• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ကျဆင်း

by ဧရာဝတီ
2 May 2023
in စီးပွားရေး
A A
မတ်လအတွင်းက မူဆယ်မြို့တွင် တွေ့ရသည့် ဖရဲသခွားရောင်းဝယ်ရေးကားမျာ / ဧရာဝတီ

မတ်လအတွင်းက မူဆယ်မြို့တွင် တွေ့ရသည့် ဖရဲသခွားရောင်းဝယ်ရေးကားမျာ / ဧရာဝတီ

8.2k
VIEWS
Share on FacebookShare on Twitter

အရေးပါသည့်ကုန်သွယ်မှုဖြစ်သော တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးသည် သင်္ကြန်ကာလအပြီးတွင် ကုန်သွယ်မှု ကျဆင်းနေကြောင်း ကုန်သည်များထံက သိရသည်။

မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေသော ဆန်နှင့် ဆန်ကွဲ တင်ပို့မှုမှာ ငွေကြေး မူဝါဒကြောင့် တင်ပို့မှု ရပ်ဆိုင်းသလောက်ရှိနေသလို ဖရဲ၊ သခွားတင်ပို့မှုမှာလည်း ရာသီချိန်ကုန်ကာခါနီးဖြစ်သောကြောင့် တင်ပို့မှုနည်း ပါး လာသဖြင့် ပို့ကုန်ကဏ္ဍတွင် လျော့ကျနေပြီး လိုင်စင်ကန့်သတ်ချက်များကြောင့် သွင်းကုန်တင်သွင်းမှုများလည်း နည်းပါးကာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ကျဆင်းနေခြင်းဖြစ်ကြောင်း ကုန်သည်များက ပြောသည်။

သင်္ကြန်ကာလ မတိုင်ခင်က မူနယ်စပ်ကုန်သွယ်ရေးတွင် ပျမ်းမျှအားဖြင့် တရက်လျှင် ကုန်ကားအစီးရေ ၃၀၀ ဝန်းကျင် ရှိသော်လည်း သင်္ကြန်ကာလအပြီး ဂိတ်ပြန်ဖွင့်သည့် ဧပြီလ ၁၈ ရက်မှ ယနေ့အထိ တရက်လျှင် ကားအစီးရေ ၁၅၀ ပင် အပြည့်မသွားနိုင်သည့် အနေအထား ဖြစ်နေကြောင်း သိရသည်။

မူဆယ်နယ်စပ် ကုန်သည်ကြီး တဦးက “ဆန်နဲ့ ဆန်ကွဲကတော့ အရင်လိုပဲ ငွေကြေးမူဝါဒတွေကြောင့် မသွားကြဘူး။ ပဲတီစိမ်းတော့ သွားတယ်။ ဖရဲ၊သခွားတို့ ကြံတို့ကတော့ နည်းသွားပြီ။ စားကုန်သောက်ကုန်တွေသွားတယ်။ ဧပြီ ၁၈ ရက် သင်္ကြန်ပြီးနောက်ပိုင်း ကနေ ဒီနေ့ထိကတော့ ဆန်ရော၊ ဖရဲ၊ သခွား ကားရော နည်းသွားတဲ့အတွက် ကုန်သွယ်မှုက ကျသွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် နယ်စပ်ဆန်တင်ပို့ခွင့်လိုင်စင်ကို ကန့်သတ်ထားရာမှ ဧပြီလ ၃၀ ရက်တွင် လိုင်စင် ပြန်ချ ပေးသော်လည်း ကုန်သည်အများစုမှာ ပြည်တွင်းဆန်ဈေး အဆမတန် မြင့်တက်နေခြင်းနှင့် ပြည်ပပို့ကုန်များ၏ ရလာ သောပို့ကုန်ရငွေမှ ၆၅ ရာခိုင်နှုန်းကို သတ်မှတ်ဈေးနှင့် ဖြတ်ယူခြင်းတို့ကြောင့် တင်ပို့ရာတွင် တွက်ချေ မကိုက်သဖြင့် ကုန်သည်များက ဆန်တင်ပို့မှုကို ရပ်တန့်ထားခြင်းများလည်းရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

၎င်းက “ဆန်နဲ့ ဆန်ကွဲက ပို့ရင် အရှုံးခံပို့ရမှာဖြစ်တော့ မပို့ဘဲ ရပ်ထားကြတာ။ ဖရဲ၊ သခွား၊ ကြံကား တွေကလည်း နည်း သွားတော့ ပို့ကုန်ဘက်မှာလည်း ကျတယ်။ သွင်းကုန်ကတော့ လိုင်စင်တွေကို ကြိုပြီး လျှောက်ထားရမှာတို့ ဘာတို့ လုပ်ထားတော့ ပိုဆိုးတယ်။ အရင်ထဲက သွင်းကုန်က နည်းနေတာ။ ပို့ကုန်က အစီး ၂၀၀ သွားရင် သွင်းကုန်က အစီးရေ ၅၀ တောင် မဝင်နိုင်တာဆိုတော့ အခုဆို ပို့ကုန်ကား ၁၅၀ လောက်သွားရင် သွင်းကုန်က အစီးရေ ၃၀ ထက် ပိုမလာနိုင် ဘူး။ အဲ့ဒီတော့ သင်္ကြန်မတိုင်ခင်ထက် ကုန်သွယ်ရေးက ကျသွားတယ်လို့ ပြောလို့ရတယ်”ဟု ဆိုသည်။

သွင်းကုန်လိုင်စင်ရများအနေဖြင့် ကုန်အမှတ်တံဆိပ်၊ အလေးချိန်၊ ပုံစံ အစရှိသည်ဖြင့် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်များကိုသာ သွင်းခွင့်ပြုပြီး ကုန်အမှတ်တံဆိပ်ကွဲလွဲခြင်း၊ အလေးချိန်ပိုနေခြင်း၊ လိုနေခြင်း စသဖြင် တွေ့ပါက ဒဏ်ရိုက်၊ ပစ္စည်းသိမ်းသည်အထိ လုပ်လာသဖြင့် သွင်းကုန်တင်သွင်းမှုများမှာလည်း ယခင်ကထက် များစွာ လျော့နည်းလာကြောင်း သိရသည်။

ထို့ပြင်မူဆယ်နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်တခုဖြစ်သော ဆင်ဖြူရှင်ဂိတ်တွင် ကန့်သတ်ကုန်စည်ဖြစ်သော ခပေါင်းစီးကရက်ကို မြန်မာဘက်မှ တင်သွင်းသည်ကို တွေ့ရှိရသောကြောင့် တရုတ်အာဏာပိုင်များက ဧပြီ ၃၀ ရက် မှ စတင်ပြီး ယင်းဂိတ်ကို ယာယီပိတ်ထားကြောင်း သိရသည်။

သွင်းကုန်လုပ်ငန်းရှင် တဦးက “ဒီဆင်ဖြူပေါက်က ကားသေးသေးလေးတွေ ဝင်ခွင့်ပြုတယ်။ ဆိုင်ကယ်နဲ့ လူဝင်ခွင့် ပြုတယ်။ ကားအသေးတွေပေါ်မှာ တပိုင်တနိုင် ကုန်ပစ္စည်းတွေ သယ်ယူခွင့်ပြုတယ်။ အဲ့ဒီတပိုင်တနိုင်ကို တရုတ်က အခွန်မကောက်ဘဲနဲ့ ခွင့်ပြုတယ်။ အခု ဖြစ်တာက ခပေါင်းစီးကရက်တွေ ဝင်သွားတာတွေ့တယ်။ အဲ့တော့ အဖမ်းခံရတယ်။ ဒါနဲ့ပတ်သက်ပြီး ဂိတ်ကို ပိတ်ထားတာ။ သတ်မှတ်ကုန်စည်ဝင်ရောက်တဲ့အတွက် ဆိုင်းငံ့ထားတဲ့ သဘောပါ။ မကြာခင် တော့ ပြန်ဖွင့်မယ်ထင်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ ဆင်ဖြူဂိတ်သည် တနိုင်တပိုင် အသေးစားလုပ်ကိုင်သည့် ကုန်သည်များ အားထားနေရသည့် ဂိတ်ပေါက် ဖြစ်သောကြောင့် လတ်တလောတွင် ၎င်းကုန်သည်များ အခက်တွေ့နိုင်သော်လည်း မကြာခင်ပြန်ဖွင့်ပေးနိုင်ကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ကြသည်။

ထို့ပြင် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတခုဖြစ်သော ကချင်ပြည်နယ်အတွင်းရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး မှာလည်း လမ်းခရီးတွင် တိုက်ပွဲများ မကြာခဏဖြစ်ခြင်း၊ စက်သုံးဆီဈေးမြင့်ကာ ပြတ်လပ်ခြင်း၊ ပို့ကုန်သမားများ၏ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးဖြင့် လဲလှယ်စေခြင်း အစရှိသည်တို့ကြောင့် ယခင်ကထက် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း ကုန်သည်များထံက သိရသည်။

လွယ်ဂျယ်နယ်စပ်ကုန်သည်ကြီး တဦးက “စစ်ကောင်စီရဲ့ နိုင်ငံခြားငွေ ထိန်းချုပ်တဲ့ မူဝါဒကြောင့် ပါတယ်။ ပြီးတော့ လမ်းကြောကလည်း သွားရ လာရ အဆင်မပြေဘူး။ စစ်ကိုင်းတိုင်းနယ်စပ်နားမှာ တိုက်ပွဲတွေ ရှိနေတော့ တချို့ကုန်တင်ပို့ တာတွေ၊ ခြံစိုက်တဲ့ သီးနှံတောင်သူတွေ သယ်ယူပို့ဆောင်တာတွေ ရပ်နားထားရတယ်။ နယ်မြေတည်ငြိမ်မှု မရှိတာ တွေကလည်း ကုန်သွယ်ရေးမှာ ထိတာပေါ့”ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်တွင် လက်ရှိကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိူင်းတုံနယ်စပ်ကုန်သွယ်ရေးများ ဖြစ်ပြီး ကုန်သွယ်မှု အများဆုံးပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်နှင့် လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖြစ်သည်။

တရုတ်နိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း၊ ဖရဲ၊ သခွား၊ ရော်ဘာ၊ ရေထွက်ပစ္စည်း၊ ငရုတ်သီး အစရှိ သည့် ကုန်ပစ္စည်းများ တင်ပို့နေပြီး တရုတ်ဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများကို တင်သွင်းနေခြင်းဖြစ်သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် ယနေ့တွင် ဝမ်တိန်-ရွှေလီ နယ်စပ်ဂိတ်သို့ သွားရောက်ကာ နှစ်ဘက်လုံးမှ စီးပွားရေးနှင့် အခြားတိုးတက်မှုများကို အထောက်အကူဖြစ်စေမည့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်အယူအဆကို အားပေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

မြေပြင်အခြေအနေတွင် ကုန်သွယ်မှုကျဆင်းနေသည်ဟု ကုန်သည်များက ပြောဆိုနေသော်လည်း စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများအရ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ၂၁ ရက်နေ့ အထိ မူဆယ်နယ်စပ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၄၄ ဒ ဿမ ၆၂၉ သန်းရရှိထားပြီး လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၇ ဒဿမ ၆၃၄ သန်း ပြုလုပ်ထား ကြောင်း၊ ယခင်ဘဏ္ဍာနှစ် အလားတူကာလတွင် မူဆယ် နယ်စပ် ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၅၈ဒသမ၃၄၃သန်း ၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၀၄၀ သန်း ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
218
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
164
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

You may also like these stories:

တရုတ်သွင်းကုန်ပစ္စည်းများကို စစ်ဆေးရေး တင်းကျပ်

တိုက်ပွဲကြောင့် ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေးလမ်း ရပ်သွား

လွယ်ဂျယ်နယ်စပ်ဂိတ်တွင် ကုန်စိမ်းကား ရာချီပိတ်နေ

Your Thoughts …
Tags: ကုန်ကားတရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးပို့ကုန်ကျဆင်းလိုင်စင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း

by ဧရာဝတီ
30 October 2023
13.8k

တိုက်ပွဲများကြောင့် လမ်းများ ပိတ်နေသဖြင့် ကုန်သွယ်ရေးဇုန်များအပါအဝင် ရှမ်းမြောက်ပိုင်းရှိ ကုန်စည်ဒိုင်များတွင်လည်း အရောင်းအဝယ်များ ရပ်ဆိုင်းနေကြောင်း

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

by ပပ
6 March 2025
2.9k

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ တရားမဝင် ကုန်ပစ္စည်းများ ပိုမိုဖမ်းဆီးရန် ညွှန်ကြားအပြီး ဘားအံတံတားမှ အစစ်အဆေး တင်းကျပ်နေရာ အခွန်ဆောင်၍ မြဝတီမှ ရန်ကုန်သို့ ဆင်းသော ကုန်တင်ကားများပင် တရက်လျှင် ၂ စီးသာ ဖြတ်ခွင့်ရ သဖြင့် ကုန်စည်ပို့ဆောင်ရေး...

ပို့ကုန်ရငွေကြွေးကျန်များ မပေးက လိုင်စင်သိမ်းမည်ဟု စစ်ကောင်စီ ထပ် ခြိမ်းခြောက်

ပို့ကုန်ရငွေကြွေးကျန်များ မပေးက လိုင်စင်သိမ်းမည်ဟု စစ်ကောင်စီ ထပ် ခြိမ်းခြောက်

by ဧရာဝတီ
10 August 2024
598

ပို့ကုန်ရငွေအပေါ် ယခုကဲ့သို့ ထိန်းချုပ်ထားခြင်းများကြောင့် တင်ပို့မှုကဏ္ဍတွင် လျော့ကျလာခြင်းများ ရှိလာကြောင်း

စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်သို့ ကုန်စည် သယ်ယူခွင့် ပိတ်ထား၍ ကုန်စည်ပြတ်မည်ကို  စိုးရိမ်နေ

စစ်ကိုင်းတိုင်းမှ ချင်းပြည်နယ်သို့ ကုန်စည် သယ်ယူခွင့် ပိတ်ထား၍ ကုန်စည်ပြတ်မည်ကို စိုးရိမ်နေ

by မေရီခိုင်
28 August 2024
533

ကလေးမြို့တက္ကသိုလ်၀န်းအတွင်း ခလရ ၅၉ တပ်ရင်းမှ စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် စစ်ဆေးရေးဂိတ် ဒေသခံအခေါ် ရှစ်မိုင်ဂိတ်မှ ကုန်စည်သယ်ယူမှုကို ပိတ်ထားခြင်းဖြစ်ကြောင်း

ကျောက်မဲစစ်ရှောင်တို့ နေရပ်ပြန်နိုင်ရေး ခရီးသည်တင်ယာဥ်များ စတင်ပြေးဆွဲ

ကျောက်မဲစစ်ရှောင်တို့ နေရပ်ပြန်နိုင်ရေး ခရီးသည်တင်ယာဥ်များ စတင်ပြေးဆွဲ

by ဧရာဝတီ
9 October 2025
496

ကျောက်မဲမြို့တွင် အုပ်ချုပ်ရေးယန္တရားများ အမြန်ဆုံးပြန်လည်ပတ်ရေးနှင့် တိုက်ပွဲကာလအတွင်း စစ်ဘေးရှောင်ခဲ့ကြရသည့် ကျောက်မဲမြို့ခံပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် အဆိုပါလမ်းပိုင်းအား ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းမျိုးဟု သိရသည်။

၂၀၁၉ ဧပြီလ အထိ ၈ နှစ်တာ ကာလအတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင် RLG ကားအစီးရေပေါင်း ၂၂၀၀ ကျော်သာ ထုတ်ပေးထား / Reuters

သာသနာရေးယာဉ် တရားဝင် လိုင်စင် ဘယ်လိုရမလဲ

by ကောင်းမြတ်မင်း
24 August 2019
10.1k

၂၀၁၉ ဧပြီလ အထိ ၈ နှစ်တာ ကာလအတွင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက တရားဝင် RLG ကားအစီးရေပေါင်း ၂၂၀၀ ကျော် သာ ထုတ်ပေးထားတယ်

Next Post
KNU ခေါင်းဆောင်တချို့ ပါဝင်ပတ်သက်သည်ဆိုသော KK Park စီမံကိန်းမှ အဆောက်အအုံများ / The Standard

တရားမဝင်လုပ်ငန်းများနှင့် ပတ်သက်သူ ၅ ဦးကို အရေးယူမည်ဟု KNU ဆို

စစ်အာဏာသိမ်းဆန့်ကျင်ရေး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြစ်ကြီးနားဆန္ဒပြပွဲတွင် တွေ့ရသော 74 Media သတင်းဓာတ်ပုံဆရာတဦး

စစ်အာဏာသိမ်း ခေတ်ဆိုးကြီးထဲက သတင်းသမားများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved