အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့အခြေစိုက် လူထုရေးရာ မူဝါဒဆိုင်ရာ သုတေသနအဖွဲ့အစည်းဖြစ်သော The Woodrow Wilson International Center for Scholars တွင် သွားရောက် သုတေသနလုပ်နေသည့် ကိုရဲမျိုးဟိန်းက One Year On: The Momentum of Myanmar’s Armed Rebellion မြန်မာ့လက်နက်ကိုင် ပုန်ကန်မှု၏ အရှိန်အဟုန် တနှစ်ကျော် ဟု အမည်ပေးထားသည့် သုတေသနအစီရင်ခံစာတစောင်ကို မကြာသေးခင်က ရေးသားပြုစုထုတ်ဝေ ဖြန့်ချိခဲ့သည်။ ထိုအစီရင်ခံစာနှင့် အညာစစ်မျက်နှာပြင်က လက်နက်ကိုင် နွေဦးတော်လှန်ရေးမှာ ဘာကြောင့် အရေးပါပုံအား ကိုရဲမျိုးဟိန်းက ရှင်းပြပြောကြားထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။













