• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီအောက်က နိုင်ငံရေးဆွေးနွေးပွဲကို RCSS မျှော်လင့်နေသလား

by ဧရာဝတီ
7 December 2021
in ဆောင်းပါး
A A
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်များ  / ကျော်ခ / ဧရာဝတီ

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တပ်များ / ကျော်ခ / ဧရာဝတီ

13.7k
VIEWS
Share on FacebookShare on Twitter

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က အသွင်သစ်နိုင်ငံရေးဆွေးနွေးပွဲများမှ တဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တနိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ၏ အနှစ်သာရကိုကိုင်စွဲပြီး အဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းကြိုးပမ်းသွားမည်ဟု ဆိုသည်။

RCSS က ဒီဇင်ဘာလ ၂ ရက်တွင် ထုတ်ပြန်သည့် RCSS နှင့် အစိုးရအကြား ပြည်နယ်အဆင့် ၂ ဖက် သဘောတူ စာချုပ် ချုပ်ဆိုမှု ၁၀ နှစ်ပြည့်အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းဖြစ်သည်။

RCSS ၏ ထုတ်ပြန်ချက်အရဆိုပါက RCSS သည် အာဏာသိမ်းစစ်ကောင်စီ၏ တိုင်းပြည်အပေါ် စီမံကွပ်ကဲနေသည့် အုပ်ချုပ်မှုအောက်တွင် အသွင်သစ်နိုင်ငံရေးဆွေးနွေးပွဲများကို မျှော်လင့်နေသလားဟု မေးခွန်းထုတ်ခြင်းများလည်း ခံနေရသည်။

RCSS ပြောခွင့်ရ ဗိုလ်မှူး ခမ်းစံက RCSS က ရည်ညွှန်းသည့် ဆွေးနွေးပွဲဆိုသည်မှာ စစ်ကောင်စီနှင့်သာ ဆွေးနွေးမည်ဟု ဆိုလိုသည့် သဘောမဟုတ်ကြောင်း ဧရာဝတီသို့ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် TNLA တပ်များ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

၎င်းက “ဆွေးနွေးပွဲဆိုတာက စစ်တပ်ကို ကျနော်တို့က ဆွေးနွေးပြီးမှ ဖြစ်မြောက်လာလိမ့်မယ်လို့ မယူဆစေချင်ပါဘူး။ အဓိကကျတော့ ဖက်ဒရယ်အတွက်၊ ဒီမိုကရေစီအတွက်၊ လူထုအတွက်ရပ်တည်တဲ့ အဖွဲ့အစည်းမှန်သမျှကို ရပ်တည်ပြီး လုပ်ဆောင်သွားမယ်လို့ ဆိုလိုချင်တာပါ” ဟု ဆိုသည်။

ထို့အပြင် NCA ၏ အနှစ်သာရကို RCSS က ကိုင်စွဲရသည်မှာလည်း NCA စာချုပ်သည် ယနေ့အချိန်အထိ ဆက်လက် ရှိနေသာကြောင့် ဖြစ်ကြောင်း ဗိုလ်မှူးစိုင်းခမ်းစံက ပြောသည်။

၎င်းက “တခုနှိုင်းပြချင်ပါတယ်။ ပင်လုံစာချုပ်က နှစ်ပေါင်း ၆၀၊ ၇၀ လောက်ရှိပြီဗျ။ ဒါနဲ့ ပတ်သက်လို့ တချို့က ဗိုလ်ချုပ်အောင်ဆန်းကျဆုံးသွားလို့ တရားမဝင်ဘူးလို့ ပြောကောင်းပြောကြလိမ့်မယ်။ ဦးနေဝင်းကလည်း အာဏာသိမ်းပြီးတော့ ဒီစာချုပ်က တရားမဝင်ဘူးလို့ ပြောချင်ပြောလိမ့်မယ်။ ဒါပေမယ့် ဒီကနေ့အထိ ကျနော်တို့က ပင်လုံစာချုပ်ကို စွဲကိုင်နေတုန်းပဲဗျ။ ဆိုလိုတာက NCA မှာဆိုရင်လည်း ဘက်ပေါင်းစုံ အစုအဖွဲ့ပေါင်းစုံနဲ့ လက်မှတ်ထိုးထားတာဖြစ်တယ်။ တဖက်က ကတိကဝတ်တွေ ပျက်ပြားသွားပေမယ့် ကျနော်တို့က NCA ရဲ့ အနှစ်သာရအပေါ်မှာဆွဲကိုင်တယ်။ ၁ အချက်က အပစ်အခတ်ရပ်စဲရေး ဆွဲကိုင်တယ်။ ၂ အချက်က ဖက်ဒရယ်သွားမယ်။ ပင်လုံစာချုပ်ကိုဆွဲကိုင်ထားတုန်းပဲဆိုတာ ရှင်းရှင်းလင်းလင်းခိုင်းနှိုင်းပြတာပါ” ဟု ပြောသည်။

RCSS သည် စစ်အာဏာသိမ်းတာကို လက်မခံသော်လည်း လက်တွေ့အားဖြင့် အာဏာသိမ်းမှုဆန့်ကျင်သူများအား စစ်ရေး ကူညီမှုနည်းပါးရခြင်းမှာ ကူညီမှုကြောင့် ရနိုင်သည့် ကောင်းကျိုး၊ ဆိုးကျိုးကို တွက်ချက်နေရသောကြောင့် ဖြစ်ကြောင်း ဗိုလ်မှူး ခမ်းစံက ရှင်းပြသည်။

၎င်းက “လက်တွေ့အားဖြင့် တော်လှန်ရေးအဖွဲ့အစည်းတခုမှာဆိုရင် တခုခုလုပ်ဖို့ဆိုရင် တွက်ချက်ရမှုအပိုင်းတွေ ရှိတယ်။ စစ်ရေးအတွက်မှာဆိုရင် Emotion အတိုင်းလုပ်လို့မရဘူးခင်ဗျ။ RCSS အနေနဲ့က ပြည်သူလူထုအတွက် အလုပ်လုပ်မယ်။ ရှမ်းပြည်အတွက် အလုပ်လုပ်မယ်။ ရှမ်းပြည်အတွက် အကျိုးရှိမလား။ အကျိုးယုတ်မလားဆိုတာကို တွက်ချက်မှုနဲ့ ကျနော်တို့ လုပ်တာဖြစ်တယ်။ တခြားဟာမပါဘူးပေါ့။ ပြည်သူ့အကျိုးစီးပွားကို အဓိကထားတယ်” ဟု ဆိုသည်။

ချင်းအမျိုးသားတပ်ဦး (CNF) ၏ ဒုတိယဥက္ကဌလည်းဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖက်ဒရယ် ပြည်ထောင်စု ရေးရာဝန်ကြီးလည်းဖြစ်သည့် ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များကို ရည်ညွှန်းကာ လူထုနဲ့မပူးပေါင်းဘဲ စစ်ကောင်စီလက်ထက်တွင် နိုင်ငံရေး ဆွေးနွေးပွဲများကို စိတ်ကူးယဉ်နေခြင်းသည် သမိုင်းထဲတွင် အမှားလုပ်နေခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ လလယ်က ပြောကြားထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လှုပ်ရှားနေသည့် SSPP တပ်များ (ဓာတ်ပုံ – ကျော်ခ၊ ဧရာဝတီ)

၎င်းက ဧရာဝတီနှင့် အင်တာဗျူးတွင် “ကျနော့်ရဲ့ မိတ်ဆွေဟောင်းများဖြစ်တဲ့ PPST (ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) ခေါင်းဆောင်ဟောင်းကြီးများ ကလည်း ရှင်းရှင်းလင်းလင်းမြင်သင့်တယ်။ မင်းအောင်လှိုင်လို အိပ်မက်ထဲမှာ မနေစေချင်ဘူး။ အမှန်တရားအပေါ်မှာ နိုးထပြီးတော့မှ ယနေ့တိုင်းပြည်ရဲ့ ပကတိ အခြေ အနေကိုလည်း ကြည့်ပါ။ ပြည်သူလူထုတရပ်လုံးရဲ့ ဆန္ဒကိုလည်း လေးစားပါ။ လူထုနဲ့မပေါင်းဘဲနဲ့ လူထုရဲ့ ဆန္ဒကို မလိုက်လျောဘဲနဲ့ အဲဒီနိုင်ငံရေးဆွေးနွေးပွဲတွေကို စိတ်ကူးယဉ်နေတာက သမိုင်းထဲမှာ အမှားလုပ်နေတာဖြစ်တယ်။ သမိုင်းရဲ့ဒဏ်ခတ်မှုကို ကြီးအကျယ်ခံရလိမ့်မယ်။ အချိန်မနှောင်းသေးဘူး” ဟု ပြောသည်။

ထို့သို့ ပြောဆိုထားသော်လည်း PPST တွင် ပါဝင်သည့် RCSS အနေဖြင့် အသွင်သစ်နိုင်ငံရေး ဆွေးနွေးပွဲများကို မျှော်လင့်ကာ NCA ၏အနှစ်သာရကို ဆက်လက်ဆုပ်ကိုင်နေခြင်းဖြစ်သည်။

ဥပဒေ အထောက်အကူပြုအဖွဲ့ တည်ထောင်သူ လူ့အခွင့်အရေးရှေ့နေ တဦးဖြစ်သူ ဦးအောင်ထူးကမူ နိုင်ငံရေးအရ RCSS ၏ ရပ်တည်ချက်ကို မပြောလိုသော်လည်း ပင်လုံစာချုပ်နှင့် NCA စာချုပ် တန်ဖိုးခြင်းတူသယောင်ဆိုနေသည့် RCSS ပြောခွင့်ရ၏ မှတ်ချက်သည် ဥပဒေကြောင်းအရ လွဲမှားနေကြောင်း ထောက်ပြသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ချုပ်ဆိုသည့် ပင်လုံစာချုပ်သည် မြန်မာကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်း နှင့် ဗြိတိသျှဝန်ကြီးချုပ် ကလီးမင့် ရစ်ချတ် အက်တလီတို့အကြား ၂ ဦးသဘောတူချုပ်ဆိုသည့် အောင်ဆန်း-အက်တလီ စာချုပ်၏ အဆက်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပင်လုံစာချုပ်တွင် တိုင်းရင်းသားပြည်နယ်များ၌ ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံမှ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ရှိကာ ဆွေးနွေးသည့် လုပ်ငန်းစဉ်တခုလုံးတွင် မည်သည့် ချုပ်ကိုင်မှုမှမရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေ နောက်ခံများလည်း မရှိကြောင်း ဦးအောင်ထူးကပြောသည်။

ထို့အပြင် ပင်လုံစာချုပ်သည် တိုင်းရင်းသားများနေထိုင်ရာ ယခုပြည်နယ်များဖြစ်သည့် တောင်တန်းဒေသကို ကိုယ်စားပြုသည့် စာချုပ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဦးအောင်ထူးက “အခု NCA မှာက ကိုယ်ပိုင်ပြဌာန်းခွင့်အခြေခံကနေ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်ပေးထားတာမှ မဟုတ်ဘဲ။ ရှမ်းပြည်နယ်ပဲ ဥပမာထား။ ရှမ်းပြည်နယ်တခုလုံး အတိုင်းအတာ စည်းရုံးပြီးမှ NCA ထဲမှာ မပါဘူး။ ကျုပ်တို့ဘာသာဆုံးဖြတ်မယ်ဆိုရင် စစ်တပ်က လက်ခံမှာတဲ့လား။ ဘယ်လိုမှ ပင်လုံစာချုပ်နဲ့ နှိုင်းယှဉ်လို့ မရဘူး။ အဲဒီကာလက လွတ်လပ်စွာရှိခဲ့ကြတာ။ အဲဒီတုန်းက ကချင်ဒေသ၊ ရှမ်းဒေသ၊ ချင်းဒေသ မပေါင်းဘဲ နေချင်နေလို့ရတယ်။ အခုရသလား။ NCA အောက်မှာမရဘူး” ဟု ရှင်းပြသည်။

၎င်းက ဆက်၍ “ဒုတိယအချက်အနေနဲ့ NCA process ထဲမှာ UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ) လား၊ JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ကော်မတီ) လား အဲဒီချုပ်ကိုင်မှုတွေ အောက်ကနေ သွားကြရတာ။ တတိယအချက်အားဖြင့် NCA ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေပေါ်လာတာ။ ၂၀၀၈ ကို ကျားကန်ပြီးပေါ်လာတာ။ ဟိုတုန်းက ပင်လုံစာချုပ်မှာ ဘာဖွဲ့စည်းပုံမှမရှိဘူး။ နောက်တခုက ပင်လုံစာချုပ်က ပြည်နယ်ကိုယ် စားပြုစာချုပ်၊ ကနေ့ NCA က ပြည်နယ်ကိုယ်စားပြုမဟုတ်ဘူး။ လုံးဝ တန်ဖိုးချင်းက ဆီနဲ့ရေပဲ။ ပတ္တမြားနဲ့ လမ်းဘေးက ကျောက်လိုပဲ။ ဒါကို နှိုင်းယှဉ်တာ ကျနော်လုံးဝကို အံ့ဩတယ် စိတ်လည်း မကောင်းဘူး” ဟု မှတ်ချက်ပေးသည်။

အမည်မဖော်လိုသည့် နိုင်ငံရေး သုတေသီ တဦးကလည်း လက်ရှိကာလတွင် RCSS သည် ရှမ်းပြည်နယ်၌ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် ‘ဝ’ ပြည်သွေးစည်းညီ ညွတ်ရေးတပ် (UWSA) တို့နှင့် တိုက်ပွဲများ အကြီးအကျယ်ဖြစ်ထားသဖြင့် စစ်မျက်နှာအသစ် ထပ်မဖွင့်လိုသောကြောင့် မြန်မာစစ်တပ်နှင့် ပြဿနာမဖြစ်ရန် ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းတွင် ရပ်တည်သည်ဟု သဘောထားကြေညာခြင်းဖြစ်နိုင်ကြောင်း ဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် အာဏာသိမ်းစစ်တပ်နှင့် အာဏာသိမ်းမှုဆန့်ကျင်ရေး အင်အားစုများ အကြား တဖက်နှင့်တဖက် ညှိနှိုင်းနိုင်ရန် အလျှော့အတင်း မလုပ်နိုင်ကြသဖြင့် ဆွေးနွေးပွဲများ ပေါ်ပေါက်လာရေး မှာလည်း ဖြစ်နိုင်ချေ မရှိသေးကြောင်းဆိုသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
109
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
156
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
454
ရှမ်းပြည်နယ်အတွင်း လှုပ်ရှားနေသည့် UWSA အဖွဲ့ (ဓာတ်ပုံ – ဧရာဝတီ)

၎င်းက ဆက်၍ “လက်ရှိမှာလည်း ရှမ်းပြည်နယ်မှာက RCSS နဲ့ SSPP ကြား ပဋိပက္ခက မပြေလည်သေးဘူး။ အဓိက မြောက်ပိုင်းက နယ်မြေတွေကို RCSS ကလက်လွှတ်ထားရတယ်။ SSPP ဘက်က RCSS အနေနဲ့ ရှမ်းမြောက်က လုံးဝ ဆုတ်ပေးတာကို လိုလားပေမယ့် RCSS က လုံးဝဆုတ်မပေးချင်ဘူးဖြစ်နေတယ်” ဟု ပြောသည်။

RCSS နှင့် SSPP တို့သည် ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသော်လည်း ရှမ်းပြည်နယ်တွင်း ၎င်းတို့ တပ်ဖွဲ့များ လှုပ်ရှားသည့် နယ်မြေများအပေါ် ငြင်းခုံမှုများကြောင့် စစ်ရေးအရ မပြေမလည်ဖြစ်နေခြင်း ဖြစ်သည်။

SSPP ၏ ဌာနချုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်တွင် တည်ရှိပြီး RCSS သည် ရှမ်းပြည်နယ် တောင်ပိုင်း၊ ထိုင်း- မြန်မာနယ်စပ်ရှိ လွယ်တိုင်းလျန်းတွင် ဌာနချုပ် အခြေစိုက်သည်။ RCSS သည် NCA ကိုလက်မှတ်ထိုးထားပြီး SSPP က NCA ကို လက်မှတ်ထိုးထားခြင်းမရှိပေ။

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာမှစ၍ RCSS သည် ရှမ်းပြည်နယ်မြောက်ပိုင်း၌ အခြေစိုက် လှုပ်ရှားသည့် TNLA၊ SSPP တို့နှင့် နမ့်ဆန်၊ နမ္မတူ၊ သီပေါ၊ ကျောက်မဲ မြို့နယ်တို့တွင်း နယ်မြေ အငြင်းပွားမှုများကြောင့် ပဋိပက္ခများ စတင်ခဲ့သည်။ TNLA နှင့် SSPP မဟာမိတ်တပ်များသည် RCSS ကို ပူးပေါင်း တိုက်ခိုက်ခြင်းများ ပြုလုပ်ပြီး တိုက်ပွဲများမှာ RCSS ဘက်က နယ်မြေကျော်လွန် လှုပ်ရှားခြင်း၊ တပ်ဖြန့်ကျက်ခြင်းကြောင့် ဖြစ်ရသည်ဟု ပြောဆိုထားသည်။

RCSS ဘက်ကလည်း ရှမ်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သဖြင့် ရှမ်းပြည်နယ်အတွင်း မည်သည့် နေရာမဆို လှုပ်ရှားခွင့် ရှိပြီး အချို့နယ်မြေများသည် ၎င်းတို့ ယခင်က လှုပ်ရှားဖူးသည့် နယ်မြေဟောင်းများ ဖြစ်သည်ဟု ပြောဆိုသည်။ ၂၀၂၁ ခုနှစ် ဇွန်နှင့် ဇူလိုင်လအတွင်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကျေးသီးမြို့နယ်အတွင်းရှိ လွယ်ဟွန်းတောင်ကြော တလျှောက်တွင် SSPP နှင့် RCSS ကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။

RCSS နှင့် SSPP ကြား စစ်ရေးပဋိပက္ခများကြောင့် ရှမ်းပြည်နယ်တွင် စစ်ဘေးဒုက္ခသည်အနည်းဆုံး ၃၀၀၀ ခန့်ရှိနေကြောင်း စစ်ဘေးရှောင်များကို ကူညီနေသူများထံမှသိရသည်။ RCSS သည် သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် အခြားသောတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နှင့်အတူ NCA ကို လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ်က အာဏာသိမ်းမှုကို RCSS အနေနှင့် လက်မခံကြောင်းပြောပြီး ဆန္ဒပြပြည်သူများအား စစ်တပ်က ဆက်လက်သတ်ဖြတ်နေပါက RCSS သည် လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း မတ်လ ၂၇ ရက်က ရိုက်တာသတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတွင် ဖြေကြားထားသည်။

သို့သော်လည်း ရှမ်းပြည်နယ်အတွင်း မြို့ပြနှင့် ကျေးလက်များတွင် စစ်အာဏာရှင် အလိုမရှိကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ခဲ့ကြသည့် ပြည်သူများကို အာဏာသိမ်း စစ်တပ်က အကြမ်းဖက် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်း ပြန်မပေးသည့် ဖြစ်စဉ်များပင်ရှိခဲ့သည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင်ကို သက်သေတင်

ဒေါ်အောင်ဆန်းစုကြည်အား ပေးရန် ရွှေနှင့် ဒေါ်လာများ ကိုယ်တိုင်ပြင်ဆင်ခဲ့ဟု ဦးဖြိုးမင်းသိန်းဇနီးထွက်ဆို

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား နိုဝင်ဘာ ၃၀ ရက်နေ့ အမိန့်ချမည်

Your Thoughts …
Tags: RCSSSSPPTNLAUWSA
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
ဖနွမ်းပင်မြို့တော်ရှိ ငြိမ်းချမ်းရေးနန်းတော် Peace Palace တွင် ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဦးဝဏ္ဏမောင်လွင်တို့ ၂ ဦး တတောင်ဆစ်ချင်း ထိတွေ့နှုတ်ဆက်နေပုံ

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချအပြီး ဦးဝဏ္ဏမောင်လွင် ဖနွမ်းပင်သွား

သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်/ / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

4 hours ago
2.3k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.1k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved