• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

by ပပ
6 March 2025
in သတင်း
A A
မြဝတီ-ရန်ကုန်သွား ကုန်ကားများ ပိုမိုစစ်ဆေး၊ ကုန်စည်ပို့ဆောင်မှု နှေးကွေး

ဘားအံတံတားမှ အစစ်အဆေး တင်းကျပ် အခွန်ဆောင်သည့်ကားများ တနေ့လျှင် ၂စီးသာသွားခွင့်ရ (ဧရာဝတီ)

2.9k
VIEWS
Share on FacebookShare on Twitter

ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ တရားမဝင် ကုန်ပစ္စည်းများ ပိုမိုဖမ်းဆီးရန် ညွှန်ကြားအပြီး ဘားအံတံတားမှ အစစ်အဆေး တင်းကျပ်နေရာ အခွန်ဆောင်၍ မြဝတီမှ ရန်ကုန်သို့ ဆင်းသော ကုန်တင်ကားများပင် တရက်လျှင် ၂ စီးသာ ဖြတ်ခွင့်ရ သဖြင့် ကုန်စည်ပို့ဆောင်ရေး နှေးကွေးသွားကြောင်း ကုန်သည်များက ဆိုသည်။

ထိုသို့ဖြစ်ရခြင်းက မတ် ၁ ရက် အစည်းအဝေး၌ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ ဥက္ကဌ ဒု စစ်ခေါင်းဆောင်က ဖမ်းဆီးမှုများ ပြုလုပ်နေသည့် ကြားမှ တရားမဝင်ကုန်ပစ္စည်းများ တင်ပို့ခြင်း၊ တင်သွင်းခြင်း လျော့ကျမှု မရှိသဖြင့် ပိုတိုး၍ ဖမ်းဆီးရန် ပြောဆိုရာမှ ထိုသို့ အစစ်အဆေးများ ပိုတင်းကျပ်လာခြင်းဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သည်ကြီးတဦးက “ဖေဖော်ဝါရီလတုန်းက ရဲတွေ ပိုက်ဆံတောင်းတာ လိုင်းပေါ်တက်သွားတော့ ပါတဲ့သူတွေကို ခုံရုံးတင်ခံရတာရယ်၊ နောက်တခုက ပြီးခဲ့တဲ့ရက်က တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ အစည်းဝေးမှာ ဒုတပ်ချုပ် က လမ်းညွှန်ထားတာရှိတယ်။ ဘားအံမှာ တာဝန်ကျတဲ့ ကားဖြတ်သန်းဖို့ တာဝန်ယူထားတဲ့ သူတို့အခေါ် ကိုယ်စားလှယ် အဖွဲ့က ကားအစီးရေ ရာနဲ့ချီလာလည်း ၂ စီးပဲ ပေးဖြတ်တယ်။ ဒါကြောင့် ကားတွေ ပိတ်ထားသလိုမျိုးဖြစ်တာ” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံဘက်မှ ကျားဖြန့်နှိမ်နင်းရေးနှင့် ပတ်သက်ပြီး မြန်မာနယ်စပ်ဒေသများသို့ လျှပ်စစ်မီး၊ လောင်စာဆီ ဖြတ်တောက်ခြင်းအပြင် လူသုံးကုန်ပစ္စည်းတချို့ တင်ပို့မှုဖြတ်တောက်ခြင်းတို့ကိုပါ လုပ်ဆောင်ထားသလို စစ်ကောင်စီဘက် မှလည်း မြဝတီသို့ စက်သုံးဆီ သယ်ယူပို့ဆောင်ခြင်းအား တားမြစ်ထားသည်။

RelatedPosts

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
126
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
28
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
62

အထက်ပါကုန်သည်က “ကုန်ကားတွေ လွှတ်တဲ့ကိစ္စမှာ လိုင်စင်ရှိလား၊ ဂျူတီရှိလားပေါ့။ တကယ်တမ်းကျ နယ်စပ်ကို လိုင်စင်ချပေးတာနည်းတယ်။ လိုင်စင်တစောင်ကျဖို့ ကျပ်သိန်းထောင်ချီပေးရတယ်။ ဒီအခက်အခဲတွေကြားမှာ လုပ်နေရ တော့ ဝင်တဲ့ပစ္စည်းနဲ့ ချပေးတဲ့လိုင်စင်နဲ့က ဘယ်လိုမှ မကာမိဘူး။ အဲဒီတော့ တရားမဝင်က ပိုများတယ်။ အဲဒီတော့ ဂျူတီဆောင်တဲ့ကောင်တွေပဲ တရက်နှစ်စီးနှုန်းနဲ့ သွားနေရတာ” ဟု ပြောသည်။

သယ်ယူပို့ဆောင်စရိတ်အနေဖြင့် မြဝတီမှ ရန်ကုန်သို့ ၆ ဘီးကားတစီး ကျပ်သိန်း ၇၀ ခန့်ထိ ကုန်ကျစရိတ်ရှိနိုင်ပြီး ၁၂ ဘီး ကားတစီး ကျပ် ၉၅ သိန်း၊ သိန်း ၁၀၀၊ သိန်း ၁၂၀ အထိ ကုန်ကျမှုရှိကြောင်း ကုန်သည်များထံမှ သိရသည်။

ဘားအံတံတားမှ အစစ်အဆေး တင်းကျပ် အခွန်ဆောင်သည့်ကားများ တနေ့လျှင် ၂စီးသာသွားခွင့်ရ (ဧရာဝတီ)

ထို့ပြင် ဘားအံ- မော်လမြိုင်- ရန်ကုန်လမ်းရှိ ဘားအံမြို့နယ်၊ ဝါးပိုးတောစစ်ဆေးရေးဂိတ် မှာလည်း တောင်ပေါ်မှဆင်းသည့် ကားများသာမက လူများကိုပါ အထူးကြပ်မတ်စစ်ဆေးနေကြောင်း ကားသမားတဦးက ပြောသည်။

၎င်းက “အိမ်စီးကားတွေတော့ သိပ်မစစ်ဘူး။ ကားကြီးတွေနဲ့ တောင်ပေါ်က ဆင်းတဲ့ကားတွေကို သေချာစစ်တာ” ဟု ဆိုသည်။

ယင်းသို့ မြဝတီနယ်စပ်မှ ရန်ကုန်ဘက်သို့ အဆင်းကုန်ကားများကို စစ်ဆေးတင်းကျပ်နေခြင်းမှာ ဒုစစ်ခေါင်းဆောင်၏ အမိန့်ကြောင့်ဖြစ်သလို လက်ရှိကျားဖြန့်နှိမ်နင်းရေး အခြေအနေများကြောင့်လည်း ဖြစ်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ပြော ဆိုသည်။

စစ်ကောင်စီ၏ စစ်ဆေးဖမ်းဆီးမှု တင်းကျပ်ခြင်းကြောင့် ပြည်ပသွင်းကုန်ပစ္စည်းများ မဝင်တော့ဘဲ ပစ္စည်းပြတ်လပ်ခြင်းနှင့် ဈေးအဆမတန်တက်လာမည်ကို စိုးရိမ်မှုများ ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၂ ဇန်နဝါရီလမှ ၂၀၂၅ ဇန်နဝါရီလအထိ တရားမဝင်ကုပစ္စည်း ဖမ်းဆီးရမိအမှုတွဲ ၁၉,၀၀၀ ကျော်ရှိပြီး ခန့်မှန်း တန်ဖိုး ကျပ် ၄၅၀ ဘီလီယံကျော် ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ တရားမဝင်ကုန်စည်တိုက်ဖျက်ရေး ကော်မတီက ဖော်ပြထားသည်။

ကျားဖြန့်နှိမ်နင်းရေးနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၅ ရက်မှစ၍ ထိုင်းအစိုးရက မြဝတီ၊ ဘုရားသုံးဆူနှင့် တာချီလိတ်နယ်စပ် များသို့ အင်တာနက်၊ လျှပ်စစ်၊ လောင်စာဆီပို့မှု ရပ်ဆိုင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်၌ မိုဘိုင်းဖုန်းအသစ်၊ အင်ဗာတာ၊ ဘက် ထရီ၊ မီးစက်၊ ဆိုလာပြား၊ မိုဘိုင်းကိရိယာများ၊ အင်ဂျင်ဝိုင်၊ ကေဘလ်ကြိုး စသည့် လူသုံးကုန်ပစ္စည်း ၁၁ မျိုးအား ထပ်တိုး ကန့်သတ်ထားသလို ယင်းတို့နှင့်စပ်ဆက်သည့် မီးကြိုး၊ ဖုန်း၊ ဖုန်းအပိုပစ္စည်းများကိုလည်း တင်သွင်းခွင့် ပိတ်ထားသည်။

ထို့ကြောင့် ထိုင်းကုန်သည်များက ကော့သောင်းမှတဆင့် မြန်မာဘက်သို့ တင်ပို့နေရပြီး တချို့ကုန်ပစ္စည်းများ တင်ပို့မရခြင်း ကြောင့် ထိုင်းအစိုးရအား လျှပ်စစ်မီးနှင့် လောင်စာဆီ တင်ပို့ခွင့်ပြုရန် ပြောဆိုနေခြင်းများလည်း ရှိနေကြောင်း မြန်မာကုန် သည်များထံမှ သိရသည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အကြီးဆုံးကုန်သွယ်ရေးဖြစ်သော မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ စာရင်းဇယားများ အရ အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း လက်ရှိအခြေအနေများအရ နှစ်ဖက်ကုန်သွယ်မှု ကျဆင်းလျက်ရှိ ကြောင်း ကုန်သည်များက ဆိုသည်။

You may also like these stories:

ကျားဖြန့်နှိမ်နင်းရေး ကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေး ထိခိုက်နိုင်

ကြံရာသီ စက်သုံးဆီ ပိတ်ဆို့မှုကြောင့် သကြားဈေးတက်

ထိုင်းက လူသုံးကုန်ပစ္စည်း တချို့ ထပ်မံပိတ်

Your Thoughts …
Tags: ကုန်ကားတရားမဝင် ကုန်သွယ်မှုဒုစစ်ခေါင်းဆောင်ဘားအံတံတားမြဝတီရန်ကုန်
ပပ

ပပ

Similar Picks:

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ အိပ်မပျော်သောညများ

by ဧရာဝတီ
1 May 2024
24.3k

ယခုအခါ ပိုမိုစိတ်ခြောက်ခြားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ပတ်ဝန်းကျင်မှ ဝန်ကြီးများ၊ ဗိုလ်ချုပ်များကို အယုံအကြည်မရှိတော့။

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

မြဝတီကို စစ်ကောင်စီက ဗုံးမကြဲဖို့ ကတိမပေးရဲဟု BGF ခေါင်းဆောင်ပြော

by စောလွင်
18 April 2024
20k

စစ်ရေးပြင်းထန်နေချိန် မြဝတီမြို့ကို လေကြောင်းမှတဆင့် စစ်ကောင်စီသည် ဝင်ရောက်စီးနင်းမည်ဟု မြဝတီလူထုများအကြား သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေသည်။

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.9k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

ဗိုလ်မှူးကြီး ညီညီဦး ၄၄ တပ်မမှူးသစ် ဖြစ်လာ

by ဧရာဝတီ
14 May 2024
15.8k

ဗိုလ်မှူးကြီးစိုးမင်းထက်သည် တပ်မ ၄၄ တပ်မမှူးအဖြစ် ၂ လခန့်တာဝန်ယူပြီးနောက် ဧပြီလတွင် မဲဆောက်-မြဝတီအမှတ် ၂ တံတား အနီးတိုက်ပွဲ၌ ဒဏ်ရာရရှိသွားခဲ့သည့်အတွက် ရာထူးမှအနားပေးကာ ဗိုလ်မှူးကြီးညီညီဦးအား တပ်မမှူးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

Next Post
မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်

မြဝတီ ကျားဖြန့်မှ တရုတ်နိုင်ငံသား ၁၄၀၀ ကျော် BGF ထပ်လွှဲမည်

ရုရှားမှာ နားလည်မှုစာချွန်လွှာများသာ မြန်မာစစ်ခေါင်းဆောင် လက်မှတ်ထိုးနိုင်

ရုရှားမှာ နားလည်မှုစာချွန်လွှာများသာ မြန်မာစစ်ခေါင်းဆောင် လက်မှတ်ထိုးနိုင်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved