• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ

by မောင်ကဝိ
23 January 2024
in သတင်း
A A
စစ်ရှုံးနေသော မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ စိုင်းပြင်းလာ

ဇန်နဝါရီ ၂၀ ရက်နေ့က မင်းအောင်လှိုင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့ဆုံစဉ် / MWD

3.5k
VIEWS
Share on FacebookShare on Twitter

လက်ရှိအချိန်မှာ ရှမ်းမြောက်အပါအဝင် ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ ရခိုင်စစ်မျက်နှာတွေမှာ ဆက်တိုက်ရှုံးနိမ့်နေပြီး အုပ်ချုပ်ရေးနယ်မြေတွေကို လက်လွှတ်ဆုံးရှုံးနေရတဲ့ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်က အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တွေ့တုန်း သူ့အနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ အကြိုလုပ်ငန်းစဉ်တွေ လုပ်နေတယ်၊ လုပ်ငန်းစဉ်တွေပြီးရင် ရွေးကောက်ပွဲလုပ်ပြီး ထွက်ပေါ်လာတဲ့ အစိုးရကို တာဝန်လွှဲမယ်လို့ ပြောခဲ့ပါတယ်။

သူ့ကို သိက္ခာအကြီးအကျယ်ကျစေခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင်အဖွဲ့တွေကိုတော့ ပါတီစုံ ဒီမိုကရေစီစနစ်အပေါ် လျှောက်လှမ်းနေချိန်မှာ အာဏာကို ဥပဒေနဲ့အညီရရှိဖို့ ဆောင်ရွက်ခြင်းမပြုပဲ ဖြတ်လမ်းနည်းဖြင့် ရယူရန် ကြိုပမ်းနေကြတယ်လို့ အပြစ်တင်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်၊ နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံတုန်းကလည်း သူဟာ ကိုဗစ် ၁၉ ကိစ္စတွေ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးကိစ္စတွေကို အားသွန်ခွန်စိုက်လုပ်နေတုန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ က ပွဲလန့်တုန်း ဖျာခင်းခဲ့ကြတယ်လို့ ပြောဆိုခဲ့တာပါ။

မင်းအောင်လှိုင်ဟာ စစ်ရေးကိစ္စမှာ အခြေမလှဖြစ်လာတဲ့နောက် ဒီရက်ပိုင်း ရွေးကောက်ပွဲကိစ္စကို ဆက်တိုက်ပြောဆိုလာတာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ ဇန်နဝါရီ ၆ ရက်နေ့က နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံခဲ့သလို အဲဒီနောက်ပိုင်း လာအိုနိုင်ငံရဲ့အာဆီယံအထူးကိုယ်စားလှယ်သစ် အာလွန်ကောင်းကစ်တီကွန်း၊ ဘရာဇီးသံအမတ်သစ်၊ အီဂျစ်သံအမတ်သစ်တို့နဲ့တွေ့ဆုံရာမှာလည်း ရွေးကောက်ပွဲကျင်းပဖို့ကြိုတင်ပြင်ဆင်နေတဲ့အကြောင်း၊ ပါတီစုံလမ်းကြောင်းကို တပ်က အခိုင်အမာ ရပ်တည်ဆောင်ရွက်နေတဲ့အကြောင်းတွေ ပြောဆိုခဲ့ပါတယ်။

မင်းအောင်လှိုင်က ဒီလိုရွေးကောက်ပွဲကိစ္စတွေပြောဆိုနေချိန်မှာ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သိန်းစိုးကလည်း နေပြည်တော်မှာ ရုရှားသံအမတ်နဲ့တွေ့ဆုံပြီး ရုရှားဗဟိုရွေးကောက်ပွဲကော်မရှင်နဲ့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်တို့ကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မယ့်ကိစ္စတွေ ဆွေးနွေးပါတယ်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

ဒီလကုန်မှာ အရေးပေါ်သက်တမ်း ၆ လကုန်မှာဖြစ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဆိုရင်တော့ ကာ/လုံကို အာဏာပြန်အပ်ပြီး ၆ လအတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပေးရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီကနေ ရှမ်းမြောက်မှာတိုက်ပွဲတွေရှုံးလို့ အရေးပေါ်လုပ်ခဲ့ရတဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်အထိ ကာလုံအစည်းအဝေး ၆ ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အရေးပေါ်ကာလကို ၂ နှစ်သာသတ်မှတ်နိုင်ပေမယ့် မင်းအောင်လှိုင်ကတော့ သာမန်အခြေအနေမဟုတ်လို့ အကြောင်းပြပြီး အာဏာကို ဆက်ကိုင်ထားတာ ဒီလကုန်ရင် သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီလကုန် ကာလုံအစည်းအဝေးမှာ ကာလုံကို အာဏာပြန်လွှဲပေးမလား၊ နောက်ထပ် အာဏာခြောက်လသက်တမ်းထပ်တိုးမလားဆိုတာကို ပြည်သူတွေက စိတ်ဝင်စားနေကြပါတယ်။

ဒါပေမယ့် မင်းအောင်လှိုင်က လက်ရှိကောက်ခံနေတဲ့ သန်းခေါင်စာရင်းကရတဲ့ အချက်အလက်တွေနဲ့ မဲစာရင်းပြုစုမှာဖြစ်တယ်လို့ပြောထားပြီး သန်းခေါင်စာရင်းကလည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ ပြီးစီးမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံရေးလေ့လာသူတွေက ရွေးကောက်ပွဲဟာ ၂၀၂၅ လောက်မှာ ကျင်းပလိမ့်မယ်လို့ သုံးသပ်နေကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် တဖက်မှာလည်း မင်းအောင်လှိုင်က ရွေးကောက်ပွဲကို တနိုင်ငံလုံး အကြားအလပ်မရှိ ကျင်းပပေးနိုင်အောင်ကြိုးစားနေတယ်လို့ မကြာခဏပြောတာရှိတော့ လက်ရှိ မြို့ပေါင်း ၃၀ ကျော်စွန့်လွှတ်ထားရတာ၊ တိုက်ပွဲဖြစ်ရာဒေသတွေက နယ်မြေတွေကို ပိုင်ပိုင်နိုင်နိုင်မထိန်းချုပ်နိုင်တာတွေကြောင့် ရွေးကောက်ပွဲကျင်းပဖို့ထက် သန်းခေါင်းစာရင်းကောက်ဖို့တောင် မလွယ်ကူတဲ့အခြေအနေဖြစ်နေတာပါ။

မင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲကျင်းပပြီး နိုင်တဲ့သူကိုအာဏာလွှဲပေးမယ်လို့ အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့် ရွေးကောက်ပွဲကျင်းပမယ့်နေ့ကို ဘယ်တော့မှ ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါဘူး။

You may also like these stories:

ရွေးကောက်ပွဲ ဆိုပါလားဟေ့

မင်းအောင်လှိုင် စစ်သားများ အရှုံးပေးရခြင်း အကြောင်းရင်း

၁၀၂၇ စစ်ဆင်ရေးနှင့် ရှမ်းတိုင်းရင်းသားများ သဘောထား

KIA ထိုးစစ်ကြောင့် မံစီမှ စစ်ကောင်စီတပ်သားတချို့ တရုတ်နိုင်ငံဘက် ထွက်ပြေး

အာဏာသိမ်းပြီး ၃ နှစ်ကြာသောအခါ အချိန်သည် စစ်တပ်ဘက်တွင် မရှိတော့

Your Thoughts …
Tags: စစ်ရှုံးနေသော မင်းအောင်လှိုင်နိုင်ငံရေးပါတီတွေမြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ရွေးကောက်ပွဲအာဆီယံ
မောင်ကဝိ

မောင်ကဝိ

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

စစ်တပ်ဟာ ဖြိုချလို့ မရနိုင်တဲ့ အဖွဲ့အစည်းကြီး မဟုတ်တော့ဘူး

by ဇော်တူးဆိုင်း
3 November 2023
27.1k

NCA ကို ခိုင်မာစေရန် တိုင်းရင်းသားလက်နက်ကိုင် အချို့နှင့် စစ်ကောင်စီတို့ ၂၀၂၃ ခုနှစ်အတွင်း အားထုတ်မှုသည် မအောင်မြင်ဘဲ အဆုံးသတ်သွားသည်။

Next Post
ခြံစည်းရိုးခတ်ကာ လွတ်လပ်စွာသွားလာခွင့်စာချုပ်ဖျက်ရန် အိန္ဒိယ ကြိုးပမ်းနေ

ခြံစည်းရိုးခတ်ကာ လွတ်လပ်စွာသွားလာခွင့်စာချုပ်ဖျက်ရန် အိန္ဒိယ ကြိုးပမ်းနေ

မူဆယ်နယ်စပ်မှတဆင့် တရုတ်သို့ ဝင်ရန် လူသောင်းနှင့်ချီ တန်းစီနေရ

မူဆယ်နယ်စပ်မှတဆင့် တရုတ်သို့ ဝင်ရန် လူသောင်းနှင့်ချီ တန်းစီနေရ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved