• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

by ဧရာဝတီ
30 October 2023
in သတင်း
A A
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

၂၀၁၉ ခုနှစ်အတွင်းက မြင်တွေ့ရသော မူဆယ်ရှိ ကုန်ကားများ/ဧရာဝတီ

13.8k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသောကြောင့် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး၏ အဓိက ဂိတ်ပေါက်ဖြစ်သော မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးနှင့် ဒုတိယအရေးပါသော ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးဂိတ်နှစ်ခုစလုံး၌ ကုန်သွယ်မှုများ လုံးဝရပ်ဆိုင်းပြီး စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းများပါ မရှိတော့ကြောင်း ကုန်သည်များထံက သိရသည်။

နယ်စပ်ကုန်သွယ်ရေးတွင် One Stop Service အရ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့်အတူ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြန်မာစီးပွားရေးဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနတို့ ဖွဲ့စည်းပါဝင်ကာ လုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုအခါ အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများ အားလုံးသည် လတ်တလော ဖြစ်ပွားနေသည့် ရှမ်းမြောက်တိုက်ပွဲများ စတင်ပြီး နောက်ပိုင်းမှ ယနေ့အထိ အလုပ်ဆင်းခြင်း မရှိတော့ကြောင်း သိရသည်။

မူဆယ်မြို့တွင်မူ လက်ရှိအချိန်ထိ တိုက်ပွဲများမရှိဘဲ အေးချမ်းနေဆဲဖြစ်သော်လည်း ဌာနဆိုင်ရာဝန်ထမ်းများ မရှိ၍ တရုတ်ဘက်သို့ ပို့ဆောင်မည့်ကုန်စည်များကို ဂျုတီဆောင်နိုင်ခြင်း မရှိသောကြောင့် ကုန်စည်များ မပို့နိုင်ဘဲ ပျက်စီးဆုံးရှုံးရခြင်းများရှိကြောင်း၊ ကုန်သည်များက ဆိုသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
22
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
679
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
198

မူဆယ်မြို့မှ ကုန်သည်ကြီး တဦးက “အခု နယ်စပ်ကုန်သွယ်ရေးက ကားတွေ ပိတ်မိနေတယ်ဆိုတာထက် ဘာမှကို အလုပ် မလုပ်တော့တာ။ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က အလုပ် မလုပ်ဘူး။ အကောက်ခွန်ဝန်ထမ်းတွေလည်း မလာဘူး။ အဲဒီအတွက် ကျနော်တို့ ဖရဲသီးကားတွေတောင် နှစ်စီး၊ သုံးစီး ဆုံးရှုံးသွားပြီ။ အရည်တွေ ပျော်ကျကုန်တာလေ။ ဂျူတီလာ မဆောင်ပေးတော့ တရုတ်ပြည်လည်း ဝင်လို့မရဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အလားတူ ချင်းရွှေဟော်မြို့ကိုလည်း ညီနောင်မဟာမိတ်အဖွဲ့များက သိမ်းပိုက်ထားပြီး မန္တလေး-လားရှိုး ပြည်ထောင်စု လမ်းမတလျှောက်တွင် တိုက်ပွဲများ ပြင်းထန်နေခြင်း၊ သိန္နီမြို့ရှိ နမ္မတူ မြစ်ကူး တံတားကျိုးခြင်းများကြောင့် ကုန်သွယ်ရေးတွင် ဆုံးရှုံးမှုများရှိလာနိုင်သည့်အပြင် ယခု စွန့်ပစ်လိုက်ရသည့် ဖရဲကားများ၏ ဆုံးရှုံးမှုတန်ဖိုးမှာ ကားတစီးလျှင် ကျပ်သိန်း ၁၅၀နှင့် ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာ ၂၇ ရက်မှစတင်၍ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် ပလောင် (တအာင်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော် (AA)တို့က စစ်ဆင်ရေး အမှတ်၁၀၂၇ ဖော်ဆောင်ကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်းနေရာများကို တိုက်ခိုက် သိမ်းပိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

တရုတ်– မြန်မာနယ်စပ် ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းဖြစ်သည့် လားရှိုး–မူဆယ် ပြည်ထောင်စုလမ်းမကြီးကို တိုက်ပွဲစတင်သည့် အောက်တိုဘာ ၂၇ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ယာယီပိတ်ထားမည်ဖြစ်ကြောင်း ကိုးကန့်တပ် MNDAA က အသိပေး ထုတ်ပြန်ထားသည်။

လက်ရှိတွင် မဟာမိတ်အဖွဲ့များဘက်က စစ်ကောင်စီ၏ တပ်စခန်း၊ ရဲစခန်းများအပါအဝင် ချင်းရွှေဟော်မြို့နှင့် သိန္နီမြို့ တို့ကိုပါ ထိန်းချုပ်ထားနိုင်ပြီး ယနေ့ နံနက်ပိုင်းတွင်လည်း သိန္နီမြို့ရှိ နမ္မတူ မြစ်ကူးတံတားပြိုကျ ပျက်စီးကာ လမ်းတလျှောက် ကုန်ကားများရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

မူဆယ်ကုန်သည်က ဆက်လက်၍ “အခုကတော့ တောင်သူတွေအနေနဲ့ နယ်စပ်ကို ကုန်စည်တွေ ပို့တော့မယ်ဆိုရင် နယ်စပ်သတင်းတွေကို သေချာလေ့လာပြီးမှ လုပ်သင့်တယ်။ မူဆယ်မြို့ကတော့ အေးဆေးပါတယ်။ အခုလမ်းမှာ ပိတ်မိနေတဲ့ ကုန်ကားတွေကတော့ သိန္နီတို့၊ နောင်ချိုတို့၊ ကွတ်ခိုင်တို့၊ ဂုတ်တွင်းတို့မှာ ပိတ်မိနေတာပေါ့။ အခုကတော့ ကြာမယ်၊ တံတားပါ ကျိုးထားတော့ ကွေ့ရှောင်ပြီး သွားဖို့ လမ်းလည်း မရှိဘူး”ဟု ဆိုသည်။

မြန်မာပို့ကုန်များ၏ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းခန့်မှာ တရုတ်နယ်စပ်ကုန်သွယ်ရေးကို အဓိက တင်ပို့နေရခြင်းဖြစ်ပြီး မူဆယ်နယ်စပ်ကုန်သွယ်ရေးသည် တရက်လျှင် ပို့ကုန်၊ သွင်းကုန် ကုန်ကားအစီးရေ ၁၀၀ ဝန်းကျင် အဝင်/ အထွက် ပြုလုပ်နေသော ကုန်သွယ်ရေးဇုန်တခုဖြစ်သည်။

လားရှိုးမှ ကုန်သည်တဦးက “ကျနော်တို့ ကုန်စည်ဒိုင်တွေလည်း ရပ်ဆိုင်းထားရတာပေါ့။ လမ်းတွေက အကုန်ပိတ်နေတယ်။ အခုလောလောဆယ်ကတော့ ဆန်တွေ သွားဖို့ရှိတော့ အခုပိတ်ထားတော့ မသွားကြတော့ဘူး။ ဖရဲကားသွားတာလည်း ရှိတယ်။ မန္တလေးကနေ ကန့်သတ်ချက်နဲ့ ရှမ်းမြောက်ကို ပို့တဲ့ ဆန်ကားတွေကတော့ ပိတ်မိနေတာပေါ့။ အရေအတွက်တော့ သေချာမသိဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ ဒေသတွင်း အခြေအနေများကြောင့် ကုန်ဈေးနှုန်းမြင့်တက်လာခြင်းများရှိသလို မြို့ထဲတွင်လည်း လူအသွားအလာ ကျဲပါးသွားကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲများကြောင့် လမ်းများ ပိတ်နေသဖြင့် ကုန်သွယ်ရေးဇုန်များအပါအဝင် ရှမ်းမြောက်ပိုင်းရှိ ကုန်စည်ဒိုင်များတွင်လည်း အရောင်းအဝယ်များ ရပ်ဆိုင်းနေကြောင်း ကုန်သည်များနှင့် လုပ်ငန်းရှင်များထံက သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၂၀ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄၀၉ ဒသမ ၀၂၀ သန်း ကုန်သွယ်မှုပြုလုပ်ထားပြီး ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးတွင် ဒေါ်လာ ၆၈၁ ဒသမ ၆၃၃ သန်း ကုန်သွယ်မှု ပြုလုပ်ထားကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်တွင် လက်ရှိကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိူင်းတုံနယ်စပ်ကုန်သွယ်ရေးများ ဖြစ်ပြီး ကုန်သွယ်မှု အများဆုံးပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖြစ်သည်။

တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိ သည့် ကုန်ပစ္စည်းများ တင်ပို့နေပြီး တရုတ်ဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို တင်သွင်းနေသည်။

You may also like these stories:

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း

တရုတ်နယ်စပ်ကုန်သွယ်ရေး၌ ယွမ်ငွေကိုသာ သုံးရမည်ဟု စစ်ကောင်စီသတ်မှတ်

လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကား ရာချီပိတ်နေ

တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား

Your Thoughts …
Tags: ကုန်ကားတရုတ်နယ်စပ်ကုန်သွယ်ရေးပိတ်မိမူဆယ်ဂိတ်ရှမ်းပြည်မြောက်ပိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“ဆင်ဖြူရှင်”ကို စစ်ကောင်စီ အကူအညီတောင်း

“ဆင်ဖြူရှင်”ကို စစ်ကောင်စီ အကူအညီတောင်း

by ဟိန်းထူးဈာန်
24 August 2024
16.5k

ဆင်ဖြူရှင်စစ်ဆင်ရေးကို စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းဦးဆောင်မည်ဖြစ်ကြောင်း သတင်းရင်းမြစ် အများအပြား ပြောသည်။

စစ်ကောင်စီ ကြေညာချက် အရှက်သိက္ခာမဲ့ဟု AA တုံ့ပြန်

စစ်ကောင်စီ ကြေညာချက် အရှက်သိက္ခာမဲ့ဟု AA တုံ့ပြန်

by စောလွင်
4 September 2024
8.1k

ညီနောင်မဟာမိတ်သုံးဖွဲ့ကို စစ်ကောင်စီက အကြမ်းဖက်အုပ်စုအဖြစ်ကြေညာကာ အပြီးအပြတ်ချေမှုန်းရေး သဘောဆောင်သည့်လမ်းကြောင်းကို ရွေးချယ်လိုက်သော်လည်း လက်ရှိအခြေအနေအရ ညီနောင်မဟာမိတ် ၃ ဖွဲ့သိမ်းပိုက်၊ ထိန်းချုပ်ထားသည့် နယ်မြေများကို စစ်ကောင်စီအနေဖြင့် မြေပြင်စစ်ကြောင်းများဖြင့် ပြန်လည်ထိုးစစ်ဆင်နိုင်စွမ်း ရှိမည်မဟုတ်ဘဲ လေကြောင်းတိုက်ခိုက်မှုများကိုသာ ပိုမိုပြုလုပ်လာနိုင်သည်

လှုပ်လှုပ်ရှားရှား ကူမင်းဆွေးနွေးပွဲများ

လှုပ်လှုပ်ရှားရှား ကူမင်းဆွေးနွေးပွဲများ

by သက်ထားမောင်
5 March 2024
6.8k

တရုတ်တို့အား ထိပ်တိုက်ရင်ဆိုင်ခြင်းသည်၎င်း၊ တရုတ်ဆန့်ကျင်ရေး ပြောဆိုနေခြင်းသည်၎င်း အကျိုးမရှိပေ။ မှန်မှန်ကန်ကန် ရင်ဆိုင်နိုင်ရန်သာ လိုသည်။

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

တောင်ကုတ်မြို့ဝင် တက္ကသိုလ်ရှိ စစ်တပ်စခန်း AA သိမ်း

by ဧရာဝတီ
7 November 2024
5.4k

တိုက်ပွဲအတွင်း စစ်ကောင်စီသည် Y12 လေယာဉ်ဖြင့် ဗုံးအလုံးရာချီကြဲချနေသောကြောင့် မြို့တွင်း ပိတ်မိနေသည့်မြို့ခံများ ထွက်ပြေးလျက်ရှိကြောင်း

မိုးမိတ်မြို့ကို KIA၊ PDF တို့ ဝင်တိုက် ဒေသခံများပိတ်မိနေ

မိုးမိတ်မြို့ကို KIA၊ PDF တို့ ဝင်တိုက် ဒေသခံများပိတ်မိနေ

by ဧရာဝတီ
18 January 2024
4.2k

မိုးမိတ် အခြေချဗျူဟာကုန်းနှင့် ရဲစခန်းကို အဓိက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက် ကြီး၊ လေကြာင်းပစ်ကူများဖြင့်ပါ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

by The Irrawaddy
15 November 2023
4.1k

ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံး ပိတ်လိုက်သဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေကြမည့် ခရီးစဉ်များ၊ ကြိုတင်မှာယူထားသည့် အခန်းများအားလုံးကို ဖျက်သိမ်းကာ ငွေပြန်အမ်းနေခြင်းများကို ပြုလုပ်နေရသည်

Next Post
နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

“၁၀၂၇ စစ်ဆင်ရေး” စစ်ကိုင်းအထက်ပိုင်း ဝင်ရောက်လာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved