• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာကို ဝိုင်းပယ်မှုများအတွက် ထိုင်းအထူးသံတမန် သတိပေး

by ဧရာဝတီ
13 June 2022
in သတင်း
A A
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ်သစ် ပွန်ပီမို ကန်ချလာနက် / Bangkok Post

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ်သစ် ပွန်ပီမို ကန်ချလာနက် / Bangkok Post

12.8k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာစစ်ကောင်စီနှင့်ပတ်သက်ပြီး ဝိုင်းကျဉ်သည့် စကားမျိုးပြောနေခြင်းသာ မလုပ်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းအထူးကိုယ်စားလှယ်သစ်က ပြောသည်။

“ပြစ်တင်ရှုတ်ချတာတွေ၊ အရေးယူပိတ်ဆို့တာတွေ၊ ဝိုင်းကျဉ်တာတွေဟာ အကျိုးကျေးဇူးနည်းစေမှာ ဖြစ်တယ်” ဟု စင်္ကာပူတွင် စနေနေ့က ကျင်းပသည့် လုံခြုံရေးနှင့်နိုင်ငံတကာရေးရာကျွမ်းကျင်သူများ၏ နှစ်စဉ်အစည်းအဝေးဖြစ်သော ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ပွန်ပီမို ကန်ချလာနက် ပြောသည်။

မြန်မာတွင် မကြာမီ ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းနိုင်မည့် အခြေအနေမရှိကြောင်း အခြားသူများပြောကြားသည့် စကားများကို တုံ့ပြန်ရာတွင် ထိုအထူးသံတမန်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ် စစ်ကောင်စီက ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲသည် လွတ်လပ်မျှတမည့် အလားအလာမရှိကြောင်း အမေရိကန် နိုင်ငံခြားဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရက် ချိုးလက်က ပြောသည်။

“ လွတ်လပ်မျှတဖို့ အလားအလာမရှိဘူးလို့ ကျနော်ထင်ပြီး ဒါက ဒေသတွင်းနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို လိမ်ဖို့အားထုတ်မှုသာဖြစ်တယ်” ဟု သူပြောသည်။

လွန်ခဲ့သောနှစ်က တာဝန် စတင်ထမ်းဆောင်ပြီးနောက် မြန်မာသို့ ဝင်ခွင့်မရသေးသည့် မြန်မာဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် နိုလင်းဟေဇာကလည်း တရားမဝင်သော ရွေးကောက်ပွဲကြောင့် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်လာမည်ကို စိုးရိမ်နေသည်။

ထိုရွေးကောက်ပွဲသည် နိုင်ငံကို စနစ်ကျသည့် အရပ်သားအုပ်ချုပ်ရေးသို့ ပြန်လည်ဦးတည်စေမည်၊ ပြည်သူ့ဆန္ဒကို လေးစားမည်ဟု နိုင်ငံသားများ မယူဆပါက ပိုမိုကြီးမားသည့် အကြမ်းဖက်မှုများ ဖြစ်လာနိုင်ကြောင်း သူပြောသည်။

ပွန်ပီမိုက လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး စိုးရိမ်စရာများရှိကြောင်းကို ဝန်ခံသော်လည်း နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသည့် ကတိကို အရှိအတိုင်း လက်ခံသင့်ကြောင်း ပြောသည်။

သူ၏အကြံပေးများအနက် တဦးဖြစ်သူ ပွန်ပီမိုကို အထူးသံတမန်သစ်အဖြစ် ခန့်အပ်ကြောင်း ထိုင်းနိုင်ငံခြားရေးန်ကြီး ဒွန်ပရာမတ်ဝင်နိုင်းက ဧပြီလတွင်ကြေညာခဲ့သည်။

သူသည် မြန်မာနှင့် ညှိနှိုင်းရာတွင် အားထုတ်မှုများကို ပေါင်းစပ်ညှိနှိုင်းပေးပြီး ဒွန် ထံသို့ တိုက်ရိုက်အစီရင်ခံမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

အမေရိကန်ပြည်ထောင်စုတွင် စီးပွားရေးလုပ်ငန်းရှင်နှင့် လော်ဘီသမားအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အတွေ့အကြုံရှိသော ပွန်ပီမိုသည် ၁၉၉၀ ခုနှစ်များက ဒီမိုကရက်တစ် ပါတီသို့ တရားမဝင် အလှူငွေများထည့်ခဲ့ကြောင်း ၂၀၀၀ ပြည့်နှစ်တွင် ဝန်ခံရပြီး အမည်ဆိုးကျော်ကြားလာသူဖြစ်သည်။ ထိုသို့ အလှူငွေထည့်ခြင်းမှာ ထိုင်းနှင့် အာရှမှ လုပ်ငန်းများအတွက် ကလင်တန်အစိုးရက မျက်နှာသာ ပေးအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

အရပ်သား ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံသည် ဖရိုဖရဲဖြစ်နေပြီး စီးပွားရေးလည်း ရပ်တန့်သွားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြိုနိုင်သော်လည်း မဲလိမ်လည်မှုရှိသည်ဟု အကြောင်းပြပြီး စစ်ကောင်စီက အာဏာသိမ်းသည်။

ကန့်ကွက်မှုများကို နှိမ်နင်းရာတွင် စစ်ကောင်စီက အရပ်သား ၂၀၀၀ ခန့်ကို သတ်ဖြတ်ပြီး လူပေါင်း ၁၄၀၀၀ ကျော်ကို ဖမ်းဆီးထားသည်။

မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဘ္ဘဒူလာက Asean နိုင်ငံများအနေဖြင့် နည်းလမ်းသစ်များ ပြန်လည်ဖွေရှာပြီး ၂၀၂၁ ခုနှစ် ဧပြီလက ဂျကာတာတွင် ချမှတ်ခဲ့သည့် ဘုံသဘောတူညီချက် ၅ ချက်တွင် အချိန်ကာလ ကန့်သတ်ချက်များ ထည့်သွင်းသင့်ကြောင်းပြောသည်။ ထိုဘုံသဘောတူညီချက်တွင် အကြမ်းဖက်မှုများ ရပ်ဆိုင်းရန်နှင့် မြန်မာမှ သက်ဆိုင်သူအားလုံး အပြုသဘော တွေ့ဆုံဆွေးနွေးရန်တို့ကို တောင်းဆိုထားသည်။

မြန်မာကိုအဖွဲ့မှ ထုတ်ပယ်ရန် ဆွေးနွေးမှုမရှိကြောင်း ဆိုင်ဖူဒင် ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
58
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
25
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
66

ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းသို့ ပေးသော အကူအညီများနှင့် အလားတူသော အကူအညီများကို တောင်ဆိုနေကြသော်လည်း ဝါရှင်တန်အနေဖြင့် မြန်မာမှ စစ်အာဏာသိမ်းမှုဆန့်ကျင်တိုက်ခိုက်နေသူများကို လက်နက်ထောက်ပံ့ရန် လက်ရှိအချိန်တွင် မစဉ်းစားသေးကြောင်း ချိုးလက်ပြောသည်။

ကိုးကား။ ။ Bangkok Post

You may also like these stories:

နိုင်ငံတကာ အနေနဲ့ ကြည့်မနေဖို့ ကိုဖြိုးဇေယျာသော် ဇနီးတောင်းဆို

NUG နှင့် ပိုမိုထိတွေ့ဆက်ဆံရန် အာဆီယံကို အမေရိကန် တောင်းဆို

NUG ကို ဘိုင်ဒင်အစိုးရ ထောက်ခံမှု မက်ကောနယ် မေးခွန်းထုတ်

၂၀၂၃ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး ထွက်ပေါက် မဟုတ်

Your Thoughts …
Tags: စင်္ကာပူထိုင်းအထူးကိုယ်စားလှယ်သစ် ပွန်ပီမို ကန်ချလာနက်နိုင်ငံတကာအသိုက်အဝန်းမြန်မာစစ်ကောင်စီရှန်ဂရီလာ ဆွေးနွေးပွဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ငွေကြေးခဝါချသူနှင့်အတူ ညစာစားပွဲ တက်၍ စင်္ကာပူ နိုင်ငံရေးသမားများ ဖိအားပေးခံနေရ

ငွေကြေးခဝါချသူနှင့်အတူ ညစာစားပွဲ တက်၍ စင်္ကာပူ နိုင်ငံရေးသမားများ ဖိအားပေးခံနေရ

by ဧရာဝတီ
7 May 2025
3.2k

ဝန်ကြီးချုပ်ရုံးနှင့် PAP က အဆိုပါ ဓာတ်ပုံများနှင့် ပတ်သက်ပြီး လတ်တလော မှတ်ချက်မပေးသေးပေ။

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

အီရန်က မြန်မာစစ်ကောင်စီကို လက်နက် ထပ်ရောင်းမှာ စိုးရိမ်ရ

by ဧရာဝတီ
27 June 2024
2.8k

အီရန်သည် ဆီးရီးယားနှင့် ယီမင်မှ ပြည်တွင်းစစ်များတွင် ပါဝင်သည့် အုပ်စုများနှင့် ယူကရိန်းကျူးကျော်မှုနောက်ပိုင်း ရုရှားသို့ လက်နက်များရောင်းချသည်ဟု စွပ်စွဲခံရသည်။

တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်

တရုတ်ကို အမေရိကန် ကာကွယ်ရေးဝန်ကြီး စိန်ခေါ်

by ဧရာဝတီ
2 June 2025
2.4k

အရှေ့တောင်နှင့် အရှေ့အာရှကို လွှမ်းမိုးထိန်းချုပ်ရန် တရုတ်၏ အကြံအစည်များကို ခုခံရန် အမေရိကန် ပြည်ထောင်စု၏ အားထုတ်မှုကို အရှိန်မြှင့်တင်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က စနေနေ့တွင်ပြောသည်။

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

ပြည်ပရောက် မြန်မာများ ဝင်ငွေခွန်ဆောင်မှ ပတ်စ်ပို့သက်တမ်းတိုးနိုင်မည်

by ဧရာဝတီ
15 December 2023
2.2k

စင်္ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ဝင်ငွေခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) သက်တမ်းတိုးမြှင့်ခြင်းနှင့် သံရုံးဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ စင်္ကာပူရှိ မြန်မာသံရုံးက ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ဘေဂျင်း စစ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကို တရုတ်နှင့် ရုရှား ဝေဖန်

ဘေဂျင်း စစ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကို တရုတ်နှင့် ရုရှား ဝေဖန်

by ဧရာဝတီ
30 October 2023
1.8k

လွန်ခဲ့သောအပတ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သမ္မတ ဘိုင်ဒင်နှင့် အိမ်ဖြူတော်တွင် တနာရီခန့် တွေ့ဆုံဆွေးနွေးသည်။

တရုတ်နှင့် အမေရိကန် တင်းမာမှု မြင့်မားနေစဉ် ရှန်ဂရီလာ ဆွေးနွေးပွဲ ကျင်းပ

တရုတ်နှင့် အမေရိကန် တင်းမာမှု မြင့်မားနေစဉ် ရှန်ဂရီလာ ဆွေးနွေးပွဲ ကျင်းပ

by ဧရာဝတီ
1 June 2024
1.4k

အမေရိကန်နှင့် တရုတ်အကြား တင်းမာမှု မြင့်မားနေချိန်တွင် တကမ္ဘာလုံးမှ ကာကွယ်ရေး အရာရှိများနှင့် သံတမန်များသည် အာရှ၏ အရေးအပါဆုံး လုံခြုံရေးဖိုရမ်အတွက် စင်ကာပူ၌ ယခု ရက်သတ္တပတ်ကုန်တွင် စုဝေးနေကြသည်။

Next Post
စစ်ခေါင်းဆောင်မင်းအောင်လှိုင် လှည်းကူးမြို့ ညောင်နှစ်ပင်ခန်းမအား သွားကြည့်သည့်ပုံကို ဇွန်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ဖွဲ့စည်းပုံ ရေးဆွဲဦးမလား

ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ / CJ

ဝက်လက်နယ် ရှိမ်းမကားတိုက်ပွဲ စစ်ကောင်စီ လေကြောင်းဖြင့်ပါ တိုက်ခိုက်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved