• English
Saturday, May 24, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

by ဧရာဝတီ
23 January 2024
in သတင်း
A A
မလေးရှား၌ အဖမ်းခံရသည့် မော်ဒယ်ဖူးပွင့်ခိုင်၊ အေမီဈာန်အပါ မြန်မာတချို့ ပြန်မလွတ်သေး

အော်ပရာဇီစီမံချက်ဖြင့် ယခုလအတွင်း အဖမ်းခံရသူတချို့

4.1k
VIEWS
Share on FacebookShare on Twitter

မလေးရှားနိုင်ငံ၊ ပီနန်းမြို့ရှိ နိုက်ကလပ်တခု၌ အော်ပရာဇီစစ်ဆင်ရေးဖြင့် အဖမ်းခံခဲ့ရသော သရုပ်ဆောင် အေမီဈာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင် အပါအဝင် မြန်မာနိုင်ငံသားတချို့မှာ လက်ရှိတွင် စစ်ဆေးခံနေရဆဲဖြစ်ပြီး ၁ ပတ်ကျော်ကြာသည် အထိ ပြန်မလွတ်သေးကြောင်း မလေးရှားနိုင်ငံရှိ အလုပ်သမားအရေးကူညီသူများထံမှ သိရသည်။

အထောက်အထားမဲ့ ဝင်ရောက်လုပ်ကိုင်နေသူများအား စစ်ဆင်ရေးတရပ်အဖြစ် ဖမ်းဆီးနေသည့် အော်ပရာဇီစစ်ဆင် ရေးအတွင်း အဆိုပါ မော်ဒယ်၂ ဦးနှင့်အတူ မြန်မာနိုင်ငံသား ၃၀ ကျော်မှာ ဇန်နဝါရီ ၁၃ ရက်တွင် ပီနန်းရှိ Royce Luxury Night Club ၌ ဖျော်ဖြေပွဲပြုလုပ်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

RelatedPosts

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
72
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 May 2025
1.4k
စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

စစ်ကိုင်း၌ တပတ်အတွင်း လူငယ် ၄၀ ကျော် ဖမ်းခံရ

24 May 2025
250

မလေးရှားရောက် မြန်မာတဦးက “မော်ဒယ် ၂ ဦးလည်း လောလောဆယ် မလွတ်သေးဘူး။ ဖမ်းပြီးပြီဆိုရင် ရမန် ၂ ပတ်ယူတယ်။ အဆင့်ဆင့် စစ်ဆေးတယ်။ သူတို့လည်း ဒီလုပ်ငန်းစဉ်ထဲမှာ စစ်ဆေးခံနေတုန်းပါပဲ” ဟု ပြောသည်။

ထိုသို့ ဖမ်းဆီးရာတွင် အထောက်ထားရှိသူများအနေဖြင့်လည်း ဥပဒေအား ချိုးဖောက်ပါက ဖမ်းဆီးခံရနိုင်ကြောင်း၊ မလေးရှားနိုင်ငံတွင် ညဉ့်နက်အချိန်၌ ဆူညံခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဖျော်ဖြေပွဲပြုလုပ်ခြင်းများကြောင့်လည်း ဖမ်းဆီးခံရ နိုင်ကြောင်း မလေးရောက် မြန်မာများအား ကူညီနေသူတချို့က ဆိုသည်။

သရုပ်ဆောင် အေမီဈာန်နှင့် မော်ဒယ် ဖူးပွင့်ခိုင်တို့ ပီနန်းမြို့ နိုက်ကလပ်တွင် ဖျော်ဖြေမည့် ကြော်ငြာ

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနအပါအဝင် အဖွဲ့ပေါင်းစုံမှ ပြီးခဲ့သည့် ၂၀၂၃ ဒီဇင်ဘာလလယ်ခန့်မှ စတင်ကာ အော်ပရာဇီ စစ်ဆင်ရေးအနေဖြင့် ဆက်တိုက်ဖမ်းဆီးလျက်ရှိကာ၊ မလေးရှားနိုင်ငံသားများ၏ တိုင်ကြားမှုများကြောင့် လည်း မြန်မာအပါအဝင် နိုင်ငံပေါင်းစုံမှ လူဦးရေ သောင်းနှင့်ချီ ဖမ်းဆီးခံထားရကြောင်း သိရသည်။

NLD OCI Malaysia ၏ ဥက္ကဋ္ဌ ဦးစောမှူးမှူးက “ဖမ်းတာတော့ အများကြီး ဖမ်းခံရတယ်။ အခုဆိုရင် သောင်းဂဏန်း ကျော်လောက်ရှိနေပြီ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖမ်းတာကို။ တရားမဝင် နေထိုင်တဲ့သူတွေကို လျှော့ချတာ။ အထောက်အထားမရှိတဲ့သူတွေကို ဖမ်းတာ။ တချို့တွေလည်း ပြန်လွတ်တယ်။ အထောက်အထားမရှိတဲ့သူတွေ ကိုတော့ တရားရုံး တင်မယ်၊ မူရင်းနိုင်ငံ ပြန်ပို့မယ်။ မြန်မာလူမျိုးဆို တခါတခါ ဖမ်းတိုင်း ရာဂဏန်းပါတယ်” ဟု ပြောသည်။

မလေးရှားနိုင်ငံတွင် အော်ပရာဇီ စစ်ဆင်ရေးပြုလုပ်သည့်အခါတွင် စက်ရုံ၊ အလုပ်ရုံ၊ စားသောက်ဆိုင်၊ ဟိုတယ်၊ နေအိမ်၊ ဈေးဆိုင်ခန်းများသို့ ဝင်ရောက်ကာ အင်အားအလုံးအရင်းဖြင့် ဖမ်းဆီးခြင်းများ ပြုလုပ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၉ ရက်ကလည်း ဆာလန်ဂေါပြည်နယ်တွင် နိုင်ငံခြားသားများ အများစုနေထိုင်သည့် တိုက်ခန်းများ ၊ လူနေရပ်ကွက်များသို့ ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ရာမှ လူဦးရေ ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ထိုထဲတွင် မြန်မာလူမျိုး ၂၀၀ ခန့် ပါဝင်ကြောင်း မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်ထားသည်။

အော်ပရာဇီစီမံချက်ဖြင့် ယခုလအတွင်း အဖမ်းခံရသူတချို့

၎င်းတို့အား လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ၁၉၅၉/ ၆၃ အရ အရေးယူမည်ဖြစ်ပြီး ဆက်လက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဘူးကေ့အကျဉ်းထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

ဖမ်းဆီးခံရသူများမှာ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါ၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ကမော္ဘဒီးယား၊ ဆီယာရာလီယွန်၊ ကင်မရွန်းနိုင်ငံသားများဖြစ်ပြီး ပတ်ဝန်းကျင်၏ တိုင်ကြားချက်ဖြင့် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း ဖော်ပြသည်။

မလေးရှားနိုင်ငံရှိ မြန်မာ့အရေး ဆောင်ရွက်နေသူတဦးက “မြန်မာနိုင်ငံသားတင်မကဘူး။ နိုင်ငံခြားသားမှန်သမျှ ဖမ်း တာပဲ။ အထောက်အထားမရှိတဲ့သူတွေကို သေချာစိစစ်တယ်။ နိုင်ငံကိုပြန်ပို့တာပေါ့။ ဆာလန်ဂေါပြည်နယ်ကတော့ ပိုများတယ်။ အဲဒီနေရာမှာ အဖမ်းခံရတာ ပိုများတယ်။ အော်ပရာဇီဆိုတာက ရိုးရိုးရဲပဲ မဟုတ်ဘူး၊ လူဝင်မှုကြီးကြပ် ရေးလည်း ပါတယ်၊ စစ်သားလည်းပါတယ်”ဟု ပြောသည်။

လက်ရှိတွင် ဖမ်းဆီးခံရသည့် မြန်မာများကို မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန၏ ယာယီထိန်းသိမ်းရေးအချုပ်များ၌ ၃ လခန့် အချုပ် ကျခံရမည်ဖြစ်ပြီး ထိုမှတဆင့် ထိန်းသိမ်းရေးစခန်းများသို့ ပို့ဆောင်ကာ မြန်မာသံရုံးမှ နိုင်ငံသားဖြစ် မဖြစ် အတည်ပြု၍ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံသို့ တရားဝင်သွားရောက် လုပ်ကိုင်သည့် မြန်မာလုပ်သားဦးရေ ၅ သိန်းခန့်ရှိပြီး တရားမဝင် မြန်မာ လုပ်သား ၃ သိန်းခန့်ရှိကြောင်း မြန်မာအလုပ်သမားကူညီရေး အဖွဲ့များထံမှ သိရသည်။

You may also like these stories:

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

Your Thoughts …
Tags: မလေးရှားမော်ဒယ် ဖူးပွင့်ခိုင်အော်ပရာဇီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း

by ဧရာဝတီ
4 January 2024
4.4k

လောင်စာတင်ပို့မှု အားလုံးသည် မလေးရှား၊ စင်ကာပူ၊ ထိုင်းနှင့် အိန္ဒိယဟူသော နိုင်ငံ လေးနိုင်ငံမှ စတင် ထွက်ခွာသည်။

ပြည်သူကို အားနာလာပြီ

ပြည်သူကို အားနာလာပြီ

by ဧရာဝတီ
2 February 2025
4.2k

ပထဝီနိုင်ငံရေး၊ အစဉ်အလာ အိမ်နီးချင်းဆက်ဆံရေး၊ ဒေသတွင်းသာမက ကမ္ဘာ့ဇာတ်ခုံမှာ အင်အား ကြီး နိုင်ငံအဖြစ်နဲ့ တရုတ်က ဆူပါပါဝါဖြစ်လာတဲ့အခါ လက်တွေ့နိုင်ငံရေးမှာ ကြိုက်ကြိုက်မကြိုက်ကြိုက် ကြုံတွေ့နေရတာ ဖြစ်တယ်။ တဖက်မှာ ကျမတို့မှာက လွတ်လပ်တဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ခွင့်အရဆိုရင် နိုင်ငံငယ်...

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

ဒီမိုကရေစီရေးလှုပ်ရှားသူ မလေးရှား MMRC ဥက္ကဋ္ဌ မိသားစု ပြန်ပေးဆွဲခံရ

by ဧရာဝတီ
17 July 2023
3.9k

ဒေါ်သူဇာမောင်နှင့် မိသားစုဝင်များ ဖမ်းဆီးခေါ်ဆောင်သွားမှုနှင့်ပတ်သက်ပြီး မလေးရှားအစိုးရအနေဖြင့် ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ ချက်ချင်းဦးစားပေးလုပ်သင့်ကြောင်း HRW က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ချော့မော့ခြင်း

ရက်စက်ကြမ်းကြုတ်သော စစ်ကောင်စီကို ချော့မော့ခြင်း

by Igor Blazevic
17 April 2025
3.7k

စစ်ကောင်စီသည် ငြိမ်းချမ်းရေးနှင့် ပြည်သူများကို စိတ်ဝင်စားမှု မရှိသောကြောင့် မစ္စတာ အန်နဝါ အောင်မြင်မည် မဟုတ်ပေ။

အထူးသံတမန် လာသော်လည်း မြန်မာ့ငြိမ်းချမ်းရေး အာဆီယံ အားထုတ်မှု မရေရာ

အထူးသံတမန် လာသော်လည်း မြန်မာ့ငြိမ်းချမ်းရေး အာဆီယံ အားထုတ်မှု မရေရာ

by ဧရာဝတီ
27 February 2025
3.4k

စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံရန် အထူးသံတမန်က မည်သည့်အတွက် ရှောင်ရှားသည်ကို မသိရပေ။

Next Post
မင်းအောင်လှိုင် စစ်သားများ အရှုံးပေးရခြင်း အကြောင်းရင်း

မင်းအောင်လှိုင် စစ်သားများ အရှုံးပေးရခြင်း အကြောင်းရင်း

စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ

စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ

No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

3 days ago
3.6k
LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

4 days ago
2.9k

Most Read

  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • ထရမ့်ရုံးခန်းက ပြည်ပခေါင်းဆောင်များ သတိထားစရာဖြစ်လာ

    shares
    Share 0 Tweet 0
  • တီးတိန်တွင် စစ်ကောင်စီနှင့် ချင်းတော်လှန်ရေးတပ်တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate