ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများသည် တရုတ်အစိုးရ၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် နှစ်ဖက် အပစ်အခတ်ရပ်စဲရေးကို သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ ရှမ်းပြည်မြောက်ပိုင်း နေရာဒေသ အတော်များများတွင် စစ်တပ်အနေဖြင့် မည်သည့်အခါကနှင့်မှ မတူအောင် အထိအခိုက်များစွာဖြင့် လက်မြှောက်ဆုတ်ခွာခဲ့ရသည်။ ဆိုလိုသည်မှာ ကျယ်ဝန်းလှသော စစ်ဘောင်မျက်နှာစာများတွင် အရေးမလှတော့သည်ကို စစ်တပ်ကိုယ်တိုင် သတိပြုမိလိုက်ပုံရပါသည်။
ထိုကာလနှင့် မကွာခြားလှသော ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့တွင် နေပြည်တော်တွင်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ ဦးဆောင်မှုဖြင့် မှတ်ပုံတင်ခွင့်ရထားသည့် နိုင်ငံရေးပါတီများထဲမှ ၃၉ ပါတီသည် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ နိုင်ငံတော်ဝန်ကြီးချုပ်ဟု ဆိုထားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သုံးနာရီကျော် ကြာသည်အထိ တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံပွဲတွင် “လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော်ဖြင့် အစည်းအဝေး အထမြောက် အောင်မြင်နိုင်ကြောင်း၊ အထမမြောက်ခဲ့လျှင် ဒုတိယ အဆင့်အနေဖြင့် သုံးပုံတပုံ တက်ရောက်နိုင်လျှင် အထမြောက်ကြောင်း၊ မိမိတို့တွင် ၂၅ ရာခိုင်နှုန်း ရှိပြီးဖြစ်သော်လည်း ဤကဲ့သို့ မဖြစ်လိုကြောင်း” ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်တွင် ပါဝင်သည်ဟု ပြည်သူ့ပါတီ (PP) ၏ ထုတ်ပြန်ချက်ထဲတွင် ဖတ်ရှုရသည်။
နိုင်ငံရေး မျက်နှာစာဘက်ကို ကြည့်လျှင်လည်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်များသည် မတော် မတရားမှုများ ဆောင်ရွက်ခဲ့သည်ဟူသော စွပ်စွဲချက်များဖြင့် ရွေးကောက်ပွဲရလဒ်များကို လက်မခံနိုင်ဘဲ အာဏာသိမ်းလိုက်ရကြောင်း အကြောင်းပြထားသည့်အတွက် စစ်တပ်ကိုယ်တိုင်က ပြုလုပ်ပေးမည်ဟုဆိုသော ရွေးကောက်ပွဲသည် တရားမျှတပြီး လွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရန် အမှန်တကယ် လိုအပ်လာပါသည်။ ယင်းတို့က အပြစ်တင်ထားခဲ့သော ၂၀၂၀ ရွေးကောက်ပွဲထက် ပိုမိုကောင်းမွန် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမျိုး ဖြစ်လာအောင် အားထုတ်ကျင်းပရမည့်တာဝန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရှောင်လွဲမရနိုင်သည့် (သမိုင်းတွင်မည့်) တာဝန်ဖြစ်နေပါတော့သည်။
အပြစ်တင်ထားခဲ့သော ၂၀၂၀ ရွေးကောက်ပွဲထက် ပိုမိုကောင်းမွန် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲမျိုး ဖြစ်လာအောင် အားထုတ်ကျင်းပရမည့်တာဝန်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရှောင်လွဲမရနိုင်သည့် (သမိုင်းတွင်မည့်) တာဝန်ဖြစ်နေပါတော့သည်။
၂၀၂၁ စစ်တပ်မှ အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ယခင် အစိုးရလက်ထက်က ဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းလိုက်ပြီး ယခုလက်ရှိ ရွေးကောက်ပွဲကော်မရှင်အား ပြန်လည်ဖွဲ့စည်း တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။
ထူးခြားသည်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပစဉ်က ဦးစီးကျင်းပရသည့် ကော်မရှင်ဥက္ကဋ္ဌနှင့် ယခု ၂၀၂၁ ခုနှစ်တွင် ပြန်လည် တာဝန်ပေးခံရသည့် ဥက္ကဋ္ဌသည် တဦးတယောက်တည်း ဖြစ်နေခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ၏ မဲများကို ရေတွက်စဉ်က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိးရေးပါတီ (USDP) က မနိုင်မချင်း ကြိုတင်မဲများကို ဆာလာအိတ်များဖြင့် ဗြောင်ကျကျ ဖြည့်သွင်းပြီး အနိုင်ရစေခဲ့သည်ကို ပြည်သူလူထုကြီးက အမြဲအမှတ်ရနေကြပါသည်။ ယခုတကြိမ် ရွေးကောက်ပွဲသာ ဖြစ်မြောက်ခဲ့ပါက ဘာဖြစ်လာမည်လဲ၊ ၂၀၁၀ တုန်းကလိုများ ဖြစ်လာလေမည်လားဟူသော သံသယများက လူထုအတွင်းတွင် လွှမ်းမိုးနေပါသည်။
အဆိုပါ ရွေးကောက်ပွဲကော်မရှင်အသစ်က ရေးဆွဲပြဌာန်းထားသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်အရ ပြန်လည် မှတ်ပုံတင်ခဲ့ကြသည့် နိုင်ငံရေးပါတီများ၏ စာရင်းကို လေ့လာကြည့်လိုက်သောအခါ အများစုမှာ စစ်တပ်အာဏာသိမ်းခြင်းအား ထောက်ခံကြသောပါတီများ ဖြစ်နေကြောင်း ယေဘုယျ တွေ့မြင်ရပါသည်။
အာဏာသိမ်းခြင်းကို ဆန့်ကျင်မည်ဟု ယူဆရသော နိုင်ငံရေးပါတီများမှာ မှတ်ပုံတင်ခွင့် လျှောက်ထားကြသော်လည်း မှတ်ပုံတင်ခွင့် မရသေးဘဲ နှောင့်နှေးနေကြောင်း သိသာစွာ တွေ့နိုင်ပါသည်။ ဆိုလိုသည်မှာ မှတ်ပုံတင်ခွင့်ရပြီး တရားဝင် နိုင်ငံရေးပါတီများအဖြစ် ရပ်တည်နေကြသောပါတီများမှာ စစ်ကောင်စီအား ထောက်ခံသူက အများစုဖြစ်နေကြောင်းပါ။ နိုင်ငံရေးအရ အသာစီးရယူထားပြီး ဖြစ်နေပါသည်။ စစ်ကောင်စီအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်စေချင်သော၊ ဆုံးဖြတ်စေချင်သော ကိစ္စများကို အဆိုပါ ပါတီများက ဆုံးဖြတ်ပေးခြင်း၊ အဆိုပြုပေးခြင်းများကို ဆောင်ရွက်ပေးကြမည် ဖြစ်ပါသည်။
တပ်ချုပ် မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများဘက်က မြေကွက်တောင်းဆိုသူများ၊ လုပ်ငန်းကန်ထရိုက် တောင်းဆိုသူများကြောင့် နိုင်ငံရေးပါတီခေါင်းဆောင် အချို့အနေဖြင့် အတော်ကြီးကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြရသည်ဟုလည်း ကြားသိရသည်။
အထက်ဖော်ပြပါ တပ်ချုပ် မင်းအောင်လှိုင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် နိုင်ငံရေးပါတီများဘက်က မြေကွက်တောင်းဆိုသူများ၊ လုပ်ငန်းကန်ထရိုက် တောင်းဆိုသူများကြောင့် နိုင်ငံရေးပါတီခေါင်းဆောင် အချို့အနေဖြင့် အတော်ကြီးကို စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြရသည်ဟုလည်း ကြားသိရသည်။
ဇန်နဝါရီ ၁၂ ရက်နေ့တွင် ရန်ကုန်တိုင်း အစိုးရရုံး၌ နိုင်ငံရေးပါတီများနှင့် အာဆီယံ အထူးသံတမန်တို့ တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။ အာဆီယံအထူးသံ ရောက်မလာမီ စောင့်ဆိုင်းနေရသော အချိန်တွင် နိုင်ငံရေးပါတီများအချင်းချင်း ပြုလုပ်သော စကားဝိုင်းများ ရှိခဲ့သည်ဟု ဆိုကြပါသည်။ ဆွေးနွေးမည့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာ ဆွေးနွေးမှုစာတမ်းများကို ကော်မရှင်ထံသို့ ကြိုတင်ပေးပို့ထားရသည်။ နိုင်ငံရေးပါတီများဘက်မှ ရွေးကောက်ပွဲ ဖြစ်နိုင်ခြေများနှင့် မဖြစ်မနေ လုပ်ဆောင်သင့်သည့် အကြံပြုချက်များက လွှမ်းမိုးနေခဲ့သည်ဟု သိရပါသည်။
ယခင်ကာလများက တဖွဖွပြောကြားခဲ့သည့် အချိုးကျ ကိုယ်စားပြုစနစ် (PR) အကြောင်းမှာမူ လုံးဝ ပြောဆိုခြင်း မရှိသောကြောင့် မေ့လျော့နေကြပြီဟု ဆိုနိုင်ပါသည်။ ရွေးကောက်ပွဲကော်မရှင်၏ ကိန်းကြီးခန်းကြီး အမူအရာဖြင့် နိုင်ငံရေးပါတီများအပေါ် ဆက်ဆံပုံများကို မကြိုက်မနှစ်သက်၍ ပြည်သူ့ပါတီဥက္ကဋ္ဌသည် အဆိုပါ အစည်းအဝေးမှ ထပြန်ခဲ့သည်ဟု သူ၏ အင်တာဗျူးတခုတွင် ကြားသိရသည်။ ကန့်ကွက်သည့်အနေဖြင့် ထပြန်ခဲ့သော်လည်း အစည်းအဝေး တက်ရောက်ကြသူများထဲက မည်သူတဦးတယောက်ကမှ အဆိုပါ ကန့်ကွက်မှုကို သတိမူမိပုံပင် မပေါ်ခဲ့ဟု ပြည်သူ့ပါတီဥက္ကဋ္ဌ၏ အင်တာဗျူးတွင်ပင် ပြောထားသည်။
အဆိုပါ အချက်အလက်များကို တင်ပြနေရသည်မှာ အကြောင်းမဲ့ မဟုတ်ပါ။ စစ်ရေးမျက်နှာစာတွင် အလားအလာ မကောင်း ခုခံနေရသည့် အနေအထားတွင် စစ်တပ်အနေဖြင့် နိုင်ငံရေးမျက်နှာစာဘက်သို့ မဖြစ်မနေ ပြန်လှည့်လာနေရသည်ကို ဖော်ပြလို၍ ဖြစ်ပါသည်။
လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့သည် စစ်ကောင်စီ သက်တမ်း ခြောက်လပြည့်သည့်နေ့ ဖြစ်သည်။ ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်ရင်း ဥပဒေပါပုဒ်မများကို မဖြစ်မနေ လိုက်နာနေရသည့် စစ်ကောင်စီသည် ယင်းနေ့တွင် နောက်ထပ် ခြောက်လ သက်တမ်းထပ်မံ၍ တိုးချဲ့မည်လား၊ သို့တည်းမဟုတ် အခြားနည်းလမ်းတခုခုဖြင့် ထွက်လမ်းရှာမည်လား ဆိုသည်မှာ စိတ်ဝင်စားစရာ ကိစ္စတခု ဖြစ်လာနေပါသည်။
ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ခေါ်ယူရမည့်ကာလတွင် လက်ရှိ ယာယီသမ္မတဟု ဆိုထားသော ဦးမြင့်ဆွေမှာ စိတ်ပန်းလူပန်း အတော်ကို နွမ်းလျလျက် မကျန်းမမာဖြစ်နေခြင်း အတွက်လည်း သူတို့အတွက် အခက်အခဲကြီးတခု ဖြစ်လာနေသည်ဟု ဆိုရပါမည်။
ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေး ခေါ်ယူရမည့်ကာလတွင် လက်ရှိ ယာယီသမ္မတဟု ဆိုထားသော ဦးမြင့်ဆွေမှာ စိတ်ပန်းလူပန်း အတော်ကို နွမ်းလျလျက် မကျန်းမမာဖြစ်နေခြင်း အတွက်လည်း သူတို့အတွက် အခက်အခဲကြီးတခု ဖြစ်လာနေသည်ဟု ဆိုရပါမည်။
အဆိုပါ အချက်များမတိုင်မီ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလများအတွင်း စစ်ကောင်စီသည် သူ၏ လက်တံများမှတဆင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs)၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး ခေါင်းဆောင်များ၊ လူသိထင်ရှား ပညာရှင်များထံသို့ ချဉ်းကပ်၍ ကြားကာလ အစိုးရတရပ် ဖွဲ့စည်းမည်ဆိုလျှင် (အချို့အား ပါဝင်စေလိုကြောင်း၊ အချို့အား စိတ်ဝင်စားမှု ရှိပါသလားဟု) စည်းရုံးမှုများ ပြုလုပ်နေခဲ့ကြောင်း ကြားသိနေရသည်။
ထိုသို့သောကာလတွင် နိုင်ငံရေးပါတီများနှင့် အာဆီယံ အထူးကိုယ်စားလှယ်၏ တွေ့ဆုံပွဲ၌ စစ်တပ်ဘက် ရပ်တည်နေကြသည့် နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲ မည်သို့မည်ပုံ ကျင်းပသင့်ကြောင်းကို အာဆီယံ အထူးကိုယ်စားလှယ်အား အလုအယက် တင်ပြနေကြခြင်းသည် တိုက်ဆိုင်မှု မဟုတ်ဟု ယူဆနိုင်ပါသည်။
စစ်ကောင်စီ ခေါင်းဆောင်အနေဖြင့် လွှတ်တော်ကိုယ်စားလှယ် သုံးပုံတပုံဖြင့် လွှတ်တော်ကို မခေါ်လိုပါဟု ဆိုထားသော်လည်း နိုင်ငံရေးပါတီအများစုက တိုက်တွန်းနေခြင်းအား လိုက်လျောလိုက်ရသည့် အနေမျိုးဖြင့် နိုင်ငံရေးပါတီများ၏ သဘောထားအဖြစ် လွှဲချလျက် လက်ခံကျင်းပချင် ကျင်းပနိုင်ပါသည်။
ရွေးကောက်ပွဲအား လက်ရှိ စစ်ကောင်စီ အစိုးရက ဦးစီးကျင်းပခြင်းကို ပြည်တွင်းရော ပြည်ပများတွင်ပါ (နိုင်ငံကြီးတချို့မှ လွဲ၍) လက်မခံနိုင်ကြပေ။ အကြောင်းမှာ စစ်တပ်ကိုယ်တိုင်က ပဋိပက္ခတွင် ကိုယ်တိုင်ပါဝင်နေသူ (Conflict partner) က ဦးစီးကျင်းပသော ရွေးကောက်ပွဲ ဖြစ်နေသောကြောင့် ဖြစ်သည်။
ယင်းအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ထွက်ပေါက်အဖြစ် Conflict partner ဖြစ်နေသည့် သူတို့ကိုယ်တိုင် မပါဝင်သော ကြားကာလ အစိုးရတရပ် ဖွဲ့စည်းလျက် အဆိုပါ ကြားကာလ အစိုးရ၏ ကြီးကြပ်မှုဖြင့် ကော်မရှင်တရပ် ထပ်မံဖွဲ့စည်းကာ ရွေးကောက်ပွဲ ကျင်းပလိမ့်မည်ဟု ယုံကြည်ရပါသည်။
မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများသည် တရားဝင်ပါတီများဖြစ်သည့်အလျောက် ယင်းတို့၏ တိုက်တွန်းမှုဖြင့် ကျင်းပ၍ ရရှိခဲ့သော ရလဒ်ဖြင့် ပြည်ထောင်စုလွှတ်တော်အား ထက်ဝက်ကျော် ကိုယ်စားလှယ်ဖြင့် ဖြစ်စေ၊ သုံးပုံတပုံကျော် ကိုယ်စားလှယ်များဖြင့် ဖြစ်စေ လွှတ်တော်ကို ကျင်းပသွားမည်ဟု မှန်းဆရပါသည်။
မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီများသည် တရားဝင်ပါတီများဖြစ်သည့်အလျောက် ယင်းတို့၏ တိုက်တွန်းမှုဖြင့် ကျင်းပ၍ ရရှိခဲ့သော ရလဒ်ဖြင့် ပြည်ထောင်စုလွှတ်တော်အား ထက်ဝက်ကျော် ကိုယ်စားလှယ်ဖြင့် ဖြစ်စေ၊ သုံးပုံတပုံကျော် ကိုယ်စားလှယ်များဖြင့် ဖြစ်စေ လွှတ်တော်ကို ကျင်းပသွားမည်ဟု မှန်းဆရပါသည်။
အဆိုပါ အချက်နှင့် ဆန့်ကျင်လျက်ရှိသော စစ်ကောင်စီ၏ ထုတ်ဖော်ပြောဆိုချက်များလည်း ရှိထားပါသည်။ ရွေးကောက်ပွဲကို အကြားအလပ်မရှိ ကျင်းပမည်ဟု ဆိုထားသည်။ မဲစာရင်းများ မှန်ကန်တိကျစေရန် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် သန်းခေါင်စာရင်း ကောက်ယူပြီး မဲစာရင်းပြုစုမည်ဟုလည်း ဆိုထားပြန်သည်။ အဆိုပါ ပြောဆိုချက်များအရ ရွေးကောက်ပွဲအား ၂၀၂၄ ခုနှစ်အတွင်း ကျင်းပပြုလုပ်နိုင်ခြေ မရှိဟု သုံးသပ်မှုများလည်း ရှိပါသည်။ သို့သော် စစ်ကောင်စီ၏ အခက်အခဲများနှင့် စကားမတည် အပြောင်းအလဲ လုပ်တတ်သော သဘောသဘာဝကိုမူ ထည့်တွက်သင့်ပါသည်။
ကိုယ်စားလှယ် အရေအတွက် သုံးပုံတပုံ ပြည့်မီရန်မှာ ၃၄ ရာခိုင်နှုန်း ရရန်သာလိုပါသည်။ ၂၅ ရာခိုင်နှုန်းက ရှိနှင့်ပြီးသားဖြစ်သောကြောင့် နောက်ထပ် ၉ ရာခိုင်နှုန်းကိုသာ ရွေးကောက်တင်မြှောက်ရန် လိုသည်ကို သတိချပ်သင့်ပါသည်။
ပါဝင်ပတ်သက်သူ အားလုံး၏ သဘောတူညီမှုဖြင့် ကျင်းပသော ရွေးကောက်ပွဲသည်သာ နိုင်ငံရေးအဖြေဖြစ်နိုင်ပြီး ငါ့မြင်းငါစိုင်း ကိုယ့်ဘာသာ ကျင်းပသော ရွေးကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက် မဟုတ်သကဲ့သို့ နိုင်ငံရေးအဖြေတရပ်လည်း မဖြစ်နိုင်
သို့သော် အခြားတဖက်မှ စဉ်းစားကြည့်သောအခါ လက်ရှိ ရွေးကောက်ပွဲကော်မရှင်သည် မြို့နယ်အလိုက် ကော်မရှင်ခွဲများကို ဖွဲ့စည်းပြီး ရုံးခန်းဖွင့်လှစ်နိုင်ခြင်း မတွေ့ရသေးပေ။ မှတ်ပုံတင်ခွင့်ရထားသော ၄၇ ပါတီအနက် ၁၁ ပါတီသည် ပြည်ထောင်စုတဝန်းလုံး စည်းရုံးမည့်ပါတီများ ဖြစ်ကြသည်။ အဆိုပါ ပါတီများအနေဖြင့် ရက်ပေါင်း ၁၈၀ အတွင်း မြို့နယ်ပေါင်း ၁၆၆ မြို့နယ်တွင် ရုံးခန်းများ ဖွင့်လှစ်ပြီးဖြစ်ရမည်ဖြစ်သည်။
သို့သော်လည်း ရွေးကောက်ပွဲကော်မရှင် ကိုယ်တိုင်ပင်လျှင် မြို့နယ်ပေါင်း ထက်ဝက်ကျော်တွင် ရုံးခန်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသေးဟု ခန့်မှန်းမိပါသည်။ အခြားလိုအပ်ချက်များကိုမူ ထည့်ပြောစရာပင် မလိုတော့ပါ။
မည်သို့ပင်ဆိုစေကာမူ စာရေးသူ၏ အမြင်ကတော့ ပါဝင်ပတ်သက်သူ အားလုံး၏ သဘောတူညီမှုဖြင့် ကျင်းပသော ရွေးကောက်ပွဲသည်သာ နိုင်ငံရေးအဖြေဖြစ်နိုင်ပြီး ငါ့မြင်းငါစိုင်း ကိုယ့်ဘာသာ ကျင်းပသော ရွေးကောက်ပွဲသည် နိုင်ငံရေးထွက်ပေါက် မဟုတ်သကဲ့သို့ နိုင်ငံရေးအဖြေတရပ်လည်း မဖြစ်နိုင်ဟု ဆိုချင်ပါသည်။
အဆိုပါ အချက်အလက်များနှင့် မှန်းဆချက်များသည် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ ဖြစ်လာနိုင်သည့် အခြေအနေများ ရှိနေပါသောကြောင့် စဉ်းစားစရာရှိသူများ စဉ်းစားနိုင်ရန်နှင့် အငြင်းပွားချင်သူများအတွက် အငြင်းပွားနိုင်ကြစေရန် တင်ပြလိုက်ရခြင်း ဖြစ်ပါသည်။
(ဉာဏ်လင်းသည် ဝါရင့်နိုင်ငံရေးသမားဟောင်းတဦး ဖြစ်သည်။)
You may also like these stories:
ရွေးကောက်ပွဲကျင်းပရေး စစ်ကောင်စီ တွန်းအားပေးလုပ်နေ
စစ်ကောင်စီ ရွေးကောက်ပွဲတွင် ၆၃ ပါတီ ယှဉ်ပြိုင်မည်
NLD ကို ဖျက်သိမ်းခြင်းကြောင့် စစ်ကောင်စီ ရွေးကောက်ပွဲကို ပိုအယုံအကြည်မဲ့
ပါတီများအား စစ်ကောင်စီခန့် UEC ခွဲခြားကန့်သတ်လာနေ
မြန်မာစစ်တပ်၏ ရှည်လျားသော မဲလိမ်သမိုင်း