• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကိုဝေမိုးနိုင်၏ ရှေ့နေများ ဝရမ်းထုတ်ဖမ်းဆီးခံရသဖြင့် အမှုများ ကိုယ်တိုင်ထုချေနေရ

by ဧရာဝတီ
28 July 2022
in သတင်း
A A
မုံရွာမြို့မှ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် / CJ

မုံရွာမြို့မှ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် / CJ

6.6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်၏ အမှုများအား လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ များမှာ စစ်ကောင်စီက ဖမ်းသဖြင့် ရုံးချိန်းများ မလာနိုင်သည့်အတွက် အမှုသည်ကိုယ်တိုင် တရားခွင်တွင် ထုချေ နေရသည်။

၎င်း၏ အမှုများကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ၂ ဦးအနက် ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး ထားသလို ကျန် ၁ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ထားသည့်အတွက် ရုံးချိန်းများသို့ လာရောက်နိုင်ခြင်း မရှိ သည်မှာ ၁ လကျော် ကြာမြင့်နေပြီ ဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

အဆိုပါ ရှေ့နေ ၂ ဦးအား မည်သည့်အကြောင်းကြောင့် မည်သည့်ပုဒ်မများတပ်ပြီး ဖမ်းဆီး၊ ဝရမ်းထုတ်ထားသည်ကိုမူ ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယမန်နေ့က မုံရွာအကျဉ်းထောင်တွင်းအထူးတရားရုံးမှ ကိုဝေမိုးနိုင်အား စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ မိခင်ဖြစ်သူ ကိုလည်း သက်သေအဖြစ် စစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဝေမိုးနိုင်၏ မိခင် ဒေါ်မိုးစန္ဒာကြူက လက်ရှိ တရားရေးနှင့် အုပ်ချုပ်သူများကို အသိအမှတ် မပြုသော်လည်း နောင် သမိုင်းကြောင်းတွင် ဖြစ်စဉ်အမှားများမကျန်ရန် အမှုကို ပြန်လည်ချေပ ထုချေခြင်းဖြစ်ပြီး ယခု ရင်ဆိုင်နေရသည့် ပုဒ်မ ၅၀၅ ဖြင့် အမှု ၆ မှုအတွက် မည်သည့်ပြစ်ဒဏ် ချမှတ်ပါစေ အယူခံဝင်မည် မဟုတ်ကြောင်း ပြောဆိုသည်။

“သူ့ကို ဖမ်းဆီးတရားစွဲဆိုထားတဲ့လူတွေကို အစိုးရအဖြစ်၊ ဥပဒေပြုခွင့်အဖြစ် အသိအမှတ်မပြုဘူး။ အဲဒီအတွက် သူက အမှုရင်ဆိုင်စရာ မလိုဘူးလို့၊ မပူးပေါင်းဘူးလို့ အရင်က ဆုံးဖြတ်ထားတယ်။ သို့သော် နောင်ကို သမိုင်းအမှား တွေ ဖြစ်လာမှာစိုးလို့။ တော်လှန်ရေးလုပ်ခဲ့တာ သူ့ဘက်က မမှားယွင်းဘူး ဆိုတဲ့အကြောင်း၊ သူ့ပခုံးပေါ်ကျလာတဲ့ တာဝန်ကို ကျေပွန်စွာထမ်းဆောင်တာ ဖြစ်တဲ့အကြောင်းနဲ့ ပြစ်ဒဏ်တွေချနိုင်တယ် ဆိုတာကို သိပေမယ့် သူ ပြောသင့် ပြောထိုက်တာကိုပြောဖို့ တရားခွင်မှာ ပူးပေါင်းတာ ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ယင်းနေ့ ရုံးချိန်းတွင် ကိုဝေမိုးနိုင်သည် ၎င်းဖမ်းဆီးခံရပြီးနောက်ပိုင်း မိခင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့ပြီး သီးသန့်တွေ့ဆုံချိန် ၁ နာရီနီးပါးအတွင်း၌ ကိုဝေမိုးနိုင်က မိခင်ဖြစ်သူအား အမှုကိစ္စများနှင့် ပတ်သက်၍ အဓိက ရှင်းပြ ကြောင်းနှင့် ကျန်းမာရေးကောင်းမွန်လျက် ရှိကြောင်း သိရသည်။

ကိုဝေမိုးနိုင်ကိုယ်တိုင် အမှုရင်ဆိုင်နေရသည့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားမှု ၆ မှုမှာ စစ်အာ ဏာရှင်ဆန့်ကျင်ရေး ဆိုင်ကယ်သပိတ်တွင် ဦးဆောင်ပါဝင်မှု၊ ဆူပူအောင်လှုံ့ဆော်မှု၊ Non-CDM ဝန်ထမ်းများကို ရှုတ် ချမှု ၃ မှု၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အား ဦးဆောင်ဖွဲ့စည်းမှု စသည်တို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကောင်စီက ကိုဝေမိုးနိုင်ကို လူသတ်မှု ပုဒ်မ ၃၀၂၊ မတရားချုပ်နှောင်မှု ပုဒ်မ ၃၄၂၊ အပြင်းအထန်နာကျင်စေ မှု ပုဒ်မ ၃၂၅၊ ဓားပြမှု ပုဒ်မ ၃၉၅ တို့ဖြင့်လည်း တရားစွဲဆိုထားသေးသည်။

အာဏာသိမ်း စစ်ကောင်စီက သေဒဏ်စီရင်လိုက်သည့် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ သော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ သတင်းကို ကိုဝေမိုးနိုင် သိရှိထားသော်လည်း မှတ်ချက် တစုံတရာ မပေးခဲ့ကြောင်း ဒေါ်မိုးစန္ဒာကြူက ပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
169
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
106
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

သို့သော် ကိုဝေမိုးနိုင်က ၎င်း မကျူးလွန်ထားသည်များကို အမှုတည်ဆောက်ပြီး စွဲဆိုထားမှုများတွင် ပြစ်ဒဏ်များသော် လည်း သေဒဏ် မပါဘူးဆိုသည့်အကြောင်းကို မိခင်ဖြစ်သူအား စိတ်မပူစေရန် အဓိကထား ပြောဆိုခဲ့ကြောင်း သိရသည်။

ဒေါ်မိုးစန္ဒာကြူက “အများစိတ်ထဲမှာ ဖြစ်နေတဲ့ သဘောထားအတိုင်းပါပဲ။ အန်တီလည်း မိခင်တယောက်ဆိုတော့။ စိုး ရိမ်စိတ် ဖြစ်တာပေါ့။ အခုချိန်က ဘယ်သူမှဘာကိုမှ လုံခြုံရေးအတွက်က စိတ်ချရတဲ့ အခြေအနေမှာ မရှိဘူးဆိုတော့ စိတ်ကတော့ အရမ်းပူတာပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီ ၁၅ ရက်တွင် မုံရွာမြို့ပေါ်၌ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် များက ကိုဝေမိုးနိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကို ကားဖြင့်တိုက်ပြီး အကြမ်းဖက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် စစ်ကောင်စီက ကိုဝေမိုးနိုင်အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ အမှု ၆ မှု အပါအဝင် စုစုပေါင်း ၁၀ မှုဖြင့် တရားစွဲဆိုခဲ့ပြီး လက်ရှိအချိန်တွင် အမှုများအားလုံးကို မုံရွာအကျဉ်းထောင် ထောင်တွင်းတရားရုံး၌ ရင်ဆိုင်နေရဆဲ ဖြစ်ကြောင်း သိရသည်။

You may also like these stories:

သားကိစ္စကို ရင်ဆိုင်ဖြေရှင်းမည်ဆိုသည့် ကိုဝေမိုးနိုင်၏ မိခင်နှင့် မေးမြန်းခြင်း

ကိုဝေမိုးနိုင်အပါ ၄၂ ဦးကို လူသတ်မှုဖြင့် တရားစွဲတင်

Your Thoughts …
Tags: ကိုဝေမိုးနိုင်ဒေါ်မိုးစန္ဒာကြူပုဒ်မ ၅၀၅မုံရွာအကျဉ်းထောင်သပိတ်ခေါင်းဆောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နှစ်ဆန်းတရက်နေ့ လွတ်ငြိမ်း နိုင်/ကျဉ်းပါဝင်မှု အလွန်နည်း

နှစ်ဆန်းတရက်နေ့ လွတ်ငြိမ်း နိုင်/ကျဉ်းပါဝင်မှု အလွန်နည်း

by ဧရာဝတီ
17 April 2024
754

စစ်ကောင်စီက မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် အကျဉ်းသား/အကျဉ်းသူ ၃,၃၀၃ ဦးကို လွတ်ငြိမ်းခွင့်ပြုရာ နိုင်ငံရေးအကျဥ်းသားပါဝင်မှု အလွန်နည်းကြောင်း သိရသည်။

မုံရွာထောင်မှ အစာငတ်ခံဆန္ဒပြသူများ လျှော့ရက် ၁ နှစ်ပိတ်ခံရ

မုံရွာထောင်မှ အစာငတ်ခံဆန္ဒပြသူများ လျှော့ရက် ၁ နှစ်ပိတ်ခံရ

by ဧရာဝတီ
19 October 2023
474

မုံရွာအကျဉ်းထောင်အတွင်းရှိ ထောင်ပိုင်ကြီး ၊ ထောင်ပိုင်လေး ၊ အိပ်ဆောင်မှူး၊ တိုက်တာဝန်ကျတပ်သား စုစုပေါင်း ၅ ဦးကို ရာထူးမှ ထုတ်ပယ်ခဲ့ပြီး တပ်ကြပ် ၄ ဦးကို ရာထူးမှ လျှော့ခဲ့ကြောင်း

မုံရွာထောင်၌ အစာငတ်ခံဆန္ဒပြသူ ၅၀ ဦးထိရှိလာ

မုံရွာထောင်၌ အစာငတ်ခံဆန္ဒပြသူ ၅၀ ဦးထိရှိလာ

by ဧရာဝတီ
12 September 2023
385

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်တွင် မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် အပါအဝင် အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသား ၅၀ ဦးထိ ရှိလာကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများထံမှ သိရသည်။

မုံရွာသပိတ် လူထုခေါင်းဆောင် ကိုဝေမိုးနိုင်

မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်နှစ် ၂၀ ထပ်မံချခံရ

by ဧရာဝတီ
7 April 2023
3.3k

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ထပ်မံချလိုက်ရာ စုစုပေါင်း ၃၄ နှစ်ထိ ထောင်ဒဏ်ချမှတ်ခံထားရပြီး ဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။

မုံရွာအကျဉ်းထောင်ဝင်ပေါက်မျက်နှာစာ

မုံရွာထောင်တွင်း ပစ်ခတ်နှိမ်နင်းပြီးနောက် နိုင်/ကျဉ်း ၁၀၀ ခန့် ထောင်ပြောင်းခံရ

by ဧရာဝတီ
7 April 2022
9.7k

ပြီးခဲ့တဲ့ရက်က ထောင်အတွင်း ပစ်ခတ်ဖြိုခွင်းတဲ့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး တက်ကြွလှုပ်ရှားတဲ့ သပိတ်ခေါင်းဆောင်တွေကို ခွဲခြားပစ်တဲ့အနေနဲ့ ထောင်ပြောင်းရွှေ့တာပဲ ဖြစ်မှာပါ

မုံရွာတွင် စစ်ဆန့်ကျင်ရေးဆန္ဒပြပွဲ၌ တွေ့ရသည့် ကိုဝေမိုးနိုင်

ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်ကို စစ်ကောင်စီက သေဒဏ်ပေးနိုင်သည့် ပုဒ်မ တပ်

by ဧရာဝတီ
15 September 2022
12.6k

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုများအတွက် အဖမ်းဆီးခံ ဆန္ဒပြခေါင်းဆောင် ကိုဝေမိုးနိုင်အား သေဒဏ်ပေးနိုင်သည့် စွဲချက်တခုကို စစ်ကောင်စီက စွဲတင်ခဲ့သည်။

Next Post
၂၀၂၁ ခုနှစ် ဇွန်လက အကျဉ်းသားများ ပြန်လွှတ်မည့်သတင်းကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြစဉ်  / ဧရာဝတီ

ကွပ်မျက်မှုကြောင့် ကျန်သေဒဏ်ချမှတ်ခံထားရသည့် နိုင်/ကျဉ်းများအရေး စိုးရိမ်နေ

ဂျပန်နိုင်ငံ တိုကျိုမြို့ United Nations University ရှေ့ ဇူလိုင်လ ၂၆ ရက်၌ ကြိုးပေးကွပ်မျက်မှုအပေါ်  အဝေးရောက် မြန်မာများ ဆန္ဒပြစဉ် / AFP

ကွပ်မျက်ခံရသူများ၏ မိသားစုဝင်များ လုံခြုံရေး စိုးရိမ်ရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved