• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝက်လက်နယ် ရှိမ်းမကားတိုက်ပွဲ စစ်ကောင်စီ လေကြောင်းဖြင့်ပါ တိုက်ခိုက်

by ဧရာဝတီ
14 June 2022
in သတင်း
A A
ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ / CJ

ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ / CJ

10.3k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားကျေးရွာ၌ ဇွန်လ ၁၂ ရက်နှင့် ၁၃ ရက်တို့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ လေကြောင်း ပစ်ကူများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန် ၁၂ ရက် ညနေပိုင်းက ရှိမ်းမကား ရဲစခန်းကို ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခဲ့ရသည်အထိ ဖြစ်ပွားခဲ့ပြီး၊ နောက်တနေ့ နံနက်ပိုင်းတွင်လည်း ရှိမ်းမကား ကျေးရွာအတွင်း လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ပစ်ခတ် ဝင်ရောက်၍ တပ်စွဲခဲ့ ကြောင်း ဒေသခံများက ပြောသည်။

“ရှ်ိမ်းမကား စခန်းကို သိမ်းဖို့အထိ ရည်ရွယ်ပြီး တိုက်ခဲ့ကြတာ။ သူတို့ဘက်က အထိနာနေတဲ့အချိန် ညနေ ၆ နာရီ လောက်မှာ နမခက Mi-35 နဲ့ပါ ပစ်ကူပေးလာလို့ စခန်း မသိမ်းနိုင်ဘဲ ပြန်လည် ဆုတ်ခွာခဲ့ရတယ်။ တိုက်ပွဲဖြစ်ပွား နေချိန်မှာ Mi-35 တက်လာပြီး ရှိမ်းမကား ကျေးရွာဘက်ကိုလည်း ၃ ပတ် ပတ်ပြီးတော့ စက်သေနတ်နဲ့ အတွဲလိုက် ဆွဲသွားတယ်။ တိုက်ပွဲက၂ နာရီခွဲလောက် ကြာတယ်။ စစ်ကောင်စီတပ်က ၅ ယောက် သေဆုံးတယ်။ ကျနော်တို့ မဟာမိတ်တွေဘက်က ၃ ယောက် ဒဏ်ရာရခဲ့တယ်” ဟု ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပြောသည်။

ထို့ပြင် ရှိမ်းမကား ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲထားသည့် စစ်တပ်က ဒေသခံ ၄ ဦးအား ဖမ်းဆီး စစ်ဆေးမှု များလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ရှိမ်းမကားက အဖမ်းခံရတဲ့ ဒေသခံ ၄ ယောက်ကိုလည်း ရိုက်နှက် နှိပ်စက်တာတွေ လုပ်ကြတယ်။ ရွာထဲက PDF တွေကို ဖော်ခိုင်းတာတဲ့၊ သူတို့ကို ရွာက အိမ်မှာပဲ ဆက်နေဖို့နဲ့ ရွာပြင် ထွက်မယ်ဆိုရင် သူတို့ကို သတင်းပို့ရမယ်လို့ ခြိမ်းခြောက်ထားတယ်လို့ သိရတယ်။ ခုနေ့လယ်ပိုင်းက နောက်ဆုံး သိရတဲ့အခြေအနေအရတော့ ဝက်လက်မြို့ အရှေ့ ခြမ်း မန်းကျည်တန်းဘက်မှာ အင်အား ၁၀၀ ကျော်တဲ့ စစ်သားတွေ ရောက်နေတယ်လို့ သိရတယ်” ဟု ရှိမ်းမ ကားကျေးရွာမှ စစ်ဘေးရှောင်များကို ကူညီနေသူတဦးက ပြောသည်။

အဆိုပါ ရှိမ်းမကား ရဲစခန်းအား တိုက်ခိုက်မှုကို လျှပ်စီး‌ပြောက်ကျားအဖွဲ့(ဝက်လက်)၊ တောကြီးမြွေပွေးအဖွဲ့၊ တပ်ရင်း ၁၇ (ဒေါင်းစစ်သည်)၊ တပ်ရင်း ၁၅ (Tiger King ပျောက်ကျားတပ်ဖွဲ့)၊ နယ်စည်းမခြား တော်လှန်ရေးအင်အားစု ၊ GZ Special Task Force၊ Adventure ၊ စဉ့်ကူး ပ.က.ဖ ၊ မတ္တရာ (ပ.က.ဖ)အဖွဲ့ နှင့် LPDF စသည့် မဟာမိတ်အဖွဲ့များက ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဟု သိရသည်။

ရှိမ်းမကားရဲစခန်းနှင့် အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရဟတ်ယာဉ်များ၊ လက် နက်ကြီးများဖြင့် ပစ်ခတ်သည့်အတွက် ရှိမ်းမကားရွာ အပါအဝင် လှတော၊ ရွှေကျင်၊ ဥယျာဉ်မ၊ သန်းတောကြီး၊ မဲကုန်း၊ ကျီးရည်းကုန်း အစရှိသည့်ကျေးရွာများမှ ဒေသခံပြည်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများ ထံက သိရသည်။

ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ (ဓာတ်ပုံ- CJ)

“ကျနော်တို့က တိုက်ပွဲတွေ စဖြစ်ကတည်း ပြေးခဲ့ကြရတာ၊ ဘေးလွတ်ရာ ရောက်တော့ ခဏနားကြတော့ ရှိမ်းမ ကားဘက်ကနေ လက်နက်ကြီးပစ်သံတွေ ဆက်တိုက်ကြားရတာပဲ၊ ညမှောင်ရီတဲ့အချိန်လောက်မှာ ရဟတ် ယာဉ် အသံနဲ့အတူ သေနတ်သံ အကျယ်ကြီးတွေလည်း ကြားလိုက်ရတယ်။ တဒိန်းဒိန်းနဲ့ တော်တော်ကြီးကို ကျယ်တာပါ။ ရွာအခြေအနေကတော့ ဘာမှန်းကို မသိရသေးဘူး” ဟု ရှိမ်းမကား ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ဝက်လက်မြို့နယ် အရှေ့ခြမ်းအား ရွာစဉ်ပတ်ကာ ကျေးရွာများအား မီးရှို့ခြင်း၊ ဒေသခံ များ အား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ် အသုံးပြု၍ ဖောက်ထွက်ခြင်းများ ပြုလုပ်နေကြသလို ရဟတ် ယာဉ်အသုံးပြု တိုက်ခိုက်ခြင်းကို ၃ ကြိမ်ထက်မနည်း ပြုလုပ်ထားကြောင်း သိရသည်။

“မနက်ပိုင်းကတည်းက ရှိမ်းမကားရွာပေါက်ဝမှာ တိုက်ပွဲဖြစ်ပွားခဲ့တာ။ အဲဒီအချိန်ကတည်းက တရွာလုံးနီးနီး ပြေးလွှား ခဲ့ကြရတာ၊ ကုန်းလမ်းကလည်း ပြေး၊ ရေကြောင်းကလည်း ပြေးပေါ့၊ ရေကြောင်းကနေ အဆန်ထက် အစုန်က များ တယ်။ ရွာထဲလည်း လက်နက်ကြီးတွေ ကျထားတာတွေ ရှိတယ်။ ပြန်မဝင်ရဲကြသေးတော့ ပျက်စီးဆုံးရှုံးမှု အခြေ အနေ မသိရသေး၊ ရွာကို မီးရှို့တာမျိုးတော့ မရှိသေးဘူး၊ လက်နက်ကြီးနဲ့ ရမ်းထုနေကြတာ၊ လက်ရှိမှာတော့ စားရေး သောက်ရေးတွေ လုံး၀ အဆင်မပြေဘူး” ဟု ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင်များအား ကူညီပေးနေသူတဦးက ပြော သည်။

ရှိမ်းမကားကျေးရွာတွင် အိမ်ခြေ ၁၅၀၀ ကျော်ရှိပြီး ပဲမျိုးစုံကို ဦးစားပေး စိုက်ပျိုးကြသော သမိုင်းဝင် ကျေးရွာကြီးဖြစ် ကာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွှေကူကြီးကျောင်းရှိ သမိုင်းဝင်အဆောက်အအုံ ဗိမာန် တခု ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ယခုအခါ ဝက်လက်မြို့နယ် အရှေ့ခြမ်းတွင် ဒေသပြည်သူ့ ကာကွယ်ရေအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ စစ်ရေး တင်းမာနေဆဲဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ယနေ့ (ဇွန် ၁၃) မှစ၍ အမှတ် ၃ ဗျူဟာလမ်း (ခရိုင်ချင်းဆက် လမ်း) အား ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ သတင်းပြန်လည် မထုတ်ပြန်မချင်း ဖြတ်သန်းသွားလာခြင်း မပြုရန် လည်း သတိပေးထားသည်။

ဝက်လက်မြို့နယ် အရှေ့ခြမ်းကို တပ်မ ၈၈ လက်အောက်ခံ ခလရ ၈၃ တပ်ရင်းမှ စစ်ကြောင်း ထိုးနေခြင်းဖြစ်ကာ ယနေ့ တွင် ဝက်လက်မြို့ပေါ်တွင် စစ်ကြောင်း ပြန်စုနေရာ အင်အား ၃၀၀ ဝန်းကျင်ခန့်ထိ ရှိနေပြီဖြစ်ကြောင်း၊ ထို့ပြင် မတ္တရာ မြို့နယ် မြွေတလိုင်း ကျေးရွာတွင် စုရပ်ပြုလုပ်၍ စစ်ကောင်စီတပ်၊ ပျုစောထီး အင်အား ၁၅၀ ဖြင့် စစ်ကြောင်း ထိုးရန် ပြင်ဆင်နေကြောင်း သိရသည်။

ထို့အပြင် ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ရေဦး၊ ကန့်ဘလူ၊ ကျွန်းလှမြို့နယ်များတွင် ခမရ ၃၆၄၊ ၃၆၅၊ ၃၆၆၊ ၃၆၇၊ ၃၆၉ တပ်ရင်းများနှင့် နယ်မြေခံ တပ်ရင်း၊ တပ်ဖွဲ့၊ ပြည်သူ့စစ်တို့ ပူးပေါင်း၍ နယ်မြေများအား ထိရောက်စွာ ရှင်းလင်းသွားရန်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် စစ်တိုင်းမှူးမှ အချိန်နှင့်တပြေးညီ စီမံကွပ်ကဲမှုများ ပြုလုပ်သွားရန်ဆိုသော ညွန်ကြားချက်လည်း ထွက်ရှိထားကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်များ၏ ပြောပြချက်အရ သိရသည်။

You may also like these stories:

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
503
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
37
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
83

ဘုတလင်တွင် စစ်ကောင်စီတပ် ဒေသခံ ၃ ဦး သတ်ပြီး ရွာသား ၆၀ ကို ဖမ်းသွား

ကန်ပက်လက်တွင် စစ်ကောင်စီတပ်နှင့် CDF တို့ တိုက်ပွဲပြင်းထန်နေ

ကန့်ဘလူရှိ ကျေးရွာများကို စစ်ကောင်စီတပ် ဆက်တိုက်မီးရှို့နေ

Your Thoughts …
Tags: စစ်ကောင်စီရှိမ်းမကားလေကြောင်းဝက်လက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ / Justice for Myanmar

ဆိုလာစီမံကိန်းတွေ တင်ဒါမပြိုင်ဘဲ လုပ်ခွင့်ရ ကုမ္ပဏီက ဦးအောင်ပြည့်စုံ ပိုင်သလား

ဇွန် ၅ ရက်က ဖလူးကြီးကျေးရွာတွင် BGF၊ DKBA တပ်ဖွဲ့ဝင်များ ဒေသခံလူထုနှင့် တွေ့ဆုံနေစဉ်  / CJ

BGF တပ်တွေ လူထုနဲ့ ဘာကြောင့် တွေ့ဆုံနေသလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved