• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာစစ်တပ်ကို “လူရမ်းကား”များဟု အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ ခေါ်

by ဧရာဝတီ
15 June 2022
in သတင်း
A A
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရက်ချိုးလက် / AFP

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရက်ချိုးလက် / AFP

10.8k
VIEWS
Share on FacebookShare on Twitter

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရက်ချိုးလက်က မြန်မာစစ်တပ်သည် စစ်အုပ်ချုပ်ရေး ဆန့်ကျင်နေသည့် မြန်မာပြည်သူများကို တိုက်ခိုက်ရာတွင် “မရှုမလှ ရှုံးနိမ့်”နေသည့် “လူရမ်းကား တစု”သာဖြစ်ကြောင်း ပြောကြားလိုက်သည်။

စစ်ကောင်စီသည် လွန်ခဲ့သောနှစ် ဖေဖေဖေါ်ဝါရီလက အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် ပြည်သူလူထု၏ မတွန့်ဆုတ်သော လက်နက်ကိုင် ခုခံမှုကြောင့် နိုင်ငံကို ထိန်းချုပ်ရန် ခက်ခက်ခဲခဲ လုပ်ဆောင်နေရစဉ် ဒဲရက်ချိုးလက်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

မြန်မာတွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေများကြောင့် စစ်ကောင်စီသည် ပြည်ပတွင်သာမက ပြည်တွင်းတွင်ပါ ပိုမိုအထီးကျန်လာနေကြောင်း အတိုင်ပင်ခံ ချိုးလက် ပြောသည်။

“သူတို့ အနိုင်ရနေတာ မဟုတ်ဘူး။ နယ်မြေတွေ ဆုံးရှုံးနေတယ်။ သူတို့စစ်တပ်က မရှုမလှ ဆုံးရှုံးနေတယ်” ဟု မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတွင် ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက်ချိုးလက်သည် ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဘန်ကောက်တွင် ထိုင်းအဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် သူသည် ထိုင်း-မြန်မာနယ်စပ်သို့ သွားရောက်ပြီး သူ၏ ကိုယ်စားလှယ်အဖွဲ့သည် တက် Tak ခရိုင်ရှိ မဲလ ဒုက္ခသည် စခန်းနှင့် မယ်တော်ဆေးခန်း သို့ သွားရောက်သည်။ မယ်တော်ဆေးခန်းသည် မဲဆောက်နှင့် ပတ်ဝန်းကျင်ဒေသများမှ ဒုက္ခသည်များကို အရေးပါသည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနေသည်မှာ ဆယ်စုနှစ်များစွာကြာပြီဖြစ်သည်။

စစ်ကောင်စီသို့ ပေးလိုသည့် သတင်းစကားမှာ ရှင်းလင်းလှကြောင်း၊ တိုက်ခိုက်မှုများ ရပ်ပြီး ဒီမိုကရေစီ လမ်းကြောင်းသို့ ပြန်သွားရန်သာဖြစ်ကြောင်း နယ်စပ်မှပြန်လာပြီးနောက် ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။

ဧပြီလအတွင်း ချောင်းဦးမြို့နယ် အင်းမရွာကို စစ်တပ်က မီးရှို့ထားခဲ့စဉ်

၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်းတို့၏ လက်ဝေခံပါတီ ရှုံးနိမ့်သွားသောကြောင့် စစ်ကောင်စီသည့် အခြေအနေတခုကို ဖန်တီးရန် ကြိုးစားနေကြောင်းလည်း သူပြောသည်။

“ ဒါပေမယ့် မြန်မာနိုင်ငံတွင်းမှာ ကျနော်တို့မြင်တွေ့နေရတဲ့အခြေအနေက ပြည်သူတွေက ဒါကို လက်မခံဘူးဆိုတာပဲ” ဟု သူပြောသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းမှ လက်နက်ကိုင်ခုခံမှုကို တုံ့ပြန်ရာတွင် စစ်ကောင်စီက အရပ်သားများကို တရားမဲ့ သတ်ဖြတ်နေခြင်း၊ အငြင်းပွားဖွယ်ရာ ဖမ်းဆီးခြင်းနှင့် ထောင်နှင့်ချီ များပြားသည့် ကျေးရွာများကို မီးရှို့ခြင်းများနှင့် ပတ်သက်သည့် သူ၏အမြင်ကို မေးသောအခါ ထိုလုပ်ရပ်များသည် စံနှုန်းညီ စစ်တပ်များလုပ်သည့် လုပ်ရပ်များမဟုတ်ကြောင်းပြောသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
66
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
95
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
61

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရက်ချိုးလက်က မြန်မာစစ်တပ်သည် စစ်အုပ်ချုပ်ရေး ဆန့်ကျင်နေသည့် မြန်မာပြည်သူများကို တိုက်ခိုက်ရာတွင် “မရှုမလှ ရှုံးနိမ့်”နေသည့် “လူရမ်းကား တစု”သာဖြစ်ကြောင်း ပြောကြားလိုက်သည်။

“သူတို့က စစ်တပ်ပီသတဲ့ စစ်တပ်လို မဟုတ်ဘဲ လူရမ်းကားအုပ်စု တခုလို လုပ်နေတာပဲ” ဟုလည်း သူပြောသည်။

NUG နှင့် ဆက်ဆံခြင်း

အမေရိကန်ပြည်ထောင်စုသည် နေပြည်တော်စစ်ကောင်စီကို ဖိအားပေးရန်အတွက် မြန်မာအတိုက်အခံများနှင့်သာမက ဒေသတွင်းမှ သဘောထား ရပ်တည်ချက်တူ နိုင်ငံများနှင့်ပါ မကြာသေးမီက ပိုမိုထိတွေ့ဆက်ဆံလာသည်။

စစ်ကောင်စီ၏ စီးနင်းတိုက်ခိုက်မှုများကြောင့် လူသိန်းချီပြီး နေရပ်စွန့်ခွာထွက်ပြေးနေရသောကြောင့် “ အတိုက်အခံတွေကို အကောင်းဆုံး အကြံဉာဏ်တွေပေးဖို့ သာမက အရေးပေါ်လူသားချင်းစာနာမှု ပြဿနာတွေကို ဖြေရှင်းဖို့ပါ ကျနော်တို့ လုပ်နေတယ်” ဟု သူပြောသည်။

စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သည် လွန်ခဲ့သောလက ဝါရှင်တန်တွင် ကျင်းပသည့် US-ASEAN ထိပ်သီးအစည်းအဝေး၏ သီးခြားအစည်းအဝေးတခုတွင် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းနှင့်တွေ့ဆုံခဲ့သည်။ ထို ထိပ်သီးဆွေးနွေးပွဲသို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားခြင်း မပြုပေ။

စင်ပြိုင်အစိုးရသည် နိုင်ငံတွင်းမှ ခုခံမှု အမာခံဒေသအချို့တွင် အုပ်ချုပ်ရေးနှင့် ပညာရေးကိစ္စများ စတင်ထူထောင်နေပြီဖြစ်သောကြောင့် အမေရိကန်ပြည်ထောင်စုက NUG ကို စွမ်းရည်တည်ဆောက်ရေးနှင့် ဒီမိုကရေစီလှုပ်ရှားမှုအတွက် ဆက်လက်ထိတွေ့ဆက်ဆံမည်ဖြစ်ကြောင်း ဧရာဝတီ သတင်းဌာနသို့ သူပြောသည်။

“ပြည်တွင်းက ပြည်သူတွေက ခင်ဗျားအပေါ် မျှော်မှန်းချက်တွေ ထားနေတဲ့ စိန်ခေါ်မှုက အရမ်းကြီးတယ်။ အုပ်ချုပ်ရေးရဲ့ အခြေခံတွေကို ခင်ဗျား ဘယ်လိုလေ့လာမလဲ။ ရထားတွေ ဘယ်လိုဆွဲမလဲ၊ ကျောင်းတွေ ဘယ်လိုဖွင့်မလဲ၊ မီး ဘယ်လိုပေးမလဲ။ ဒီအသိဉာဏ် ဗဟုသုတတွေ အများကြီး ကျန်နေသေးတယ်။ စစ်တပ် မအုပ်ချုပ်နိုင်တဲ့နေရာမှာ ဒီဝန်ဆောင်မှုတွေကို ဘယ်လိုဆက်ထိန်းထားမလဲ။ အဲဒီစွမ်းရည်တွေ မြှင့်တင်ဖို့ ကျနော်တို့ ကူညီနိုင်တယ်”ဟု သူ ရှင်းပြသည်။

မြန်မာပြည်သူများသည် စစ်ကောင်စီကို ခုခံရာတွင် ကြီးမားသော ခံနိုင်ရည်၊ သတ္တိနှင့် ရဲရင့်မှုများကို ပြသခဲ့သော်လည်း လွန်ခဲ့တဲ့ ၁၈ လကာလအတွင်း ပြည်သူများ ခံစားနေရသော ဒုက္ခများသည် တုန်လှုပ်ချောက်ခြားစရာကောင်းကြောင်း သူပြောသည်။

“ ဒါပေမယ့် ထူးခြားတာက သူတို့နိုင်ငံအတွက် သူတို့တိုက်ပွဲမှာ မျှော်လင့်ချက်တွေ အကောင်းမြင်မှုတွေ ရှိနေကြတာပဲ။ သူတို့တွေက မြန်မာပြည်ထဲမှာရှိသည်ဖြစ်စေ ပြင်ပရောက်နေသည်ဖြစ်စေ ဒီအရေးကို ကူညီဖို့ ကြိုးစားနေကြတယ်” ဟုပြောပြီး စစ်ကောင်စီကို အနိုင်ရရမည်၊ ထိုအားထုတ်မှုများကို ရရာနည်းလမ်းဖြင့် ထောက်ခံရမည်ဆိုသည့် မြန်မာပြည်သူအများစု၏ ဆုံးဖြတ်ချက်ကို ရည်ညွှန်းပြောကြားသည်။

ASEAN နှင့်ပူးပေါင်းဆောင်ရွက်၊ အခြားနိုင်ငံများနှင့်တက်ကြွစွာ ဆွေးနွေး

ASEAN သည် မြန်မာမှ ဆယ်စုနှစ်များစွာကြာပြီဖြစ်သော အကျပ်အတည်းကို ဖြေရှင်းရာတွင် နိုင်ငံရေး အရင်းအနှီး မရှိသောကြောင့် မြန်မာတွင် အာဏာသိမ်းပြီး နောက်ပိုင်း စိန်ခေါ်မှုများနှင့်ဝေဖန်မှုများကို ရင်ဆိုင်ကြရသည်။ ASEAN ၏ မြန်မာနိုင်ငံငြိမ်းချမ်းရေး အစီအစဉ်သည်လည်း အပြင်းအထန်ဝေဖန်ခံရသည်။ စစ်အာဏာသိမ်းခေါင်းဆောင်သည် ထိုအစီအစဉ်အတွက် သူ၏ ကတိအများစုကို လိုက်နာခြင်းမရှိပေ။ မြန်မာအတိုက်အခံနှင့် လူ့အခွင့်အရေးအဖွဲ့များက ASEAN ၏ မအောင်မြင်မှုကို ဝေဖန်ကြပြီး အမေရိကန်နှင့် အနောက်နိုင်ငံအစိုးရများသည် ASEAN ကို ထိုကိစ္စအတွက် တာဝန်လွှဲပေးပြီး ASEAN ၏ နောက်ကွယ်မှသာဆောင်ရွက်မည်ကို စိုးရိမ်နေသည်။

ASEAN သည် မည်သူမျှ မထင်သည်များကို လုပ်ဆောင်ခဲ့ကြောင်း အတိုင်ပင်ခံ ချိုးလက်က ပြောကြားပြီး ထိုသို့သော ဝေဖန်မှုများကို တုံ့ပြန်သည်။ စစ်ကောင်စီ ခေါင်းဆောင်သည် ငြိမ်းချမ်းရေး အစီအစဉ်ကို မလိုက်နာသောကြောင့် ထိပ်သီး အစည်းအဝေးများ တက်ရောက်ခွင့်မပေးရန် ASEAN က ဆုံးဖြတ်ခဲ့ခြင်းကို ရည်ရွယ်ပြီး သူပြောကြားခြင်းဖြစ်သည်။

“အဆင့်မြင့်အစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ နိုင်ငံရေးရာထူးရှိသူကို မဖိတ်တဲ့ ဆုံးဖြတ်ချက်ကို သူတို့ သဘောတူနိုင်လိမ့်မယ်၊ အဲဒီသဘောထားအတိုင်း ဆက်လက်ရပ်တည်မယ်ဆိုတာကို သံသယရှိခဲ့ကြတယ်။ အဲဒီလို ဆုံးဖြတ်ချက်မျိုး ချဖို့ဆိုတာ မလွယ်ဘူး။ ပြောရရင် ကိုယ့်ကိုကိုယ် အမွမ်းတင်သလိုဖြစ်နေပေမယ့် အမေရိကန် ပြည်ထောင်စုဟာ ASEAN အနေနဲ့ အဆင့်မြင့်အစည်းအဝေးမှာ မြန်မာကို မဖိတ်ဖို့ အရင်ဆုံးဖြတ်ပြီး အဲဒီဆုံးဖြတ်ချက်အတိုင်းလိုက်နာဖို့ အရေးကြီးကြောင်း ထောက်ခံပြောဆိုခဲ့တယ်လို့ ကျနော်ထင်တယ်။ အဖွဲ့ဝင် နိုင်ငံတွေ အလိုက်ပြောရရင် စင်္ကာပူ၊ အင်ဒိုနီးရှားနဲ့ မလေးရှားက အရမ်းတက်ကြွပြီး အကူအညီတွေပေးတယ်” ဟု သူပြောသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ရွာတရွာကို စစ်တပ်က မီးရှို့ထားခဲ့စဉ်

အမေရိကန်ပြည်ထောင်စုသည် ASEAN နှင့် ပူးပေါင်းဆောင်ရွက်နေရုံသာမက မြန်မာနိုင်ငံတွင်းမှ ပြည်သူများကို ကူညီရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် နည်းလမ်းရှာဖွေရေး ဗြိတိန်၊ သြစတြေးလျ၊ ဥရောပသမဂ္ဂ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့နှင့်ပါ ဆွေးနွေးရာတွင် တက်ကြွစွာ လုပ်ဆောင်နေကြောင်းလည်း သူပြောသည်။

“ ဒီကိစ္စကို ထောက်ကူဖို့ ကျနော်တို့ လုပ်နိုင်တာ ဘာမဆို လုပ်ဖို့ ကျနော်တို့ တာဝန်ရှိပါတယ်” ဟု သူပြောသည်။

တရုတ်နိုင်ငံအပေါ်အမြင်

စစ်ကောင်စီကို ထောက်ခံနေသည့် မြန်မာ၏ သြဇာကြီးမာသော အိမ်နီးချင်းတရုတ်နိုင်ငံနှင့် ပတ်သက်သည့် သုံးသပ်ချက်များကိုလည်း အတိုင်ပင်ခံ ချိုးလက်ပြောကြားခဲ့သေးသည်။

နိုင်ငံအတွင်း အခြေအနေ မည်သို့ပြောင်းလဲနေသည်ဖြစ်စေ တရုတ်နိုင်ငံသည် မြန်မာစစ်ကောင်စီကို ထောက်ခံနေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို ဧပြီလက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာ့အရေးတွင် အတော်အတန် နှုတ်ပိတ်နေသည်ဟု သူထင်ကြောင်းနှင့် မြန်မာမှ အမေရိကန်အကျိုးစီးပွားသည် တရုတ်နှင့် ပတ်သက်သည့် ကိစ္စမျှသာမဟုတ်ကြောင်း သူပြောသည်။

တရုတ်နိုင်သည် ASEAN ကို အတားအဆီးဖြစ်စေရန် တစုံတရာ လုပ်နေသည်ဟု သူမမြင်ကြောင်း ချိုးလက်ပြောကြားသော်လည်း တရုတ်သည် စစ်ကောင်စီနှင့် ရှုပ်ထွေးသော ဆက်ဆံရေးရှိကြောင်း သူဝန်ခံသည်။

“ဆိုတော့ ခင်များတို့ သိတဲ့အတိုင်းပဲ ကျနော်တို့က တရုတ်ကို ပြဿနာရဲ့ အစိတ်အပိုင်းလို့မမြင်ချင်ဘဲ အဖြေရဲ့ အစိတ်အပိုင်းဖြစ်မယ်လို့ မျှော်လင့်တယ်” ဟု သူပြောသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ US State Dept Counselor Calls Myanmar Military ‘Bunch of Thugs’ ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို

မြန်မာကို ဝိုင်းပယ်မှုများအတွက် ထိုင်းအထူးသံတမန် သတိပေး

နိုင်ငံတကာ အနေနဲ့ ကြည့်မနေဖို့ ကိုဖြိုးဇေယျာသော် ဇနီးတောင်းဆို

ခုခံရေးအင်အားစုများ လက်နက်ထုတ်လုပ်ရာတွင် ပိုမိုတီထွင်ဆန်းသစ်လာ

Your Thoughts …
Tags: NUGစစ်ကောင်စီမြန်မာစစ်တပ်လူရမ်းကားအမေရိကန် နိုင်ငံခြားရေး ဝန်ကြီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကေအိုင်အေသည် အနှစ် ၆၀ ကျော် လက်နက်ကိုင် တော်လှန်ရေးလုပ်နေသော ကချင်တော်လှန်ရေး အဖွဲ့အစည်းတခု ဖြစ်သည် / ဧရာဝတီ

ကေအိုင်အေနှင့် နွေဦးတော်လှန်ရေး

မီးရှို့ခံရသည့် ဆားလင်းကြီးမြို့နယ်၊ လင်းစာကျက်ရွာ  / CJ

ဆားလင်းကြီး၌ PDFများ မခုခံနိုင်ရန် စစ်တပ်က ရွာသားများကို ဖမ်းထား

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved