• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

BGF တပ်တွေ လူထုနဲ့ ဘာကြောင့် တွေ့ဆုံနေသလဲ

by စောရယ်
14 June 2022
in သတင်း
A A
ဇွန် ၅ ရက်က ဖလူးကြီးကျေးရွာတွင် BGF၊ DKBA တပ်ဖွဲ့ဝင်များ ဒေသခံလူထုနှင့် တွေ့ဆုံနေစဉ်  / CJ

ဇွန် ၅ ရက်က ဖလူးကြီးကျေးရွာတွင် BGF၊ DKBA တပ်ဖွဲ့ဝင်များ ဒေသခံလူထုနှင့် တွေ့ဆုံနေစဉ် / CJ

10.8k
VIEWS
Share on FacebookShare on Twitter

မကြာသေးသည့် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ခေါင်းဆောင်များ မြေပြင်သို့ ဆင်း၍ ဒေသခံ ကရင်လူထုနှင့် တွေ့ဆုံမှုများ ရှိလာသည်။

ယခင်က ထိုသို့ တွေ့ဆုံမှုများရှိသော်လည်း မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းမှုဖြစ် ပွားပြီးနောက်ပိုင်း ဇွန်လ ၅ ရက်က BGF နှင့် DKBA ခေါင်းဆောင်များ လူထုနှင့် တွေ့ဆုံလာခြင်းသည် ပထမဆုံး ဖြစ်သည်။

ပြီးခဲ့သည့် မေလ ၉ ရက်က စတင်ကာ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်နှင့် မွန်ပြည်နယ် သထုံခရိုင်အတွင်းရှိ BGF တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်သည်လည်း ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြို့သစ်ဘက်သို့ ပြန်လည် ဆုတ်ခွာထား သေးသည်။

ထိုသို့ BGF တပ်များ ဆုတ်ခွာလာပြီးနောက် BGF နှင့် DKBA ခေါင်းဆောင်များ မြေပြင်သို့ ဆင်းကာ လူထုနှင့် တွေ့လာ ခြင်းသည် မည်သည့် ရည်ရွယ်ချက်ကြောင့်နည်းဟု ဆန်းစစ်စောကြောစရာ ဖြစ်လာသည်။

နယ်ခြားစောင့်တပ်များ ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင် သည့် BGF တပ်ဖွဲ့ဝင်များ၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောစတီး ဦး ဆောင်သည့် DKBA တပ်ဖွဲ့ဝင်များ သာမက စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဇွန်လ ၅ ရက်နံနက်ပိုင်းက ကရင်ပြည် နယ် မြဝတီမြို့အနီး လေးကေကော်မြို့နယ်၊ ဖလူးကြီးရွာဘုန်းကြီးကျောင်း၌ ဒေသခံ စစ်ရှောင်များအား တွေ့ဆုံဆွေးနွေး ခဲ့သည်။

ထိုသို့ တွေ့ဆုံ ဆွေးနွေးခြင်းသည် စစ်ရှောင်များ၏ အခက်အခဲများကို ပိုမိုသိရှိလိုသဖြင့် တွေ့ဆုံခြင်းဖြစ်ကြောင်း BGF အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။

အဆိုပါ ခရီးစဉ်အတွင်း BGF ၊ DKBA နှင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဘက်က တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော် လာရောက်ပြီး ဒေသခံ ၁၀၀ ကျော် လာရောက်ခဲ့ကြောင်း ကရင်ပြည်နယ်အခြေစိုက် KIC သတင်းဌာနက ရေးသား သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသခံများက စစ်ပွဲများ ရပ်တန့်ကာ နေရပ်ပြန်နိုင်ရေး၊ မြေမြှုပ်မိုင်းများ ရှင်းလင်းပေးရေး တောင်းဆိုခဲ့သလို BGF ဘက်ကလည်း တတ်နိုင်သမျှ ၂ ဖက် ညှိနှိုင်းလုပ်ဆောင်ပေးမည်ဟု ပြောဆိုခဲ့ကြောင်း BGF ဘက်က ရှင်းပြသည်။

“ကျနော်တို့ဘက်ကလည်း အဲဒီကနေပြန်လာပြီးတော့ အထက်ကို တင်ပြစရာတွေ၊ ဒီဘက်က တပ်မတော်ပိုင်းဆိုင်ရာ မှာလည်း ဆွေးနွေးရမယ့် ကိစ္စတွေရှိသလို တဖက်ကလည်း KNU (ကရင်အမျိုးသားအစည်းအရုံး) ထိပ်ပိုင်း ခေါင်း ဆောင်တွေနဲ့ ကျနော်တို့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြန်ဆွေးနွေးရမယ့် အပိုင်းတွေ ရှိတယ်။ ကရင်ပြည်နယ်ထဲက ပြည်သူတွေ အေးအေးချမ်းချမ်းနေနိုင်ဖို့ကို သက်ဆိုင်ရာ KNU ခေါင်းဆောင်ပိုင်းတွေ ကျနော်တို့ အကြီးအကဲတွေကို ပြန်ဆွေးနွေးဖို့တော့ စီစဉ်နေပါတယ်” ဟု BGF အရာရှိတဦးက ပြောသည်။

ယခု ခရီးစဉ်သည် စစ်ကောင်စီဘက်က တိုက်တွန်းချက်ကြောင့်မဟုတ်ဘဲ BGF ၏ အစီအစဉ်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ ဒေသခံများနှင့် တွေ့ဆုံပွဲအပြီးတွင် BGF အနေနှင့် ဖလူးရွာ ဒေသခံများကို ဆန်အိတ် ၄၀၀ လှူဒါန်း ခဲ့ကြောင်း သိရသည်။

ဖလူးဒေသခံ တဦးကလည်း ဆွေးနွေးပွဲတွင် လေးကေကော် ဒေသအတွင်း ဝင်ရောက်နေရာယူထားသည့် စစ်ကောင်စီ တပ်များ ပြန်လည် ဆုတ်ခွာပေးရန် တင်ပြခဲ့ကြောင်း KIC သတင်းဌာနသို့ ဖြေကြားထားသည်။

ဇွန် ၅ ရက်က ဖလူးကြီးကျေးရွာတွင် BGF၊ DKBA တပ်ဖွဲ့ဝင်များ ဒေသခံလူထုနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ-CJ)

အလားတူ BGF တပ်နယ် ၄ ၏ တပ်နယ်မှူးဖြစ်သူ ဗိုလ်မှူး စောမုတ်သုန်ကလည်း ဇွန်လပထမပတ်အတွင်းမှာပင် ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက် ဘုရားသုံးဆူမြို့သို့ ရောက်လာပြီး နယ်မြေခံ စစ်တပ်အရာရှိများ၊ စစ်ကောင်စီ ခန့် အုပ်ချုပ်ရေးမှူးအပါအဝင် ၊ KNU တပ်မဟာ ၆ တပ်မဟာမှူး၏ ကိုယ်စားလှယ်၊ မွန်ပြည်သစ်ပါတီ (NMSP) ကိုယ် စားလှယ်နှင့် ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ကိုယ်စားလှယ်များအား တွေ့ဆုံဆွေးနွေးခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပညာရေးအတွက် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းတက်နိုင်ရေး ၊ online ခြိမ်း ခြောက်မှုနှင့် အဖျက်လုပ်ငန်းများ မရှိစေရေး ဆွေးနွေးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ထို့အပြင် ဇွန်လ ၁၀ ရက်နေ့ကလည်း ဗိုလ်မှူး စောတင်ဝင်း ဦးဆောင်သည့် BGF တပ်ဖွဲ့ဝင်များသည် လေးကေ ကော်ဒေသရှိ စစ်ရှောင်ပညာရေးဝန်ထမ်း ၇၈ ဦးအား ၁ ဦးလျှင် မြန်မာကျပ်ငွေ ၅ သိန်းထောက်ပံ့ခဲ့ပြီး စစ်ရှောင်များ အတွက် ဆန်အိတ် ၁၀၀၀ နှင့် စားသုံးဆီ ၁ လီတာ ဘူး ၃၀၀၀ ခန့်ပေးအပ်ခဲ့ကြောင်း ကရင်အမျိုးသားမီဒီယာက ဖော်ပြသည်။

BGF တပ်ဖွဲ့ဝင်များ မြေပြင်သို့ ဆင်းကာ လူထုနှင့် တွေ့ဆုံလာသည့် အခြေအနေနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး (KNU) ဗဟို၏ နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးက စစ်ရှောင်များအား နေရပ်ပြန်ရန် ပြောသော်လည်း စစ်ကောင်စီတပ်များရှိနေသဖြင့် စစ်ရှောင်များက နေရပ်မပြန်ရဲဘဲ ဖြစ်နေကြကြောင်း ဧရာဝတီသို့ ပြောသည်။

“ကျနော်တို့ အနေနဲ့က အဲဒီ မတိုင်ခင် မိုးမကျခင်ကတည်းက IDP တွေ နေရပ်ပြန်လို့ ရစေချင်တာပေါ့။ ဒါပေမယ့် ပြဿနာက တပ်တွေရှိနေတော့ လူထုက မလုံခြုံသလိုခံစားရပြီး လူထုက ပြန်ရဲမှာလည်း မဟုတ်ဘူးလေ။ အဲဒါ ကြောင့် တပ်တွေ ပြန်ပါလို့ ပြောနေပေမယ့် တပ်အင်အားတိုးလာတယ် တိုက်ပွဲတွေ ပိုဖြစ်လာတော့ ဘယ်လိုမှ ပြန် လို့မရဘူး။ မနေ့ တနေ့က ဖြစ်တဲ့သတင်းတွေကြည့်ပြီးတော့ ပြန်လာခိုင်းတယ်ဆိုပေမယ့် သူ့အတွက် လုံခြုံမှုမရှိရင် ဘယ်ပြန်ရဲမလဲ အဲဒီ အနေအထားတွေ ရှိတာပေါ့။ မိုးတွင်းလည်းဖြစ်။ ပြန်လာမှပဲ တိုက်ပွဲထဖြစ်ရင်တော့ ပိုဆိုးလိမ့် မယ်” ဟု ဆိုသည်။

BGF တပ်များဘက်က တိုက်ပွဲ မဖြစ်စေရေး KNU နှင့် စစ်ကောင်စီတပ်အကြား ညှိနှိုင်းပေးမည်ဟု ဆိုနေသော်လည်း KNU ဗဟိုထံ ဆက်သွယ်လာမှုကို မသိရသေးကြောင်း ပဒိုစောတောနီးက ပြောသည်။

BGF အပါအဝင် ကရင် လက်နက်ကိုင်တပ်ဖွဲ့များနှင့် တိုက်ပွဲ မဖြစ်စေရေး ညှိနှိုင်းမည့် ကော်မတီ တခုရှိသော်လည်း BGF တပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတပ်နှင့် ပူးတွဲလှုပ်ရှားနေသဖြင့် အာဏာသိမ်းမှုဖြစ်ပွားပြီးကာလမှ လက်ရှိအချိန် အထိ တိုက်ပွဲများတွင် BGF နှင့် ပစ်ခတ်မှုများရှိကြောင်း ၎င်းက ရှင်းပြသည်။

“အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့ ကော်မတီတွေ ဘာတွေတော့ ရှိတယ်။ သို့သော်လည်းပဲ သတိထားရမှာက အထူးသ ဖြင့် တပ်မဟာ ၅ ဘက်မှာဆိုရင် တိုက်ပွဲက နေ့တိုင်းဖြစ်တဲ့အခါမှာ သူတို့က ရောနှောပါလာတဲ့အခါမှာ ရှောင်လို့ မရတာတွေ ရှိပါတယ်။ ဖြစ်လိုက်ပြီဆိုရင် စစ်ကောင်စီတပ်သားတင် မကဘူး။ BGF တွေပါ ကျတာပေါ့။ အတူတူ သွားတဲ့အခါမှာ ဘယ်လိုမှ ရှောင်ဖို့ မလွယ်ဘူးပေါ့” ဟု ပဒိုစောတောနီးက ပြောသည်။

အမည်မဖော်လိုသည့် KNU အရာရှိတဦးကမူ BGF တပ်များသည် မြဝတီမြို့နယ်ဝန်းကျင်ရှိ လုံခြုံရေးကို ပိုမိုခိုင်မာရန် လုပ်ဆောင်လိုသဖြင့် ဒေသခံများအား စည်းရုံးလှုပ်ရှားနေခြင်း ဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။

“ဒါမျိုးတွေက အရင်ကလည်း ရှိပါတယ်။ ဒီတခေါက်တော့ နည်းနည်းစိပ်တာပေါ့။ သူတို့က ကရင်ပြည်နယ် မြောက်ပိုင်း ကနေ အပြီး ဆုတ်လာတယ်ဆိုတော့ သူတို့တောင်ပိုင်းကိုများ လေးလေးနက်နက်ထားပြီး လုပ်ချင်တဲ့ သဘောလားလို့ တွေးစရာ ရှိပါတယ်။ ပထမတော့ သူတို့က ရိုးရိုးပြန်လာနားတယ်လို့ ထင်ပေမယ့် ဒီဘက်ပိုင်းမှာ ပြန်လာ လှုပ်ရှားနေ တာပေါ့။ သူတို့ဘက်ကျတော့ လုံခြုံရေးပေါ့ဗျာ။ ကျနော်တို့ဘက်က ကျတော့ အခြေအနေတမျိုးပေါ့။ သူတို့ဘက်က လုံခြုံရေးကို ပိုလုပ်မယ့်သဘောလို့ မြင်တာပေါ့” ဟု ၎င်းက ဆိုသည်။

ဇွန် ၅ ရက်က ဖလူးကြီးကျေးရွာတွင် BGF၊ DKBA တပ်ဖွဲ့ဝင်များ ဒေသခံလူထုနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ-CJ)

လတ်တလော မြဝတီမြို့နယ်ဝန်းကျင်တွင် လှုပ်ရှားလာသည့် BGF တပ်ဖွဲ့ဝင်များသည် လေးကေကော် ဒေသတွင် အင် အား ၂၀၀ ခန့်ရှိပြီး ဘုရားသုံးဆူမြို့ဝန်းကျင်တွင် အင်အား ၃၀၀ ခန့် စုစုပေါင်း အင်အား ၅၀၀ ခန့် လှုပ်ရှားနေသည့် အခြေအနေ ရှိကြောင်း KNU အရာရှိတဦးက ပြောသည်။

BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူနှင့်အတူ DKBA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောစတီးသည်လည်း ခရီးတွင် လိုက်ပါလာပြီး လေးကေကော် ဒေသရှိ စစ်ရှောင်များအား ဟောပြော စည်းရုံးနေသည်မှာ KNU အပါအဝင် ကရင်ပြည်နယ် အခြေစိုက် အာဏာသိမ်းမှု ခုခံဆန့်ကျင်သူများအတွက် အမြင်ဆန်းစေကာ သတိထားစောင့်ကြည့်ရ မည့် ကိစ္စ ဖြစ်လာသည်။

ဇွန်လ ၅ ရက်က ပြုလုပ်သည့် လေးကေကော် ဒေသခံများနှင့်တွေ့ဆုံပွဲတွင် DKBA ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စော စတီးက လေးကေကော်ဒေသ၌ တိုက်ပွဲဖော်ဆောင်နေသူများသည် နိုင်ငံခြား အကူအညီဖြင့် စစ်တိုက်စားနေသူ များဖြစ်ပြီး လက်ရှိ ပဋိပက္ခကို စစ်ကောင်စီနှင့် KNU အကြား ဆွေးနွေးဖြေရှင်းရန် လိုကြောင်း ပြောဆိုခဲ့သဖြင့် ကရင် တက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်း DKBA မှ ဗိုလ်မှူးစလုံး ဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင် ၃၀၀ ခန့်သည် KNU လက် အောက်ခံ ကရင်အမျိုးသား ကာကွယ်ရေးတပ် (KNDO) သို့ ဘက်ပြောင်း ရောက်ရှိသွားပြီးနောက်တွင် DKBA ခေါင်း ဆောင်များ ကိုယ်တိုင် မြေပြင်ရှိ ကရင်လူထုနှင့် ထိတွေ့ ဆက်ဆံမှုများ ပြုလုပ်လာသည်မှာလည်း ရှေ့ဆင့်နောက် ဆင့်ပင် ဖြစ်သည်။

ကရင် အမျိုးသား အစည်းအရုံး (KNU) မှ ၁၉၉၄ ခုနှစ်တွင် ခွဲထွက်လာသော DKBA သည် ၂၀၀၉ ခုနှစ်တွင် စစ်အစိုးရ ၏ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ရန် ညွှန်ကြားချက်ကို လက်မခံခဲ့သော်လည်း ဗိုလ်မှူးချုပ် စောချစ်သူ ဦး ဆောင်သည့် တပ်ဖွဲ့ဝင်များက လက်ခံခဲ့ရာ ၎င်း၏ တပ်ဖွဲ့ဝင်များသည် BGF ဖြစ်လာသည်။

BGF သည် တပ်ရင်း ၁၃ ရင်း ပါဝင်သည့် တပ်နယ် ၄ ခုဖြင့် ဖွဲ့စည်းထားပြီး မြဝတီ၊ လှိုင်းဘွဲ့၊ ဖာပွန်နှင့် ကြာအင်းဆိပ်ကြး မြို့များတွင် တပ်များကို အခြေစိုက်ထားသည်။ BGF တွင် တပ်ဖွဲ့ဝင် စုစုပေါင်းအင်အား ၃၀၀၀ ခန့်ရှိကြောင်း လေ့ လာသူများက ခန့်မှန်းကြသည်။

ကရင်ပြည်နယ်ရှိ ရှေ့တန်း စခန်းများတွင် တာဝန် ထမ်းဆောင်ခဲ့ပြီး အာဏာသိမ်းပြီးနောက် လူထုအာဏာဖီဆန်ရေး (CDM) တွင် ပါဝင်လာသည့် ဗိုလ်ကြီး လင်းထက်အောင်ကမူ BGF တပ်များက ကရင်လူထုအား စည်းရုံးရေး ဆင်းနေ သော်လည်း ကရင်ပြည်နယ်ရှိ ဒေသခံလူထုက လက်ခံမည် မဟုတ်ကြောင်း သုံးသပ်သည်။

“လူထုက KNU ရဲ့ သဘောအတိုင်းပဲ သွားလိမ့်မယ်လို့ ထင်တယ်။ BGF က ကျောင်းတွေ ဘယ်လိုပဲ တက်ခိုင်း တက်ခိုင်း၊ ဖိအား ဘယ်လိုပေးပေးရမှာ မဟုတ်ဘူး။ BGF တွေ နားမှာကို စစ်တပ်ရဲ့ တပ်မမှူးတွေ ကိုယ်တိုင်က အမြဲ တမ်း ဘာလုပ်ပါဆိုတာမျိုး ပြောနေတာမျိုးရှိတယ်။ ဥပမာဆိုရရင် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူဆိုရင် ရွှေကုက္ကိုလ်မှာ ရှိနေပေမယ့် သင်္ကန်းညီနောင်မှာ အခြေချ စစ်ဗျူဟာမှူးတယောက်ရှိတယ်။ ရှေ့တန်း စကခမှူး တယောက်ရှိတယ်။ အဲဒီ ၂ ယောက်က အမြဲတမ်းလိုလို ရွှေကုက္ကိုလ်သွားပြီး ဘာလုပ်ပါ။ ညာလုပ်ပါလို့ ဖိအားပေး နေတာ။ ပြောရရင် BGF ခေါင်းဆောင်တွေက စစ်တပ်အလိုကျ လိုက်လုပ်နေရတာ များတယ်။ ဆိုတော့ ဘယ်နေရာပဲ ဖြစ်ဖြစ် BGF ဖြစ်စေချင်တိုင်းတော့ ဖြစ်မှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

နိုင်ငံရေး လေ့လာသည့် သုတေသီ Shona Loong ၏ The Karen National Union in Post-Coup Myanmar စာတမ်းအရ KNU ၏ အုပ်ချုပ်မှုနယ်‌မြေတွင် ဒေသခံ ၁ သိန်းကျော်ရှိပြီး ဒေသခံ ၉၁ ရာခိုင်နှုန်းက KNU အား ထောက်ခံကြကြောင်း သိရသည်။

ထို့ပြင် ဗိုလ်ကြီး လင်းထက်အောင်က ယခုကဲ့သို့ BGF ဘက်က လှုပ်ရှားလာခြင်းသည် မြဝတီမြို့နယ်တွင် BGF အတွက် ငွေကြေး မြတ်စွန်းစေမည့် စီးပွားရေးလုပ်ငန်းများရှိနေသဖြင့် မြဝတီမြို့နယ်ဝန်းကျင်တွင် တိုက်ပွဲမဖြစ်စေရေး အပါအဝင် လျှပ်တပြက်တိုက်ခိုက်ခံရမှုများ မကြုံရစေရေး BGF ဘက်က ပြင်ဆင်လုပ်ဆောင်လာခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

ဇွန် ၅ ရက်က ဖလူးကြီးကျေးရွာတွင် BGF၊ DKBA တပ်ဖွဲ့ဝင်များ ဒေသခံလူထုနှင့် တွေ့ဆုံနေစဉ် (ဓာတ်ပုံ-CJ)

“မြဝတီသာ ဆုံးရှုံးလိုက်ရင် စစ်တပ်အတွက်ရော၊ BGF အတွက်ပါ နယ်မြေပျောက်သွားမှာ။ ပြောရရင်တော့ မြဝတီ ဆိုတာ BGF တပ်နဲ့ စစ်တပ်တွေအတွက် စီးပွားရေး နယ်မြေတခုပဲ။ လက်နက်ကိစ္စဖြစ်ပါစေ၊ မူးယစ်ဆေးဝါး၊ လောင်း ကစားကိစ္စ၊ ကုန်သွယ်မှု စတဲ့ တရားမဝင် ကိစ္စတွေ ရှိတယ်။ မြဝတီကို ဆုံးရှုံးလိုက်ရင် မြဝတီဘေးပတ်လည်က စစ်စခန်းတွေကလည်း အရာ မရောက်တော့ဘူးပေါ့။ မြဝတီကို ကာဖို့အတွက် ကစားကွက်ပြင်လိုက်တဲ့သဘောလို့ သုံးသပ်လို့ ရပါတယ်” ဟု ၎င်းက ဆိုသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
45
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
36
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
243

အချို့သော BGF အရာရှိများကလည်း ၎င်းတို့အနေနှင့် လက်ရှိဖြစ်နေသည့် တိုက်ပွဲများနှင့် နိုင်ငံရေး ပဋိပက္ခတွင် မပါ ဝင်လိုဘဲ ကြားနေအဖြစ်သာနေလိုပြီး ၎င်းတို့ စီးပွားရေးများအား ပုံမှန်အတိုင်း လုပ်ကိုင်ချင်ကြကြောင်း ပြောဆိုကြ သည်။

သို့သော်လည်း BGF သည် စစ်ကောင်စီတပ်၏ လက်အောက်ခံတပ်ဖွဲ့ ဖြစ်သဖြင့် စစ်ကောင်စီ၏ ညွှန်ကြားချက်ကို လွန်ဆန်နိုင်ပုံ မရပေ။

အာဏာသိမ်း စစ်ကောင်စီတပ်သည် မြန်မာနိုင်ငံ တောင်ပိုင်းရှိ မြို့ပြပြောက်ကျား လှုပ်ရှားမှုများ အားလုံးမှာ KNU တပ် မဟာ ၆ ကွပ်ကဲမှုအောက်ရှိ လေးကေကော်မြို့သစ်မှ မြစ်ဖျားခံလာသည်ဟု ယူဆပြီး မြဝတီမြို့နယ်ရှိ လေးကေကော် သို့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း စစ်ဆင်ခဲ့ရာမှ လက်ရှိကာလတိုင်အောင် မြဝတီမြို့နယ် တဝိုက်တွင် တိုက်ပွဲများ မရပ်တန့်နိုင်ခြင်း ဖြစ်သည်။

စစ်ကောင်စီက လေးကေကော်ကို ထိန်းချုပ်ပြီး ပြည်သူ့ကာကွယ်ရေးတပ် PDF များ အားလုံးနှိမ်နင်းရန် ကြံစည်ခဲ့သော် လည်း ထိုအကြံအစည်သည် အထမမြောက်ခဲ့ဘဲ KNU လက်အောက်ခံတပ်ဖွဲ့များ ဦးဆောင်ပြီး PDF များ ပါဝင်သည့် မဟာမိတ် တပ်ဖွဲ့များ၏ ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်မှုသာ ကြုံခဲ့ရသည်။

ထို့ကြောင့် ရည်မှန်းချက် အထမမြောက်သည့် စစ်ကောင်စီတပ်သည် ကရင်တိုင်းရင်သားများ ပါဝင်သည့် BGF နှင့် DKBA ကို သုံးကာ KNU နှင့် မဟာမိတ်တပ်များကို တိုက်ရန် တွက်ချက် ပြင်ဆင်လာခြင်းပေလောဟု လေ့လာသူများ က ခန့်မှန်းနေကြသည်။

အချို့သော လေ့လာသူများကလည်း ကရင်ပြည်နယ်တွင် အိုမင်းသော စစ်သည်များဖြင့် တပ်ဖြန့်ထားရသည့် စစ် ကောင်စီ တပ်သည် မိုးတွင်းကာလတွင်ကြုံလာရနိုင်သည့် KNU နှင့် ကရင်ပူးပေါင်းတပ်များ၏ ထိုးစစ်ကို ကာကွယ် လိုသဖြင့် ကြိုပြင်လာခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ချသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပွားပြီးချိန်မှ စတင်ကာ KNU သည် ကရင်ပြည်နယ်တွင် အခြေအနေ ပေးပါ က စစ်ကောင်စီ၏ မဆုတ်တမ်း စစ်စခန်းများဖြစ်သည့် မော်ခီး၊ ကျောက်ညှပ်၊ သေဘောဘိုး စသည့် စခန်းများကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။

You may also like these stories:

KNU တပ်မဟာ ၁ နှင့် ၅ က BGF တပ်တွေ ပြန်ဆုတ်

ကချင်ပြည်နယ်အတွင်းရှိ BGF နှင့် ပြည်သူ့စစ်များကို တိုက်မည်ဟု KIO ကြေညာ

PDF တွေကို လက်နက် မပေးဖို့ UWSP ကို စစ်ကောင်စီ ပြော

Your Thoughts …
Tags: BGFKNUကရင်ပြည်နယ်စစ်ကောင်စီမြဝတီ
စောရယ်

စောရယ်

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ကန်ပက်လက် CDF တပ်များ စစ်သင်တန်းပေးနေစဉ် / CDF Kanpetlet

ကန်ပက်လက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်နေ

အညာစစ်မျက်နှာ ဘာကြောင့်အရေးပါလဲ (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

21 hours ago
1.4k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved