို့/ဆက် ဝန်ကြီးအဖြစ် ဘေဂျင်းသို့ သွားရောက် ခဲ့ရခြင်းဖြစ်သည်။

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက် မစ္စတာ ဝမ်ယိ၏ နေပြည်တော် ခရီးစဉ်မတိုင်မီ ဇွန်လ၌ သမ္မတဟောင်း ဦးသိန်းစိန်နှင့် ဇူလိုင်လ၌ စစ်ကောင်စီ ဒုချုပ် ဒု ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ကို တရုတ်က ဖိတ်ခေါ်ခဲ့သည်။ ဖိတ်ကြားမှု နှစ်ခုလုံးတွင် ထူးခြားမှုများ ရှိနေသည်။ ဦးသိန်းစိန်၏ ခရီးစဉ်ခေါင်းစဉ်မှာ တရုတ်၏ ‘ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်ချမှတ်ခဲ့သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနား’ အတွက် ဖြစ်သည်။

လက်ရှိအာဏာ သိမ်းခေါင်းဆောင်ကို ဖိတ်သင့်သည့် တရုတ်၏ မူဝါဒဆိုင်ရာ နှစ်ပတ်လည်အခမ်းအနားလည်း ဖြစ်သည်။ သို့သော် စစ်ခေါင်းဆောင်တပ်ချုပ်ကို ကျော်လွန်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သမ္မတဟောင်းကို ဖိတ်ကြားခဲ့သည်။

စစ်ခေါင်းဆောင်ကို မထောက်ခံကြောင်း ပြသည့်သဘောဖြင့် အာဏာလက်မဲ့ သမ္မတဟောင်းဖြစ်သူကို ကျော်၍ဖိတ်ခြင်းဟုလည်း ဆိုနိုင်သည်။ ဦးသိန်းစိန်သည် အငြိမ်းစား ဗိုလ်ချုပ်ကြီးနှင့် သမ္မတဟောင်း တယောက် ဖြစ်သော်လည်း လက်ရှိ စစ်အာဏာသိမ်းကာလတွင် လူမြင်ကွင်းထွက်၍ လှုပ်ရှားမှု မရှိသလောက် ဖြစ်သည်။

တပ်မတော်နေ့ အခမ်းအနား တက်ခြင်း၊ ကန်တော့ခံခြင်းနှင့် နေပြည်တော်ရှိ ကျောက်တော်ကြီးဘုရားကို လာဖူးသည်လောက်သာ တွေ့ရသောသူဖြစ်သည်။ ဦးသိန်းစိန်ကို တရုတ်က ဖိတ်ခြင်းသည် ဦးသန်းရွှေ ချခဲ့သည့် ၂၀၁၁ အစိုးရပုံစံအရ USDP အစိုးရ၏ သမ္မတဖြစ်ခဲ့ခြင်းနှင့် စစ်တပ်ထုံးစံအရ တပ်ချုပ်ထက် စီနီယာကျသူဖြစ်ခြင်းတို့ကြောင့်နှင့် သူ၏ သမ္မတသက်တမ်းတွင် တပ်ချုပ်တာဝန် စယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နားချနိုင်သူအဖြစ် ယူဆ၍ ဖိတ်ခဲ့ခြင်း ဖြစ်ဟန်တူသည်။

သမ္မတဟောင်း ဦးသိန်းစိန် ခရီးစဉ်အတွင်း တရုတ်ဘက်က စစ်ခေါင်းဆောင် တပ်ချုပ် မင်းအောင်လှိုင်ကို လက်မခံနိုင်ကြောင်း၊ စစ်အာဏာသိမ်းကာလ ရှည်နေသည်ကို မကြိုက်ကြောင်းနှင့် မြန်မာပြည်တွင်းရှိ တရုတ် အကျိုးစီးပွားဆိုင်ရာများ အကာအကွယ်ပေးရေးကိစ္စများ သတင်းစကားပါးသည်ဟု ဆိုကြသည်။

သမ္မတဟောင်း ဦးသိန်းစိန် ခရီးစဉ်အတွင်း တရုတ်ဘက်က စစ်ခေါင်းဆောင် တပ်ချုပ် မင်းအောင်လှိုင်ကို လက်မခံနိုင်ကြောင်း၊ စစ်အာဏာသိမ်းကာလ ရှည်နေသည်ကို မကြိုက်ကြောင်းနှင့် မြန်မာပြည်တွင်းရှိ တရုတ် အကျိုးစီးပွားဆိုင်ရာများ အကာအကွယ်ပေးရေးကိစ္စများ သတင်းစကားပါးသည်ဟု ဆိုကြသည်။

ပြန်ရောက်ရောက်ချင်း ဦးသိန်းစိန်နှင့်တပ်ချုပ် တွေ့ကြသည်။ ‘တရုတ်ကတော့ မင်းကို လက်မခံတော့ဘူး’ ဆိုသည့် အဓိပ္ပာယ်ပါသော စကားကို ဦးသိန်းစိန်က ပြောခဲ့ကြောင်း သိရသည်။ တရုတ်ဘက်က သူတို့စကားကို သက်သေပြသည့် အနေဖြင့် ဇူလိုင်လဆန်းတွင် မဆီမဆိုင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကို အကြောင်းပြပြီး ဒုချုပ် စိုးဝင်းကို တရုတ်သို့ ခေါ်ပြခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ်ခွဲကာလအတွင်း စစ်ကောင်စီထိပ်ပိုင်း ဒုတိယ ခေါင်းဆောင်တဦး၏ ပထမဆုံး တရုတ်ခရီးစဉ်ဖြစ်ခဲ့သည်။ တရုတ်ဘက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ‘မင်းကလွဲရင် တခြားသူဆို လက်ခံတယ်’ ဆိုသည့် သရုပ်ကို ပြလိုဟန်ရှိခြင်း ဖြစ်မည်။

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ဦးသန်းရွှေ၏ နဝတ၊ နအဖ လက်ထက်ကကဲ့သို့ တရုတ် အကူအညီဖြင့် ဆက်လက် ရပ်တည်လိုသည်။ ပြည်တွင်းက သံယံဇာတအရင်းအမြစ်များကို ဈေးပေါပေါနှင့် ထိုးအပ်ကာ တရုတ်အလိုကျ ထားရာနေစေရာသွားဖြင့် အာဏာကို ရသလောက် ကိုင်စွဲထားချင်သည်။

တရုတ်၏ အတွေးအခေါ်အယူအဆ အချို့မှာလည်း ခေတ်အရ နဝတ၊ နအဖ လက်ထက်ကထက် ပြောင်းလဲမှုများစွာ ရှိခဲ့ပြီဖြစ်သည်။ ခပ်လွယ်လွယ်ပြောရလျှင် နိုင်မြင်းလောင်းကြစတမ်းဆိုလျှင် တရုတ်အနေဖြင့် စစ်ကောင်စီဘက်က လောင်း၍မဖြစ်ကြောင်း နားလည်သည်။ တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ ပြည်တွင်းက တရုတ်အကျိုးစီးပွားနေရာ အတော်များများသည်လည်း စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ဘဲ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်မှုအောက်သို့ တော်တော်များများ ရောက်ရှိလာခြင်းဖြစ်သည်။

ထို့ကြောင့် ထာဝရမိတ်ဆွေ၊ ထာဝရရန်သူ မရှိ၊ ထာဝရ အကျိုးစီးပွားသာရှိသည့် တရုတ်အနေဖြင့် ခြောက်လ တခါ သက်တမ်းတိုးနေသည့် အာဏာသိမ်း စစ်ကောင်စီကို သက်တမ်း ထပ်မရှည်စေချင်တော့ပေ။ ကျားဖြန့် နိမ်နှင်းသည့်ခေါင်းစဉ် ဦးစားပေးသည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် မြောက်ပိုင်း သုံးဖွဲ့၏ စစ်ဆင်ရေကို တရုတ်ဘက်က မသိမသာရော သိသိသာသာပါ မီးစိမ်းပြ၍ ပံ့ပိုးမှုများရှိခဲ့သည်။

ကချင်အပါအဝင် ရှမ်းမြောက်က စစ်ဆင်ရေးများ မစခင် နယ်စပ်အနီး တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ခြင်းနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့များ သုံးသည့် ဒရုန်းစနစ်များကို လေ့လာလျှင် သိနိုင်သည်။ တရုတ်နယ်စပ်တွင် အခြေပြုနေသော တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် တရုတ်၏ အချက်ပြမှုမပါဘဲ ဤမျှလောက်အထိ ခရီးပေါက်အောင် ဖောက်နိုင်ရန် ခက်ခဲမည်ဟု ထင်ပါသည်။

ပြန်ဆက်ရလျှင် ဦးသိန်းစိန်နှင့် ဒုချုပ် စိုးဝင်းတို့၏ ခရီးစဉ်များအလွန်တွင် လာရှိုး ရမခ တိုက်ပွဲများ ပြင်းထန်နေရာမှ ဇူလိုင်လနှောင်းပိုင်းတွင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တပ်များ လားရှိုးသို့ ဝင်ရောက်လာခဲ့သည်။ ဝ ဘက်က နှစ်ဘက်လုံးကို အသိပေးပြီး ဝင်ရောက်လာခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီဘက်ကရော မဟာမိတ်များဘက်ကပါ ပစ်ခတ်တိုက်ခိုက်မှု လျော့ကျသွားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့က ဘေဂျင်းတွင် ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့ တွေ့ဆုံစဉ် / MOI

သို့သော် ဇူလိုင် ၃၁ ရက်တွင် စစ်ကောင်စီဘက်က အာဏာသိမ်းကာလ ခြောက်လ သက်တမ်းတိုးပြီးနောက် ဩဂုတ်လ ၃ ရက်တွင် ရမခ လာရှိုးကို စစ်ကောင်စီ စွန့်လွှတ်လိုက်ရ၏။ တပ်တွင်းမိသားစု အများစုက ဦးသိန်းစိန် တရုတ်မှအပြန် ကြားဖြတ်အစိုးရနှင့် နိုင်ငံရေးအပြောင်းအလဲကို မျှော်လင့်နေခဲ့ကြသည်။ သို့သော် မျှော်လင့်သလို ဖြစ်မလာခဲ့ပေ။ အာဏာသိမ်းကာလ တိုးလိုက်သလို ရမခကိုလည်း စွန့်လွှတ်လိုက်ရသည်။

နိုင်ငံရေးတွင် တိုက်ဆိုင်မှုမရှိ ဆိုသည့်စကားအတိုင်း ခေါင်းမာကိုယ်ကျိုးရှာတတ်သည့် တပ်ချုပ် မင်းအောင်လှိုင်အတွက် ရမခကို လက်လွှတ်လိုက်ရခြင်းသည် တရုတ်က နောက်တဆင့် ထပ်ကျပ်လိုက်သည့် မူလီချက်ဟု ဆိုရမည်ဖြစ်သည်။

ထို့ကြောင့် စက်တင်ဘာ ၁၄ ရက် မစ္စတာ ဝမ်ယိ နေပြည်တော်ခရီးစဉ်တွင် တပ်ချုပ်အနေဖြင့် အတင်း သမ္မတရာထူး ယူထားသည့်တိုင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူကို ယှဉ်လျက်ထိုင်ကာ စကားပြောခဲ့ရသည်။ မြန်မာနှင့်ပတ်သက်၍ တရုတ်အကျိုးစီးပွားများကိုလည်း ကာကွယ်ပေးပါမည်ဟု ကတိပြုခဲ့ရသည်။ တရုတ်ခိုင်းတာ လုပ်ပါမည်ဟု မျက်နှာချိုသွေးခဲ့ရသည်။

ထို့ကြောင့် ခရီးစဉ်အပြီး မကြာမီ ရက်ပိုင်းအတွင်း ဗိုလ်ချုပ်ကြီးအဆင့် အရာရှိကြီး သုံးဦး အသစ်ခန့်ထားကာ လူသစ်များဖြင့် ပုံစံအသစ်ကို စတည်နေပါပြီ ဆိုသည့်သဘော လုပ်ပြခြင်းဖြစ်သည်။ ဒုချုပ် စိုးဝင်းပါ အစိုးရရုံးခန်းနေရာ ပြောင်းပေးခဲ့ရလေသည်။

မစ္စတာ ဝမ်ယိ အပြန်ခရီးနောက်ပိုင်းတွင် ယူနန်အစိုးရက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံ စာထုတ် အကျပ်ကိုင်သလို စစ်ကောင်စီအနေဖြင့် လေကြောင်းတိုက်ခိုက်မှု ပိုလုပ်လာခဲ့သည်။ အထူးသဖြင့် စစ်ဘေးရှောင်စခန်းများနှင့် အရပ်သားပစ်မှတ်များကို ပိုမိုတိုက်ခိုက်လာခဲ့သည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.5k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
661
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.8k

ရှမ်းမြောက်အတွက် ဆင်ဖြူရှင် စစ်ကူစီမံချက်ကို အင်ပြည့်အားပြည့်ဖြင့် အသက်သွင်းရန် ပြင်နေသလို ကရင်ပြည်နယ်က ဒေါနတောင်ကို ငါးလကျော်သည်အထိ မကျော်နိုင်သေးသည့် အောင်ဇေယျစစ်ကြောင်းကိုလည်း အသက်ဝင်အောင် တွန်းအားပေးနေလေသည်။

ရှမ်းမြောက်အတွက် ဆင်ဖြူရှင် စစ်ကူစီမံချက်ကို အင်ပြည့်အားပြည့်ဖြင့် အသက်သွင်းရန် ပြင်နေသလို ကရင်ပြည်နယ်က ဒေါနတောင်ကို ငါးလကျော်သည်အထိ မကျော်နိုင်သေးသည့် အောင်ဇေယျစစ်ကြောင်းကိုလည်း အသက်ဝင်အောင် တွန်းအားပေးနေလေသည်။

တရုတ်က တကယ်ပဲ တော်လှန်ရေးအရှိန်ကို လျော့သွားလောက်သည်အထိ တိုက်ပွဲများကို ရပ်တန့်နိုင်လေမလား။ စစ်ကောင်စီတပ်တွင်း မျှော်လင့်ချက်ကမူ တရုတ်နိုင်ငံသာ ရှိတော့သည်။ မီးစတဖက် ရေမှုတ်တဖက်နှင့် တရုတ်ကရော စစ်ကောင်စီတဖက်တည်းကိုသာ ခြေစုံရပ်သွားလေမလား စောင့်ကြည့်နေမိပါသည်။

MNDAA က ထုတ်ပြန်ချက်တွင် တောင်ကြီးနှင့် မန္တလေးကို မတိုက်ကြောင်း ပါရှိသော်လည်း တပ်ရွှေ့ပြောင်းမှု များစွာ ပြုလုပ်နေသည်။ TNLA ဦးဆောင်တိုက်နေသည့် တောင်ခမ်းတိုက်ပွဲ၊ သီပေါတိုက်ပွဲများကတော့ ပြင်းထန်နေဆဲ။ စစ်ကောင်စီဘက်ကမူ သမိုင်းဝင်တပ်မြို့ ဗထူး (ရပ်စောက်) တွင် ခံစစ်စည်း အသစ်အတွက် ပြင်ဆင်၍နေလေသည်။

(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)

You may also like these stories:

မြန်မာ့အရေး တရုတ်ကြားဝင်မှုက သမာသမတ် မကျပါ

အပယ်ခံဗိုလ်ချုပ်များနှင့် တရုတ်ဆက်ဆံခြင်းက မြန်မာအတွက်ဆိုးကျိုး

ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်

မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား

မြန်မာတွင် လှေနံနှစ်ဖက်နင်းသည့် တရုတ် အကုန်ဆုံးရှုံးနိုင်ခြေ ရှိသလား

မြန်မာ့အရေး ချဉ်းကပ်ရာတွင် တရုတ် ဟန်ချက်ပျက်လာနေသလား

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAAMNDAANLDTNLAUSDPUWSAစစ်ကောင်စီစစ်ဘေးရှောင်စခန်းစစ်အာဏာသိမ်းမှုဆင်ဖြူရှင် စစ်ကူစီမံချက်ညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒေါနတောင်ပြည်တွင်းရေးဖွဲ့စည်းပုံအခြေခံဥပဒေမဲသမာမှုရမခဝါဒဖြန့်ချိရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အရပ်သားပစ်မှတ်အောင်ဇေယျစစ်ကြောင်း
စွယ်တော်

စွယ်တော်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဘဝကောက်ကြောင်း

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဘဝကောက်ကြောင်း

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved