• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်ကွန်မြူနစ်ပါတီက ဦးသန်းရွှေနှင့် ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံခဲ့

by ဧရာဝတီ
22 April 2023
in သတင်း
A A
၂၀၁၆ ခုနှစ်က နေပြည်တော်တွင် ယခင်နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ ဆုန်ထောင်နှင့် ဦးသန်းရွှေ တွေ့ဆုံခဲ့သည်

၂၀၁၆ ခုနှစ်က နေပြည်တော်တွင် ယခင်နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ ဆုန်ထောင်နှင့် ဦးသန်းရွှေ တွေ့ဆုံခဲ့သည်

14.4k
VIEWS
Share on FacebookShare on Twitter

တရုတ်ကွန်မြူနစ်ပါတီ (CPC) နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ် ပင်ရှိုဘင်သည် မြန်မာသို့ ဧပြီလ ၁၆ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၄ ရက်ကြာလာရောက်လည်ပတ်စဉ် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပင်ရှိုဘင်သည် ထိုဗိုလ်ချုပ်ဟောင်းနှစ်ဦးကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ၆ လုံးတန်းဟုခေါ်သည့် ချမ်းသာကြွယ်ဝသော ရပ်ကွက်မှ ၎င်းတို့၏ နေအိမ်များတွင် ဧပြီလ ၁၈ ရက်နေ့က အလွတ်သဘောတွေ့ဆုံခြင်းဖြစ်ကြောင်း ဦးသန်းရွှေနေအိမ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုပြောသည်။

ယခင်နိုင်ငံတကာဆက်ဆံရေးဌာန အကြီးအကဲ ဆုန်ထောင်က ပေးလိုက်သည့် လက်ဆောင်ကို ပင်ရှိုဘင်က ထို စစ်ခေါင်းဆောင်ဟောင်းများသို့ သွားရောက်ပေးအပ်ခြင်းဖြစ်သည်။ ဦးသန်းရွှေနှင့် ဆုန်ထောင်တို့သည် ဦးသန်းရွှေ ယခင်စစ်အုပ်စု အကြီးအကဲအဖြစ်မှ နုတ်ထွက်ပြီး ၅ နှစ်အကြာ ၂၀၁၆ ခုနှစ်က နေပြည်တော်တွင် နောက်ဆုံးတွေ့ဆုံခဲ့သည်။ ၎င်းတို့ ၂ ဦးသည် ဆက်ဆံရေးအဆင်ပြေသူများဖြစ်သောကြောင့် ဦးသန်းရွှေသည် ထိုလက်ဆောင်ကိုလက်ခံဖွယ်ရှိသည်ဟု အထက်ပါရင်းမြစ်ကပြောသည်။

ကချင်ပြည်နယ်မြစ်ဆုံမှ တရုတ်ကျောထောက်နောက်ခံပြု ဆည်စီမံကိန်းကြီးကို ဆိုင်းငံ့သည့် ဆုံးဖြတ်ချက်ကြောင့် CPC က စိတ်ပျက်ခဲ့ခဲ့သောကြောင့် ပင်ရှိုဘင်နှင့် ဦးသိန်းစိန်တွေ့ဆုံခြင်းကို အံ့သြမိကြောင်း ထိုသတင်းရင်းမြစ်ကပင်ပြောသည်။

သို့သော် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် တခါတရံ ဦးသန်းရွေထံမှသာမက ဦးသိန်းစိန်ထံမှပါ အကြံဉာဏ်တောင်းလေ့ ရှိသောကြောင့် ဦးသိန်းစိန်၏ အမြင်ကို တီးခေါက်ကြည့်ခြင်းဖြစ်နိုင်သည်။

CPC သည် ဧပြီလအစောပိုင်းတွင် မြန်မာမှ တိုင်းရင်းသားပါတီ ၅ ခုကို တရုတ်ပြည်သို့ ၁၀ ရက်ကြာ ဖိတ်ခေါ်ခဲ့သော်လည်း စစ်ကောင်စီက ခွင့်မပြုသောကြောင့် ထိုခရီးစဉ်ကို ဖျက်သိမ်းခဲ့ရသည်။

“CPC က တပါတီကို ၃ ယောက်နှုန်းနဲ့ဖိတ်တယ်။ ပါတီတွေက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာကို ခွင့်တောင်းတဲ့အခါ ပါတီတွေကို စိစစ်နေဆဲဖြစ်လို့ ခွင့်မပြုဘူးလို့ သူတို့ပြောတယ်” ဟု ပါတီခေါင်းဆောင်တဦးပြောသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
67
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
49

ဖန်က သူ၏ခရီးစဉ်အတွင်း ထိုတရုတ်ပြည်သို့ ဖိတ်ခေါ်ခဲ့သည့် နိုင်ငံရေးပါတီ ၅ ခုနှင့် တွေ့ဆုံရန် အဆိုပြုသော်လည်း ထိုတောင်းဆိုမှုကို စစ်ကောင်စီက ပယ်ချခဲ့သည်။

အာဏာမသိမ်းမီက ဆုန်ထောင်သည် မြန်မာသို့ မကြာခဏလာရောက်ပြီး စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရနှင့်သာမက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနှင့်ပါ ချစ်ကြည်သော ဆက်ဆံရေး ထိန်းသိမ်းထားခဲ့သည်။

You may also like these stories:

မြန်မာ စစ်ပွဲနှင့် ပဋိပက္ခများကြား ယူနန်တရုတ်တွေ စီးပွားရေးလုပ်မတဲ့လား

သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း

ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ

Your Thoughts …
Tags: ဆုန်ထောင်တရုတ်ကွန်မြူနစ်ပါတီနိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးချုပ်ပင်ရှိုဘင်ဦးသန်းရွှေဦးသိန်းစိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

စစ်ခေါင်းဆောင်ဟောင်းများ တင်းတင်းကျပ်ကျပ် စောင့်ကြည့်ခံနေရ

by ဧရာဝတီ
25 July 2024
18.6k

သမ္မတဟောင်း ဦးသိန်းစိန်အပါအဝင် ထိပ်တန်းခေါင်းဆောင်ဟောင်းများ၏ နေအိမ်များကို စောင့်ကြည့်ရန် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ညွန်ကြားခဲ့သည်။

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

by ဧရာဝတီ
19 July 2023
12.2k

ဗိုလ်ချုပ်ဟောင်းများသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွေးစည်းချစ်ကြည်ကြောင်း ပြသရန် နေပြည်တော်မှ ဗုဒ္ဓ ဆင်းတုတော်ကြီး တည်ဆောက်နေသည့် နေရာတွင် တနင်္ဂနွေနေ့က စုဝေးကြသည်။

မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား

မင်းအောင်လှိုင်ကို တရုတ်က မမြင်ချင်တော့ဘူးလား

by ဖီးနစ်
12 July 2024
9.7k

အာဏာသိမ်းပြီးကာစက စပြီး ယခုအချိန်အထိ မြန်မာ့အရေးဟာ တရုတ်အတွက် ခေါင်းခဲစရာ ဖြစ်ခဲ့တယ်။

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

ရှီကျင့်ဖျင် ပြဿနာတက်နေသလား

by Saurabh Katkurwar
1 July 2025
6.4k

သမ္မတ ရှီကျင့်ဖျင်၏ မကြာသေးမီက အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်နေခြင်းသည် အာဏာလုပွဲဆိုသည့် ရှည်ကြာသော ကောလာဟလများကို ပိုမိုထင်ရှားလာစေသည်။

Next Post
၂၀၂၃ ဖေဖော်ဝါရီလအတွင်း ကျင်းပသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး

အာဆီယံအက်ကြောင်းနှင့် ဗြဟ္မာကြီးဦးခေါင်း မြန်မာ

လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်ကြီး နေဝင်း

မြန်မာအာဏာရှင်တို့ မှီခိုရာ ရက်စက်ကြမ်းကြုတ်သော စစ်ထောက်လှမ်းရေးအဖွဲ့

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.7k
ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

1 hour ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved