• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

သွေးစွန်းလက်ကို တွဲပြီး သွေးရင်းလက်ကို ချန်ခဲ့ပြီလား

by နန်းဆိုင်နွမ်
25 May 2023
in သူ့အတွေး သူ့အမြင်
A A
RCSS တပ်ဖွဲ့ဝင်များ / ဧရာဝတီ

RCSS တပ်ဖွဲ့ဝင်များ / ဧရာဝတီ

7.1k
VIEWS
Share on FacebookShare on Twitter

သျှမ်းတွေ ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်လာခဲ့တာဆိုရင် မေလ၂၁ ရက်နေ့မှာ ၆၅ နှစ်တိုင် ရှိခဲ့ပါပြီ။

ဒီ ၆၅ နှစ်တိုင် သျှမ်းအမျိုးသားအရေး၊ သျှမ်းလူမျိုးအရေးလို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းပြည် တပ်မတော်တွေဟာ လက်ရှိ မှာရော သျှမ်းလူထုအကျိုးကို ဘယ်လိုတွေ ဆောင်ရွက်နေလဲဆိုတာ ပြန်လည် ဆန်းစစ်သုံးသပ်သင့်တဲ့ အချိန်တိုင်ပါပြီ။

RelatedPosts

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
169
စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

17 June 2025
396
UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ  (ရုပ်/သံ)

UK နဲ့ အမေရိကန်မှာ မြန်မာကို ကူညီဖို့ ပြောခဲ့တဲ့ ဒေါက်တာဆာဆာ (ရုပ်/သံ)

17 June 2025
90

လက်ရှိ အခြေအနေကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တဝှမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးပြင်းထန်လာချိန် သျှမ်းပြည်အတွင်း သျှမ်းတပ်၂ တပ် စစ်ရေးကလည်း အရှိန်အဟုန်မြင့် လာခဲ့ပါတယ်။

သျှမ်းတပ်၂ တပ်ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) တို့ရဲ့ စစ်ရေးဟာ သျှမ်းမြောက်ဘက်ကနေစပြီး သျှမ်းတောင်တဝှမ်းထိ ပျံ့နှံ့လာခဲ့ပါတယ်။

သျှမ်းတပ်၂ တပ်ဖြစ်တဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည် တပ်မတော် (SSPP/SSA) တို့ရဲ့ စစ်ရေးဟာ သျှမ်းမြောက်ဘက်ကနေစပြီး သျှမ်းတောင်တဝှမ်းထိ ပျံ့နှံ့လာခဲ့ပါတယ်။

သျှမ်းပြည်ဟာ မြန်မာနိုင်ငံရဲ့ ဧရိယာ အကျယ်ဆုံး ပြည်နယ်တခု၊ သယံဇာတပေါများတဲ့ ပြည်နယ်တခုဆိုရင်လည်း မမှားပါဘူး။ ဒါ့ပြင် လက်နက်ကိုင်ပေါင်းစုံ လူမျိုးစုံ နေထိုင်တဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီကို ပထမဆုံး စစ်မီးပဋိပက္ခ စတင်ခဲ့တာက လည်း သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့နယ်ထဲက မိုးဗြဲရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက စတင် ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

SSPP ဒုဥက္ကဋ္ဌနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် တွေ့ဆုံစဉ်

လက်ရှိမှာလည်း သျှမ်း–ကယားနယ်စပ်တလျှောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ စစ်ကောင်စီတို့ကြား စစ်မီးတွေ ပိုပြီး အရှိန်ပြင်းလာသလို သျှမ်းပြည် အလယ်ပိုင်းလို့ ခေါ်တဲ့ လဲချားမြို့နယ်၊ ကျေးသီး၊ လွိုင်လင်တကြောနဲ့ ရပ်စောက်မြို့နယ်တွေမှာ သျှမ်းတပ် ၂ တပ်ရဲ့ စစ်ရေးက တင်းမာမှုတွေ ပိုလာပါတယ်။

ဒီသျှမ်းတပ်တွေ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ တကြိမ်တခါမျှ တိုက်ပွဲ မဖြစ်ပွားခဲ့ပေမယ့် အချင်းချင်းကြားမှာတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ယနေ့ထိတိုင် စစ်ရေးက တင်းမာနေဆဲပါ။

ဒီစစ်မီးတွေ ဖြစ်နေသရွေ့တော့ ပြည်သူတွေကတော့ အိုးအိမ်တွေ၊ လယ်ယာတွေကို စွန့်လွှတ်ပြီး ထွက်ပြေး တိမ်းရှောင်နေရမှာပါပဲ။

“သူများတွေလို စစ်တပ် (စစ်ကောင်စီ) နဲ့ တိုက်နေတာ မဟုတ်ဘူး။ အချင်းချင်း တိုက်နေကြတာလေ။ အရင်ကတော့ လူမျိုးရေးပြောပြီး အခုတော့ အချင်းချင်း ပြည်သူတွေကို အိုးအိမ် လယ်ယာတွေ စွန့်ပြီး ထွက်ပြေးနေရတာ ကြည့်ပျော်နေလား မသိဘူး”

“သူများတွေလို စစ်တပ် (စစ်ကောင်စီ) နဲ့ တိုက်နေတာ မဟုတ်ဘူး။ အချင်းချင်း တိုက်နေကြတာလေ။ အရင်ကတော့ လူမျိုးရေးပြောပြီး အခုတော့ အချင်းချင်း ပြည်သူတွေကို အိုးအိမ် လယ်ယာတွေ စွန့်ပြီး ထွက်ပြေးနေရတာ ကြည့်ပျော်နေလား မသိဘူး” လို့ လဲချားမြို့နယ် အသက် ၄၅ နှစ်အရွယ် ဒေသခံအမျိုးသားတဦးက ဆိုပါတယ်။

သျှမ်းတပ်၂ တပ် အပြင်းအထန် တိုက်ပွဲဖြစ်ပြီးနောက် အရင်က မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု အနည်းဆုံးဖြစ်တဲ့ သျှမ်းတောင်တကြောမှာ အခုနောက်ပိုင်းတော့ အကြီးအကျယ် ကြားလာရပါတယ်။

တလမှာ အနည်းဆုံး မြေမြှုပ်မိုင်းနင်းပြီး ထိခိုက်ဒဏ်ရာ ရရှိသူတဦး ရှိနေပါတယ်။

“အရင်က ကျနော်တို့ဘက်မှာ မြေမြှုပ်မိုင်း သိပ်မရှိဘူး။ အခုနောက်ပိုင်း လယ်သွားပြီး မိုင်းနင်းမိတဲ့သူတောင် ရှိတယ်။ အသက်ဆုံးရှုံးတဲ့သူတောင် ရှိတယ်။ အခုတော့ ပြည်သူတွေက နာပြီးရင်း နာပါပဲ” လို့ အသက် ၄၅ နှစ်အရွယ် အမျိုးသားက ဆိုပြန်ပါတယ်။

သျှမ်းပြည်လူထု သျှမ်းအမျိုးသားရေးကို ဦးတည်ပြီး လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းတပ်မတော် တွေက လက်ရှိမှာ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး သျှမ်းလူထုရဲ့ မျက်ရည်ကိုတောင် မကြည့်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။

သျှမ်းပြည် တပ်မတော် ဖွဲ့စည်းခဲ့တဲ့ ရည်ရွယ်ချက်ကို ပြန်ကြည့်မယ်ဆိုရင် မိမိတိုင်းပြည်နဲ့အမျိုးသားရေးကို ကာကွယ် စောင့်ရှောက်ရန်အတွက် နွမ်စဝ်ဟန် ဦးဆောင်ပြီး သျှမ်းလူငယ် ၃၁ ဦးဟာ ၁၉၅၈ ခုနှစ် မေ ၂၁ ရက်မှာ မိုင်းတုံမြို့နယ် နမ့်ကျွတ်ချောင်းဘေး တောတွင်းနေရာမှာ သွေးသစ္စာရေသောက်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးကို စတင် လုပ် ဆောင်ခဲ့ပါတယ်။

စစ်အာဏာရှင်ဆန်ဆန် ဗမာစစ်တပ်က ကြိုးကိုင်ပြီး လူ့အခွင့်အရေး ကျူးလွန်ဖိနှိပ်ခံရမှုတွေကြောင့် သျှမ်းလူထုဟာ အခွင့်အရေး ဆုံးရှုံးရမှုကို မခံနိုင်တဲ့အတွက် ၁၉၅၈ ခုနှစ်က စတင်ပြီး သျှမ်းလူငယ်တွေ ဦးဆောင်တဲ့ သျှမ်းပြည်တပ် မတော်ကို တည်ထောင်ခဲ့ကြပါတယ်။

ဒါပေမယ့် သျှမ်းပြည်လူထု သျှမ်းအမျိုးသားရေးကို ဦးတည်ပြီး လုပ်ဆောင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ သျှမ်းတပ်မတော် တွေက လက်ရှိမှာ အစိတ်စိတ်အမွှာမွှာဖြစ်ပြီး သျှမ်းလူထုရဲ့ မျက်ရည်ကိုတောင် မကြည့်တော့တဲ့ အခြေအနေ ဖြစ်နေပါတယ်။

သျှမ်းတပ် ၂ တပ် ရဲ့ မြေပြင်တိုက်ပွဲပြင်းထန်လာသလို လူမှုကွန်ရက် ဆိုရှယ်မီဒီယာတွေမှာလည်း သျှမ်းတပ်၂ တပ်ရဲ့ ဘက်တော်သားတွေဟာ လေလှိုင်းထိုး စစ်ဆင်မှုတွေဟာ တရှိန်ထိုးမြင့်တက်လာမှုတွေကြောင့် သျှမ်းလူမျိုးအချင်းချင်းကြားမှာလည်း သွေးခွဲမှုတွေ ရှိလာနေတာကို တွေ့ရပါတယ်။

လူမျိုးရေး၊ အမျိုးသားရေးကို အခြေခံထားတဲ့ လူမျိုးချင်းတူ၊ ဘာသာစကားတူ၊ စာပေတူ၊ ကိုးကွယ်ဘာသာချင်းလည်း တူတဲ့ သျှမ်းတပ် ၂ တပ်ဟာ နိုင်ငံရေးစားပွဲဝိုင်းမှာ အချင်းချင်း တွေ့ဆုံမဆွေးနွေးနိုင်တာ ဘာကြောင့်လဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါတယ်။

အဲဒီ တပ် ၂ ဖွဲ့လုံးဟာ လူမျိုးအတွက်၊ အမျိုးသားအရေးအတွက် ပြည်နယ် ငြိမ်းချမ်းရေးအတွက်ဆိုပြီး ဘုံရန်သူလို့ သတ်မှတ်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်းမှာ နှစ်ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ပြီး ဘုံရည်မှန်းချက်တူတဲ့ အချင်းချင်းကျတော့ တွေ့ဆုံဖို့ အပြန်အလှန် ကမ်းလှမ်းချက်ကနေ လေဟုန်မှာ ပျောက်ကွယ် နေကြဆဲပါ။

“သျှမ်းတပ် နှစ်တပ် နှစ်ခြမ်းကွဲသွားရတဲ့ အကြောင်းရင်းက ကျနော်တို့ သျှမ်းအချင်းချင်း ကျနော်တို့ လူမျိုးရေး၊ အမျိုး သားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လည်ပင်းဖက် ဆွေးနွေးညှိနှိုင်းမှု မရှိခဲ့လို့ ဖြစ်တယ်။ သူမှန်ကိုယ်မှန် အပြိုင်ငြင်းကြရင်းနဲ့ လက်သီးကိုသာ ဆုတ်ပြကြတော့ ရန်ဖြစ်ကြတာ။ ကျနော်တို့တွေ ဘာပဲလုပ်လုပ် အမျိုးသားရေးကို အခြေခံပြီး တော့ လုပ်မယ်ဆိုရင် အခုလိုမျိုး ပစ်ကြခတ်ကြတာတွေလည်း ရှိလာမှာ မဟုတ်ဘူး”

“ကျမတို့ သျှမ်းတပ် ၂ တပ်က အချင်းချင်းသာ မတွေ့နိုင်တာ။ အာဏာသိမ်း စစ်အုပ်စုတွေနဲ့တော့ အပြေးအလွှား ငြိမ်းချမ်းရေးစကား ပြောနေကြတယ်။ နှစ်ပေါင်းများစွာ တိုက်ခိုက်လာတဲ့ ဘုံရန်သူကိုတောင် စကားပြောနိုင်သေးတာပဲ အချင်းချင်းကြား မပြောနိုင်တာ မာန်မာနတွေကြောင့်ပါပဲ” လို့ အသက် ၃၅ နှစ်အရွယ်ရှိ တက်ကြွလှုပ်ရှား သျှမ်းအမျိုး သမီးတဦးက ပြောဆိုပါတယ်။

ဒါ့ပြင် ဘုံရန်သူကို မြင်အောင်ကြည့်တတ်ဖို့ လိုအပ်ပြီး သျှမ်းတပ် ၂ တပ်ရဲ့ အက်ကွဲကြောင်းတွေကို တဆင့်စကားတွေနဲ့ မဖြေရှင်းဘဲ အချင်းချင်း တွေ့ဆုံညှိနှိုင်းကာ စုပေါင်းအဖြေရှာသင့်ကြောင်း၊ လက်ရှိမှာ သျှမ်းတပ်တွေကြောင့် ပြည်သူတွေ၊ သံဃာတော်တွေကြားလည်း အက်ကွဲနေကြကာ “သူတလူ ငါတမင်း၊ သူမှန် ကိုယ်မှန် ဖြစ်နေကြပါက သျှမ်းပြည် အမျိုးသားရေး လှုပ်ရှားမှုဟာ အင်အားလျော့လာနိုင်တယ်” လို့လည်း သူမက ထောက်ပြ ပြောဆိုပါတယ်။

ဒါကြောင့် လူမျိုးရေး၊ အမျိုးသားရေးထက် ကိုယ်ကျိုးရေးများ ဖြစ်နေမလားဆိုတာလည်း သျှမ်းလူငယ်တွေကြားမှာ အဖြေမရှိတဲ့ ပုစ္ဆာတပုဒ် ဖြစ်လာပါတယ်။

RCSS/SSA ခေါင်းဆောင် ရွက်ဆစ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် (ဓာတ်ပုံ- SSPP info)

“သျှမ်းတပ် နှစ်တပ် နှစ်ခြမ်းကွဲသွားရတဲ့ အကြောင်းရင်းက ကျနော်တို့ သျှမ်းအချင်းချင်း ကျနော်တို့ လူမျိုးရေး၊ အမျိုး သားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လည်ပင်းဖက် ဆွေးနွေးညှိနှိုင်းမှု မရှိခဲ့လို့ ဖြစ်တယ်။ သူမှန်ကိုယ်မှန် အပြိုင်ငြင်းကြရင်းနဲ့ လက်သီးကိုသာ ဆုတ်ပြကြတော့ ရန်ဖြစ်ကြတာ။ ကျနော်တို့တွေ ဘာပဲလုပ်လုပ် အမျိုးသားရေးကို အခြေခံပြီး တော့ လုပ်မယ်ဆိုရင် အခုလိုမျိုး ပစ်ကြခတ်ကြတာတွေလည်း ရှိလာမှာ မဟုတ်ဘူး” လို့ စဝ်ဆုစန္ဒီဆု ရရှိတဲ့ သျှမ်း လူငယ်တဦးက ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ အမျိုးသားရေးကို ကောင်းမွန်စွာ နားလည် သဘောမပေါက်တဲ့အတွက် သျှမ်းတပ်အချင်းချင်း တိုက်ပွဲ အပြန်အလှန် ဖြစ်နေရတာလို့လည်း သျှမ်းလူငယ်တွေက မှတ်ချက်ပြုကြပါတယ်။

သျှမ်းတော်လှန်ရေးနေ့ ဖြစ်လာဖို့အတွက် စဝ်နွဲ့ (ခ) ဆောယန္တိ ဦးဆောင်တဲ့ သျှမ်းလူငယ် ၃၁ ယောက်ရဲ့ ကတိကဝတ်တွေ သျှမ်းလူထုအပေါ်ထားတဲ့ သစ္စာတွေဟာ ပြန်လည် စဉ်းစားပြီး သျှမ်းတပ်တွေ ပြန်လည် ပြုပြင်ရန် လိုအပ်ပါတယ်။

“တကယ်လို့သာ အမျိုးသားရေးဆိုတာကို ကောင်းကောင်း နားလည်မယ်ဆိုရင် ကျနော်တို့ အချင်းချင်းကြား ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိလာစရာ အကြောင်းမရှိဘူး။ နောက်ပြီး တဖက်နဲ့တဖက် ပြောဆိုကြတဲ့ သွေးထိုးစကားတွေက စစ်ရေး၊ နိုင်ငံရေး တကယ်နားလည်ရင်လည်း သွေးထိုးစကားတွေ နားယောင်မှာ မဟုတ်ဘူး” လို့ သျှမ်းတပ် အချင်းချင်း စစ်ရေးတင်းမာနေတဲ့ ဒေသက လူငယ်အမျိုးသားတဦးက ထောက်ပြပြောဆိုပါတယ်။

လက်ရှိ သျှမ်းတပ်တွေကို ပြန်ကြည့်မယ်ဆိုရင် နှစ်ပေါင်း ၆၅ နှစ်တိုင် ရပ်တည်လာတဲ့ အမျိုးသားရေး ဆိုတာထက် အာဏာပါဝါတွေ တည်မြဲဖို့ကိုသာ ဦးတည်လုပ်ဆောင်နေကြပြီး၊ ကိုယ်ကျိုးအတွက်သာ ဆက်ပြီးလုပ်ဆောင်နေပါက သျှမ်းလူမျိုးရေးဟာလည်း အလှမ်းဝေးသထက် ဝေးသွားနိုင်ပါတယ်။

ဒါကြောင့် သျှမ်းတော်လှန်ရေးနေ့ ဖြစ်လာဖို့အတွက် စဝ်နွဲ့ (ခ) ဆောယန္တိ ဦးဆောင်တဲ့ သျှမ်းလူငယ် ၃၁ ယောက်ရဲ့ ကတိကဝတ်တွေ သျှမ်းလူထုအပေါ်ထားတဲ့ သစ္စာတွေဟာ ပြန်လည် စဉ်းစားပြီး သျှမ်းတပ်တွေ ပြန်လည် ပြုပြင်ရန် လိုအပ်ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း သျှမ်းတပ် ၂ တပ်ကြား ဖြစ်ပွားသော ပဋိပက္ခကြောင့် ထွက်ပြေးကြရသော စစ်ရှောင် ရှမ်းအရပ်သားများ/BNI

သျှမ်းပြည်သူတွေ ငြိမ်းချမ်းဖို့၊ စစ်ဒဏ် မခံရဖို့အတွက် အာဏာသိမ်း စစ်ကောင်စီကိုတောင် စားပွဲပေါ် အကြိမ်ကြိမ် တွေ့ဆုံနိုင်ခဲ့ပြီး သျှမ်းအချင်းချင်းကြားမှာလည်း လေလှိုင်း ပုတ်ခတ်မှုတွေ၊ မာန်မာန၊ အငြှိုးအတေးတွေ၊ ဘေးဖယ် ထားပြီး နိုင်ငံရေးစားပွဲဝိုင်းမှာ အမြန်ဆုံး အကောင်အထည်ဖော် တွေ့ဆုံဖို့ သျှမ်းလူထုက တောင်းဆိုလိုက်ပါတယ်။ ။

(သျှမ်းသံတော်ဆင့် သတင်းဌာန SHAN News တွင်၂၀၂၃ မေလ ၂၁ ရက်နေ့ပါ ဆောင်းပါးကို ခွင့်ပြုချက်ဖြင့် ပြန်လည် ကူးယူ ဖော်ပြပါသည်။)

You may also like these stories:

ရှမ်းအမျိုးသားနေ့နှင့် ဖက်ဒရယ်အရေး

ရှမ်းတိုင်းရင်းသားချင်း တိုက်ပွဲနောက်ကွယ်မှာ တရုတ်လက်တွေ ပါလား

စစ်ကောင်စီအောက်က နိုင်ငံရေးဆွေးနွေးပွဲကို RCSS မျှော်လင့်နေသလား

စစ်ကောင်စီနှင့် RCSS ဆွေးနွေးပွဲ လတ်တလောနိုင်ငံရေး အကျပ်အတည်းမပါ

RCSS နှင့် TNLA ကြား ပဋိပက္ခများ ညှိနှိုင်းနိုင်ခြင်း မရှိသေး

RCSS နှင့် SSPP တိုက်ပွဲရပ်ရေး ဆွေးနွေးရန် မေတ္တာရပ်ခံ

Your Thoughts …
Tags: SSASSPPတိုက်ပွဲသျှမ်းလက်နက်ကိုင် ၂ ဖွဲ့သျှမ်းအမျိုးသားအရေး
နန်းဆိုင်နွမ်

နန်းဆိုင်နွမ်

Honest Information(HI)

Similar Picks:

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.2k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.7k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

ငါရတာ ငါယူမယ်ဆိုတဲ့ဘက် ယိမ်းသွားရင် ပြဿနာက ဖြစ်မှာပဲ

by ဧရာဝတီ
19 July 2024
16.6k

တကယ်လို့ ကိုယ်သိမ်းပိုက်ထားတဲ့နယ်မြေထဲက ရှမ်းတင် မကပါဘူး၊ ကချင်လည်း ပါမယ်၊ တိုင်းရင်းသားပေါင်းစုံလူထုက TNLA သိမ်းတာကို သဘောတူညီတယ်ဆိုလို့ရှိရင် ဒါဟာအလိုလို တရားဝင်မှုဖြစ်သွားမှာပဲ။ ဒါကို နေပြည်တော်တင် မကဘူး၊ ဘယ်အဖွဲ့အစည်းမှ ဆန့်ကျင်လို့မရပါဘူး

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း  ၃

သံလွင်မြစ်ကို ကူးလာသည့် UWSA ဝ တပ်ဖွဲ့၏ ခြေလှမ်းများ အပိုင်း ၃

by ကိုဦး
16 July 2024
13.7k

သံလွင်အနောက်ခြမ်းသို့ ဝင်ရောက်လာသော UWSA ၏ ပါးနပ်မှုမှာ သုံးကြိမ်လုံးတွင် မဟာမိတ်ဖြစ်သူ SSPP နှင့် ပူးပေါင်း၍ ဝင်ရောက်ခြင်း ဖြစ်သည်ကို တွေ့ရ၏။

Next Post
မေလ ၂၃ ရက်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် ရွာသာယာ ဘုန်းကြီးကျောင်း / IR Team

လယ်စိုက်ချင်လျှင် ခံဝန်ထိုးရမည်ဟု မော်တိတ်ဒေသခံများကို စစ်တပ် ခြိမ်းခြောက်

မုန်တိုင်းမိုခါဒဏ်သင့် ရခိုင်ဒုက္ခသည်များကို AA တပ်ဖွဲ့ဝင်များက ကူညီရွှေ့ပြောင်းပေးစဉ်

ပယောဂတွေ မပါဖို့တော့ အရေးကြီးတာပေါ့

No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

3 days ago
5.6k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • ကချင်မှာ စစ်တပ်တန်ပြန်ထိုးစစ် ပိုလုပ်လာ

    shares
    Share 0 Tweet 0
  • ၇၅ နှစ်ပြည့် တရုတ်-မြန်မာ အပေါ်ယံ ညီနောင်ဆက်ဆံရေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate