• English
Friday, May 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မိုးမိတ်မြို့ကို KIA၊ PDF တို့ ဝင်တိုက် ဒေသခံများပိတ်မိနေ

by ဧရာဝတီ
18 January 2024
in သတင်း
A A
မိုးမိတ်မြို့ကို KIA၊ PDF တို့ ဝင်တိုက် ဒေသခံများပိတ်မိနေ

ပြီးခဲ့သည့် ဇန်နဝါရီ ၁ရက်နေ့က မိုးမိတ်မြို့ မန်ပတ်ကျေးရွာ ဘုရားတောင်ကုန်းတွင် တပ်စွဲထားသည့် မိုးမိတ်ဗျူဟာမှ ခလရ ၂၂၃ စခန်းကို KIA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ရမိစဉ်( မိုးမိတ် KPDF)

4.2k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်များက ယနေ့ နံနက် ၆နာရီခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေပြီး မြို့တွင်း၌ ဒေသခံများလည်း ပိတ်မိနေကြောင်း သိရသည်။

မိုးမိတ် အခြေချဗျူဟာကုန်းနှင့် ရဲစခန်းကို အဓိက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ လက်နက် ကြီး၊ လေကြာင်းပစ်ကူများဖြင့်ပါ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

RelatedPosts

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
2
စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ တားဆီးပေးဖို့ တရုတ်ကို SAC-M တိုက်တွန်း (ရုပ်/သံ)

16 May 2025
36
အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

အသေအပျောက်များသည့် ကျောင်းဗုံးကြဲမှု ထုံးစံအတိုင်း စစ်ကောင်စီငြင်း

16 May 2025
212

“မနက် ၆ နာရီလောက်ကတည်းက ချနေကြတာ၊ မြို့ထဲက လူတွေလည်း ဗုံးခိုကျင်းတွေထဲမှာ ဝင်နေကြရတယ်၊ အခု ၁၀ နာရီ ခွဲလောက်မှာတော့ အာသံရပ်ကွက်ဘက်ကို သိမ်းခံလိုက်ရပြီလို့ သိရတယ်၊ အခုထိတော့ တိုက်ပွဲတွေ ဖြစ်နေ တုန်းပဲ၊ ပြီးခဲ့တဲ့ရက်ပိုင်းက တည်းက မြို့ခံတွေ ရှောင်နေကြပေမယ့် ဆက်နေတဲ့သူတွေ ရှိဆဲဆိုတော့ တော်တော်များ ပိတ်မိနေကြတယ်” ဟု မိုးမိတ်မြို့ခံတဦးက ပြောသည်။

မိုးမိတ်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၃၄၈ ခြေမြန်တပ်ရင်း၊ ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၂၁) ၏ ဗျူဟာတခုနှင့် အမှတ် ၂၂၃ ခြေလျင်တပ်ရင်း၊ အမှတ် ၂၇၆ ခြေလျင်တပ်ရင်း တို့ အခြေစိုက်ထားသည်။

စကခ ၂၁ လက်အောက်ခံ ခလရ ၂၂၃၊ ခလရ ၂၇၆၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ ၃၄၈ စသည့် တပ်ရင်းများလည်း အခြေစိုက်ထားသည်။

မိုးမိတ်မြို့နယ် မြေပုံ

“ရွှေဇာလီတံတားနဲ့ ကျွန်းတောဘက်ထိကို ရောက်လာပြီ၊ မြို့ပတ်လည်ကို ဝိုင်းခံထားရတဲ့အခြေအနေမှာ ရှိနေတယ်၊ မြို့ထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေတယ်၊ အခု လေယာဉ်သံတွေလည်း ဆူညံနေတာပဲ ၊ လက်နက်ကြီး သံတွေ လည်း တော်တော်များတယ်၊ ရွှေဇာလီဘက်ကို လေယာဉ်နဲ့ ဗုံးကြဲသွားတယ်၊ အိမ်တွေလည်း မီးလောင်နေတယ်”ဟု အခြားမိုးမိတ်မြို့ ခံတဦးကဆိုသည်။

မိုးမိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ တအာင်းတပ်မတော်(TNLA)၊ K–PDF တပ်ရင်းများ၊ ပြည်သူ့ကာ ကွယ်ရေး တပ်မတော်(PDF) ပူးပေါင်းအဖွဲ့ များဖြင့် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ် သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းအတွက် အရေးပါသော မိုးမိတ်မြို့ အရှေ့ဘက် ၆ မိုင်ခန့် အကွာ ဆင်ကင်ကျေးရွာတွင် ခလရ ၂၂၃ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချတပ်စွဲထားသော ကျန်ကန် စစ်တပ် စခန်းကို တအာင်းတပ်မတော်(TNLA)နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့များက သိမ်းပိုက်ခဲ့သေး သည်။

ထိုသို့ သိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသလို တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် မိုးမိတ်မြို့ခံ အများစုမှာ မြို့အား စွန့်ခွာတိမ်းရှောင်မှုများ ပြုလုပ်ခဲ့ကြ သည်။

မိုးမိတ်မြို့နယ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ ပါဝင်သော်လည်း ရှမ်းပြည်အနောက်မြောက်ဘက်တွင် တည်ရှိပြီး မြောက်ဘက်တွင် မဘိမ်းမြို့နယ်နှင့် ကချင်ပြည်နယ် မန်စီမြို့နယ်၊ အရှေ့ဘက်တွင် မန်တုံ၊ နမ့်ဆန်မြို့နယ်၊ မိုင်းငေါ့မြို့ နယ်ခွဲ၊ တောင် ဘက်တွင် သီပေါ၊ ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်၊ အနောက်ဘက်တွင် မန္တလေး တိုင်း သပိတ်ကျင်း မြို့နယ်များနှင့် နယ်နမိတ်ထိစပ်နေသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အများအပြား လှုပ်ရှား သော နယ်မြေတခုလည်း ဖြစ်သည်။

၁၉၇၇ ခုနှစ်ကာလများက မိုးမိတ်မြို့ရှိ အမှတ် ၁၂ ခြေလျင်တပ်ရင်းကို ဗမာပြည်ကွန်မြူပါတီ(ဗကပ)တပ်များက ဝင်ရောက် စီးနင်းပြီး သိမ်းပိုက်ခဲ့ဖူးသည်။

မိုးမိတ်မြို့နယ်သည် ရွှေလီမြစ်ဘေးတွင် တည်ရှိသလို၂၀၁၉ ခုနှစ် စက်တင်ဘာလကုန်အထိစာရင်းများအရ မြို့တမြို့၊ ရပ်ကွက် ၄ ခု၊ ကျေးရွာအုပ်စု ၉၇ အုပ်စု၊ ကျေးရွာ ၉၇ ရွာ၊ လူဦးရေ ၆ သောင်းခွဲကျော်နေထိုင်ပြီး လမ်းပန်းဆက်သွယ်ရေးအနေဖြင့် ကားလမ်းသာရှိကာ မိုးကုတ်မြို့နှင့် ၂၈ မိုင်ခန့်သာ ကွာဝေးသည်။

You may also like these stories:

တိုက်ပွဲ ပြင်းထန်လာ၍ မိုးမိတ်မြို့ခံများ နေရပ်စွန့်ခွာလာ

Your Thoughts …
Tags: KIAPDFကချင်လွတ်လပ်ရေးတပ်မတော်မိုးမိတ်ရှမ်းပြည်မြောက်ပိုင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.2k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.5k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.3k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
44.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
40.9k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
မအူပင်ထောင်မှ နိုင်ငံရေးအကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရ

မအူပင်ထောင်မှ နိုင်ငံရေးအကျဉ်းသူများ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရ

တိုက်ပွဲကြောင့် ဖားကန့်ကို စစ်ကောင်စီ ပိတ်ဆို့

တိုက်ပွဲကြောင့် ဖားကန့်ကို စစ်ကောင်စီ ပိတ်ဆို့

No Result
View All Result

Recommended

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

6 days ago
7.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

4 days ago
7.2k

Most Read

  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate