• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စစ်ကောင်စီဘက် ဆက်ရပ်တည်နေရင် တရုတ်ဆန့်ကျင်ရေး ပိုအရှိန်မြင့်လာမယ်

by ဧရာဝတီ
25 May 2023
in အင်တာဗျူး
A A
မေလ ၅ ရက်က ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ကျရှုံးရေးနှင့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း လက်ပံတောင်းတောင်ဒေသ လူထုဆန္ဒပြပွဲ / Black Ko

မေလ ၅ ရက်က ပြုလုပ်သည့် စစ်အာဏာရှင်စနစ်ကျရှုံးရေးနှင့် တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း လက်ပံတောင်းတောင်ဒေသ လူထုဆန္ဒပြပွဲ / Black Ko

19k
VIEWS
Share on FacebookShare on Twitter

ယခုမေလအစောပိုင်းမှာ အာဏာရှင်ဟောင်း ဦးသန်းရွှေနဲ့ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ကို တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်ကန်း လာရောက်တွေ့ဆုံခဲ့တဲ့ ခရီးစဉ်ပြီးတဲ့နောက် ဒေသအချို့မှာ တရုတ်ဆန့်ကျင် ရေးဆန္ဒပြမှုတွေ တကျော့ပြန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအပေါ် အားပေးထောက်ပံ့တာတွေ ချက်ချင်းရပ်တန့်ဖို့ တောင်းဆို တာတွေလည်း ရှိခဲ့ပါတယ်။

အထူးသဖြင့် တရုတ်ကြေးနီစီမံကိန်းတည်ရှိရာ လက်ပံတောင်းတောင်ဒေသခံတွေက တရုတ်အစိုးရအနေနဲ့ ဖက်ဆစ် စစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်ဖို့ဆိုတဲ့ တောင်းဆိုဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြ တဲ့အပြင် တရုတ်နိုင်ငံအလံကို မီးရှို့ဖျက်ဆီးပြခဲ့သလို တရုတ်ကွန်မြူနစ်အစိုးရအနေနဲ့ အပြောနဲ့အလုပ် တထပ်တည်း မကျဘဲ သိုးရေခြုံတဲ့ဝံပုလွေ ဖြစ်နေတယ်လို့လည်း ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဒီလိုတရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုတွေ ဖြစ်ပေါ်နေချိန်မှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေ ပေါင်းစပ်ဖွဲ့စည်းထား တဲ့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)ကလည်း တရုတ်အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေ တာတွေကို ရပ်တန့်ပေးဖို့နဲ့ မြန်မာလူထုရဲ့ဘဝတွေကို စာနာနားလည်ပေးဖို့တောင်းဆိုခဲ့ပြီး တရုတ်နိုင်ငံသူနိုင်ငံသားများနဲ့ နိုင်ငံတကာရှိ တရုတ်လူမျိုးတွေထံ အိတ်ဖွင့်ပေးစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

အိတ်ဖွင့်ပေးစာပေးရတဲ့အကြောင်းအရင်း၊ မြန်မာ့အရေးမှာ တရုတ်အစိုးရရဲ့ ရပ်တည်ချက်တွေအပေါ် ဘယ်လိုသဘောထား ရှိသလဲ၊ တရုတ်အစိုးရအနေနဲ့ရော ဘယ်လိုရပ်တည်ပေးသင့်သလဲဆိုတဲ့ အယူအဆသဘောထားတွေနဲ့ ပတ်သက်လို့ GSCB အဖွဲ့ဝင် အမျိုးသမီးတဦးဖြစ်သူ Rose ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မြန်မာ့အရေး တရုတ်အစိုးရရဲ့ ရပ်တည်ချက်နဲ့ပတ်သက်ပြီး GSCB အနေနဲ့ တရုတ်ပြည်သူတွေနဲ့ နိုင်ငံတကာ မှာရှိတဲ့ တရုတ်လူမျိုးတွေဆီကို အိတ်ဖွင့်ပေးစာပို့တယ်လို့ သိရပါတယ်။ ဘာကြောင့်ပါလဲခင်ဗျ။

ဖြေ ။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီနဲ့ ကွန်မြူနစ်ပါတီက ခေါင်းဆောင် မြန်မာပြည်ကိုလာတာ စစ်ကောင်စီနဲ့ ပြောင် ပြောင်တင်းတင်း ရပ်တည်တဲ့ သဘောထားရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ ခံစားရတယ်။ စစ်ကောင်စီဟာ ပဇီကြီးဖြစ်စဉ်မှာ လေယာဉ်နဲ့ အပြစ်မဲ့အရပ်သားတွေကို ဗုံးကြဲတယ်။ ဒါကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ တင်တဲ့အခါ တရုတ်က မြန်မာပြည်သူတွေဘက်က ရပ်တည်ခြင်းမရှိဘဲ စစ်ကောင်စီဘက် ရပ်တာကို တွေ့ရတယ်။

နောက်ပြီး တရုတ်အကျိုးစီးပွားက မြန်မာပြည်မှာ စီမံကိန်းတွေအများကြီး ရှိတယ်။ လက်ပံတောင်းတောင် ကြေးနီစီမံ ကိန်း မှာဆိုရင် စစ်ကောင်စီက တပ်စွဲပြီးတော့ အနီးပတ်ဝန်းကျင်ရွာတွေ၊ ချင်းတွင်းမြစ်တလျှောက် စစ်ကြောင်းတွေထိုး ပြည်သူ တွေကိုသတ် ရွာတွေကိုမီးရှို့တယ်။ ဒီလုပ်ရပ်တွေက လက်ခံနိုင်စရာ မရှိဘူး။ ဒေသနေ ပြည်သူတွေက တရုတ်ကိုနာကျည်း ကြတယ်။ တရုတ်အစိုးရက မြန်မာပြည်သူတွေကို စာနာထောက်ထားပါတယ်ဆိုတာ ဘယ်လို စာနာ ထောက်ထားတာ လဲဆိုတာ တော်တော်လေးစဉ်းစားရခက်တယ်။

အဲဒီအခါ လှုံ့ဆော်စရာမလိုအောင် လူထုစိတ်မှာ တရုတ်ရဲ့ စစ်ကောင်စီနဲ့ ပေါင်းတဲ့ လုပ်ရပ်ကို မနှစ်မြို့တာ၊ လုံးဝမလိုလား တာရှိတယ်။ တရုတ်အနေနဲ့ သူများနိုင်ငံရေးကို ဝင်မစွက်ဖက်ဘူးပြောတယ်။ ဒါပေမဲ့ အပြောနဲ့ အလုပ်က မညီရှိဘူး၊ စစ်ကောင်စီနဲ့ လာတွေ့ပြီး ဆွေးနွေးညှိနှိုင်းတာတွေကို မြန်မာပြည်သူတွေရဲ့အကျိုးကို လိုလားသလိုလိုနဲ့ တကယ်တော့ သူတို့ရဲ့အကျိုးစီးပွား ပျက်စီးမှာစိုးလို့၊ သူတို့ရဲ့အကျိုးစီးပွားအတွက်ပဲ မြန်မာပြည်သူလူထုရဲ့ ခံစားနေရတဲ့ဒုက္ခတွေကို မျက်နှာလွှဲခဲပစ်လုပ်တဲ့ပုံစံပေါ်နေတယ်။ ဒါကြောင့် ပြည်သူတွေရဲ့ သဘောဆန္ဒအမှန်ကို ပြည်သူတွေရဲ့ကိုယ်စား GSCB ကနေ ဖော်ထုတ်ပေးခြင်း ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ ဧပြီ ၂ ရက်တွင် တွေ့ဆုံစဉ် / Xinhua

ဒီနေရာမှာ တရုတ်နိုင်ငံအစိုးရနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကိုပဲ ပြည်သူလူထုက မကျေနပ်တာ ဖြစ်တယ်။ တရုတ်ပြည်သူ တွေနဲ့ မြန်မာပြည်မှာရှိနေတဲ့ တရုတ်နွယ်ဖွားတွေကို တိုက်ခိုက်လိုခြင်း မရှိဘူး။ နိုင်ငံအတွင်းအတူနေထိုင်နေကြတဲ့ တရုတ် နွယ်ဖွားတွေအပေါ်မှာလည်း ဘယ်လိုစိတ်ထားမျိုးမှမရှိပါဘူး။ တရုတ်လူထုကိုတော့ မြန်မာပြည်သူတွေက အားကိုးတကြီးနဲ့ မြန်မာပြည်သူတွေရဲ့ ဘဝကိုစာနာပေးပါ၊ ခံစားနေရတဲ့ဒုက္ခတွေကို ခံစားနားလည်ပေးပြီးတော့ တရုတ်အစိုးရနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေကို စစ်ကောင်စီနဲ့ ပူးပေါင်းနေတာကို ချက်ချင်းရပ်တန်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီစာကိုထုတ်ခဲ့ခြင်း ဖြစ်ပါတယ်။

မေး ။ ။ အိတ်ဖွင့်ပေးစာအပေါ်မှာ ဘယ်လိုတုံ့ပြန်မှုတွေ၊ အကျိုးသက်ရောက်မှုတွေ ရှိလာမယ်လို့ မျှော်လင့်ပါသလဲ။

ဖြေ ။ ။ တရုတ်လူထုကတော့ မြန်မာပြည်သူတွေ ခံစားနေရတာတွေကို စာနာလိမ့်မယ်လို့ မျှော်လင့်တယ်။ တရုတ်မှာ လူ့အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရနေတာ မဟုတ်ဘူး၊ ဒါကြောင့်မလို့ မြန်မာပြည်သူတွေရဲ့ဘဝကို စာနာနား လည်ပေးဖို့ ကျမတို့အနေနဲ့ လေးလေးနက်နက် တောင်းဆိုပါတယ်။

မေး ။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာ့အရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေပြန်သွားဖို့ ပြောခဲ့တာရှိ တယ်။ ဒီအပေါ်မှာရော ဘယ်လိုသဘောထားရှိပါသလဲ။

ဖြေ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ပြန်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် ကစပြီး ပြည်သူ့ဆန္ဒနဲ့ ရွေးကောက်ထားတဲ့ ရလဒ်ကို လက်မခံနိုင်လို့ လက်နက်နဲ့အနိုင်ကျင့် အာဏာသိမ်းတယ်။ အဲဒီတော့ ၂၀၀၈ အခြေခံဥပဒေဆိုတာလည်း ပျက်ပြယ်ပြီးသားဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေရော၊ တော်လှန်ရေးအင်အားစုတွေ ရော ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးတော့အသက်သွင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှ လက်မခံနိုင်ဘူး။ ကျမတို့ ပေးခဲ့ရတဲ့အသက် တွေ၊ ဘဝတွေအတွက် ဒီလိုလမ်းကြောင်းနဲ့ဖြေရှင်းတာ ဘယ်လိုမှ လက်ခံနိုင်စရာလည်း မရှိပါဘူး။

မေး ။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်းမှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေကို သွားတွေ့ခဲ့တဲ့အပေါ် မှာရော ဘယ်လို သုံးသပ်မိပါသလဲ။

ဖြေ ။ ။ မင်းအောင်လှိုင်က အရည်အချင်း မရှိဘူး၊ ညံ့ဖျင်းတယ်ဆိုတာ တရုတ်က ကောင်းကောင်းသိတော့ အလုံးစုံ မယုံရဲဘူး။ အရင်ကတည်းက သူတို့နဲ့ သံခင်တမန်ခင်း ပြေလည်ခဲ့တဲ့ ဦးသန်းရွှေဆီကို သွားပြီးတော့ သူခိုးသေ ဖော်ညှိ သလို ဆက်ဆံတာလို့ယူဆတယ်။ မင်းအောင်လှိုင် ပြောတာလောက်နဲ့ သူတို့မကျေနပ်တဲ့အတွက် ဦးသန်းရွှေကိုပါ သွားပြီးတော့ နောက်ကွယ်ကနေ နိုင်ငံရေးအရကစားဖို့ သွားတွေ့တယ်လို့ပဲ သုံးသပ်ပါတယ်။

မေး ။ ။ ဦးသန်းရွှေကို ပြန်ပွဲထုတ်လာတာ ဒီမိုကရေစီလှုပ်ရှားမှုအတွက် သက်ရောက်မှုရှိမယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ဦးသန်းရွှေပါလာတာ ဒီမိုကရေစီရေး၊ တော်လှန်ရေးအတွက် ပိုကောင်းဖို့ မဖြစ်လာနိုင်ပါဘူး၊ တော်လှန်ရေးမှာ အသက်တွေ၊ ဘဝတွေ အများကြီးပေးဆပ်ထားကြရတယ်။ လူငယ်တွေဟာ ပညာသင်ကြားရမယ့်အချိန်မှာ စစ်ကောင်စီက အာဏာသိမ်းတဲ့အတွက် PDF တပ်တွေထဲဝင်ပြီးတော့ ဘဝပေါင်းများစွာ ရင်းထားရတယ်။ ကျမတို့က ဒီစစ်အာဏာရှင်မှ မဟုတ်ဘူး ဘယ်အာဏာရှင်ကိုမဆို နွေဦးတော်လှန်ရေးမှာ အပြီးသတ် ချုပ်ငြိမ်းဖို့အတွက် တိုက်ပွဲဝင်မယ်။ ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ထုတ်ဖော်ပြောကြားခွင့် စတဲ့ ဒီမိုကရေစီအပြည့်အဝရရှိတဲ့ ဖက်ဒရယ်နိုင်ငံသစ်တည်ဆောက်ဖို့ဆိုတဲ့ ပန်းတိုင်ကိုရောက်ဖို့ မဆုတ်မနစ် ဆက်ပြီးချီတက်မှာ ဖြစ်ပါတယ်။

မေး ။ ။ တရုတ်အနေနဲ့ စီမံကိန်းတွေကို အရှိန်မြင့်လုပ်ဖို့ တချိန်းလုံးပြောနေတာရှိတယ်။ တနိုင်လုံးနီးပါးက လက်နက် ကိုင်ခုခံတော်လှန်နေတဲ့ကာလဖြစ်တော့ စီမံကိန်းတွေ အရှိန်မြှင့်အကောင်အထည်ဖော်ဖို့ဆိုတာ ဖြစ်နိုင်တယ်လို့ ထင်ပါသလား။

ဖြေ ။ ။ လက်ရှိ မြန်မာပြည်က ပုံမှန်အခြေအနေဖြစ်နေတာ မဟုတ်ဘူး။ စစ်ကောင်စီကို ပြည်သူတွေက ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတဲ့အဆင့်နဲ့ မလုံလောက်တော့လို့ လက်နက်ကိုင်ခုခံနေရတဲ့အဆင့်ကို သွားနေတာဖြစ်တယ်။ နယ်မြေ အခြေအနေကလည်း တည်ငြိမ်မှုမရှိဘူး၊ ဒီအနေအထားမှာ တရုတ်စီမံကိန်းတွေ လုပ်ကွက်တွေမှာလာပြီးတော့ ဆက် လုပ်နေမယ်ဆိုရင် ခုခံတော်လှန်စစ်မှာ ပစ်မှတ်အနေနဲ့ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)လက်အောက်ခံ တပ်တွေက လုပ်တာမလုပ်တာတော့ မသိဘူး။ ဒါပေမဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကတော့ ဒီစီမံကိန်းတွေကို လုံးဝ လက်ခံနိုင်ခြင်း မရှိပါဘူး။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးရုံး အကြီးအကဲ ဆုန်ထောင်နှင့် အာဏာရှင်ဟောင်း ဦးသန်းရွှေတို့ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လက နေပြည်တော်တွင် တွေ့ဆုံစဉ်

ဘာလို့လဲဆိုရင် တရုတ်စီမံကိန်းတွေမှာ စစ်ကောင်စီက တပ်စွဲတယ်၊ ပြည်သူကို ဒုက္ခပေးတယ်ဆိုတော့ လူထုဘက်က ခုခံတဲ့အခါမှာ တရုတ်ရဲ့အကျိုးစီးပွားတွေ ထိခိုက်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်။ တရုတ်အနေနဲ့ စစ်ကောင်စီနဲ့ပူးပေါင်း ပြီး သူတို့အကျိုးစီးပွားတွေကို ဆက်ပြီး လုပ်နေမယ်ဆိုရင် ဒါတွေအတွက် ဘယ်သူမှ အာမခံချက်ပေးနိုင်မှာ မဟုတ်ပါဘူး။ စစ်ကောင်စီကလည်း သူတို့ရဲ့အကျိုးစီးပွားတွေကို ဆုံးရှုံးနစ်နာမှုမရှိပါဘူးလို့ အာမခံချက်ပေးနိုင်မှာ မဟုတ်ပါဘူး။

မေး ။ ။ အခုဆိုရင် တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်အပြီးမှာ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြန်ပေါ်ပေါက်လာ တာ တွေ့ရတယ်။ ဒီလိုဆန့်ကျင်ဆန္ဒပြမှုတွေက ဘယ်အတိုင်းအတာအထိ ဆက်ရှိနိုင်မယ်ထင်ပါသလဲ။

ဖြေ ။ ။ တရုတ်အစိုးရကသာ စစ်ကောင်စီကို ဆက်ပြီး ထောက်ခံအားပေးနေမယ်၊ ပြောင်ပြောင်တင်းတင်း ဆက်ပြီး ရပ်တည်နေမယ်ဟေ့ဆိုရင် ကျမတို့ဘက်ကနေပြီးတော့ တရုတ်အစိုးရကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဆက်ပြီး တော့ လုပ်သွားဖို့ရှိပါတယ်။ ပြည်တွင်းမှာသာမကဘဲ နိုင်ငံတကာမှာရှိတဲ့ ပြည်ပရောက်မြန်မာအဖွဲ့အစည်းတွေ အားလုံးနဲ့ လည်း နိုင်ငံတကာမှာပါ တရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ဖော်ဆောင်ဖို့ရှိပါတယ်။ အရှိန်အဟုန်မြှင့်သွားမှာ ဖြစ်ပါတယ်။

မေး ။ ။ တရုတ်ဟာ မြန်မာ့အရေးမှာ ဘယ်လိုရပ်တည်သင့်တယ်လို့ရော ထင်မြင်ယူဆပါသလဲ။

ဖြေ ။ ။ အိမ်နီးချင်း အင်အားကြီးနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်မယ်ဆိုရင် အင်မတန်မှ ကောင်းမွန်ပါ လိမ့်မယ်။ အခုဆိုရင် ပြည်သူတွေက စစ်ဘေးရှောင်နေကြတဲ့အချိန်မှာပဲ မုန်တိုင်းဒဏ်၊ သဘာဝဘေးအန္တရာယ်တွေကြောင့် ထပ်ပြီးတော့ တိမ်းရှောင်ကြရတာတွေရှိတယ်။ ဒီကြားထဲကပဲ စစ်ကောင်စီက စစ်ကြောင်းထိုးတယ်၊ ဝင်ဖမ်းတာတွေလုပ် တယ်။ အဲဒီအတွက်ကြောင့် လူနာချင်းစာနာထောက်ထားတဲ့အကူအညီတွေဟာ အရမ်းကိုလိုအပ်နေတာဖြစ်တယ်။ တရုတ် နိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို NUG နဲ့ ညှိနှိုင်းပြီးတော့ စစ်ရှောင်တွေထံရောက်ရှိဖို့ စွမ်းဆောင်ပေးနိုင်မယ်ဆိုရင် ပြည်သူလူထုတွေအနေနဲ့ တရုတ်အစိုးရအပေါ် အမြင်တွေ အများကြီးပြောင်းသွားလိမ့်မယ်လို့ မြင်တယ်။ တကယ်လည်း လိုအပ်နေတဲ့အခါကျတော့ နယ်စပ်ဖြတ်ကျော်ကူညီမှုတွေ လုပ်ပေးမယ်ဆိုရင်တော့ ပြည်သူတွေ အတွက် တော်တော်လေးအကျိုးရှိလိမ့်မယ်လို့ ယူဆပါတယ်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
19
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
15
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
32

နောက်တခုက မင်းအောင်လှိုင်ရဲ့လုပ်ရပ်က ဘယ်လိုမှလက်ခံနိုင်စရာအကြောင်း မရှိဘူး။ လူသားတယောက်ဖြစ်လာပြီ ဆိုရင် လူ့ဂုဏ်သိက္ခာနဲ့အညီနေနိုင်ဖို့အတွက် မွေးရာပါလူ့အခွင့်အရေးဆိုတာ ရှိတယ်။ ဒါတွေအကုန်လုံးကို မင်းအောင်လှိုင် က ချိုးဖောက်နေတယ်။ သူတဦးတသင်းကောင်းစားရေး၊ သူ့ရဲ့ လက်တဆုပ်စာစစ်တပ် ကောင်းစားရေးအတွက် ကျမတို့ရဲ့ လူ့အခွင့်အရေးတွေကို ချနင်းပြီးတော့ အာဏာသိမ်းလိုက်တာဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေကလည်း ဒီလုပ်ရပ်ကို လက်ခံနိုင်စရာမရှိဘူး။ ဒါကို တရုတ်အစိုးရက အင်အားကြီးနိုင်ငံတနိုင်ငံဖြစ်ပါလျက်၊ နိုင်ငံတကာဥပဒေတွေကိုလည်း နားလည်နေပါလျက်နဲ့ ဒီလောက် လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်နေတဲ့ စစ်ရာဇဝတ်ကောင်ကို အားပေးထောက်ခံနေ တာ ဘာကြောင့်လဲဆိုတာ ကျမတို့အနေနဲ့ တော်တော်လေး စဉ်းစားရခက်ပါတယ်။

မေး ။ ။ မြန်မာ့အရေးမှာ နိုင်ငံတကာရဲ့ရပ်တည်မှုနဲ့ ပတ်သက်လို့ရော ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ ခင်ဗျာ။

ဖြေ ။ ။ ပြည်သူ့အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ပေါ့နော်။ ဘယ်သူပဲ ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည် ဖြစ်စေ၊ ကျမတို့လုပ်ရမယ့်အလုပ်ကို ကျမတို့ပြည်သူတွေက ညီညီညွတ်ညွတ်လုပ်ဆောင်သွားမှာပဲ။ အကူအညီတွေရတယ် ဆိုရင်တော့ ကောင်းတာပေါ့နော်။ နိုင်ငံတကာကလည်း ဒီလောက်မတရားမှုတွေကို ကျူးလွန်နေတဲ့၊ လူ့အခွင့်အရေးတွေ ကို ချိုးဖောက်နေတဲ့ မင်းအောင်လှိုင်ကို အရေးယူဖို့ဆိုတာ ခုချိန်ထိကို တချို့နိုင်ငံတွေ နှုတ်ဆိတ်နေတယ်ပေါ့နော်။ ကျမ အနေနဲ့ တိုက်တွန်းချင်တာက တရုတ်မှမဟုတ်ဘူး၊ နိုင်ငံတကာက နိုင်ငံ့ခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာပြည်သူ တွေရဲ့ဘဝကို စာနာပေးပါ။ ကျမတို့မြန်မာပြည်သူတွေ ဘယ်လောက်သေပြီးတော့၊ ဘယ်လောက်ဒုက္ခရောက်ပြီးတော့မှ နိုင်ငံတကာကခေါင်းဆောင်တွေက မြန်မာ့အရေးကို ကူညီကြမှာလဲလို့ မေးချင်ပါတယ်။

You may also like these stories:

မင်းအောင်လှိုင်ဟာ နိုင်ငံကို လုံးဝ မထိန်းချုပ်နိုင်ဘူးဆိုတာ တရုတ် သိတယ်

စစ်ကောင်စီဘက်က မားမားမတ်မတ်ရပ်တည်တာ တရုတ်နဲ့ ရုရှားပဲရှိတယ်

အာဏာသိမ်းပြီး မြန်မာရဲ့ မတည်ငြိမ်မှုတွေကို “တရုတ်က ပိုစိုးရိမ်နေတယ်”

တရုတ်အကျိုးစီးပွား ဘောင်ကျဉ်းမှုနှင့် မြန်မာပြည်မြောက်ပိုင်း လုံခြုံရေး အခင်းအကျင်း

Your Thoughts …
Tags: စစ်ကောင်စီတရုတ်ဆန့်ကျင်ရေးဆန္ဒပြမှုလက်ပံတောင်းတောင်ဒေသခံဦးသန်းရွှေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံထားရသည့် အဆိုတော်ဗျူဟာ

စစ်ခေါင်းဆောင်အား “ချိုကျိုး နားရွက်ပဲ့” ဟု ဝေဖန်သည့် အဆိုတော် ဗျူဟာ ဖမ်းဆီးနှိပ်စက်ခံရ

RCSS တပ်ဖွဲ့ဝင်များ / ဧရာဝတီ

သွေးစွန်းလက်ကို တွဲပြီး သွေးရင်းလက်ကို ချန်ခဲ့ပြီလား

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

10 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved