• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆူညံ၍ တိုင်ကြားသဖြင့် မလေးရှား၌ မြန်မာအများအပြား ဖမ်းခံရ

by ဧရာဝတီ
23 May 2024
in သတင်း
A A
ဆူညံ၍ တိုင်ကြားသဖြင့် မလေးရှား၌ မြန်မာအများအပြား ဖမ်းခံရ

ဥတ္တမရပ်ကွက်သို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ မေ ၁၅ တွင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေစဉ်/ Jabatan Imigresen Malaysia

2.5k
VIEWS
Share on FacebookShare on Twitter

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်၊ ကလန်းမြို့တွင် ပတ်ဝန်းကျင်အပေါ် အနှောက်အယှက်ဖြစ်စေသော ဆူညံမှုများ ကြောင့် တိုင်ကြားရာမှစ၍ လူဝင်မှုကြီးကြပ်ရေးဌာနမှ အထူးစစ်ဆင်ရေးပြုလုပ်ရာ မြန်မာ ၄၀၀ ကျော်အထိ အဖမ်းခံ ထား ရကြောင်း မလေးရှား ရောက် မြန်မာများထံက သိရသည်။

မေလ ၁၅ ရက်က ကလန်းမြို့၊ ဥတ္တမရပ်ကွက်၌ စတင်တိုင်ကြားရာမှ မြန်မာနိုင်ငံသား ၁၄၂ ဦး ဖမ်းဆီးခံခဲ့ပြီး နောက်ဆက်တွဲ အထူးစစ်ဆင်ရေးအဖြစ် ထပ်မံဖမ်းဆီးနေခြင်း ဖြစ်သည်။

ဥတ္တမရပ်ကွက်တွင်နေထိုင်သူ ကိုရာဇာက “၁၅ ရက်က ကျနော်တို့ရပ်ကွက်ကို အဖမ်းအဆီးဝင်သွားတယ်။ အတိုင်ခံ ရလို့ပေါ့။ လမ်းထဲက မြန်မာနိုင်ငံသားတွေနေတဲ့ အိမ်တအိမ်က ဆူညံကခုန်နေကြတော့ လမ်းထဲက ဘာသာရေး ခေါင်းဆောင်လမ်းလူကြီးလည်း ဖြစ်တဲ့သူရဲ့ ကားလာနေတာကို လမ်းမဖယ်ပေးဘူး။ ကောင်းကောင်းမွန်မွန် ပြောတော့ လည်း မရဘူး။ အဲဒါနဲ့ သူ့ကားရဲ့ CCTV ကိုပြပြီး လူဝင်မှုကြီးကြပ်ရေးရုံးမှာ တိုင်ချက်ဖွင့်လိုက်တာပါ။ လူဝင်မှုဌာနက တင်တာကတော့ အထူးစစ်ဆင်ရေးလို့ပြောတယ်။ အဲဒါကြောင့် တညထဲမှာတင် ၁၄၂ ယောက် အဖမ်း ခံလိုက်ရတယ်” ဟု ပြောသည်။

ထို့ပြင် မေ ၁၆ ရက်တွင်လည်း အဆိုပါမြို့ရှိ အီလက်ထရွန်းနစ် စွန့်ပစ်ပစ္စည်းစက်ရုံတခုမှ မြန်မာ ၂၈ ဦးကို အထောက် ထားမရှိသဖြင့် ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနက မေလ ၁၅ ရက်နှင့် ၁၆ ရက်များတွင် အထောက်အထားမဲ့ အလုပ်သမားများကို ဖမ်းဆီးရမိကြောင်း ထုတ်ပြန်ကြေညာထားသည်။

ဥတ္တမရပ်ကွက်သို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ မေ ၁၅ တွင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေစဉ်/ Jabatan Imigresen Malaysia

မေ ၁၇ ရက်တွင်လည်း ဥတ္တမရပ်ကွက်အတွင်းရှိ ဖုန်းဆိုင်တဆိုင်၌ မြန်မာဟုယူဆရသူတဦးက မလေးရှား ငွေအတု ဖြင့် ဖုန်းဝယ်ယူခဲ့မှုနှင့် ဆက်စပ်၍လည်း မြန်မာနိုင်ငံသားအားလုံးကို စစ်ဆေးဖမ်းဆီးခြင်းများရှိခဲ့ပြီး အထောက် အထားမဲ့များသာမက အထောက်အထားရှိသူများပါ အဖမ်းခံရကြောင်း ယင်းရပ်ကွက်၌နေထိုင်သည့် ကိုရာဇာက ပြော သည်။

၎င်းက “ရပ်ကွက်ထဲက ဖုန်းဆိုင်မှာလည်း အဲဒီလူတယောက်က မလေးရှားငွေအတုနဲ့ လာဝယ်တာ ဘဏ်ထဲကို ပိုက်ဆံထည့်ခါနီးမှ ငွေအတုမှန်း သိတာ။ CCTV ပြန်ကြည့်ပြီး တရားခံက မြန်မာဆိုပြီး လိုက်စုံစမ်းနေတုန်းပဲ ရှိသေးတယ်။ အဲဒီ နောက်ပိုင်း မြန်မာတွေကို ဆက်တိုက်ဖမ်းဆီးတာ။ တခြားနေရာတွေမှာလည်း ဆက်တိုက် အဖမ်းခံရတာဆိုတော့ ၄၀၀၊ ၅၀၀ လောက်ကို ရှိနေပြီ” ဟု ပြောသည်။

လက်ရှိအချိန်အထိ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၄၀၀ ကျော်ရှိနေပြီး ဖမ်းဆီးခံရသူများကို သက်ဆိုင်ရာနယ်မြေရှိ ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဥတ္တမရပ်ကွက်သို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ မေ ၁၅ တွင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေစဉ်/ Jabatan Imigresen Malaysia

မလေးရှားနိုင်ငံရှိ အလုပ်သမားရေးဆောင်ရွက်သူတဦးက “အဖမ်းခံရရင် အချုပ်ကားကြီးထဲမှာ ကိုယ့်နိုင်ငံသားတွေ အများကြီး စိတ်မကောင်းစရာပဲ။ ကိုယ်က သူများနိုင်ငံမှာ လာနေနေရတာဆိုတော့ သူများနိုင်ငံကို မလေးမစား မလုပ်သင့်ဘူး။ တဦးတယောက်ကြောင့် အားလုံးထိခိုက်မှု ရှိတယ်။ ကိုယ့်နိုင်ငံမှာ ဒုက္ခရောက်လို့ လာတဲ့သူတွေကို ကူညီစေချင်တယ်။ နောက်တခုက ပုဆိုးတွေ ဝတ်တာပေါ့။ အဲဒါတွေကလည်း မြန်မာနိုင်ငံသားမှန်းသိစေပြီးတော့ ဒီနေရာမှာတော့ မြန်မာတွေ အများကြီးရှိတယ်ဆိုပြီး အဖမ်းအဆီးက အချိန်မရွေးဖြစ်လာနိုင်တယ်။ ကိုယ့်နိုင်ငံသား တွေအနေနဲ့ ဆင်ဆင်ခြင်ခြင်နဲ့ သွားလာနေထိုင်စေချင်တယ်” ဟု ပြောသည်။

မလေးရှားတွင် ထိုသို့ဖမ်းဆီးခံရသူများကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ယာယီထိန်းသိမ်းရေးအချုပ်များ၌ ၃ လခန့် အချုပ်ကျခံရမည်ဖြစ်ပြီး ထိုမှတဆင့် ထိန်းသိမ်းစခန်းများသို့ ပို့ဆောင်ကာ မြန်မာသံရုံးမှ စိစစ်အတည်ပြု၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းများ လုပ်ဆောင်လေ့ရှိကြောင်း အလုပ်သမားရေးဆောင်ရွက်သူများက ဆိုသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကျပ်တည်းမှုနှင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်များသည် အိမ်နီးချင်းထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ တရားဝင်သာမက တရားမဝင်ပါ သွားရောက် အလုပ် လုပ်ကိုင်ကြသူ များလာကြောင်းသိရသည်။

ဥတ္တမရပ်ကွက်သို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနမှ မေ ၁၅ တွင် ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေစဉ်/ Jabatan Imigresen Malaysia

မလေးရှားနိုင်ငံအနေဖြင့်လည်း အော်ပရာဇီစစ်ဆင်ရေးအနေဖြင့် အထောက်အထားမဲ့များကို မကြာခဏ လိုက်လံရှာဖွေ ဖမ်းဆီးလေ့ရှိပြီး ၂၀၂၃ ဒီဇင်ဘာလမှ ၂၀၂၄ ဇန်နဝါရီလအထိပြုလုပ်ခဲ့သော အော်ပရာဇီတွင် မြန်မာနိုင်ငံသား ၁ ထောင်ကျော် အဖမ်းခံခဲ့ရသေးသည်။

မလေးရှားနိုင်ငံတွင် တရားဝင်လုပ်ကိုင်သည့် မြန်မာလုပ်သားဦးရေ ၅ သိန်းခန့်ရှိကြောင်း မြန်မာ အလုပ်သမားကူညီ ရေးအဖွဲ့များထံမှ သိသည်။

နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ (Human Rights Watch) ၏ မတ်လ ၅ ရက်ထုတ် အစီရင်ခံစာအရ မြန်မာ နိုင်ငံသားအပါအဝင် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များမှာ မလေးရှားနိုင်ငံတွင် မတရား ဖမ်းဆီးထိန်းသိမ်းခံနေ ရပြီး ကလေးငယ် ၁,၄၀၀ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူနှင့် ဒုက္ခသည် ၁၂,၀၀၀ ခန့် ဖမ်းဆီးခံထားရကြောင်း သိရ သည်။

You may also like these stories:

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
143
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
31
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
65

ထိုင်းသို့ MoU ဖြင့်လာသူ ၉၈ ဦး အလုပ်မရ၍ အခက်ကြုံနေ

စစ်မှုထမ်းဥပဒေကြောင့် ထိုင်းရွှေ့ပြောင်းလုပ်သား ပိုများလာနိုင်

Your Thoughts …
Tags: မလေးရှားရွှေ့ပြောင်းလုပ်သားအထူးစစ်ဆင်ရေးဥတ္တမရပ်ကွက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.7k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

by ဧရာဝတီ
9 July 2025
9k

အကြောင်းက ၎င်းတို့နှစ်ဦး ပြီးခဲ့သည့် ဧပြီ ၃ ရက်က ဘန်ကောက်သို့ BIMSTEC အစည်းအဝေး လာတက်သော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဆန္ဒပြရန်ပြင်နေချိန် ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီးနောက် အမှု ၇ မှုဖြင့် တရားစွဲခံရသောကြောင့်ဖြစ်သည်။

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

ထိုင်း ငါးဖမ်းလှေများကို ပစ်ခတ်မှုက စစ်ကောင်စီ၏ သရုပ်မှန်ကို ဖော်ပြနေသည်

by စွယ်တော်
4 December 2024
6.2k

ငါးဖမ်းလှေသည် အမှန်တကယ် နယ်မြေကျော်လွန်ပါက အဝေးမှ အသံချဲ့စက်ဖြင့် သတိပေးပြီး ထွက်ခွာသွားရန် ဆောင်ရွက်နိုင်သော်လည်း မလိုအပ်ဘဲ အင်အားသုံး၍ အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးခဲ့သည်။

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

မြန်မာ ဆိုက်ဘာကျေးကျွန် ငရဲစခန်းရောက် အတွေ့အကြုံ

by Suneth Perera နှင့် Issariya Praithongyaem
25 April 2024
4.4k

"ကျနော်တို့ ကြောက်နေကြတယ်။ သီရိလင်္ကာ၊ ပါကစ္စတန်၊ အိန္ဒိယနဲ့ အာဖရိက နိုင်ငံတွေက အမျိုးသား၊ အမျိုးသမီး ၄၀ လောက်ကို အဲဒီစခန်းတွေမှာ အတင်းအကျပ် ချုပ်နှောင်ထားတယ်"

Next Post
လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

လူမဆန်တဲ့ လက်ထုတ္တောရွာ လူသတ်ပွဲ

ဘိုးဘိုးကြီးလည်း မနေနိုင်

ဘိုးဘိုးကြီးလည်း မနေနိုင်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved