• English
Monday, May 12, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ

by ဧရာဝတီ
29 June 2024
in ဆောင်းပါး
A A
သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သွားတဲ့အခါ

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် မြန်မာသမ္မတ ဦးသိန်းစိန်တို့ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့က ဘေဂျင်းတွင် တွေ့ဆုံစဉ် / AFP

4.8k
VIEWS
Share on FacebookShare on Twitter

သမ္မတဟောင်း ဦးသိန်းစိန် တရုတ်သို့ သွားရောက်သည့် သတင်းကို ဖတ်ရပြီးနောက် မြန်မာမှ ခေတ်ကောင်းများ (သို့မဟုတ် လက်တွေ့တွင် ခေတ်ဆိုးများ) ကို သတိရစေသည်။

အသက် ၇၉ နှစ် ရှိပြီဖြစ်သော ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်သည် အရပ်သားအစိုးရအတု၏ မြန်မာကို ပြုပြင်ပြောင်းလဲရေး သမ္မတဟုဆိုကာ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် အစောပိုင်းအထိ အုပ်ချုပ်ခဲ့သော်လည်း ၂၀၁၅ ခုနှစ် သမိုင်းဝင် ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာလွှဲပြောင်းပေးရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

12 May 2025
2.4k
မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

12 May 2025
711
မြိတ်မြို့

မြိတ်မြို့

11 May 2025
481

သို့သော် ယခုအပတ်တွင် သူသည် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်ကြေညာခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် သတင်းခေါင်းစဉ်များတွင် ပြန်လည် ပါဝင်လာသည်။ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက်ဆိုသည်မှာ တရုတ်နိုင်ငံကွန်မြူနစ် အုပ်ချုပ်ရေး အစောပိုင်းတွင် ချမှတ်သည့် တရုတ်နိုင်ငံခြား ဆက်ဆံရေးကို ထိန်းချုပ်သည့် မူများဖြစ်သည်။ ထိုခရီးစဉ်သည် လွန်ခဲ့သော သုံးနှစ်ကျော်က စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံဖရိုဖရဲဖြစ်ပြီး ဦးသိန်းစိန်၏ ပထမဆုံး ပြည်ပခရီး ဖြစ်သည်။

မှတ်သားစရာကောင်းသည်မှာ တရုတ်အစိုးရသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ပြည်ထဲရေး ဝန်ကြီးအပါအဝင် စစ်ကောင်စီ၏ အဓိကဝန်ကြီး လက်တဆုပ်စာကို အခါအားလျော်စွာ ဖိတ်ကြားသော်လည်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် တရုတ်သို့ ဖိတ်ကြားမှု မရှိခြင်း ဖြစ်သည်။

မြန်မာအတိုက်အခံများနှင့် တက်ကြွလှုပ်ရှားသူ အများအပြားက မြန်မာသို့ လက်နက် အဓိက ရောင်းချသည့် နိုင်ငံဖြစ်သော တရုတ်အနေဖြင့် စစ်ကောင်စီကို အသိအမှတ် မပြုရန် တောင်းဆိုထားသည်။

တရုတ်နှင့် နီးကပ်သည့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများဖြစ်ပွားနေစဉ် ဦးသိန်းစိန်ကို ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် အထိမ်းအမှတ် အခမ်းအနားသို့ သွားခြင်းသည် ရယ်စရာဖြစ်သည်။

တရုတ်နှင့် နီးကပ်သည့် ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်များအကြား တိုက်ပွဲများဖြစ်ပွားနေစဉ် ဦးသိန်းစိန် ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးမူ ၅ ချက် အထိမ်းအမှတ် အခမ်းအနားသို့ သွားခြင်းသည် ရယ်စရာဖြစ်သည်။

တရုတ်သံအမတ် ဦးသန်းရွှေအား ၂၀၂၄ ဧပြီလအတွင်း လာတွေ့စဉ်

ညီနောင်မဟာမိတ် သုံးဖွဲ့က လွန်ခဲ့သောနှစ် နှောင်းပိုင်းတွင် စတင်သည့် ၁၀၂၇ စစ်ဆင်ရေး ပြန်လည် စတင်ခြင်းသည် တရုတ်က ကြားဝင်စေ့စပ်သည့် အပစ်အခတ်ရပ်စဲရေးကို တစစီပျက်ဆီးစေသည်။ တရုတ်သည် မြန်မာနိုင်ငံတွင်းမှ အွန်လိုင်း ငွေကြေးလိမ်လည်မှုဂိုဏ်းများကို ပစ်မှတ်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် ထိုးစစ်ကို မီးစိမ်းပြခဲ့ပုံရသည်။ ညီနောင်မဟာမိတ်က စစ်ကောင်စီသည် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ပြီး ထိုးစစ်ကို စတင်စေသည်ဟု ပြောသည်။

မြေပြင်တွင် ၁၀၂၇ စစ်ဆင်ရေးသည် မြန်မာနိုင်ငံမြောက်ပိုင်းမှ ပထဝီနိုင်ငံရေးကို သိသိသာသာ ပြောင်းလဲစေပြီး ခုခံဆန့်ကျင်ရေး အင်အားစုများအတွက် နယ်မြေသိမ်းပိုက်မှုများနှင့် သေနင်္ဂဗျူဟာ အောင်ပွဲများရစေသည်။

ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးအနီးတွင် လက်ရှိ တိုက်ပွဲများကြောင့် သီးခြား တွေ့ဆုံဆွေးနွေးပွဲများတွင် ဦးသိန်းစိန်နှင့် တရုတ်သည် တရားဝင် အစီအစဉ်များကို ကျော်လွန် ဆွေးနွေးမည်ဟု ထင်ကြေးပေးမှုများ ရှိသည်။

စစ်ကောင်စီ ခေါင်းဆောင်များသည် နောက်ထပ် အပစ်အခတ်ရပ်စဲရေးအတွက် သမ္မတဟောင်းကို တောင်းဆိုမည်ဟု ခန့်မှန်းချက်များ ပျံ့နှံ့နေသည်။ ထို့ကြောင့် ထိုခရီးစဉ်သည် တရုတ်သို့ တစိတ်ပိုင်း တရားဝင် နိုင်ငံတော်ခရီးဟု ယူဆရသည်။

မြန်မာသည် အပယ်ခံဘဝဖြင့် ဆယ်စုနှစ်များစွာ ကြာပြီးနောက် ဦးသိန်းစိန်အစိုးရသည် နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ခွင့်ပေးပြီ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် ထောက်ခံမှု အတိုင်းအတာတခုအထိ ရသည်။ နိုင်ငံတကာ မီဒီယာများက သူ့ကို ဆိုဗီယက်ယူနီယံ နောက်ဆုံးခေါင်းဆောင် မစ်ခေး ဂေါ်ဘာချော့ဗ်နှင့် နှိုင်းယှဉ်ရေးသားသည်။

အာဏာစွန့်လွှတ်ရပြီးနောက် ဦးသိန်းစိန်သည် ယခင် လုပ်ဖော်ကိုင်ဘက်ဟောင်းများ၊ လက်အောက်ငယ်သားများနှင့် ကင်းကင်းနေပြီး နေပြည်တော်မှ စံအိမ်တွင် အငြိမ်းစားဘဝ စံစားသည်။ ပုဗ္ဗသီရိမြို့နယ်မှ ခြောက်လုံးတန်းဟု ခေါ်သောနေရာတွင် သူသည် အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် ဗိုလ်ချုပ်ဟောင်းများနှင့် အတူနေသည်။

၂၀၂၃ ခုနှစ်၊ မတ်လ တော်လှန်ရေးနေ့တွင် သမ္မတဟောင်း ဦးသိန်းစိန်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ သူ့ဇနီးနှင့် တပည့်များ အပါအဝင် ဂုဏ်သရေရှိ ဧည့်သည်များကို အကြံဉာဏ်ပေးခဲ့သူများတွင် ပါဝင်သည်။ သူ မည်သို့ အကြံပေးခဲ့သည်ကို မသိရပေ။

၂၀၂၃ ခုနှစ်၊ မတ်လ တော်လှန်ရေးနေ့တွင် သမ္မတဟောင်း ဦးသိန်းစိန်သည် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်၊ သူ့ဇနီးနှင့် တပည့်များ အပါအဝင် ဂုဏ်သရေရှိ ဧည့်သည်များကို အကြံဉာဏ် ပေးခဲ့သူများတွင် ပါဝင်သည်။ သူ မည်သည့် အကြံပေးခဲ့သည်ကို မသိရပေ။

ထိုအခမ်းအနားတွင် ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် မင်းအောင်လှိုင်သည် ဦးသိန်းစိန်ရှေ့တွင် လက်ဆောင်မပေးမီ မြန်မာ့ရိုးရာ အစဉ်အလာအရ ဒူးထောက် လက်အုပ်ချီကာ ကန်တော့သည်။

တရုတ်သည် ဦးသိန်းစိန်၊ အာဏာရှင်ဟောင်း ဦးသန်းရွှေ အပါအဝင် ဗိုလ်ချုပ်ဟောင်းများနှင့် ဆက်လက် ဆက်ဆံနေသည်။ တရုတ်မှ အဆင့်မြင့်အရာရှိများသည် ထိုသူများကို နေအိမ်များတွင် သွားရောက် တွေ့ဆုံကြသောကြောင့် ထိုခေါင်းဆောင်ဟောင်းများသည် မြန်မာတွင် ပြန်လည် တည်ငြိမ်ရေးအတွက် ကူညီနိုင်မည်ဟု ခန့်မှန်းချက်များ ဖြစ်စေသည်။

တရုတ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ရန် ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်သည်ဟု သိရသည်။

ဧပြီလတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ချန်ဟိုင်းသည် ဦးသန်းရွှေ၊ သူ၏လက်ထောက် ဦးမောင်အေးနှင့် ဦးသိန်းစိန်ကို နေပြည်တော်တွင် သွားရောက် တွေ့ဆုံသည်ဟု တရုတ်သံရုံး ကြေညာချက်တခုအရ သိရသည်။

ဦးသိန်းစိန်နှင့် မစ္စတာ ချန်တို့သည် မြန်မာနိုင်ငံအခြေအနေနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးသည်ဟု တရုတ်သံရုံးက Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

ထိုအပတ်တွင်ပင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းသည်။ အသက် ၇၉ နှစ် ရှိသော ထိုနိုဘယ်ဆုရှင်သည် အကျင့်ပျက်ခြစားမှုမှသည် ကိုဗစ်နိုင်တင်း စည်းကမ်းချိုးဖောက်မှုအထိ နိုင်ငံရေးပယောဂ မကင်းသည့် အမှုများအတွက် ထောင် ၂၇ နှစ် ချခံရသည်။

တချိန်တည်းတွင် လွန်ခဲ့သောအပတ်က အမေရိကန် အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒန်နီရယ် ဂျေ ခရစ်တန်ဘတ်သည် မြန်မာစစ်တပ် ရေတပ်ဗိုလ်မှူးချုပ် ကျော်လင်းဇော်နှင့် ဗီယက်နမ်တွင် တွေ့ဆုံသည်။ မင်းအောင်လှိုင်သည် ကျော်လင်းဇော်ကို ရွေးချယ်ပြီး ဗီယက်နမ်သို့ စေလွှတ်ခဲ့ကြောင်း အတွင်းသတင်းရင်းမြစ်များက ပြောသည်။

တရုတ်သံအမတ်နှင့်အဖွဲ့ ဦးသိန်းစိန်အား ၂၀၂၄ ဧပြီလအတွင်း လာတွေ့စဉ်

ထိုသို့တွေ့ဆုံခြင်းကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက မငြင်းဆန်သလို အတည်လည်း မပြုဘဲ “မိမိတို့သည် မြန်မာ စစ်ကောင်စီအနေဖြင့် ပြည်သူများကို အကြမ်းဖက်မှု ရပ်ရမည်၊ မတရား အငြင်းပွားဖွယ် ဖမ်းထားသူများကို လွှတ်ပေးရမည်၊ လူသားချင်းစာနာမှု အကူအညီ အတားအဆီးမရှိပေးရေး၊ ပြည်သူများ၏ တိုးတက်ရေးနှင့် အားလုံးအကျုံးဝင် ကိုယ်စားပြုသည့် ဒီမိုရေစီသို့ ပြန်သွားရေး အတွက် ဆက်လက် လုပ်ဆောင်နေကြောင်း စစ်ကောင်စီကို ရှင်းလင်းစွာ အသိပေးထားသည်” ဟု ပြောသည်။

ဟနွိုင်းအစည်းမဝေး မတိုင်မီ မင်းအောင်လှိုင်၏ လူယုံတဦးနှင့် ရန်ကုန်မှ အမေရိကန် စစ်သံမှူးသည် အများပြည်သူ မသိဘဲ အကြိမ်ကြိမ် တွေ့ခဲ့သည်။ ထိုဖြစ်ရပ်များကြောင့် အမေရိကန် ပြည်ထောင်စုသည် မင်းအောင်လှိုင်၏ ရုံးနှင့် ဆက်သွယ်ရေးလမ်းကြောင်း ဖွင့်ထားသကဲ့သို့ ဖြစ်နေသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ အမေရိကန် ပြည်ထောင်စုသည် မြန်မာအကျပ်အတည်းကို ချဉ်းကပ်မှုအသစ် ပြုလုပ်နေသည်။ အမေရိကန် ပြည်ထောင်စုက မည်သည်တို့ တောင်းဆိုသည် သို့မဟုတ် ထိုလုပ်ရပ်သည် အခြေအနေနှင့် ကိုက်ညီမှု ရှိ၊ မရှိကို စောင့်ကြည့်ရမည် ဖြစ်သည်။ တချိန်တည်းတွင် အမေရိကန် ပြည်ထောင်စုသည် စစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ဆက်လက်ချမှတ်သည်။

နိုင်ငံတံခါး မဖွင့်မီ ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းက ယခင် စစ်အုပ်စုသည်လည်း အလားတူစွာ အမေရိကန် ပြည်ထောင်စုနှင့် လျှို့ဝှက်ဆွေးနွေးပွဲများ ပြုလုပ်ဖူးသည်။ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန်နှင့် သက်ဆိုင်သူအားလုံး အကျုံးဝင်သည် ဆွေးနွေးပွဲ ကျင်းပရန် တောင်းဆိုသည်။

နိုင်ငံတံခါး မဖွင့်မီ ၂၀၀၀ ပြည့်နှစ်များ နှောင်းပိုင်းက ယခင် စစ်အုပ်စုသည်လည်း အလားတူစွာ အမေရိကန် ပြည်ထောင်စုနှင့် လျှို့ဝှက်ဆွေးနွေးပွဲများ ပြုလုပ်ဖူးသည်။ ထိုအချိန်တွင် အမေရိကန် ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရန်နှင့် သက်ဆိုင်သူအားလုံး အကျုံးဝင်သည် ဆွေးနွေးပွဲ ကျင်းပရန် တောင်းဆိုသည်။

ယခုအခါ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် မန္တလေးတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များသည် ရှမ်းပြည်မြောက်ပိုင်းမှ မြို့နယ်များကို ပိုမို သိမ်းပိုက်လာပြီး စစ်ကောင်စီက မြန်မာနိုင်ငံ ဒုတိယ အကြီးဆုံး မန္တလေးကို ထိန်းချုပ်မှုအား ခြိမ်းခြောက်လာသည်။ ထိုအချိန်တွင် တရုတ်နှင့် နီးစပ်သော အင်အားကြီးမားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် စစ်ပွဲမစတင်ရန် တရုတ်စကားကို နားထောင်လိုမည် မဟုတ်ပေ။

အမေရိကန် ပြည်ထောင်စုက မြန်မာကို နည်းဗျူဟာသစ် ကျင့်သုံးလာသောကြောင့်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တိုက်ပွဲများ စတင်လာသောကြောင့် ဦးသိန်းစိန်နှင့် တရုတ်အိမ်ရှင်များအတွက် ဘေဂျင်းတွင် ဆွေးနွေးစရာ အများအပြား ရှိမည်ဖြစ်သည်။

This article is supported by the Transition Promotion Programme, Ministry of Foreign Affairs of the Czech Republic.

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Ex-President Thein Sein Goes to China ကို ဘာသာပြန်သည်။)

You may also like these stories:

မြန်မာစစ်တပ်ကို တရုတ် ပစ်ပယ်မည် မဟုတ်

ဦးသိန်းစိန်နှင့် နိုင်ငံခြားဧည့်သည်များ တွေ့ဆုံမှု မျက်ခုံးပင့်စရာ

ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ

တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့

မြန်မာပြည် မီးလောင်နေလည်း ဦးသိန်းစိန် ပန်းချီဆွဲကောင်းနေ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးPDFSliderငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံရွေးကောက်ပွဲလူသားချင်းစာနာမှု အကူအညီအပစ်အခတ်ရပ်စဲရေးအမေရိကန်အရေးယူပိတ်ဆို့မှုအွန်လိုင်း ငွေကြေးလိမ်လည်မှုဦးသိန်းစိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
111.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
109.1k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
89.1k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
63.4k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
61.5k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.2k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
တရုတ်ရဲ့ နေပြည်တော် ခြေလှမ်း (ရုပ်/သံ)

တရုတ်ရဲ့ နေပြည်တော် ခြေလှမ်း (ရုပ်/သံ)

မိုးကုတ်မှာ တိုက်ပွဲ ပြင်းထန်နေ (ရုပ်/သံ)

မိုးကုတ်မှာ တိုက်ပွဲ ပြင်းထန်နေ (ရုပ်/သံ)

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

5 days ago
5.4k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

2 days ago
5.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate