• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဘေဂျင်း စစ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကို တရုတ်နှင့် ရုရှား ဝေဖန်

by ဧရာဝတီ
30 October 2023
in သတင်း
A A
ဘေဂျင်း စစ်ရေးဆွေးနွေးပွဲတွင် အမေရိကန်ကို တရုတ်နှင့် ရုရှား ဝေဖန်

တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်ယူရှာနှင့် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂု/ AFP

1.8k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံ၏ ဒုတိယ ဝါအရင့်ဆုံးတပ်မှူးက ဝါရှင်တန်နှင့် ကာကွယ်ရေးဆက်ဆံမှု အဆင့်မြှင့်တင်ရန် ကတိပြုနေသော်လည်း တရုတ်နှင့် ရုရှား စစ်ဘက်အကြီးအကဲများသည် ယနေ့ အောက်တိုဘာ ၃၀ ရက်နေ့က ဘေဂျင်းတွင် ကျင်းပသည့် စစ်ရေးဆွေးနွေးပွဲတွင် အမေရိကန် ပြည်ထောင်စုကို ပစ်မှတ်ထားဝေဖန်သည်။

နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေပြီး တောင်တရုတ်ပင်လယ် သို့မဟုတ် ထိုင်ဝမ်အနီးတွင် မတော်တဆ တိုက်ခိုက်မှုအန္တရာယ် မြင့်မားနေချိန်တွင် အမေရိကန်နှင့် တရုတ်စစ်ဘက်များအကြား ပုံမှန်ဆက်သွယ်ရေး ကင်းမဲ့နေခြင်းသည် ဝါရှင်တန်အတွက် စိုးရိမ်စရာ ဖြစ်နေသည်။

တရုတ်နိုင်ငံ၏ နှစ်စဉ် စစ်ဘက်သံတမန်ရေး အင်အားပြသမှုဖြစ်သည့် ဘေဂျင်းရှောင်ရှန်ဖိုရမ်ကို အောက်တိုဘာလ ၂၉ ရက်နေ့က ထုံးစံအားဖြင့် ဦးဆောင်ကျင်းပသည့် ကာကွယ်ရေးဝန်ကြီး မပါဘဲ ကျင်းပသော်လည်း ဒေသတွင်း တင်းမာမှုများအကြား အမေရိကန် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

ယူကရိန်းစစ်ပွဲတွင် အနောက်နိုင်ငံများ ပါဝင်ပတ်သက်ခြင်းသည် ပြင်းထန်သော အန္တရာယ်ကို ဖြစ်စေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရွှိုင်ဂုက သတိပေးသည်။

“ရုရှားနဲ့ ပဋိပက္ခ ပုံမှန်မြှင့်တင်နေတဲ့ အနောက်နိုင်ငံတွေရဲ့ လမ်းကြောင်းက နျူကလီးယား အင်အားကြီး နိုင်ငံတွေကြား ကပ်ဆိုးအကျိုးဆက်တွေ ဖြစ်စေမယ့် တိုက်ရိုက်စစ်ရေးပဋိပက္ခ ခြိမ်းခြောက်မှုကို ဖြစ်စေတယ်” ဟု မစ္စတာ ရွှိုင်ဂုက အထက်ပါညီလာခံတွင် ပြောသည်ဟု ရုရှားနိုင်ငံပိုင် TASS သတင်းဌာနက ဖော်ပြသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်တွင် ကျင်းပသော ဘေဂျင်းလုံခြုံရေးညီလာခံသို့ တက်ရောက်လာသော ကိုယ်စားလှယ်များ/ China Daily

အနောက်နိုင်ငံများသည် စစ်တပိုင်းအခြေအနေတွင် ရုရှားကို သေနင်္ဂဗျူဟာ ချေမှုန်းမှု ပြုလုပ်ရန် ရည်ရွယ်သည်ဟု ၎င်းကပြောကြားပြီး ရုရှား-တရုတ် ဆက်ဆံရေးသည် စံနမူနာပုံစံဖြစ်သည်ဟု ချီးကျူးပြောကြားကြောင်း ရုရှားနိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။

သမ္မတ ရှီကျင့်ဖျင်၏ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်ယူရှာကလည်း အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များကို သွယ်ဝိုက်ဝေဖန်သည့် မိန့်ခွန်းပြောကြားပြီး နိုင်ငံအချို့သည် တရုတ်အစိုးရကို အင်အားချိနဲ့အောင်လုပ်ရန် ကြိုးစားနေကြောင်း ပြောသည်။

သို့သော် သူ၏မိန့်ခွန်း အခြားအစိတ်အပိုင်းများတွင် ဒုတိယဥက္ကဋ္ဌ ကျန်ယူရှာက အမေရိကန် ပြည်ထောင်စုနှင့် စစ်ဘက်ဆက်ဆံရေး တိုးတက်အောင်လုပ်ရန် လိုအပ်ကြောင်း အလေးထားပြောသည်။

“ကျနော်တို့ဟာ ရုရှားနဲ့သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်ညှိနှိုင်းမှု ပိုမိုနက်ရှိုင်းအောင် လုပ်မှာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ ယှဉ်တွဲတည်ရှိမှု၊ နှစ်ဖက်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုကို အခြေခံတဲ့ စစ်ဘက်ဆက်ဆံရေး တိုးတက်အောင် ပြုလုပ်ဖို့ စိတ်အားထက်သန်တယ်” ဟု ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ် တင်းမာမှုများအကြား စစ်သံမှူးများနှင့် သံတမန်များ အနီးကပ်လေ့လာနေသည့် မိန့်ခွန်းတွင် ၎င်းကပြောသည်။

ယခင်နှစ်များက ထိုညီလာခံတွင် တရုတ်ကာကွယ်ရေးဝန်ကြီးက မိန့်ခွန်းပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.3k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
75
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
59

ပြီးခဲ့သည့်မတ်လက ခန့်အပ်ခံရသည့် ကာကွယ်ရေးဝန်ကြီး လီရှန်ဖုကို ဝါရှင်တန်က အရေးယူပိတ်ဆို့မှု ချမှတ်ပြီးနောက် တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့အကြား အဆင့်မြင့် စစ်ဘက်ဆက်ဆံရေး မရှိတော့ပေ။ ဝန်ကြီး လီရှန်ဖုကို အကြောင်းပြချက်မရှိဘဲ လွန်ခဲ့သော အပတ်က ရာထူးမှ ဖြုတ်ချပြီး အစားထိုးခန့်မည်သူကို တရုတ်နိုင်ငံက မကြေညာသေးပေ။ နှစ်လခန့် လူမြင်ကွင်းမှ ပျောက်ကွယ်နေသည့် လီရှန်ဖုကို အဂတိလိုက်စားမှုအတွက် စုံစမ်းစစ်ဆေးနေကြောင်း Reuters သတင်းဌာက လွန်ခဲ့သောလတွင် ဖော်ပြခဲ့သည်။

တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်ယူရှာ / AFP

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် လက်ထောက် ကာကွယ်ရေးဝန်ကြီးရုံးမှ တရုတ်နိုင်ငံဆိုင်ရာ ဒါရိုက်တာ စင်သီယာ ရှန်သီ ကားရက်စ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ထိုညီလာခံသို့ စေလွှတ်သည်။

အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ကာကွယ်ရေး အရာရှိများနှင့် သီးခြားတွေ့ဆုံခြင်း ရှိ၊ မရှိကို မသိရသေးပေ။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ လာမည့်လတွင် ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီ တရုတ်နှင့် အမေရိကန် ပြည်ထောင်စုတို့ အပြန်အလှန် သွားရောက်လည်ပတ်မှု မြှင့်တင်နေစဉ် အမေရိကန် ကိုယ်စားလှယ်များ ထိုညီလာခံသို့ တက်ရောက်သည်။

လွန်ခဲ့သောအပတ်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် သမ္မတ ဘိုင်ဒင်နှင့် အိမ်ဖြူတော်တွင် တနာရီခန့် တွေ့ဆုံဆွေးနွေးသည်။ ထိုသို့ဆွေးနွေးခြင်းသည် ပထဝီနိုင်ငံရေးပြိုင်ဘက် နှစ်နိုင်ငံအကြား ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားရန် အခွင့်အလမ်းကောင်းဖြစ်ကြောင်း အိမ်ဖြူတော်က ဖော်ပြသည်။

တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်စေရန် ပြန်လည်သင့်မြတ်သည့် မှတ်ချက်များ ပေးနေသော်လည်း တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်ယူရှာနှင့် တရုတ်ပြည်သူ့တပ်မတော် (PLA) အရာရှိအချို့က ထိုင်ဝမ်ကဲ့သို့သော ပြဿနာများတွင် ပျော့ပျောင်းသည့် ရပ်တည်ချက် ပြသခြင်း မရှိပေ။ ထိုင်ဝမ်ကို ဘေဂျင်းက တရုတ်ပိုင်နက်အဖြစ် သတ်မှတ်သည်။

ထိုင်ဝမ်နှင့်ပတ်သက်ပြီး တရုတ်အနေဖြင့် အင်အားအသုံးပြုရမည်ဆိုပါက “အဲဒီစစ်ပွဲဟာ ပြန်လည် ပေါင်းစည်းရေး စစ်ပွဲ၊ တရားမျှတ၊ တရားဝင်ပြီး တရုတ်ပြည်သူတွေ ပါဝင်ထောက်ခံတဲ့စစ်ပွဲ၊ ပြည်ပစွက်ဖက်မှုကို ချေမှုန်းတဲ့ စစ်ပွဲဖြစ်တယ်” ဟု တရုတ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟာလေက နိုင်ငံပိုင်မီဒီယာသို့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြောသည်။

နိုင်ငံများသည် အရေးပါပြီး အထိမခံနိုင်သည့် ပြဿနာများတွင် အခြားနိုင်ငံများကို တမင်ရည်ရွယ်ချက်ရှိရှိ ရန်မစသင့်ကြောင်း တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်က သူ၏မိန့်ခွန်းတွင် ပြောကြားပြီး ထိုင်ဝမ်သည် တရုတ်အကျိုးစီးပွား ဗဟိုချက်ဖြစ်ကြောင်း ပြောသည်။

အနောက်နိုင်ငံ အများအပြားသည် ထိုညီလာခံကို ရှောင်ရှားရန် သို့မဟုတ် အဆင့်နိမ့် ကိုယ်စားလှယ်များသာ စေလွှတ်ပြီး နိုင်ငံတကာလုံခြုံရေး ဆွေးနွေးပွဲများကို စင်ကာပူတွင် နှစ်စဉ်ကျင်းပသည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင်သာ ဆွေးနွေးရန် ပိုမိုလိုလားကြသည်။

ဗဟိုစစ်ကော်မရှင်၏ တတိယ အဆင့်အမြင့်ဆုံးအရာရှိ ဟာဝေဒုံနှင့်အတူ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ကျန်သည် လာအို၊ မွန်ဂိုလီးယား၊ ဘယ်လာရုစ်၊ အရှေ့တီမောနှင့် မြန်မာမှ ကာကွယ်ရေးဝန်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။

ကိုးကား ။ ။ Reuters သတင်း China and Russia take aim at US at Chinese military forum

You may also like these stories:

ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း တရုတ်ကြေညာ

အမေရိကန် မပါဘဲ တရုတ်ကို ထိုင်ဝမ် မည်သို့ ခံတိုက်နိုင်သနည်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနေရာတွင် ဝမ်ယိကို ပြန်ခန့်

အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး

Your Thoughts …
Tags: တရုတ်တရုတ်ဗဟိုစစ်ကော်မရှင်တောင်တရုတ်ပင်လယ်ထိုင်ဝမ်ယူကရိန်းစစ်ပွဲရုရှားရှန်ဂရီလာ ဆွေးနွေးပွဲအမေရိကန် ပြည်ထောင်စု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved