• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မလေးရှား၌ မြန်မာ ၈၀ ကျော် ဖမ်းမိ၊ ထွက်ပြေးသူ ၁ ဦး ရထားကြိတ်၍ သေဆုံး

by ဧရာဝတီ
7 October 2024
in သတင်း
A A
မလေးရှား၌ မြန်မာ ၈၀ ကျော် ဖမ်းမိ၊ ထွက်ပြေးသူ ၁ ဦး ရထားကြိတ်၍ သေဆုံး

အောက်တိုဘာ ၅ ရက်က အော်ပရာဇီစီမံချက်ဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးနေစဉ်/ Jabatan Imigresen Malaysia

1.2k
VIEWS
Share on FacebookShare on Twitter

မလေးရှားနိုင်ငံ၊ ဆီလန်ဂေါပြည်နယ် ရှားလန်းနှင့် ဆရန်ဘန်မြို့များတွင် အာဏာပိုင်များမှ စီမံချက်ဖြင့် ဝင်ရောက် ဖမ်းဆီးရာ မြန်မာ ၈၆ ဦး အဖမ်းခံရပြီး အမျိုးသမီးတဦးမှာ ရထားကြိတ်ခံရ၍ သေဆုံးသွားကြောင်း

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက် ည ၇ နာရီခန့်တွင် ဆရန်ဘန်မြို့ရှိ စက်ရုံများသို့ အော်ပရာဇီဝင်သဖြင့် ထွက်ပြေး ခဲ့ကြရာ ပဲခူးတိုင်း၊ အင်းတကော်မြို့နယ်မှ လာရောက်အလုပ်လုပ်သည့် အသက် ၃၅ နှစ်အရွယ် မြန်မာအမျိုး သမီးတဦး ရထားကြိတ်ခံရ၍ သေဆုံးခဲ့ကြောင်း မလေးရှားရှိ အလုပ်သမားရေး ဆောင်ရွက်သူတဦးက ဆိုသည်။

၎င်းက “၅ ရက်နေ့ ညနေ ၆ နာရီနဲ့ ၇ နာရီကြားမှာ ဆရန်ဘန်းက စက်ရုံကို အော်ပရာဇီဝင်ဖမ်းလို့ အထောက်အထား မရှိတော့ ပြေးကြတာ။ ပြေးတော့ ရထားလမ်းတခုကို ဖြတ်ကျော်တဲ့အခါမှာ ရထားတိုက်ပြီး ၂ ပိုင်း ပြတ်သွားတယ်။ အသက်က ၃၅ နှစ်ဝန်းကျင်လောက် ဘယ်သူဘယ်ဝါအတိအကျတော့ မသိသေးဘူး။ နောက်နေရာတွေမှာလည်း ဝင်ဖမ်းတော့ တိုက်ပေါ်ကနေ ပိုက်နဲ့သွယ်ဆင်းပြီး ပြုတ်ကျတာတွေလည်း ရှိတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံ၌ အောက်တိုဘာ ၅ ရက်မှစတင်ကာ အထောက်အထားမဲ့ ဝင်ရောက် လုပ်ကိုင်နေသူများအား အာဏာ ပိုင်များက အော်ပရာဇီစီမံချက်ဖြင့် စစ်ဆင်ရေးတရပ်အဖြစ် ဖမ်းဆီးရာ နိုင်ငံပေါင်းစုံမှလူဦးရေ ၁၀၉၁ ဦးကို စစ်ဆေးခဲ့ ပြီး ထိုအထဲမှ အထောက်အထားမပြည့်စုံသူ ၆၀၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးမှ ထုတ်ပြန် ထားသည်။

ထိုထဲတွင် မြန်မာနိုင်ငံသား ၈၆ ဦး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၄ ဦး၊ နီပေါ ၁၁၅ ဦး၊ အင်ဒိုနီးရှား ၈၁ ဦး၊ အိန္ဒိယ ၆၀ ဦး၊ ပါကစ္စတန် ၃၄ ဦး၊ သီရိလင်္ကာ ၁၀ ဦး၊ အယ်လ်ဂျီးရီးယား ၁ ဦးတို့ ပါဝင်ကြောင်း ၎င်းတို့ကို စမုံညှင်း လူဝင်မှုကြီးကြပ် ရေးစခန်း၌ ထိန်းသိမ်းထားကြောင်း သိရသည်။

အောက်တိုဘာ ၅ ရက်က အော်ပရာဇီစီမံချက်ဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးနေစဉ်/ Jabatan Imigresen Malaysia

မလေးရှားနိုင်ငံတွင် ပရဟိတဆောင်ရွက်သူ ကိုမိုးက “မလေးရှားနိုင်ငံရဲ့ ဥပဒေမှာ အထောက်အထားမဲ့တယောက် အဖမ်းခံရရတဲ့အခါ ၃ လ (သို့မဟုတ်) ၆ လ ကံကောင်းရင် ၁ လနဲ့လည်း ဖြစ်ရင်ဖြစ်မယ်။ ကြိုးစင်တင်တာတို့ သတ် တာတို့တော့ မရှိပါဘူး။ အော်ပရာဇီဖြစ်တဲ့အခါကျရင် လွတ်မယ်ဆိုပြေး မလွတ်ရင် ငြိမ်နေလိုက်ပါ။ စီမံကိန်းနဲ့ဆိုတော့ နောက် ၂ လ ထိကြာဦးမှာ။ ရှောင်လို့ရရင်ရှောင်ပါ။ အသက်အန္တရာယ်သိသိကြီးနဲ့တော့ မပြေးကြပါနဲ့။ အခုလို ပြေး တော့ ရထားကြိတ်ခံရတာပေါ့” ဟု ပြောသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
143
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
31
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
65

ဖမ်းဆီးခံရသည့် မြန်မာများအနေဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ယာယီထိန်းသိမ်းရေးအချုပ်များ၌ ၃ လ ခန့် အချုပ်ကျခံရမည်ဖြစ်ပြီး ထိုမှတဆင့် ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်မည်ဖြစ်ကာ မြန်မာသံရုံးမှ နိုင်ငံသားဖြစ် မဖြစ် အတည်ပြု၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ အဖမ်းအဆီးများနေသည့်အခြေအနေအတွင်း မလေးရှားရောက် မြန်မာနိုင်ငံသားများအနေဖြင့် သတိထား၍ ဆင်ခြင်နေထိုင်သင့်ကြောင်း ကူညီရေးအဖွဲ့များက သတိပေးပြောဆိုထားကြသည်။

အောက်တိုဘာ ၅ ရက်က အော်ပရာဇီစီမံချက်ဖြင့် လိုက်လံစစ်ဆေးဖမ်းဆီးနေစဉ်/ Jabatan Imigresen Malaysia

မလေးရှားတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာတဦးက “မလေးရှားက နေရာတော်တော်များများမှာ အဖမ်းအဆီးတွေ ရှိပါတယ်။ မြန်မာနိုင်ငံသားတွေ ဟိုပြေးဒီပြေးနဲ့ပါပဲ။ အော်ပရာဇီက ၂၄ နာရီလုံး ဖမ်းတာပါ။ မြို့လယ်ခေါင်၊ ချောင်ကြို ချောင်ကြား၊ တောထဲပါ မကျန် ဖမ်းတာ” ဟု ပြောသည်။

မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သားဦးရေ ၅ သိန်းခန့်ရှိပြီး တရားမဝင် မြန်မာ လုပ် သား ၃ သိန်းခန့်ရှိကြောင်း မြန်မာအလုပ်သမား ကူညီရေးအဖွဲ့များထံက သိရသည်။

You may also like these stories:

ပြည်ပ၌ အလုပ်လုပ်သူများ လစာပြန်လွှဲသည့် အထောက်အထားပြရန် စစ်ကောင်စီ ကြပ်မတ်

ဆူညံ၍ တိုင်ကြားသဖြင့် မလေးရှား၌ မြန်မာအများအပြား ဖမ်းခံရ

ငွေလိုနေသည့် စစ်ကောင်စီ MoU လုပ်သားများ ပြန်လွှဲငွေကိစ္စ ထပ်မံဖိအားပေး

အေဂျင်စီ ၂၆ ခု ပြည်ပလုပ်သားစေလွှတ်ခွင့် ပိတ်

Your Thoughts …
Tags: ဆလန်ဘန်း စက်ရုံမလေးရှားမြန်မာလုပ်သားအော်ပရာဇီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

ပြည်သူကို အားနာလာပြီ

ပြည်သူကို အားနာလာပြီ

by ဧရာဝတီ
2 February 2025
4.2k

ပထဝီနိုင်ငံရေး၊ အစဉ်အလာ အိမ်နီးချင်းဆက်ဆံရေး၊ ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ အင်အား ကြီး နိုင်ငံအဖြစ်နဲ့ တရုတ်က ဆူပါပါဝါဖြစ်လာတဲ့အခါ လက်တွေ့နိုင်ငံရေးမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြုံတွေ့နေရတာ ဖြစ်တယ်။ တဖက်မှာ ကျမတို့မှာက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အရဆိုရင် နိုင်ငံငယ်...

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

by ဧရာဝတီ
23 January 2024
4.1k

အော်ပရာဇီစစ်ဆင်ရေးဖြင့် အဖမ်းခံခဲ့ရသော သရုပ်ဆောင် အေမီဈာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ အပါ အဝင် မြန်မာနိုင်ငံသားတချို့မှာ လက်ရှိတွင် စစ်ဆေးခံနေရဆဲဖြစ်ပြီး ၁ ပတ်ကျော်ကြာသည်အထိ ပြန် မလွတ်

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

by ဧရာဝတီ
17 July 2023
4k

ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း HRW က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ချော့မော့ခြင်း

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ချော့မော့ခြင်း

by Igor Blazevic
17 April 2025
3.7k

စစ်ကောင်စီသည် ငြိမ်းချမ်းရေးနှင့် ပြည်သူများကို စိတ်ဝင်စားမှု မရှိသောကြောင့် မစ္စတာ အန်နဝါ အောင်မြင်မည် မဟုတ်ပေ။

Next Post
မြန်မာ့တော်လှန်ရေး အင်အားစုများအား အိန္ဒိယ ဖိတ်ခေါ်မှု ဆန်းစစ်ချက်

မြန်မာ့တော်လှန်ရေး အင်အားစုများအား အိန္ဒိယ ဖိတ်ခေါ်မှု ဆန်းစစ်ချက်

နိုင်ငံရေးမှာ ဒူးထောက်၊ လက်မြှောက်တဲ့သူမဟုတ်ဘူး (ရုပ်/သံ)

နိုင်ငံရေးမှာ ဒူးထောက်၊ လက်မြှောက်တဲ့သူမဟုတ်ဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved