မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကမ်းရိုးတန်းသို့ မေလ ၁၃ ရက်နေ့က ဆိုင်ကလုန်းမိုခါ ဝင်ရောက်ခါနီးတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ဗေဒင်အရ ယတြာချေနေသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေအနီးမှ ဆိုင်ကလုန်းမုန်တိုင်း ကုန်းတွင်းသို့ ဝင်ရောက်သောအခါ အမြင့်မားဆုံး လေတိုက်နှုန်းသည် တနာရီလျှင် ၂၅၇ ကီလိုမီတာအထိ ရှိနိုင်ကြောင်း ကမ္ဘာ့သဘာဝဘေးအန္တရာယ် သတိပေးရေးနှင့် ညှိနှိုင်းရေးစနစ် (GDACS) က ကြိုတင်ခန့်မှန်းထားသည်။
သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လူသန်းပေါင်းများစွာကို ထိခိုက်မည့် ထိုသဘာဝ ဘေးအန္တရာယ်အတွက် ပူပင်သည့် လက္ခဏာမပြပေ။ သူသည် အာဏာသက်တမ်း ရှည်ရေးအတွက် ယတြာချေနေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လူသန်းပေါင်းများစွာကို ထိခိုက်မည့် ထိုသဘာဝ ဘေးအန္တရာယ်အတွက် ပူပင်သည့် လက္ခဏာမပြပေ။ သူသည် အာဏာသက်တမ်း ရှည်ရေးအတွက် ယတြာချေနေသည်။
အများမကြည်ညိုသည့် ဘုန်းကြီးနှစ်ပါးနှင့်အတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ကျိုင်းတုံရှိ ဗုဒ္ဓဂယာ ပုံစံတူစေတီတွင် မေလ ၁၃ ရက်နေ့က ဌာပနာထည့်သွင်းနေသည်။

ထိုဘုန်းကြီးများမှာ သီတဂူဆရာတော် အရှင် ဉာဏိဿရနှင့် ဝစီပိတ် ဆရာတော်တို့ ဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းမီက မြန်မာတွင် သြဇာအကြီးမားဆုံး ဘုန်းကြီးဖြစ်သည်ကို အငြင်းပွားစရာ မလိုသော သီတဂူဆရာတော်က မင်းအောင်လှိုင်သည် သဒ္ဓါနှင့် ပညာပြည့်စုံသည့် မင်းဖြစ်ကြောင်း ချီးကျူးသည်။ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲ မတိုင်မီ ထိုဘုန်းကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရထံမှ အာဏာသိမ်းရန် စစ်တပ်ကို ပြောဆိုခဲ့သည်ဟု ဆိုသည်။
ဝစီပိတ်ဆရာတော်သည် ကျိုင်းတုံမှဖြစ်ပြီး ဝစီပိတ်ခြင်းကြောင့် ကျော်ကြားသည်။ သူသည် အာဏာသိမ်း ခေါင်းဆောင်၏ အခါတော်ပေးဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြပြီး ယတြာချေသည့် အနေဖြင့် “ခေတ်ကိုပြောင်းရန် ခေါင်းကိုပစ်”ဟု စစ်သားများကို အမိန့်ပေးရန် မင်းအောင်လှိုင်အား အကြံပေးခဲ့သည်ဟု စွပ်စွဲခံရသည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အစောပိုင်းကာလက သတ်ဖြတ်ခံရသူအများစုမှာ ဦးခေါင်းတွင် ကျည်ဆံထိမှန်သေဆုံးခြင်း ဖြစ်သည်။
မြန်မာတနိုင်ငံလုံးမှ ပြည်သူများနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု အေဂျင်စီများက ဆိုင်ကလုန်းမုန်တိုင်းကြောင့် အပြင်းအထန် ထိခိုက်စေမည်ကို စိုးရိမ်နေစဉ်တွင် ကိုယ့်ကိုယ်ကို အစိုးရဖြစ်သည်ဆိုသော စစ်ကောင်စီအဖွဲ့ဝင် အားလုံးနီးပါးသည် ကျိုင်းတုံတွင် ရောက်နေပြီး ဌာပနာထည့်သွင်းသည့် အခမ်းအနား တက်ရောက်နေသည်။
စစ်ကောင်စီခေါင်းဆောင် မေလ ၁၃ ရက်နေ့က ဘုရားထီးတင်သောအခါ ထိုဘုန်းကြီး နှစ်ပါးတို့က ဌာပနာသွင်းခြင်းကို စီမံကြသည်။ ထီးတော်သည် ဘုရားစေတီတွင် အရေးအပါဆုံး အစိတ်အပိုင်းဖြစ်ပြီး ဘုရားစေတီများ၏ ထိပ်ဆုံးတွင် ထားရှိသည်။ ထီးသည် မြန်မာတော်ဝင် အဆောင်အယောင် ၅ ခုအနက် တခုလည်းဖြစ်ပြီး အချုပ်အခြာအာဏာကို ကိုယ်စားပြုသည်။
မြန်မာသည် ဗုဒ္ဓဘာသာအများစုနိုင်ငံ ဖြစ်သောကြောင့် ရှင်ဘုရင်များသည် ဘုရားများတည်ခြင်းဖြင့် သာသနာ့ဒါယကာအဖြစ် ဘုန်းတန်ခိုးကြီးမည်ဟု မျှော်လင့်သည်မှာ အစဉ်အလာဖြစ်သည်။ ထို့ကြောင့်ပင် ကိုယ့်ဘာသာ ဘုရင်ဟု ထင်နေသော ဗိုလ်ချုပ်များသည် ဘုရားတည်ခြင်း၊ ဌာပနာထည့်သွင်းခြင်းတို့ဖြင့် အလုပ်ရှုပ်နေတတ်သည်။

ကျိုင်းတုံတွင် အသစ်တည်ထားသောဘုရားတွင် ထီးတော်တင်ပြီးနောက် မင်းအောင်လှိုင်သည် ထိုဘုန်းကြီး နှစ်ပါးနှင့်အတူ “အောင်ပြီ” ဟု သုံးကြိမ် ကြွေးကြော်သည်။ ဘာသာရေး အခမ်းအနားတခု အောင်မြင်စွာ ကျင်းပပြီးစီးသည် ဆိုသည့်သဘော ဖြစ်သည်။ သို့သော် မင်းအောင်လှိုင် ထိုသို့ အော်ဟစ်ခြင်းသည် ယတြာချေခြင်း၊ ရန်သူများကို အောင်နိုင်ခြင်းကို ရည်ရွယ်သည်ဟု ယုံကြည်ရသည်။
မြန်မာတနိုင်ငံလုံးမှ ပြည်သူများနှင့် နိုင်ငံတကာ လူသားချင်းစာနာမှု အေဂျင်စီများက ဆိုင်ကလုန်းမုန်တိုင်းကြောင့် အပြင်းအထန် ထိခိုက်စေမည်ကို စိုးရိမ်နေစဉ်တွင် ထိုကိစ္စများအားလုံးကို မေလ ၁၃ ရက်နေ့တွင် ဆောင်ရွက်သည်။
ဗိုလ်ချုပ်များ၏ အာဏာငမ်းငမ်းတက်ခြင်းနှင့် အယူသီးခြင်းကို ကောင်းစွာသိသောသူတိုင်းက ထိုဌာပနာ ထည့်သွင်းသည့် အခမ်းအနားများသည် ယတြာချေခြင်းဖြစ်ကြောင်းနှင့် အကုသိုလ်ကို ကုသိုလ်နှင့်ချေကာ ကံကြမ္မာဆိုးများကို ရှောင်ရှားရန်မှအပ အခြားမည်သည့် ရည်ရွယ်ချက်မျှ မရှိကြောင်း သိကြသည်။
သို့သော် ကိုယ့်ကိုယ်ကို အစိုးရဖြစ်သည်ဆိုသော စစ်ကောင်စီအဖွဲ့ဝင် အားလုံးနီးပါးသည် ကျိုင်းတုံတွင် ရောက်နေပြီး ဌာပနာထည့်သွင်းသည့် အခမ်းအနား တက်ရောက်နေသည်။ မြန်မာစစ်ခေါင်းဆောင်များနှင့် နောက်လိုက်များက ဘုရားတည်ခြင်း၊ ဘုရားများသို့ လှူဒါန်းခြင်းကြောင့် ရရှိသော ကုသိုလ်များသည် ၎င်းတို့ ကျူးလွန်ထားသည် မကောင်းမှုများ ချေဖျက်ပေးမည်ဟု ယုံကြည်ကြသည်။ သို့သော် ၎င်းတို့၏ သွေးစွန်းသောလက်များကို မည်သည့်အခါမျှ ဆေးကြောနိုင်မည် မဟုတ်ပေ။
ဗိုလ်ချုပ်များ၏ ဘုရားများ
၁၉၈၀ ပြည့်နှစ်တွင် အာဏာရှင်ဟောင်း နေဝင်းသည် ရန်ကုန်မှ ရွှေတိဂုံဘုရား တောင်ဘက်မုခ်အနီးတွင် မဟာဝိဇယစေတီကို တည်သည်။ နေဝင်းဘုရားဟု အများကခေါ်သည့် မဟာဝိဇယစေတီသည် ရွှေတိဂုံဘုရားအနီးတွင် တည်ရှိသည့်တိုင် ဖူးမျှော်သူနည်းသည်။
စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေသည်လည်း ရွှေတိဂုံစေတီတော် ပုံစံတူ ဥပ္ပါတသန္တိစေတီကို နေပြည်တော်တွင် တည်သည်။
ဦးသန်းရွှေ စစ်အုပ်စုကို ဆက်ခံသည့် အရပ်သားအစိုးရတွင် ဗိုလ်ချုပ်မှ သမ္မတဖြစ်လာသူ ဦးသိန်းစိန်သည် ဗုဒ္ဓဂါယာ ပုံစံတူစေတီကို နေပြည်တော်တွင် တည်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း အာဏာသိမ်းပြီးနောက် ဘုရားအများအပြားတွင် ဌာပနာများ ထည့်သွင်းပြီး ကမ္ဘာ့အမြင့်ဆုံး ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော် ဖြစ်သည်ဆိုသည့် အလွန်ကြီးမားသော ဗုဒ္ဓဆင်းတုတော်ကို နေပြည်တော်တွင် တည်ဆောက်သည်။
အာဏာမသိမ်းမီ တနှစ်အလိုက စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပုဂံမှ ၁၂ ရာစုစေတီတော်ဖြစ်သော ထီးလိုမင်းလို ဘုရားတွင် ထီးတင်သည်။ ထိုလုပ်ရပ်သည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံ၏ သမ္မတဖြစ်လိုသော သူ၏ ဆန္ဒကို ဖော်ပြသောလုပ်ရပ် ဖြစ်သည်။
“ထင်ရှားတဲ့ (စစ်) ခေါင်းဆောင်တချို့ (ဧပြီလနဲ့ မေလမှာ) လုပ်ကြံခံရမယ်လို့ ဗေဒင်ဆရာတွေက ပြောထားလို့ သူစိုးရိမ်နေတာဖြစ်မယ်” ဟု နေပြည်တော်မှ ဗိုလ်ချုပ်များ၊ ဗေဒင်ဆရာများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ပြောသည်။
အစဉ်အလာအားဖြင့် ဘုရားစေတီများသို့ လှူဒါန်းသော အုပ်ချုပ်သူများသည် ဘုန်းတန်ခိုးကြီးပြီး ရာဇပလ္လင် ဖင်ကပ်နေမည်ဟု ယုံကြည်ကြသည်။ ဝစီပိတ်ဆရာတော်သည် ထိုအခမ်းအနားသို့လည်း သွားရောက်ပြီး မင်းအောင်လှိုင် ဘုရားထီးတင်သောအခါ ကြီးကြပ်သည်။
ဗိုလ်ချုပ်များ၏ အာဏာငမ်းငမ်းတက်ခြင်းနှင့် အယူသီးခြင်းကို ကောင်းစွာသိသောသူတိုင်းက ထိုဌာပနာ ထည့်သွင်းသည့် အခမ်းအနားများသည် ယတြာချေခြင်းဖြစ်ကြောင်းနှင့် အကုသိုလ်ကို ကုသိုလ်နှင့်ချေကာ ကံကြမ္မာဆိုးများကို ရှောင်ရှားရန်မှအပ အခြားမည်သည့် ရည်ရွယ်ချက်မျှ မရှိကြောင်း သိကြသည်။
မေလ ၁၃ ရက်နေ့က ကျိုင်းတုံတွင် ဌာပနာပြီးနောက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘုရားမှ ထူးခြားသော ရွှေရောင်ဆေးချယ်ထားသည့် ခေါင်းလောင်းတခုကို ကိုးကြိမ် တီးခတ်သည်။ မြန်မာဗိုလ်ချုပ်များသည် ကိုးနဝင်း ၉ ဂဏန်းကို အယူသီးပြီး ထိုဂဏန်းသည် စစ်ကောင်စီ၏ အဆောင်ယတြာ လက်ဖွဲ့လည်း ဖြစ်သည်။
မေလ ၁၃ ရက်နေ့က ဌာပနာထည့်သွင်းခြင်းသည် လေးလအတွင်း မင်းအောင်လှိုင်က လေးကြိမ်မြောက် ဌာပနာထည့်သွင်းခြင်း ဖြစ်သည်။ သူသည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ စစ်တွေနှင့် မြန်မာနိုင်ငံအရှေ့ပိုင်းမှ လားရှိုး၊ ပအိုဝ်းဒေသနှင့် ကျိုင်းတုံတို့သို ရဟတ်ယာဉ်ဖြင့် သွားရောက်ကာ ဘုရားများတွင် ဌာပနာထည့်သွင်း အလုပ်ရှုပ်နေသည်။
ထိုသို့လုပ်ရခြင်း အကြောင်းရင်း
သင်္ကြန်ပွဲကို ခမ်းခမ်းနားနားကျင်းပရန် ကြိုးစားသော်လည်း မင်းအောင်လှိုင်ကို မြန်မာနှစ်သစ်ကူး သင်္ကြန်ကာလက အများပြည်သူမြင်ကွင်းတွင် မတွေ့ရပေ။ သူသည် နေပြည်တော်တွင် ကျင်းပသည့် သင်္ကြန်ဖွင့်ပွဲသို့ ရောက်မလာပေ။
သူသည် နောက်ထပ် ယတြာတခုဖြစ်သည့် ရေကန်များဆယ်ခြင်းကိုလည်း ပြုလုပ်သည်။ ထိုသို့လုပ်ခြင်းသည် အန္တရာယ်ကို မောင်းထုတ်ပြီး ကံကောင်းခြင်းများဖြစ်စေမည့် ရေအကျိုး ၁၀ ပါးရှိသည်ဟု စစ်ခေါင်းဆောင်များ ယုံကြည်ကြသည်။
ထိုဖွင့်ပွဲ မတက်ရောက်ဘဲ သင်္ကြန်ကာလတလျှောက်လုံးတွင် မင်းအောင်လှိုင်သည် သူ၏ အောင်မြေအဖြစ် ယူဆသည့် ပြင်ဦးလွင်တွင် အဓိဋ္ဌာန်ဝင်သည်။ ဧပြီနှင့်မေလတွင် သူနှင့်မြန်မာသည် ကံကြမ္မာဆိုးနှင့် ရင်ဆိုင်ရမည်ဟု သူ့ကို အခါတော်ပေးဆရာက ပြောထားသောကြောင့် သူသည် ထိုကာလတွင် ဗိုလ်ချုပ်များ၊ ခရိုနီများကို လက်ခံတွေ့ဆုံရန် ငြင်းဆန်သည်။
“ထင်ရှားတဲ့ (စစ်) ခေါင်းဆောင်တချို့ (ဧပြီလနဲ့ မေလမှာ) လုပ်ကြံခံရမယ်လို့ ဗေဒင်ဆရာတွေက ပြောထားလို့ သူစိုးရိမ်နေတာဖြစ်မယ်” ဟု နေပြည်တော်မှ ဗိုလ်ချုပ်များ၊ ဗေဒင်ဆရာများနှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ပြောသည်။
ထိုစစ်ခေါင်းဆောင်တွင် ဗေဒင်ဆရာ အများအပြားရှိသောကြောင့် မည်သည့်ဗေဒင်ဆရာက သူ့ကို ထိုသို့ဟောသည်ကို ရှင်းလင်းစွာ မသိရပေ။ ထိုအချိန်မှစတင်ပြီး မင်းအောင်လှိုင်သည် ကံဆိုးမိုးမှောင် မကျစေရန် ဘာသာရေး ယတြာများဖြင့် အလုပ်ရှုပ်နေပြီး တိုင်းပြည်ရေးရာများကို ဘေးဖယ်ထားသည်။ သူသည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် အရေးပေါ်အုပ်ချုပ်ရေးကို နောက်ထပ်သက်တမ်း ခြောက်လတိုးပြီးနောက် စစ်ကောင်စီအစည်းအဝေး မခေါ်တော့ပေ။
နိုင်ငံတကာ ဖိအားတိုးလာပြီး ခုခံတော်လှန်ရေးလှုပ်ရှားမှုသည် တနေ့တခြား ကြီးထွားလာသောကြောင့် ယတြာသည်သာ အကျပ်အတည်းကို ကူညီဖြေရှင်းပေးမည့် တခုတည်းသောအရာ ဖြစ်သည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယုံကြည်နေကြောင်း ထင်ရှားသည်။
“အခုဒီလမှာ မုန်တိုင်းတိုက်ခံရပြီးနောက် မင်းအောင်လှိုင်က ယတြာကို ပိုယုံလာတယ်။ သူ ဆက်တိုက် ယတြာချေနေတာ သိသာတယ်” ဟု နေပြည်တော်မှ အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
၁၁ မီး ငြိမ်းဖို့လား
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လစဉ် ၁၁ ရက်နေ့တွင် ယတြာချေရန် ရွေးချယ်သည်။ ထိုသို့လုပ်ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ မြန်မာ့ရိုးရာအစဉ်အလာ ယုံကြည်မှုအရ အန္တရာယ် ၁၁ မျိုး သို့မဟုတ် “၁၁ မီး” ငြိမ်းစေရန် ဂရုတစိုက် ရွေးချယ်လုပ်ခြင်း ဖြစ်သည်။
ဧပြီလတွင် မင်းအောင်လှိုင်သည် ကိုကိုးကျွန်းသို့ သွားရောက်ပြီး ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံမှတ် ကျောက်တိုင်ဖွင့်လှစ်သည်။ ထိုကိစ္စသည်လည်း ဗေဒင်ဆရာများ၏ ညွန်ကြားချက်အရ ယတြာချေခြင်းပင် ဖြစ်သည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် သူသည် နေပြည်တော်တွင် တည်ထားသည့် မာရဝိဇယ ဆင်းတုတော်ကို စစ်ကောင်စီက “ပလ္လင်” စင်မြင့်ပေါ် တင်သည်။
သူ၏ ဗေဒင်ဆရာများ၏ အခါတော်ပေးချက်အရ မင်းအောင်လှိုင်သည် သန္နီဟော်ကို ဧပြီလ ၁၁ ရက်နေ့တွင် ပြင်ဆင်စေပြီး ပြင်ဆင်ရန်လိုလျှင် ပြင်ဆင်ရန် ကျိုင်းတုံဟော်ကို မေလ ၁၁ ရက်နေ့တွင် သွားရောက် စစ်ဆေးသည်။

သူသည် နောက်ထပ် ယတြာတခုဖြစ်သည့် ရေကန်များဆယ်ခြင်းကိုလည်း ပြုလုပ်သည်။ ထိုသို့လုပ်ခြင်းသည် အန္တရာယ်ကို မောင်းထုတ်ပြီး ကံကောင်းခြင်းများဖြစ်စေမည့် ရေအကျိုး ၁၀ ပါးရှိသည်ဟု စစ်ခေါင်းဆောင်များ ယုံကြည်ကြသည်။
သူသည် စစ်တွေမှ ကန်တော်ကြီးကို မတ်လ ၃၀ ရက်နေ့တွင် ဆယ်စေပြီး ပြင်ဦးလွင်မှ ကန်တော်ကြီးကို မြန်မာနှစ်သစ်ကူးနေ့ ဧပြီလ ၁၇ တွင် ဆယ်သည်။ နေပြည်တော်မှ ရှမ်းကန်ကို မေလ ၈ ရက်နေ့တွင် ဆယ်စေပြီး ကျိုင်းတုံမှ နောင်တုံကန်ကို မေလ ၁၁ ရက်နေ့တွင် ဆယ်စေသည်။
မေလ ၁ ရက်နေ့တွင် သူသည် မာရဝိဇယ ဗုဒ္ဓဆင်းတုတွင် “ဥဏ္ဏလုံ မွေးရှင်တော်ဓာတ် စီသွင်းပူဇော်ခြင်း” ပြုလုပ်သည်။
ဘုရားမျက်လုံးအောက်ဘက်တွင် မျက်ရည်ကျသည့်သဖွယ် အစင်းအကြောင်းများ ပေါ်လာသောကြောင့် ထိုဘုရားကို ခေတ္တပိတ်ထားရသည်။ ယတြာအများအပြား ချေပြီးနောက် ဗုဒ္ဓဆင်းတုကို လူထုအတွက် ပြန်ဖွင့်ပေးသည်။
မင်းအောင်လှိုင်၏ ဆရာသမား စစ်အာဏာရှင်ဟောင်း သန်းရွှေသည်လည်း သူမျက်နှာနှင့် ဆင်တူသည့် ကျောက်စိမ်း ဗုဒ္ဓဆင်းတုတခုကို ထုလုပ်တည်ဆောက်စေသည်။ ထိုဆင်းတုကို ရွှေတိဂုံဘုရားတွင် ထားရှိသည်။
စစ်ခေါင်းဆောင်သည် ယတြာချေရန် ကမ်းရိုးတန်းဒေသများမှသည် လွင်ပြင်များ၊ တောင်တန်းများသို့လည်း ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားသည်။ သူသည် ပင်လယ်တွင်းသို့ သွားရောက်ပြီးလည်း ယတြာချေသည်။
ဧပြီလတွင် မင်းအောင်လှိုင်သည် ကိုကိုးကျွန်းသို့ သွားရောက်ပြီး ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် ဆုံမှတ် ကျောက်တိုင်ဖွင့်လှစ်သည်။ ထိုကိစ္စသည်လည်း ဗေဒင်ဆရာများ၏ ညွန်ကြားချက်အရ ယတြာချေခြင်းပင် ဖြစ်သည်။
စစ်ကောင်စီကို မင်းအောင်လှိုင် ညွှန်ကြားသည့် နောက်ထပ် ယတြာတခုမှာ စားအုန်းဆီ တင်သွင်းသည့် ကုန်ကျစရိတ် သက်သာစေရန် နေကြာဆီထုတ်လုပ်ရေး အတွက်ဟုဆိုကာ နေကြာပင် ဧက ၁ သန်း စိုက်ပျိုးခိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် လက်ရှိ လူကြိုက်များသည့် ဆီသီးနှံများဖြစ်သည့် နှမ်းနှင့် မြေပဲစိုက်ပျိုးခြင်းကို မည်သည့်အတွက် အားမပေးသနည်းဆိုသည့်မေးခွန်း ပေါ်ပေါက်လာသည်။
နေကြာသည် သူ၏အုပ်ချုပ်ရေးကို “အနေကြာ” စေမည်ဟု ဗေဒင်ဆရာများက ယုံကြည်ကြသည်။
ထိုစီမံကိန်းသည် မအောင်မမြင်ဖြစ်မည်ကို စိုက်ပျိုးရေးပညာရှင်များ သိသော်လည်း မည်သူမျှ ဆင်ခြေမပေးရဲကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အရာရှိတဦးက ပြောသည်။
“နေကြာစိုက်ပျိုးရေးစီမံကိန်း မအောင်မြင်လို့ မေလ ၁၀ ရက်နေ့က အစည်းအဝေးမှာ တက်ရောက်သူတွေကို သူ ဆူပူတယ်” ဟုလည်း ထိုအရာရှိက ပြောသည်။
၁၅ နှစ်ကြာသောအခါ သန်းရွှေကို ဆက်ခံသည့် မင်းအောင်လှိုင်သည်လည်း အလားတူလုပ်သည်။ သူသည် သူ့ကိုယ်ကျိုးစီးပွားများကို ကာကွယ်ရန် အလုပ်ရှုပ်နေပြီး နာဂစ်ကဲ့သို့ အင်အားပြင်းသော ဆိုင်ကလုန်းတခု မြန်မာနိုင်ငံသို့ ဦးတည်နေချိန်တွင် မြန်မာပြည်သူများကို လျစ်လျူရှုထားသည်။
ထိုနေကြာစိုက်ပျိုးရေး စီမံကိန်းကြောင့် မြန်မာပြည်သူများသည် ယခင်စစ်အာဏာရှင် သန်းရွှေ၏ မအောင်မြင်သော ကြက်ဆူပင် စိုက်ပျိုးရေး နိုင်ငံတော်စီမံကိန်းကို သတိရကြသည်။ ထိုကိစ္စသည်လည်း ဇီဝလောင်စာ ထုတ်လုပ်ရန်ဟုဆိုကာ ယတြာချေခြင်း ဖြစ်သည်။
ယတြာတခုတွင် ဗိုလ်ချုပ်များသည် နိုင်ငံတော်အဆင့် ညစာစားပွဲသို့ အမျိုးသမီးဝတ် ထမီများ ဝတ်ဆင်လာသောကြောင့် လူရယ်စရာဖြစ်ခဲ့သည်။
၂၀၀၈ ခုနှစ်၊ မေလက လူ ၁ သိန်းကျော် သေဆုံးစေပြီး အကြီးအကျယ် ပျက်စီးဆုံးရှုံးသည့် ဆိုင်ကလုန်း နာဂစ်ပြီးနောက် စစ်အာဏာရှင်ဟောင်း သန်းရွှေသည် မြန်မာပြည်သူများ ခံစားနေရသည့် ကံကြမ္မာဆိုးကို လျစ်လျူရှုကာ စစ်တပ်အာဏာချုပ်ကိုင်မှု သက်ဆိုးရှည်အောင် စစ်တပ်ကရွေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုရန် ဆန္ဒခံယူပွဲကျင်းပသည်။
၁၅ နှစ်ကြာသောအခါ သန်းရွှေကို ဆက်ခံသည့် မင်းအောင်လှိုင်သည်လည်း အလားတူလုပ်သည်။ သူသည် သူ့ကိုယ်ကျိုးစီးပွားများကို ကာကွယ်ရန် အလုပ်ရှုပ်နေပြီး နာဂစ်ကဲ့သို့ အင်အားပြင်းသော ဆိုင်ကလုန်းတခု မြန်မာနိုင်ငံသို့ ဦးတည်နေချိန်တွင် မြန်မာပြည်သူများကို လျစ်လျူရှုထားသည်။
အတိုက်အခံ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့သော ထိုအာဏာရှင်က ကျိုင်းတုံမှ အသစ်တည်ထားသည့် ဘုရားကျောက်စာတိုင်တွင် “မြန်မာပြည် ငြိမ်းချမ်းပါစေ” ဟု ရေးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rituals and Yadaya: Myanmar Junta Leader’s Superstition Knows No Bounds ကို ဘာသာပြန်သည်။)
You may also like these stories:
ရခိုင်ပြည်နယ်ထဲ ခြေလှမ်းစိပ်နေတဲ့ အာဏာသိမ်းခေါင်းဆောင်
အစွန်းရောက် အမျိုးသားရေးဝါဒီ ဘုန်းကြီးများကို စစ်ကောင်စီ ဂုဏ်ပြု
စစ်တပ်ရဲ့ တရားဝင်မှုနဲ့ အမျိုး ဘာသာ သာသနာ
စစ်အာဏာသိမ်းခြင်းကို ကြိုဆိုသည့် တိပိဋက ဘွဲ့ရ ဘုန်းကြီး
ထင်ရှားသော ဆရာတော်ကြီးများကြား မဟာမိတ်များ စစ်ကောင်စီ ရှာဖွေ