• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

by ဧရာဝတီ
19 July 2023
in သတင်း
A A
စစ်ခေါင်းဆောင်ကို ထောက်ခံရန် ဗိုလ်ချုပ်ဟောင်းများ နေပြည်တော်ဘုရားတွင် စုဝေး

မင်းအောင်လှိုင်သည် ဥယျာဉ်အတွင်း ဗိုလ်ချုပ်ဟောင်းများကို လှည့်လည်ပြသသည်

12.2k
VIEWS
Share on FacebookShare on Twitter

ဗိုလ်ချုပ်ဟောင်းများသည် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်နှင့် သွေးစည်းချစ်ကြည်ကြောင်း ပြသရန် နေပြည်တော်မှ ဗုဒ္ဓဆင်းတုတော်ကြီး တည်ဆောက်နေသည့် နေရာတွင် တနင်္ဂနွေနေ့က စုဝေးကြသည်။

မာရဝိဇယဗုဒ္ဓဥယျာဉ်တွင် စုဝေးပွဲသို့ အာဏာသိမ်း ယာယီသမ္မတ ဦးမြင့်ဆွေ၊ သမ္မတဟောင်း ဦးသိန်းစိန်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း ဦးတင်အေး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦး ခင်ရီ၊ သူ၏ ဒုဥက္ကဋ္ဌများဖြစ်သော ဦးမြတ်ဟိန်းနှင့် ဦးလှထွန်း၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် အခြားဗိုလ်ချုပ်ဟောင်းများလာကြသည်။

မြန်မာနိုင်ငံသည် ရွေးကောက်ပွဲ ကျင်းပနိုင်လောက်အောင် မတည်ငြိမ်သေးကြောင်း မင်းအောင်လှိုင်က သူ့လူများကို လွန်ခဲ့သောအပတ်က ပြောကြားခဲ့သောကြောင့် ဇူလိုင်လ ၃၁ ရက်နေ့တွင် အရေးပေါ်အခြေအနေ ကုန်ဆုံးသောအခါ စစ်အုပ်ချုပ်ရေး တိုးချဲ့မည့်လက္ခဏာဖြစ်သည်။

အရေးပေါ်အခြေအနေကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က ဖြုတ်ချသောအခါ ပထမဆုံးကြေညာသည်။ ကနဦးကာလ တနှစ်ပြည့်ပြီးနောက် သက်တမ်းတိုးခဲ့သည်မှာ ၃ ကြိမ်ရှိပြီဖြစ်သည်။

တနင်္ဂနွေနေ့က ပူးတွဲမြင်ရသော စစ်ခေါင်းဆောင်နှင့် သမ္မတဟောင်း ဦးသိန်းစိန်

အရပ်သားအစိုးရတွင် စစ်တပ်က ခန့်ထားသည့် ဒု သမ္မတဦးမြင့်ဆွေသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ယာယီသမ္မတဖြစ်သည်။ အရေးပေါ်အခြေအနေကြေညာချိန်နှင့် သက်တမ်းတိုးချိန်မှအပ အများပြည်သူရှေ့သို့ သူ ထွက်လာခဲသည်။ ယခုလတွင် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးမည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို သူ ဦးဆောင်မည်ဟု မျှော်လင့်ရသည်။

မင်းအောင်လှိုင်သည် ဥယျာဉ်အတွင်း ဗိုလ်ချုပ်ဟောင်းများကို လှည့်လည်ပြသပြီး ထိုဗိုလ်ချုပ်ဟောင်းများက ဗုဒ္ဓနှင့်ဆက်စပ်သည့် အင်ကြင်းပင်စိုက်ကြသည်။

ယခုနှစ် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင် မင်းအောင်လှိုင်က ကန်တော့ခဲ့သော ဦးသိန်းစိန်သည် မာရဝိဇယ ဗုဒ္ဓဆင်းတုတော်တည်ဆောက်ရေး ကျပ်သိန်း ၆၀ လှူသည်။

ဦးသိန်းစိန်၏အိမ်နီးချင်း ဒုဗိုလ်ချုပ်ကြီးဟောင်းတင်အေးကလည်း ကျပ်သိန်းပေါင်းများစွာလှူသည်။

မင်းအောင်လှိုင်အာဏာမသိမ်းမီက ဦးခင်ရီသည် စစ်တပ်ထောက်ခံပွဲများ စီစဉ်သည်။ သူသည် ဦးသိန်းစိန်နှင့် မင်းအောင်လှိုင်အောက်တွင် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး လုပ်ခဲ့သည်။ သူနှင့် သူ၏ ဒုဥက္ကဌများဖြစ်သော လေတပ်အကြီးအကဲဟောင်း မြတ်ဟိန်းနှင့် သမ္မတရုံးဝန်ကြီးလှထွန်း၊ ဒုဗိုလ်ချုပ်ကြီးဟောင်း သောင်းအေးတို့သည် မင်းအောင်လှိုင်၏ ဆိုင်ကလုန်းမိုခါ ရန်ပုံငွေအတွက် မေလက လှူဒါန်းကြသည်။

မင်းအောင်လှိုင်ဇနီး ဒေါ်ကြူကြူလှနှင့် သမ္မတဟောင်း ဦးသိန်းစိန်

တနင်္ဂနွေနေ့တွင် ဦးခင်ရီက ဘုရားတည်ဆောက်ရေးအတွက် ကျပ်သန်း ၃၀ လှူဒါန်းပြီး ဦးသောင်းအေးက ကျပ် ၉ သိန်းလှူသည်။

ယခင်စစ်အုပ်စုတွင် ဝန်ကြီးဖြစ်သော ဗိုလ်ချုပ်ဟောင်းစိန်ထွား၊ ဦးသိန်းစိန်အစိုးရတွင် အထူးစစ်ဆင်ရေးအဖွဲ့မှူး ပြုလုပ်သူ ဒုဗိုလ်ချုပ်ကြီးဟောင်း အောင်သန်းထွဋ်နှင့် လက်ရှိ စစ်ကောင်စီ၏ ဝန်ကြီးများလည်း ငွေလှူကြသည်။

ထိုစကျင်ကျောက်ဆင်းတုတော်သည် ကမ္ဘာ့အကြီးမားဆုံး ထိုင်တော်မူဆင်းတုတော်ဖြစ်သည်ဟု ဆိုသည်။ ထိုဘုရားတည်ဆောက်ရန် အစီအစဉ်သည် အာဏာရှင်ဟောင်းသန်းရွှေ၏ စိတ်ကူးဖြစ်ပြီး စကျင်ကျောက်ကို မြန်မာစစ်တပ်သို့ ၂၀၁၇ ခုနှစ်တွင် လှူခဲ့သည်။ ဦးသန်းရွေသည် ထိုဥယျာဉ်သို့ ဖေဖေါ်ဝါရီလတွင် သွားရောက်ခဲ့သည်။

ထိုဆင်းတုကို သြဂုတ် ၁ ရက်နေ့တွင် အနေကဇာတင်ရန် စီစဉ်ထားသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ex-Generals Gather at Naypyitaw Buddha to Support Myanmar Junta Chief ကို ဘာသာပြန်သည်။)

You may also like these stories:

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယတြာနှင့် ဗျာများနေသည်

RelatedPosts

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
2
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
10
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
5

ဘာသာရေးနဲ့ နိုင်ငံရေး စည်းခြားချိန် တန်ပြီ

ဘုန်းကြီးပျံတွေမှာ မင်းအောင်လှိုင် ဘာကြောင့် အခေါင်းထမ်းသနည်း

စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ

အာဏာရှင်လက်စွဲဆရာတော်များ

Your Thoughts …
Tags: နေပြည်တော်ဘုရားဗိုလ်ချုပ်ဟောင်းများမင်းအောင်လှိုင်မာရဝိဇယဗုဒ္ဓဥယျာဉ်သွေးစည်းချစ်ကြည်ဦးခင်ရီဦးတင်အေးဦးမြင့်ဆွေဦးသိန်းစိန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

by ဧရာဝတီ
9 November 2023
30.2k

လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
မြင်းခြံမြို့

မြင်းခြံခရိုင်တွင် စစ်တပ်က ဒေသခံ ၄၀ ကျော် ဖမ်းဆီး၊ ၅ ဦး အသတ်ခံရ

နောင်တခေတ်၏ အောင်စစ်သည်

နောင်တခေတ်၏ အောင်စစ်သည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved