ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ မြန်မာ့နိုင်ငံရေးကနေ နှစ်နဲ့ချီ ပျောက်ဆုံးနေသူတယောက် နိုင်ငံရေးဇာတ်ခုံအလယ်ကို ရုတ်ချည်းဆိုသလို ပြန်လည် ဝင်ရောက်လာခဲ့ပြီး သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုကိုလည်း ရရှိခဲ့ပါတယ်။ သူကတော့ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ နိုင်ငံတော်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ပါ။
တယောက်တည်း အေးအေးလူလူ အပင်စိုက်၊ စာရေး၊ ပန်းချီဆွဲ လုပ်နေရာကနေ တရုတ်နိုင်ငံဆီက “ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး အခြေခံမူ ငါးချက် နှစ် ၇၀ ပြည့် နှစ်ပတ်လည်အခမ်းအနား” ကို တက်ရောက်ဖို့ ဖိတ်ကြားခံရလို့ ဦးသိန်းစိန် တရုတ်ပြည်ကို ထွက်ခွာခဲ့ပါတယ်။ လက်ရှိကာလမှာ နိုင်ငံတော်ဝန်ကြီးချုပ် တာဝန်ယူထားတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မဖိတ်ကြားဘဲ ဘာရာထူးလက်ကိုင်မှ မရှိတော့တဲ့ သမ္မတဟောင်းတယောက်ကို ဖိတ်ကြားတာဟာ ထူးဆန်းတဲ့ ကိစ္စတခု ဖြစ်တဲ့အတွက် နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကြား ဂယက်ရိုက်သွားခဲ့ပါတယ်။
အခမ်းအနားမှာလည်း ဦးသိန်းစိန်ကို ချောင်ထိုးထားတာမျိုး မဟုတ်ဘဲ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နားမှာ နေရာပေးထားခဲ့သလို နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိတို့လို ထိပ်သီးပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။
ဦးသိန်းစိန်ကို တရုတ်အစိုးရက သီးသန့်ဖိတ်ကြားတာနဲ့ ပက်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီထင်မြင်ချက်တွေထဲက တခုကတော့ တရုတ်အစိုးရဟာ နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုခြင်းကို မခံရတဲ့ မင်းအောင်လှိုင်အစိုးရကို စိတ်ကုန်နေပြီလားဆိုတာပါပဲ။
ဦးသိန်းစိန်ကို တရုတ်အစိုးရက သီးသန့်ဖိတ်ကြားတာနဲ့ ပက်သက်ပြီး ထင်မြင်ချက်အမျိုးမျိုးလည်း ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီထင်မြင်ချက်တွေထဲက တခုကတော့ တရုတ်အစိုးရဟာ နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုခြင်းကို မခံရတဲ့ မင်းအောင်လှိုင်အစိုးရကို စိတ်ကုန်နေပြီလားဆိုတာပါပဲ။
အာဏာသိမ်းပြီး သုံးနှစ်ကျော်လာတဲ့အထိ စစ်ကောင်စီကို နိုင်ငံတကာ သတင်းမီဒီယာတွေက အာဏာသိမ်းအစိုးရ Junta လို့ ခေါ်ဝေါ်သုံးစွဲနေတုန်းဖြစ်သလို နိုင်ငံကြီးတွေကလည်း သံတမန်ဆက်ဆံရေး အဆင့်အတန်း လျှော့ထားဆဲ ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ စစ်ကောင်စီကို အကူအညီပေးမှုနဲ့ တရုတ်အစိုးရကို မြန်မာပြည်သူတွေရဲ့ မုန်းတီးမှုဟာ တဖြည်းဖြည်း မြင့်တက်လာနေပါတယ်။
တရုတ်အစိုးရဟာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေဖြစ်ကြောင်းပုံရိပ်ကို ငွေကြေးနည်းပညာ အထောက်အပံ့တွေပေးပြီး တည်ဆောက်ဖို့ ကြိုးစားနေပေမယ့် ဒီကြိုးပမ်းမှုဟာ စစ်ကောင်စီ ရှိနေသရွေ့ အရာထင်မှာ မဟုတ်ကြောင်းကို နားလည်လာဟန် တူပါတယ်။ ဒါကြောင့်ပဲ ယခင်အစိုးရတွေထဲမှာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ထဲထဲဝင်ဝင် ရရှိခဲ့တဲ့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဦးသိန်းစိန်ကို ပြီးခဲ့တဲ့လကုန်က အခမ်းအနားတက်ရောက်ဖို့ ဖိတ်ကြားကာ ယခင်အခြေအနေကို ပြန်လိုချင်ကြောင်း အရိပ်အမြွက်ပြတာ ဖြစ်နိုင်ပါတယ်။
ဒီမှန်းချက်ကို ပိုပြီးခိုင်လုံစေခဲ့တာကတော့ စင်ကာပူအခြေစိုက် CNA သတင်းဌာနရဲ့ ဖော်ပြချက်ပဲ ဖြစ်ပါတယ်။ CNA သတင်းဌာနက မစ္စတာ ဝမ်ယိဟာ ဦးသိန်းစိန်နဲ့ တွေ့ဆုံချိန်မှာ မင်းအောင်လှိုင်ကို အာဏာစွန့်ဖို့အတွက် ဖျောင်းဖျဖို့ တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။
သံလွင်တိုင်းမ် သတင်းဌာနကလည်း မင်းအောင်လှိုင် ရွေးကောက်ပွဲလုပ်ဖို့ ရက်အတိအကျ မပေးသေးသရွေ့ မင်းအောင်လှိုင်ကို အခမ်းအနားတွေ ဖိတ်ကြားမှာ မဟုတ်ဘူးလို့ တင်ပြထားတာကို တွေ့ရပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် တရုတ်ဟာ သူအကူအညီတခုပေးတိုင်း စစ်ကောင်စီကို အကူအညီပေးတယ်လို့ပဲ ထင်ကြပြီး မြန်မာပြည်သူတွေက ပိုမိုမုန်းတီးလာတာ၊ ကျားဖြန့်ကိစ္စ၊ နယ်စပ်တိုက်ပွဲတွေကိစ္စတွေ ပေါင်းပြီးတော့ မင်းအောင်လှိုင်အစိုးရကို မျက်မုန်းကျိုးလာတာကြောင့် ဦးသိန်းစိန်ကို တရုတ်သို့ ဖိတ်ကာ အမြင်မကြည်မှုကို အရိပ်အယောင်ပြတယ်လို့ ရှုမြင်သုံးသပ်မိပါတယ်။
ဦးသိန်းစိန်အစိုးရဟာ အစိုးရဖြစ်ခါစမှာ စစ်အစိုးရအဆက်ဆက် ဝေးကွာနေတဲ့ အနောက်အုပ်စုနဲ့ ပြန်လည် နီးစပ်နိုင်ဖို့ ကြိုးစားခဲ့သလို အနောက်အုပ်စုကလည်း အဲဒီအချိန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးခဲ့ပါတယ်။ အမေရိကန်သမ္မတ ဘားရက် အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်တို့ မြန်မာနိုင်ငံကို လာရောက်ခဲ့ကြပြီး ဦးသိန်းစိန်အစိုးရရဲ့ ဆင်ဆာစနစ် ဖျက်သိမ်းမှုတွေ၊ လွတ်လပ်စွာ စည်းရုံးခွင့်ကို ကန့်သတ်ထားတဲ့ ဥပဒေတွေကို ပယ်ဖျက်တာတွေ စတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို သောင်းသောင်းဖြဖြ ချီးကျုးအားပေးခဲ့ကြပါတယ်။
ဒါ့အပြင် ဦးသိန်းစိန်လက်ထက်က တရုတ်နဲ့ အဖုအထစ်ဖြစ်ခဲ့တဲ့ အချက်တချက် ရှိခဲ့ပါတယ်။ အဲဒါကတော့ အဲဒီအချိန်က လူထုရဲ့ ကန့်ကွက်ခြင်းကို ခံခဲ့ရတဲ့ တရုတ်ရဲ့ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်ရဲ့ မြန်မာအစိုးရကနေ တဖက်သတ် ဆိုင်းငံ့ပေးခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ဦးသိန်းစိန်လက်ထက်က တရုတ်နဲ့ အဖုအထစ်ဖြစ်ခဲ့တဲ့ အချက်တချက် ရှိခဲ့ပါတယ်။ အဲဒါကတော့ အဲဒီအချိန်က လူထုရဲ့ ကန့်ကွက်ခြင်းကို ခံခဲ့ရတဲ့ တရုတ်ရဲ့ မြစ်ဆုံစီမံကိန်းကို ဦးသိန်းစိန်ရဲ့ မြန်မာအစိုးရကနေ တဖက်သတ် ဆိုင်းငံ့ပေးခဲ့တဲ့ ဖြစ်စဉ်ပဲ ဖြစ်ပါတယ်။
ဦးသိန်းစိန်လိုမျိုး အကောင်းအဆိုး ဒွန်တွဲနေတဲ့ ဆက်ဆံရေးရှိခဲ့တဲ့သူကို အခမ်းအနားတက်ခိုင်း၊ အရေးပါတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေ့ခွင့်ပေးပြီး တရုတ်ရဲ့ မိတ်ဆွေပါလို့ ထုတ်ပြောတာဟာ နောက်ကြောင်းပြန်လှည့်စေချင်တာ၊ တနည်းအားဖြင့် ဒီမိုကရေစီစနစ် မသွားရင်နေပါ၊ ပြည်သူတွေ ကျေနပ်အောင် ဦးသိန်းစိန်လက်ထက်ကလို ဒီမိုကရေစီ အယောင်ပြလေးတော့ ပေးလိုက်ပါလို့ ပြောချင်တာကလွဲပြီး ဘာများဖြစ်နိုင်ဦးမလဲ။
ဒီမိုကရေစီ အယောင်ပြပေးတာတော့ ဟုတ်ပါရဲ့။ အဲဒီ အယောင်ပြစနစ်ရဲ့ ဦးသျှောင်အဖြစ် ဘယ်သူ့ကို ထားမှာလဲဆိုတာတော့ မေးစရာရှိလာပါပြီ။ ဒီမေးခွန်းကို ဖြေဖို့အတွက်လည်း တရုတ်က အရိပ်အယောင်ပြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှုးကြီး စိုးဝင်းကို လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ဖို့ ဖိတ်ကြားတဲ့အတွက် စိုးဝင်းဟာ တရုတ်နိုင်ငံကို ခရီးထွက်သွားခဲ့ပါတယ်။
ဒါဟာ ရာထူးကြီး စစ်ကောင်စီခေါင်းဆောင် တယောက်ကို တရုတ်နိုင်ငံသို့ အခမ်းအနားတက်ရောက်ဖို့ ဖိတ်ခေါ်တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ သံလွင်တိုင်းမ်ရဲ့ သတင်းအရ ဒုစစ်ခေါင်းဆောင်နဲ့ ပုဂ္ဂိုလ်ရေးအရ မကျေမလည်ဖြစ်နေတဲ့ မင်းအောင်လှိုင်ဟာ စိုးဝင်း တရုတ်မသွားနိုင်ဖို့ ဖျက်လိုဖျက်ဆီး လုပ်ခဲ့သေးတယ်လို့ ဆိုပါတယ်။ ဒါကို ကြည့်ခြင်းဖြင့် အခုအစည်းအဝေးအတွက် ဖိတ်ခေါ်မှုမှာ တရုတ်ဟာ ဒုစစ်ခေါင်းဆောင်ကို အလေးပေး ဆက်ဆံနေကြောင်း ထင်ရှားပြီး မင်းအောင်လှိုင်ကလည်း ဒါကို ရိပ်မိတဲ့အတွက် ကဖျက်ယဖျက်လုပ်တာလား ဆိုတာကလည်း စဉ်းစားစရာပါပဲ။
ဒါ့အပြင် မစ္စတာ ဝမ်ယိရဲ့ ဦးသိန်းစိန်ကို မင်းအောင်လှိုင် အာဏာစွန့်ဖို့ စည်းရုံးစေမှုကို ထောက်ခြင်းဖြင့် တရုတ်ဟာ မင်းအောင်လှိုင် အာဏာစွန့်ပြီးရင် စိုးဝင်းကို မင်းအောင်လှိုင်နေရာ ဝင်စေချင်လို့ အရိပ်အယောင် ပြနေတယ်လို့လည်း သုံးသပ်လို့ရပါတယ်။
အာဏာသိမ်းပြီးကာစက စပြီး ယခုအချိန်အထိ မြန်မာ့အရေးဟာ တရုတ်အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့တယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီး တရုတ်အတွက် ပထမဦးစားပေးဟာ ကျားဖြန့်ကိစ္စ နှိမ်နှင်းရေးပဲဖြစ်တယ်။ စစ်တပ်နဲ့ ပလဲပနံသင့်တဲ့ ကျားဖြန့်အဖွဲ့တွေဟာ မြန်မာပြည်တွင်း အခြေချနေတာ ကြာနေပြီဖြစ်ပြီးတော့ အာဏာသိမ်းပြီးကာလမှာ ကျားဖြန့်တွေ ပိုပြီးတော့ တွင်ကျယ်လာခဲ့တယ်။
တရုတ်အစိုးရက အကြိမ်ကြိမ် ဖိအားပေးမှသာ ကျားဖြန့်ဂိုဏ်းတချို့ကို ဖမ်းဆီးပြီးတော့ တရုတ်အစိုးရလက်ထဲကို ပြန်လွှဲလေ့ရှိတယ်။ အခုချိန်ထိလည်း ကျားဖြန့်လုပ်ငန်းတွေ မြန်မာပြည်ထဲ တွင်ကျယ်နေတုန်းပါပဲ။
တရုတ်အစိုးရက အကြိမ်ကြိမ် ဖိအားပေးမှသာ ကျားဖြန့်ဂိုဏ်းတချို့ကို ဖမ်းဆီးပြီးတော့ တရုတ်အစိုးရလက်ထဲကို ပြန်လွှဲလေ့ရှိတယ်။ အခုချိန်ထိလည်း ကျားဖြန့်လုပ်ငန်းတွေ မြန်မာပြည်ထဲ တွင်ကျယ်နေတုန်းပါပဲ။
မင်းအောင်လှိုင်အစိုးရဟာ ကျားဖြန့်လုပ်ငန်းတွေကို တရုတ်အစိုးရ ကျေနပ်လောက်အောင် ဖြေရှင်းမပေးနိုင်တဲ့အတွက်လည်း မင်းအောင်လှိုင်အစိုးရကို နောက်ဆုတ်စေပြီး ပိုပြီးတော့ နိုင်ငံတကာအလယ် မျက်နှာပွင့်၊ တရားဝင်မှု ရှိမယ့်၊ အတုအယောင်ဖြစ်သည့်တိုင် ရွေးကောက်ပွဲနဲ့ တက်လာမယ့်၊ တရုတ်အစိုးရရဲ့ လိုအပ်ချက်တွေကို ပိုဖြည့်ဆည်းပေးနိုင်မယ့် အစိုးရတရပ်ကို အလိုရှိနေသလားဆိုတာ စဉ်းစားစရာပါပဲ။
နောက်ထပ် တချက်ကတော့ နယ်မြေတည်ငြိမ်မှုနဲ့ တရုတ်အကျိုးစီးပွားပါ။ ၁၀၂၇ စစ်ဆင်ရေး စတင်ကတည်းက တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကချင်နဲ့ ရှမ်းမြောက်တလျှောက်ဟာ လှုပ်ခတ်နေခဲ့ပါတယ်။ လောက်ကိုင်၊ ချင်းရွေဟော် စတဲ့ တရုတ်နဲ့ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး အချက်အချာမြို့တွေ မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့လက်ထဲ ကျရောက်သွားသလို စစ်ရှောင်တွေလည်း တရုတ်ပြည်ထဲကို ထွက်ပြေးရတာတွေ ရှိပါတယ်။
ဒါ့အပြင် တရုတ်နယ်နိမိတ်ထဲ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတာကိုလည်း တရုတ်အစိုးရက အမြင်ကြည်မယ် မထင်ပါဘူး။ စစ်ဆင်ရေးစပြီး သုံးလလောက်အကြာမှာ တရုတ်က ဟိုင်ဂင်သဘောတူညီချက် ဖြစ်အောင် ဝင်ရောက်စေ့စပ်ပြီး အပစ်ရပ်ပေးတယ်။ အခုလပိုင်းအကြာမှာပဲ စာချုပ်ပျက်ပြယ်ပြီး တိုက်ပွဲပြန်ဖြစ်တယ်။
တရုတ်က သူကြားဝင်ပေးထားတဲ့ အပစ်ရပ်မှု ပျက်ပြယ်သွားတော့ သူလည်း နာမည်ကျရပါတယ်။ ဒါကိုလည်း အမြင်ကြည်နိုင်မယ် မထင်ပါဘူး။ ဒါ့အပြင် တိုက်ပွဲဖြစ်တော့ ကျောက်ဖြူလို နေရာမှာရှိတဲ့ တရုတ်စီမံကိန်းတွေလည်း ကောင်းကောင်း လည်ပတ်နိုင်ခြင်းမရှိလို တရုတ်အကျိုးစီးပွား ထိခိုက်ရပါတယ်။
ပြန်ချုပ်ရမယ်ဆိုရင်တော့ ဦးသိန်းစိန်နဲ့ ဒုစစ်ခေါင်းဆောင်တိုရဲ့ တရုတ်ခရီးစဉ်ဟာ လက်ရှိ မြန်မာ့နိုင်ငံရေးအပေါ် အကျိုးကြီးကြီးမားမား သက်ရောက်နိုင်တာမို့ ဆက်လက်စောင့်ကြည့်ရမယ့် ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။
(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။)
You may also like these stories:
မင်းအောင်လှိုင် ကိုယ်စား ဦးသိန်းစိန်က တရုတ်ကို အကူအညီတောင်းခဲ့သလား
စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်
ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ
ဦးသိန်းစိန်ရဲ့ တရုတ်ခရီးစဉ်နဲ့ အရှိန်မြင့်လာတဲ့ ၁၀၂၇ စစ်ဆင်ရေး (ရုပ်/သံ)
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ
တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့