• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

by ဧရာဝတီ
7 October 2024
in သတင်း
A A
မတ္တရာကို အင်အားသုံး စစ်ကြောင်းထိုးနေ၍ PDF စခန်းအချို့ ယာယီဆုတ်ခွာ

၂၀၂၄၊ ဇူလိုင်လအတွင်း မတ္တရာမြို့နယ် ရေနံသာ နယ်မြေရဲစခန်းကို သိမ်းပိုက်ပြီးနောက် တွေ့ရသော မန္တလေး PDF များ/ MDY-PDF

5.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း မတ္တရာမြို့နယ်အနောက်ခြမ်း ဧရာဝတီမြစ်အရှေ့ဘက်ကမ်း မြစ်ရိုးတလျှောက်ရှိ ကျေးရွာများသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီး ပူးပေါင်းအင်အား ၄၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ(PDF)၏ စခန်းအချို့ ယာယီဆုတ်ခွာပေးထားရကြောင်း စစ်ရေးသတင်းရင်းမြစ်များ နှင့် ဒေသခံများထံက သိရသည်။

မတ္တရာမြို့နယ်အနောက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က နယ်မြေစိုးမိုးရေးအတွက် စစ်ကြောင်းထိုးလာမှု ကြောင့် သုံးဆယ်ပေးကျေးရွာမှ စတင် ဆုတ်ပေးထားရပြီး ယခုအခါစစ်တပ်က ယင်းရွာတွင် လက်နက်ကြီး အထိုင်ချထားကြောင်း သိရသည်။

မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက “ပြီးခဲ့တဲ့လ ၂၁ ရက်နေ့ကမှ စစ်ကြောင်းပြန်ထိုးလာပြီး သုံးဆယ်ပေးရွာဘက်မှာ တိုက်ပွဲ ဖြစ်တယ်၊ သူတို့ဘက်က အထိနာပြီး အကျအဆုံးတွေ များတော့ လေကြောင်းပစ်ကူ ခေါ်ပြီး မြေပြင်ကပါ အင်အားဖြည့်ပြီးတော့ ရှေ့ဆက် တိုးခဲ့ကြတာ၊ မြေပြင်ကနေပြီး တိုက်ယူမရတော့ လေကြောင်းပစ်ကူ သုံးလာတာမို့ ကျနော်တို့ ပြန်ခွာပေးခဲ့ကြတာပါ ”ဟု ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
64
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
76

ဆုတ်ခွာပေးခဲ့ရသည့် စခန်းအရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်လျက်ရှိကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

ထိုသို့ ပြန်လည်ဆုတ်ခွာပေးရသော စခန်းများတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး (MDY PDF) က “၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ “တိုက်ပွဲများအတွင်း သိမ်းပိုက်ခဲ့သော မတ္တရာမြို့နယ်တွင်းရှိ လေကြောင်းရန် ကာကွယ်ရေးတပ်စခန်း၊ ဆည်တော်ကြီးတပ်စခန်းစသော စခန်း ၃၅ ခု မပါဝင်ကြောင်း MDY PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

လက်ရှိတွင် မတ္တရာမြို့နယ် အနောက်ခြမ်းရှိ သုံးဆယ်ပေး၊ ကုန်းတန်းလေး၊ ကုန်းတန်းကြီး၊ ညောင်ကုန်း၊ သဖန်းဒေါင့်၊ ငယ်တိုး၊ သနပ်ကုန်း၊ ရွှေချောင်းစသည့်ကျေးရွာများ၌ စစ်ကောင်စီက တပ်စွဲထားကြောင်း သိရသည်။

စစ်ကောင်စီတပ်စွဲထားသော သုံးဆယ်ပေးရွာ နေရာပြမြေပုံ

မန္တလေးမြို့နှင့် ၁၀ မိုင်ကျော်သာ ကွာဝေးသော မြို့အနောက်မြောက်ဘက် မတ္တရာအနောက်ခြမ်း ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာဖြစ်သည့် သုံးဆယ်ပေးရွာတွင် စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းက စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ အကြား တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီက ဧရာဝတီမြစ်အနောက်ဘမ်းကမ်းရှိ စစ်ကိုင်းမြို့နယ် မင်းကွန်းဒေသ၊ မန္တလေးမြို့စွန် ဧရာဝတီမြစ်ကမ်းရှိ ညောင်ကွဲ၊ မတ္တရာမြို့နှင့် ပေါက်ဝဲ၊ ညောင်ကုန်း၊ ထီးတော်မိုး၊ ရွှေချောင်း၊ မြသီတာ၊ ရွာသာအေးကျေးရွာအထိုင်တို့မှလည်း လက်နက်ကြီး ပစ်ကူ၊ တိုက်လေယာဉ် ၂ စီးဖြင့် လေကြောင်းပစ်ကူပေးကာ တိုက်ခိုက်ခဲ့သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ထိတွေ့တိုက်ပွဲတွေ တော်တော်များများ ရင်ဆိုင်ဖူးပါတယ်၊ သုံးဆယ်ပေးရွာ တိုက်ပွဲလိုမျိုး လက်လှမ်းမီတဲ့နေရာတွေကနေ ပတ်ပတ်လည် ဝိုင်းပြီး လက်နက်ကြီးပစ်တာမျိုး တခါမှ မကြုံဖူးဘူး၊ အခုက အဲဒီလိုမျိုး လက်နက်ကြီးတွေ ပစ်ကူပေးနေတဲ့ကြားက သူတို့ ဘယ်လိုမှ မနိုင်တော့ လေကြောင်းပစ်ကူနဲ့ပါဆိုတော့ ကျနော်တို့ စစ်ရေးစီမံချက် ကောင်းကောင်း CoC မိမိ သွားတာကြောင့် အထိအခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တာပါ”ဟု Generation Z Power Mandalay၏ တာဝန်ရှိသူက ပြောသည်။

တိုက်ပွဲအတွင်းလေကြောင်းတိုက်ခိုက်မှုတွင် တည်နေရာ မှားယွင်းမှုကြောင့် မြေပြင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မှားယွင်းပစ်ခတ်ခဲ့ရာ စစ်သား ၇၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Generation Z Power-GZP (Mandalay) ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျားအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

သုံးဆယ်ပေးရွာသည် မန္တလေးနှင့် အနီးဆုံးရှိနေသော ရွာဖြစ်ပြီး PDF များက ယင်းနေရာကို အခြေပြုကာ မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်နေသည်ဆိုသော ယူဆချက်ဖြင့် စစ်တပ်ဘက်က ယင်းရွာကို အင်အားသုံး ဝင်ရောက်ကာ စခန်းချခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

သုံးဆယ်ပေးကျေးရွာတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သော်လည်း လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ဆူးလေးကုန်းကျေးရွာမှ အသက်အရွယ်မသိရသေးသည့် သားအမိ ၃ ဦး၊ မြေးအဘွား ၂ ဦး၊ အသက် ၅ နှစ်၊ ၆ နှစ်၊ ၈ နှစ်အရွယ် ကလေးငယ် ၃ ဦး၊ နို့စို့အရွယ်ကလေးငယ် တဦး စုစုပေါင်း ၉ ဦး ဒဏ်ရာရရှိသည့်အနက် ကလေးငယ်များအပါအဝင် ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယနေ့ (အောက်တိုဘာ ၄ ) တွင်လည်း မတ္တရာအနောက်ခြမ်းကျေးရွာများဘက်သို့ ထီးတော်မိုးတပ်ဘက်မှ လက်နက်ကြီး များဖြင့် ပစ်ခတ်လျက်ရှိသလို အောက်တိုဘာ ၃ ရက်နေ့မှ စတင်ကာ မြစ်ကြောင်းမှ စစ်ကြောင်းထိုးရန်အတွက် ညောင်ကုန်း ရွာ၌ ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ထို့အတူ ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားရာ မတ္တရာအရှေ့ခြမ်းသို့ မြေပြင်စစ်ကြောင်း ထိုးနိုင်ရေးအတွက် ဖယောင်းတောင်ဘက်တွင် ရိက္ခာ လက်နက်ခဲယမ်း လူအင်အားဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

ယခုအခါ မတ္တရာမြို့နယ်တွင်းရှိ ပြည်သူများအနေဖြင့် လက်နက်ကြီးဒဏ်မှ ကာကွယ်နိုင်ရန် ဗုံးခိုကျင်းများ တူးထားကြရန်နှင့် စစ်ကြောင်းနှင့် ဝေးရာ၌ နေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းအသိပေးထားကြသည်။

You may also like these stories:

မတ္တရာအနောက်ခြမ်းရွာများ လက်နက်ကြီးဖြင့် ပစ်ခံရ၊ ပြည်သူ ၆ ဦး သေဆုံး

တိုက်ပွဲများကြောင့် မန္တလေးနှင့် ပြင်ဦးလွင် လုံခြုံရေး တင်းကျပ်

Your Thoughts …
Tags: PDFစစ်ကြောင်းထိုးပျူစောထီးမတ္တရာလေကြောင်းသုံးဆယ်ပေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
သန်းခေါင်စာရင်းကောက်သူတွေကို PDF က ဖမ်းဆီးစစ်ဆေး (ရုပ်/သံ)

သန်းခေါင်စာရင်းကောက်သူတွေကို PDF က ဖမ်းဆီးစစ်ဆေး (ရုပ်/သံ)

မလေးရှား၌ မြန်မာ ၈၀ ကျော် ဖမ်းမိ၊ ထွက်ပြေးသူ ၁ ဦး ရထားကြိတ်၍ သေဆုံး

မလေးရှား၌ မြန်မာ ၈၀ ကျော် ဖမ်းမိ၊ ထွက်ပြေးသူ ၁ ဦး ရထားကြိတ်၍ သေဆုံး

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved