• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာစစ်တပ်၏ ရှည်လျားသော မဲလိမ်သမိုင်း

by Bertil Lintner
28 July 2022
in ဆောင်းပါး
A A
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ရန်ကုန်မြို့ ရွေးကောက်ပွဲတွင် မဲပေးပြီးနောက် မှင်စွတ်ထားသော လက်ကို ပြသနေသည့် အမျိုးသမီးတဦး  / ဧရာဝတီ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ရန်ကုန်မြို့ ရွေးကောက်ပွဲတွင် မဲပေးပြီးနောက် မှင်စွတ်ထားသော လက်ကို ပြသနေသည့် အမျိုးသမီးတဦး / ဧရာဝတီ

6.7k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်ကို ယုံကြည်၍ရမည်ဆိုလျှင် လာမည့်နှစ်တချိန်ချိန်တွင် ရွေးကောက်ပွဲ ကျင်းပကောင်း ကျင်းပနိုင်သည်။

ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားသော အစိုးရကို ဖြုတ်ချပြီးနောက် ကုလသမဂ္ဂ၏ စာရင်းအရ ဒီမိုကရေစီလိုလားသူ အနည်းဆုံး ၁,၅၀၀ ကျော်ကို သတ်၊ အခြားသူ ၈,၈၀၀ ကျော်ကို ဖမ်း၊ လူ ၁ သန်းကျော်ကို ပြည်တွင်းပြည်ပ ဒုက္ခသည် ဖြစ်စေပြီးပေးသော ထိုကတိကို အလေးထားရန် မည်သူအတွက်မဆို ခက်ခဲမည်ဖြစ်သည်။ ထိုသို့သော စကားကို ယုံကြည်သူများမှာ အများအားဖြင့် ဒီမိုကရေစီ မဟုတ်သော နိုင်ငံ ၁၀ နိုင်ငံဖြင့် ဖွဲ့စည်းထားသည့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) မှ မိတ်ဆွေအချို့သာ ဖြစ်မည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါများ ပြောသည်ကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် စစ်တပ်က ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ် အာဏာသိမ်းပြီးနောက် မြန်မာ့ရွေးကောက်ပွဲသမိုင်းကို လေ့လာကြည့်ဖို့ လိုမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အပေါင်းအပါများ ပြောသည်ကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်ရန် စစ်တပ်က ၁၉၆၂ ခုနှစ်တွင် ပထမဆုံးအကြိမ် အာဏာသိမ်းပြီးနောက် မြန်မာ့ရွေးကောက်ပွဲသမိုင်းကို လေ့လာကြည့်ဖို့ လိုမည်ဖြစ်သည်။

ပထမဆုံး ၁၂ နှစ်တာ ကာလအတွင်း မြန်မာကို စစ်တပ် ထိပ်တန်းအရာရှိများနှင့် ဖွဲ့စည်းထားသည့် တော်လှန်ရေးကောင်စီက အုပ်ချုပ်သည်။ ထိုနောက် ၁၉၇၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေတခု အတည်ပြုရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတခု ကျင်းပသည်။

သို့သော် မဲပေးခြင်းသည် လက်ခံနိုင်ဖွယ်ရှိသော မည်သည့်ဒီမိုကရေစီ စံနှုန်းနှင့်မျှ ကိုက်ညီခြင်းမရှိပေ။ မဲရုံများအတွင်းတွင် မဲပုံး ၂ ပုံးစီ ထားရှိသည်။ အဖြူရောင်ပုံးမှာ ထောက်ခံမဲဖြစ်ပြီး အမဲရောင်ပုံးမှာ ကန့်ကွက်မဲဖြစ်သည်။ ထိုပုံး ၂ လုံးကို ကန့်လန့်ကာနောက်တွင် ဖုံးကွယ်ထားသော်လည်း မဲရုံ၏ ထောင့် ၂ ခုတွင် ချထားသည်။

သို့သော် ကန့်လန့်ကာသည် မြေပြင်နှင့် ၁၅ မှ ၂၀ စင်တီမီတာအထိ လွတ်နေသောကြောင့် အရာရှိများက မည်သူ မည်သို့ မဲပေးသည်ကို မြင်နိုင်သည်။ ထိုသို့လုပ်ထားသည့် ကြားမှပင် ပြည်သူများသည် ကန့်ကွက်မဲ ပေးနိုင်ခဲ့ကြသော်လည်း ဖွဲ့စည်ပုံအခြေခံ ဥပဒေသစ်ကို လူ ၉၀ ဒသမ ၁၉ ရာခိုင်နှုန်းက ထောက်ခံသည်ဟု အာဏာပိုင်များက ကြေညာပြီး ၁၉၇၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည်မှာ အံ့သြစရာ မဟုတ်ပေ။

၁၉၇၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ရွေးကောက်ပွဲများ ကျင်းပသည်။ မြန်မာသည် တပါတီစနစ်နိုင်ငံ ဖြစ်သောကြောင့် ကိုယ်စားလှယ်နေရာ ၄၅၁ နေရာလုံးကို မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) က အနိုင်ရပြီး မဲပေးခွင့်ရှိသူများ၏ ၉၄ ဒသမ ၆၁ ရာခိုင်နှုန်း မဲပေးသည်ဟုဆိုသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရေအတွက် တစုံတရာ အပြောင်းအလဲ ရှိသော်လည်း ၁၉၇၈ ခုနှစ်တွင် ကိုယ်စားလှယ်နေရာ ၄၆၄ နေရာအနက် ၄၆၄ နေရာလုံးတွင် မဆလ အနိုင်ရသည်။ ၁၉၈၁ ခုနှစ်တွင် ကိုယ်စားလှယ်နေရာ ၄၇၅ နေရာအနက် ၄၇၅ နေရာကို မဆလ အနိုင်ရပြန်သည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အရေအတွက် တစုံတရာ အပြောင်းအလဲ ရှိသော်လည်း ၁၉၇၈ ခုနှစ်တွင် ကိုယ်စားလှယ်နေရာ ၄၆၄ နေရာအနက် ၄၆၄ နေရာလုံးတွင် မဆလ အနိုင်ရသည်။ ၁၉၈၁ ခုနှစ်တွင် ကိုယ်စားလှယ်နေရာ ၄၇၅ နေရာအနက် ၄၇၅ နေရာကို မဆလ အနိုင်ရပြန်သည်။

၁၉၈၅ ခုနှစ်တွင် ကိုယ်စားလှယ် နေရာ ၄၈၉ နေရာအနက် ၄၈၉ နေရာကို မဆလ အနိုင်ရသည်။ ရွေးကောက်ပွဲများကို အစိုးရက ထိန်းချုပ်ထားနိုင်ခြင်းမရှိဘဲ အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက သိမ်းပိုက်ထားသည့် နေရာများတွင်ပါ ကျင်းပသည်။

ထို့နောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာပြီး ထိုအရေးတော်ပုံကို စစ်တပ်က ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းကာ စစ်အုပ်စုသစ်ဖြစ်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ပေါ်ပေါက်လာသည်။ သို့သော် အများအတွက် အံ့သြစရာကောင်းသည်မှာ ထိုစစ်အုပ်စုခေါင်းဆောင် စောမောင်က သူ့စကားအရ လွတ်လပ်မျှတသည့် ရွေးကောက်ပွဲဆိုသည့် ရွေးကောက်ပွဲ ကျင်းပပေးရန် ကတိပြုသည်။

မဆလ ကိုလည်း စစ်တပ်ကို လိုလားသည့် အဖွဲ့အစည်းသစ်ဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အဖြစ် ပြောင်းလဲလိုက်ပြီး ဗိုလ်ချုပ်များသည် ထိုပါတီ၏ အရေးပါမှုနှင့် လူထုထောက်ခံမှုကို ပိုတွက်ခဲ့ကြပုံရသည်။ နဝတ၏ ပြန်ကြားရေးအရာရှိ ဦးရဲထွဋ်နှင့် ၁၉၈၉ ခုနှစ် ဇန်နဝါရီလတွင် ဆုံတွေ့ခဲ့သည်ကို စာရေးသူ သတိရမိသည်။

“ခင်ဗျားတို့ နိုင်ငံခြားသားတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို လူထုက ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံတယ်လို့ ထင်နေကြတယ်။ သူတို့ကို မြို့ပြက လူတချို့က ထောက်ခံကောင်း ထောက်ခံမယ်။ ဒါပေမယ့် ကျေးလက်ဒေသက ပြည်သူတွေက ကျနော်တို့ကို ထောက်ခံကြတယ်” ဟု သူကပြောသည်။ NLD ကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင် ဖွဲ့စည်းခဲ့ပြီး မကြာမီအချိန်အတွင်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှု မတိုင်မီက ခံစားခဲ့သော ဒီမိုကရေစီ ပြန်လည်ရရှိရေးအတွက် အဓိကအင်အားစု ဖြစ်လာသည်။

အနောက်တိုင်းပညာရှင်နှင့် မြန်မာအာဏာရှင် အစိုးရ အဆက်ဆက်ကို ကာကွယ်သူအဖြစ် ကျော်ကြားသူ ရောဘတ်တေလာကလည်း ၁၉၉၀ ပြည့်နှစ်၊ မတ်လထုတ် မျက်မှောက်သမိုင်း (Current History) စာစောင်တွင် ရှည်လျားသော ဆောင်းပါးတပုဒ်ပေးပြီး အလားတူအမြင်ကို ဖော်ပြသည်။

“လေ့လာစောင့်ကြည့်သူ အများအပြားက တစညသည် ရွေးကောက်ပွဲတွင် အခြေအနေကောင်းမည်ဟု ယုံကြည်ကြသည်” ဟု သူက ရေးသားသည်။ ထိုစဉ်က သူ၏ဆွေးနွေးချက်မှာ NLD သည် မြို့ပြတွင် ထောက်ခံမှု အားကောင်းနိုင်သော်လည်း ကျေးလက်ဒေသမှ ပြည်သူများသည် နီးရာဓားကိုကြောက်ပြီး မဲပေးမည်ဆိုသည့် ဆွေးနွေးချက်မျိုး ဖြစ်သည်။

ရွေးကောက်ပွဲများကို ၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပပြီး ထိုရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို နိုင်သည်။ NLD သည် မြို့ပြတွင်သာမက ကျေးလက်တွင်ပါ ကိုယ်စားလှယ်နေရာ ၄၈၅ အနက် ၃၉၂ နေရာအနိုင်ရပြီး တစညက ၁၀ နေရာမျှသာ ရသည်။

ရွေးကောက်ပွဲများကို ၁၉၉၀ ပြည့်နှစ်၊ မေလ ၂၇ ရက်နေ့တွင် ကျင်းပပြီး ထိုရွေးကောက်ပွဲတွင် NLD က တောင်ပြိုကမ်းပြို နိုင်သည်။ NLD သည် မြို့ပြတွင်သာမက ကျေးလက်တွင်ပါ ကိုယ်စားလှယ်နေရာ ၄၈၅ အနက် ၃၉၂ နေရာအနိုင်ရပြီး တစညက ၁၀ နေရာမျှသာ ရသည်။

မည်သို့ဆိုစေကာမူ တစညသည် တနိုင်ငံလုံးမဲများ၏ ၂၀ ရာခိုင်နှုန်းကျော်သော လူထုထောက်ခံမှုရသည်ဟု ဆိုနိုင်သော်လည်း မြန်မာရွေးကောက်ပွဲများသည် အချိုးကျ ကိုယ်စားပြုစနစ်ကို မကျင့်သုံးသောကြောင့် ကိုယ်စားလှယ် အနည်းငယ်မျှသာရသည်။

ထိုကိစ္စကို မည်သို့မြင်သည်ဖြစ်စေ တစညသည် ခွက်ခွက်လန်အောင်ရှုံးပြီး စစ်အုပ်စုသည့် လုံးဝသစ်လွင်သည့် နိုင်ငံရေးစင်မြင့်ကို ဖန်တီးရကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို တည်ထောင်ရသည်။ ထိုအသင်းကို ၂၀၁၀ ခုနှစ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အဖြစ် အမည်ပြောင်းသည်။

သို့သော် ၁၉၉၀ ပြည့်နှစ်တွင် ၎င်းတို့မလိုလားသော ပါတီ အနိုင်ရသောကြောင့် စည်းမျဉ်းများကို ပြောင်းလဲလိုက်ရသည်။ ရွေးကောက်ပွဲကျင်းပပြီး ၂ လအကြာ ဇူလိုင်လ ၂၇ ရက်နေ့တွင် နဝတက ကြေညာချက် ၁/၉၀ ကို ထုတ်ပြန်ပြီး ၎င်းတို့စစ်အုပ်စုသာ ဥပဒေပြဋ္ဌာန်းခွင့် အာဏာရှိသည်၊ ပြည်သူလူထုက ရွေးချယ်လိုက်သော ကိုယ်စားလှယ်များ၏ တာဝန်မှာ အနာဂတ် ဒီမိုကရေစီ နိုင်ငံတော်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးသာဖြစ်သည်ဟု ကြေညာလိုက်သည်။

ထိုကြေညာချက်ထွက်ပြီး ရက်ပိုင်းအတွင်းမှာပင် လျှို့ဝှက်ရဲထက် ပိုမိုလျှို့ဝှက်သော စစ်ထောက်လှမ်းရေးက လွှတ်တော် ကိုယ်စားလှယ်များကို အလုံးအရင်းဖြင့် စစ်ဆင်ရေးလုပ်သည်။ ထိုနှစ်ကုန်သောအခါ ၆၅ ဦး ဖမ်းဆီးခံရပြီး တဒါဇင်ခန့်သည့် အိန္ဒိယနှင့် ထိုင်းကဲ့သို့သော အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးကြပြီး အများအပြားသည် ဆန္ဒအလျောက် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ကြသည်။

ပြည်သူ့လွှတ်တော်ကို မည်သည့်အခါကမျှ ခေါ်ယူခြင်း မရှိခဲ့ပေ။ လွှတ်တော်အစား ကိုယ်စားလှယ် ၄၈၅ ဦးအနက် ၁၀၀ ခန့်သည် ရွေးကောက်ခံ မဟုတ်ဘဲ စစ်တပ်က ခေါင်းခေါက်ရွေးထားသည့် အခြားသူ ၆၀၀ နှင့်အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန် အမျိုးသားညီလာခံ တက်ရောက်ရသည်။

ထိုသို့ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကို မည်သည့်အခါကမျှ ခေါ်ယူခြင်း မရှိခဲ့ပေ။ လွှတ်တော်အစား ကိုယ်စားလှယ် ၄၈၅ ဦးအနက် ၁၀၀ ခန့်သည် ရွေးကောက်ခံ မဟုတ်ဘဲ စစ်တပ်က ခေါင်းခေါက်ရွေးထားသည့် အခြားသူ ၆၀၀ နှင့်အတူ ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲရန် အမျိုးသားညီလာခံ တက်ရောက်ရသည်။

နောက် ၁၈ နှစ် ကြာသောအခါ ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် ထိုကိစ္စသည် ပြီးစီးသွားပြီး ဆန္ဒခံယူပွဲ ကျင်းပပြန်သည်။ မြန်မာ့ နိုင်ငံရေးရှုခင်းကို အလေးအနက် လေ့လာသူအားလုံး မျှော်လင့်ထားသည့်အတိုင်း ထိုဆန္ဒခံယူပွဲတွင် ဗြောင်ကျကျ လိမ်လည်သည်။

ထိုစဉ်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟု အမည်ပြောင်းလိုက်သော စစ်အုပ်စုက ထိုဖွဲ့စည်းပုံအခြေခံ ဥပဒေကို မဲပေးခွင့်ရှိသူ ၉၂ ဒသမ ၄ ရာခိုင်နှုန်းက ထောက်ခံသည်၊ ရွေးကောက်ပွဲ ကျင်းပသော နေရာများတွင် မဲပေးခွင့်ရှိသူများ ၉၉ ရာခိုင်နှုန်း လာရောက်မဲပေးသည်ဟု ကြေညာလိုက်သည်။

သို့သော် အချို့သော မဲဆန္ဒနယ်များတွင် မဲပေးသူများ၏ ၁၀၀ ရာခိုင်နှုန်းပင် ကျော်အောင် ထောက်ခံနေသောကြောင့် ဖွဲ့စည်းပုံသစ်ကို ယုံကြည်လက်ခံနိုင်မှု နည်းနည်းပါးပါး ရှိစေရန် ပြန်လည် ပြင်ဆင်ရသည်ဟုပင် ဆိုသည်။

ဆန္ဒခံယူပွဲပြီးသောအခါ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး မြန်မာ့အရေးကို အလေးအနက် လေ့လာသူအားလုံးက ထိုရွေးကောက်ပွဲသည် မသမာကြောင်း သဘောတူကြသည်။

လွှတ်တော်သစ်၏ အထက်လွှတ်တော် (အမျိုးသားလွှတ်တော်) နှင့် အောက်လွှတ်တော် (ပြည်သူ့လွှတ်တော်) နှစ်ခုလုံးတွင် USDP က တောင်ပြိုကမ်းပြို နိုင်သည်။ ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် နေရာများ အားလုံး၏ ၄ ပုံတပုံကို စစ်အုပ်စုက ယူထားသောကြောင့် ရွေးကောက်ခံရန် မလိုပေ။

စစ်ဝတ်စုံကို အရပ်ဝတ်များဖြင့် လဲလိုက်သော စစ်အရာရှိ အများအပြားပါသည့် အရပ်သားအစိုးရသစ်ကို ဖွဲ့စည်းကြသည်။ ဗိုလ်ချုပ်ဟောင်းဖြစ်သော သမ္မတသစ် ဦးသိန်းစိန်သည် ယခင်စစ်အုပ်စုတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဝန်ကြီးချုပ် လုပ်ခဲ့သူဖြစ်ပြီး နအဖ၏ အတွင်းရေးမှူး (၁) လည်း ဖြစ်သည်။

စစ်ဝတ်စုံကို အရပ်ဝတ်များဖြင့် လဲလိုက်သော စစ်အရာရှိ အများအပြားပါသည့် အရပ်သားအစိုးရသစ်ကို ဖွဲ့စည်းကြသည်။ ဗိုလ်ချုပ်ဟောင်းဖြစ်သော သမ္မတသစ် ဦးသိန်းစိန်သည် ယခင်စစ်အုပ်စုတွင် ၂၀၀၇ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ဝန်ကြီးချုပ် လုပ်ခဲ့သူဖြစ်ပြီး နအဖ၏ အတွင်းရေးမှူး (၁) လည်း ဖြစ်သည်။

သို့သော် ဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး NLD အပါအဝင် နိုင်ငံရေး ပါတီများကို ပွင့်လင်းစွာ လုပ်ကိုင်ခွင့်ပေးခဲ့သည်။ စာပေစိစစ်ရေးကို ဖျက်သိမ်းပြီး လူထုအခြေပြု အဖွဲ့အစည်းများကို ဖွဲ့စည်းကြသည်။

မြန်မာသည် အရပ်သားအခြေပြုသော အစိုးရစနစ်သို့ အသွင် ကူးပြောင်းနေသည်ဆိုသည့် အယူအဆမျိုး ပျံ့နှံ့လာသည်။ အနည်းဆုံးဆိုရပါက ပြည်ပမှ လေ့လာသူများအကြားတွင် ထိုအယူအဆ ပျံ့နှံ့လာသည်။ ဦးသိန်းစိန် အစိုးရသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုသည့် ကိစ္စကိုလည်း ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရသစ်၊ စစ်တပ်တို့နှင့် တွေ့ဆုံဆွေးနွေးစေသည်။

၂၀၁၅ ခုနှစ်၊ နိုင်ဝင်ဘာလ ၈ ရက် အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးနေသူတဦး / ဧရာဝတီ

ထို့ကြောင့် ဦးသိန်းစိန်ကို အနောက်မီဒီယာများက နိုင်ငံကို ပိုမိုကောင်းမွန်သော အနာဂတ်သို့ ဦးတည်စေသည့် မြန်မာ့ ဂေါ်ဘာချက်ဗ်ဟု ခေါ်ကြသည်။ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ရွေးကောက်ပွဲတွင် NLD က အောက်လွှတ်တော်နေရာ ၃၃၀ အနက် ၂၅၅ နေရာ၊ အထက်လွှတ်တော် နေရာ ၁၆၈ နေရာအနက် ၁၃၅ နေရာ အနိုင်ရသောအခါ ထိုအမြင်သည် ပိုမိုခိုင်မာလာသည်။

USDP က အောက်လွှတ်တော်တွင် ၃၀ နေရာနှင့် အထက်လွှတ်တော်တွင် ၁၁ နေရာသာ အနိုင်ရသည်။ ထို့အပြင် အထက်လွှတ်တော်နေရာ ၅၆ နေရာနှင့် အောက်လွှတ်တော်နေရာ ၁၁၀ ကို စစ်တပ်က ခန့်သည်။

စစ်အုပ်စုသည် ၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို လက်ခံပြီး NLD ကို အစိုးရသစ် ဖွဲ့ခွင့်ပေးသည်။ သို့သော် အာဏာရှင်ဟောင်းနှင့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေက စစ်အရာရှိမဟုတ်၊ နိုင်ငံရေးနှင့်မဆိုင်သည့် မြေးဖြစ်သူ ဖိုးလပြည့် (ခ) နေရွှေသွေးအောင်ကို သူ၏ ပုဂ္ဂလိက ကြားခံအဖြစ် စေလွှတ်ပြီး ဝင်ရောက်ကြားဝင်ပြီးမှသာ ထိုသို့ ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD သည် ပိုမိုကြီးမားသည့် အောင်ပွဲခံကာ အောက်လွှတ်တော်တွင် ၂၅၈ နေရာနှင့် အထက်လွှတ်တော်တွင် ၁၃၈ နေရာ အနိုင်ရသည်။ USDP သည် အရှက်သိက္ခာ ကျဆင်းစရာ ကောင်းလောက်အောင် အောက်လွှတ်တော်တွင် ၂၆ နေရာနှင့် အထက်လွှတ်တော်တွင် ၇ နေရာသာ အနိုင်ရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD သည် ပိုမိုကြီးမားသည့် အောင်ပွဲခံကာ အောက်လွှတ်တော်တွင် ၂၅၈ နေရာနှင့် အထက်လွှတ်တော်တွင် ၁၃၈ နေရာ အနိုင်ရသည်။ USDP သည် အရှက်သိက္ခာ ကျဆင်းစရာ ကောင်းလောက်အောင် အောက်လွှတ်တော်တွင် ၂၆ နေရာနှင့် အထက်လွှတ်တော်တွင် ၇ နေရာသာ အနိုင်ရသည်။

NLD ဒုတိယအကြိမ် အနိုင်ရခြင်းသည် စစ်အုပ်စုက လက်ခံနိုင်သော ကိစ္စမဟုတ်ဘဲ ဗိုလ်ချုပ်များသည် မဲစာရင်း မသမာမှုအကြောင်း စတင်ပြောဆိုလာသော်လည်း နိုင်ငံတကာနှင့်ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်သူများက ၂၀၂၀ ရွေးကောက်ပွဲသည် အများအားဖြင့် လွတ်လပ်မျှတသည်ဟု ပြောသည်။

NLD က ဒုတိယအကြိမ် အစိုးရဖွဲ့ခါနီး လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်တပ်က အာဏာသိမ်းပြီး သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရတဖွဲ့လုံးကို ဖမ်းဆီးလိုက်သည်။ ထိုနောက်တွင် မည်သည်တို့ ဆက်လက်ဖြစ်ပေါ်သည်ကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက ရန်ကုန်တွင် ရွေးကောက်ပွဲအတွက် မဲပေးရန် စောင့်ဆိုင်းနေသူများ / ဧရာဝတီ

မြန်မာသည် ဆယ်စုနှစ်များစွာကြာသော ပြည်တွင်းစစ်သစ်အတွင်းသို့ ကျရောက်သွားသည်။ ယခုအခါ လက်နက်ကိုင် ဗမာလူမျိုးစု အုပ်စုများသာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း စစ်ကောင်စီတပ်များကို တိုက်ခိုက်နေပြီး စစ်အုပ်စုသစ် စစ်ကောင်စီ (စကစ) သည် နိုင်ငံကို မကြုံစဖူး အကြမ်းဖက်ကာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်သည် ဆိုသည့်အချက်ကို သက်သေပြရန် ကြိုးစားသည်။ ထိုအချက်သည် ပြည်သူများ ပြောကြားချက်များနှင့် လုံးဝဆန့်ကျင်နေသော အချက်ဖြစ်သည်။

လက်ရှိအခြေအနေနှင့် အတိတ်က မြန်မာရွေးကောက်ပွဲ အတွေ့အကြုံများအရ စစ်ကောင်စီက လွတ်လပ်မျှတသည့် ရွေးကောက်ပွဲ ကျင်းပမည်ဆိုသည်ကို သွက်သွက်ခါအောင် ရူးနေသူများသာ ယုံကြည်မည်ဖြစ်ပြီး ထိုရွေးကောက်ပွဲသည် လွတ်လပ်မျှတလျှင်လည်း စစ်ကောင်စီက ရလဒ်ကို လက်ခံမည် မဟုတ်ပေ။

မြန်မာသည် အလွယ်တကူ ထွက်ပေါက်မရှိ၊ ပြန်လမ်းမရှိသည့် အနေအထားသို့ ရောက်နေပြီဖြစ်သည်။ ၂၀၁၀ ပြည့်နှစ်တွင် လွတ်လပ်ခွင့်အများအပြား (၎င်းတို့သည် အခြေအမြစ်ကျသည့် ပြောင်းလဲမှုများ မဟုတ်သောကြောင့် ပြုပြင်ပြောင်းလဲရေးဟု ခေါ်လျှင် မှားမည်ဖြစ်သည်) ကို ကျင့်သုံးပြီးနောက် သာမန် ပြည်သူများသည် ဗိုလ်ချုပ်များ အတိတ်က ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို ခွင့်လွှတ် မေ့ထားလိုက်ရန် ပြင်ဆင်ထားပုံရသည်။

ယခုတကြိမ်တွင် ခွင့်လွှတ်မေ့လျှော့ကြတော့မည် မဟုတ်ပေ။ စစ်အုပ်စုသည် ကမ်းကုန်သွားပြီဖြစ်ပြီး ၎င်းတို့က နိုင်ငံနှင့်ပြည်သူအပေါ် ကျူးလွန်ခဲ့သည့် နာကျင်မှုများကို ပြည်သူများက မည်သည့်အခါမျှ ခွင့်လွှတ်တော့မည် မဟုတ်ပေ။

သို့သော် ယခုတကြိမ်တွင် ခွင့်လွှတ်မေ့လျှော့ကြတော့မည် မဟုတ်ပေ။ စစ်အုပ်စုသည် ကမ်းကုန်သွားပြီဖြစ်ပြီး ၎င်းတို့က နိုင်ငံနှင့်ပြည်သူအပေါ် ကျူးလွန်ခဲ့သည့် နာကျင်မှုများကို ပြည်သူများက မည်သည့်အခါမျှ ခွင့်လွှတ်တော့မည် မဟုတ်ပေ။

ထိုအချက်ကို ဗိုလ်ချုပ်များသည် ကောင်းစွာသိပုံရပြီး ၎င်းတို့သည် အာဏာကို မချုပ်ကိုင်ထားလျှင် ထောင်ထဲဝင်ရ သို့မဟုတ် ထိုထက်ဆိုးရွားသော အခြေအနေကို ရင်ဆိုင်ရမည်ကို သိနေသည်။ ထိုအကြောက်တရားသည် စစ်ကောင်စီကို တစုတစည်းတည်း ရှိနေစေသည့် အရာဖြစ်ပြီး ထို့ကြောင့်ပင် ၎င်းတို့သည် နိုင်ငံအပေါ် ချုပ်ကိုင်မှုကို မစွန့်လွှတ်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြောင်းလဲမည် မဟုတ်ပေ။

နိုင်ငံခြားအစိုးရအချို့က ထင်သကဲ့သို့ ASEAN သည် ယခု ပဋိပက္ခတွင် ကြားဝင်စေ့စပ်နိုင်မည်ဟု ယူဆလျှင်လည်း ရူးသွပ်မိုက်မဲရာရောက်သည်။ ဒီမိုကရေစီ မဟုတ်သော နိုင်ငံအများစုဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည့်အပြင် ASEAN ၏ လမ်းညွှန်မူဝါဒ နှစ်ခုဖြစ်သော မစွက်ဖက်ရေးနှင့် ဘုံသဘောတူညီချက် ရယူရေးတို့သည် အဖွဲ့ဝင်နိုင်ငံတခု၏ ပြည်တွင်းရေးနှင့် ပတ်သက်လျှင် ခိုင်မာသော လုပ်ရပ်များလုပ်ရန် တားဆီးနေမည်သာ ဖြစ်သည်။

ထို့အပြင် အနောက်နိုင်ငံပညာရှင်များနှင့် ၎င်းတို့ကိုယ် ၎င်းတို့ ငြိမ်းချမ်းရေး တည်ဆောက်သူများဖြစ်သည် ဆိုသူများ၏ အပြုသဘော ထိတွေ့ဆက်ဆံရေး လော်ဘီလည်း ရှိနေသေးသည်။ ထိုသူများက မြန်မာဗိုလ်ချုပ်များသည် ၎င်းတို့ပေးသည့် အကြံဉာဏ်ကို နားထောင်လိမ့်မည်ဟု လက်တွေ့နှင့်ကင်းသည့် အဆင်အခြင်မဲ့စွာ ယူဆနေကြသည်။ ဗိုလ်ချုပ်များသည် ၎င်းတို့ယခင်ထုံးစံအတိုင်း နန်းတွင်းလူပြက်များအဖြစ် ရှိနေမည်ဖြစ်သည်။

မြန်မာသည် ကျဆုံးနိုင်ငံဖြစ်မည့်ခရီးတွင် အတော်အတန် ခရီးရောက်လာနေပြီး ထိုသို့ဖြစ်ရခြင်းမှာ ၁၉၆၂ တွင် အာဏာသိမ်းပြီး မည်သည့်အခါမျှ အာဏာကို လက်မလွှတ်တော့သည့် စစ်အုပ်စုကြောင့်သာ ဖြစ်သည်။ နောက်ဆုံး ရလဒ်မှာ ဗိုလ်ချုပ်များ လွန်စွာကြောက်သည့် ပြည်ထောင်စု ပြိုကွဲခြင်းသာ ဖြစ်သည်။ ထိုကိစ္စသည် တောင်နှင့် အရှေ့တောင်အာရှ ဒေသတခုလုံးတွင် လွန်စွာပြင်းထန်သည့် အကျိုးဆက်များ ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Myanmar Military’s Long History of Electoral Fraud ကို ဘာသာပြန် ဖော်ပြသည်။ ဘာတေးလ် လစ်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)

You may also like these stories:

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
107
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
392
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
192

ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ အပါအဝင် ၃ ဦး ထောင် ၃ နှစ်စီ ချခံရ

ထိုင်း၏ ချွတ်ခြုံကျနေသော မြန်မာမူဝါဒ

မြန်မာစစ်တပ်ကို “လူရမ်းကား”များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖွဲ့စည်းပုံ ရေးဆွဲဦးမလား

Your Thoughts …
Tags: AseanNLDUSDPစစ်ကောင်စီစစ်ထောက်လှမ်းရေးစစ်အာဏာသိမ်းမှုတစညဒီမိုကရေစီနဝတနအဖဖွဲ့စည်းပုံအခြေခံ ဥပဒေမင်းအောင်လှိုင်မဆလရွေးကောက်ပွဲ
Bertil Lintner

Bertil Lintner

ဘာတေးလ် လင့်တနာသည် ဆုရသတင်းစာဆရာနှင့် မြန်မာ့အရေးအထူးပြုသော စာရေးဆရာဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မုံရွာမြို့မှ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် / CJ

ကိုဝေမိုးနိုင်၏ ရှေ့နေများ ဝရမ်းထုတ်ဖမ်းဆီးခံရသဖြင့် အမှုများ ကိုယ်တိုင်ထုချေနေရ

၂၀၂၁ ခုနှစ် ဇွန်လက အကျဉ်းသားများ ပြန်လွှတ်မည့်သတင်းကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြစဉ်  / ဧရာဝတီ

ကွပ်မျက်မှုကြောင့် ကျန်သေဒဏ်ချမှတ်ခံထားရသည့် နိုင်/ကျဉ်းများအရေး စိုးရိမ်နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved