• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ခေါင်းဆောင်အား “ချိုကျိုး နားရွက်ပဲ့” ဟု ဝေဖန်သည့် အဆိုတော် ဗျူဟာ ဖမ်းဆီးနှိပ်စက်ခံရ

by ဧရာဝတီ
25 May 2023
in သတင်း
A A
ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံထားရသည့် အဆိုတော်ဗျူဟာ

ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံထားရသည့် အဆိုတော်ဗျူဟာ

15.9k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ခေါင်းဆောင်အား အရည်အချင်းမရှိသည့် ချိုကျိုးနားရွက်ပဲ့ဟု ဝေဖန်ခဲ့သည့် တေးရေး၊ တေးဆို အဆိုတော် ဗျူဟာအား စစ်ကောင်စီက ဖမ်းဆီးနှိပ်စက်ခဲ့ပြီး မိသားစုနှင့်ပါ အဆက်အသွယ် ဖြတ်ထားသည်။

တေးရေးဆရာ နိုင်မြန်မာ၏ သားလည်းဖြစ်သည့် အဆိုတော် ဗျူဟာသည် လျှပ်စစ်မီး ပုံမှန် မရရှိသည့် ကိစ္စနှင့် ပတ်သက်၍ မေလ ၂၃ ရက်နေ့က ၎င်း၏လူမှုကွန်ရက် စာမျက်နှာမှတဆင့် စစ်ခေါင်းဆောင်နှင့် စစ်ကောင်စီ၏ လျှပ်စစ်ဌာနအား ဝေဖန်ပြစ်တင်ခဲ့ပြီး ၂၄ ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဖခင်ဖြစ်သူ တေးရေးဆရာ နိုင်မြန်မာက “အခုထိကို လုံးဝ ဆက်သွယ်လို့မရသေးဘူး။ ဘယ်ခေါ်သွားမှန်း မသိတာ။ မနေ့ကတည်းက သူ့လာခေါ်သွားပြီးကတည်းက အဆက်အသွယ် မရတော့ဘူး။ လိုက်စုံစမ်းတော့လည်း ဘယ်ခေါ်သွားမှန်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် ချန်နယ်များတွင် မေလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းက လက်နောက်ပြန် လက်ထိပ် ခတ်ထားပြီး မျက်နှာတွင် ဖူးယောင်ဒဏ်ရာများ၊ နုတ်ခမ်းဒဏ်ရာများ ရရှိထားသည့် အဆိုတော် ဗျူဟာ၏ ရုပ်ပုံများကို ဖြန့်ခဲ့ကြသည်။

၎င်းတို့ရေးသားထားသည့် မှတ်တမ်းများအရ အဆိုတော်ဗျူဟာအား ရန်ကုန်တိုင်း စစ်ဌာနချုပ်၏ ညွှန်ကြားချက်ဖြင့် စစ်တပ်ကိုယ်တိုင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံထားရသည့် အဆိုတော်ဗျူဟာ

အဆိုတော်ဗျုူဟာ လွှင့်တင်ခဲ့သော ရုပ်သံဖိုင်ထဲတွင် စစ်ကောင်စီလက်ထက် တနေ့လျှင် လျှပ်စစ်မီး ၅ နာရီခြား တခါကိုပင် မှန်ကန်စွာ မပေးကြောင်း၊ ယခင် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်က လျှပ်စစ်မီး ၂၄ နာရီရသည့်အပြင် မီတာခများကိုလည်း လျှော့ချပေးကြောင်းကို နှိုင်းယှဉ်ပြောဆိုထားသည်။

ဗျူဟာက “အဘွားကြီးလက်ထက် ၅ နှစ်မှာတောင် လျှပ်စစ်မီးက မပျက်တဲ့အပြင်ကို မီတာခတောင်မှ လျှော့ပေးသေးတယ်။ မင်းတို့တွေ အဲဒီအဘွားကြီးထဘီကိုပဲ ခေါင်းပေါ်စွပ်ထားလိုက်ဦး။ လျှပ်စစ်ဝန်ကြီးလုပ်တဲ့သူ ဘယ်သူမှန်းလည်း မသိဘူး။ အကုန်လုံး ချိုကျိုးနားရွက်ပဲ့တွေကြီးပဲ။ အခုလက်ရှိတိုင်းပြည်ကို အုပ်ချုပ်နေတဲ့ကောင်လည်း ချိုကျိုးနားရွက်ပဲ့ပဲ။ အရည်အချင်း မရှိတာ။ ငါ့လိုကောင်ကို ဒီတိုင်းပြည်ကို အုပ်ချုပ်ရမယ်ဆိုရင်တောင် မီးမှန်နေရမယ်လို့ ကတိပေးတယ်။ မီးအလင်းရောင် ရနေရမယ်ဆိုပြီး ကတိပေးတယ်” ဟု ပြောဆိုခဲ့သည်။

အဆိုတော် ဗျူဟာ ထောက်ပြ ပြောဆိုသကဲ့သို့ပင် ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အုပ်စုခွဲ၍ ပေးမည်ဟု ကြေညာထားသော်လည်း လျှပ်စစ်မီးကို အချိန်မှန် ပေးနိုင်ခြင်း မရှိသည့်အတွက် ပြည်သူများ နေ့စဉ်နှင့်အမျှ အခက်အခဲ ကြုံနေကြရသည်။

ဖမ်းဆီးထိန်းသိမ်းနှိပ်စက်ခံထားရသည့် အဆိုတော်ဗျူဟာ

မီးမမှန်၍ အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသည့် အခြေအထိဖြစ်နေပြီး သောက်သုံးရေ ရရှိရန်နှင့် ချက်ပြုတ်ရေး၊ ကျန်းမာရေး ကိစ္စများထိပါ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ သို့သော်လည်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကြောင့် အသံတိတ်နေကြရသည်။

တေးရေးဆရာ နိုင်မြန်မာ က “မြန်မာပြည်မှာ ကျနော့်လိုအဖေတွေ အများကြီးပါပဲ။ ကျနော့်သားလို သားတွေလည်း အများကြီးပါပဲ။ ကျနော်တို့ငြိမ်ခံရတဲ့ ခေတ်အကြောင်းအရာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့ထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၆၈၃) ဦးရှိပြီး ထိုအထဲမှ (၁၈၃၆၄) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၆၀၇၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) က ယမန်နေ့ကထုတ်ပြန်ထားသည်။

You may also like these stories:

မြင်းခြံထောင်မှ ခေါ်ထုတ်သွားသည့် နိုင်/ကျဉ်းများ၏ အသက်အန္တရာယ် စိုးရိမ်နေရ

လျှပ်စစ်မီး လုံလောက်စွာပေးရန် အမြန်ဆုံးလိုအပ်နေဟု စက်မှုလုပ်ငန်းရှင်များ ပြော

RelatedPosts

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
4
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
14
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
9

လျှပ်စစ်မီးနှင့် ရေပြတ်လပ်မှုဒဏ် ပြည်သူများ ဆိုးရွားစွာခံနေရ

ဝမရှိဘဲ ဝိလုပ်နေသည့် စစ်ကောင်စီ၏ လျှပ်စစ်

Your Thoughts …
Tags: ချိုကျိုးနားရွက်ပဲ့စစ်ခေါင်းဆောင်ဖမ်းဆီးဗျူဟာလျှပ်စစ်မီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

နံပါတ် ၁ တပ်မရတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လေယာဉ် နှစ်စီး

by ဧရာဝတီ
22 March 2024
40.9k

မင်းအောင်လှိုင်သည် သမ္မတ မဟုတ်သောကြောင့် သူ့လေယာဉ်ကို "Air Force One" ဟု တပ်မရပေ။ Air Force 002 နှင့် 003 သာ အမည်တပ်ရသည်။

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

Authentic ကြောင့် စစ်ခေါင်းဆောင်မိသားစု ပိုချမ်းသာလာ

by ဧရာဝတီ
25 February 2024
25.4k

လက်ရှိအချိန်တွင် စစ်လက်နက်ပစ္စည်းထုတ် ကာကွယ်ရေးပစ္စည်း စက်ရုံ (ကပစ) များနှင့် ပတ်သက်သော လုပ်ငန်းများ အား အဓိက လုပ်ပိုင်ခွင့်ရ ကုမ္ပဏီမှာ စစ်ခေါင်းဆောင်၏သား ကိုအောင်ပြည့်စုံ ပိုင်ဆိုင်သည့် Authentic Group of Company ဖြစ်သည်ဟု...

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

ကိုးကန့်ကို အနာကြည်းဆုံးပုဂ္ဂိုလ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပဲ

by ဧရာဝတီ
29 December 2023
19.9k

ဒီကနေ့တိုက်ပွဲတွေကို ဒီကနေ့အခြေအနေမှာ ရပ်လိုက်တယ်ဆိုရင် တချိန်မှာ စစ်ကောင်စီဟာ သူအားပြန်ပြည့်တာနဲ့ ပြန်ပြီးတိုက်မှာ။ ဒါက ရှင်းတယ်။အခုနေအခါမှာ သူအင်မတန် အားနည်းနေတဲ့အတွက် ညှိနှိုင်းရေးလမ်းကြောင်းကို သူလာတာဖြစ်တယ်။အင်မတန်အားနည်းတဲ့အချိန်မှာ လာပေမယ့်လို့ သူ့ကို နားခွင့်ပေးလိုက်ရင် သူအချိန်ယူလို့ သူအားပြန်ပြည့်သွားရင် ကိုယ့်ကို ပြန်ပြီးတော့...

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

စစ်ကောင်စီ ထုတ်ပြန်သလို NUG ဆေးတက္ကသိုလ်(မန္တလေး) ဘွဲ့လက်မှတ်များ အတုမဟုတ်ဟု ပါချုပ် ပြော

by ဧရာဝတီ
23 November 2024
16.6k

ချုလာလောင်ကွန်းတက္ကသိုလ်မှ ကျောင်းသူ ၂ ဦး၏ တက္ကသိုလ် တက်ရောက်ခွင့် လျှောက်ထားမှုကို သံသယရှိသဖြင့် ယာယီဆေးပညာဘွဲ့လက်မှတ်များအား အတည်ပြုပေးနိုင်ရန် ဆေးတက္ကသိုလ် (မန္တလေး)သို့ အကြောင်းကြားခဲ့ကြောင်း

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

စစ်ခေါင်းဆောင်နေရာ တည်မြဲရေး လူယုံများကို ရာထူးတိုးပေး

by ဧရာဝတီ
17 August 2024
13.7k

ဒုဗိုလ်ချုပ်ကြီးအောင်လင်းဒွေးသည် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် ၂၅ ကျောင်းဆင်း ဖြစ်ကာ လက်ရှိ စစ်ကောင်စီ အတွင်းရေးမှူးလည်းဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဘဝကတည်းက တာဝန်အတူထမ်းဆောင်ခဲ့ကြသူများဖြစ်ကြောင်း

Next Post
RCSS တပ်ဖွဲ့ဝင်များ / ဧရာဝတီ

သွေးစွန်းလက်ကို တွဲပြီး သွေးရင်းလက်ကို ချန်ခဲ့ပြီလား

မေလ ၂၃ ရက်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ရွာသာယာ ဘုန်းကြီးကျောင်း / IR Team

လယ်စိုက်ချင်လျှင် ခံဝန်ထိုးရမည်ဟု မော်တိတ်ဒေသခံများကို စစ်တပ် ခြိမ်းခြောက်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved