• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့အား နိုဝင်ဘာ ၃၀ ရက်နေ့ အမိန့်ချမည်

by ဧရာဝတီ
16 November 2021
in သတင်း
A A
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

10.1k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုး အောင်တို့အား အာဏာသိမ်းစစ်ကောင်စီက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲဆိုထားမှုအပေါ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် အပြီးသတ်အမိန့်ချမည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ရုံးချိန်းတွင် ၎င်းအမှုနှင့်ပတ်သက်ပြီး နှစ်ဖက်ရှေ့နေများက အပြီးသတ် အပြန်အလှန် လျှောက်လဲချက်ပေးခဲ့ကြပြီး အမိန့်ချမည့်ရက်အား တရားရုံးက ကြေညာခဲ့ခြင်းဖြစ်သည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
142
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
54
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
1.1k

လာမည့် နိုဝင်ဘာ ၃၀ ရက်နေ့ ချမှတ်မည့်အမိန့်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက တရားစွဲဆိုသည့် အမှုများထဲမှ ပထမဆုံးချမှတ်မည့် အမှုလည်းဖြစ်သည်။

ယင်းအပြင် ယနေ့ရုံးချိန်းတွင် ဦးညီညီဆိုသူက ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ ဖြင့် သီးသန့်တရားစွဲဆိုထားမှုအား ဒေါ်အောင်ဆန်းစုကြည်က သက်သေထွက်ဆိုခဲ့ပြီး နောက်တပတ်ရုံးချိန်းတွင် ဒေါက်တာဇော်မြင့်မောင် သက်သေထွက်ဆိုမည်ဖြစ်ကြောင်းလည်း သိရသည်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ တွင် “နိုင်ငံတော်အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ်ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ်မှုကို တဦးတယောက်သောသူက ကျူးလွန်ချင်လာအောင် အများပြည်သူကိုသော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစု ကိုသော်လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တခုခုဖြစ်စေရန်အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ဖြစ်စေတန်ရာ သည့် အကြောင်းရှိလျှင်” ဟု ပြဌာန်းထားပြီး ကျူးလွန်ပါက ၂ နှစ်အထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ဟု ပြဌာန်းထားသည်။

အမှုသည် ၎င်းတို့ ၃ ဦးအား အာဏာသိမ်းစစ်တပ်က ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖမ်းဆီးကာ ပြင်ပနှင့်အဆက်အသွယ်ဖြတ် တောက်ပြီး ချုပ်နှောင်ထားစဉ် ဖေဖော်ဝါရီ ၇ ရက်နေ့နှင့် ၁၃ ရက်နေ့တို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအ လုပ်အမှုဆောင်အဖွဲ့အမည်ဖြင့် ထုတ်ပြန်သည့် ကြေညာချက်နှစ်စောင်နှင့် ပတ်သက်ပြီး ၎င်းတို့တွင် တာဝန်ရှိသည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုထားခြင်းဖြစ်သည်။

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့အမည်ဖြင့် ဖေဖော်ဝါရီ ၇ ရက်နေ့ ထုတ်ပြန်ချက်မှာ အာဏာသိမ်းစစ်ကောင်စီသည် တရား ဝင်မှု မရှိသည့်အတွက် ဆက်သွယ်ဆက်ဆံခြင်းမပြုဘဲ သမ္မတဦးဝင်းမြင့်၏ အစိုးရသည်သာ တရားဝင်အစိုးရ ဖြစ်သည့်အ တွက် နှစ်နိုင်ငံကိစ္စရပ်များ ဆက်သွယ်ဆောင်ရွက်မှုပြုလုပ်ကြရန် နိုင်ငံတကာအဖွဲ့အစည်းများနှင့် သံရုံးများအား သတိပေး ကြေညာချက်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ထုတ်ပြန်ချက်သည် အာဏာသိမ်းစစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းထုတ်ပြန်မှုနှင့် ပတ် သက်ပြီး ဥပဒေပြုရေးအာဏာသည် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) တွင်သာ တည်ရှိပြီး အာဏာသိမ်းစစ်ကောင်စီထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်နှင့် ဥပဒေများအားလုံး တရားမဝင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်းသို့တရားစွဲဆိုမှုနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၃ ဦးစလုံးက သက်သေတင်ပြခြင်းမရှိဘဲ ကိုယ်တိုင် ခုခံချေပထွက်ဆိုခဲ့ကြပြီး ၎င်းတို့ဖမ်းဆီးခံရပြီးနောက် ဖြစ်ပွားသည့်ကိစ္စအပေါ် သိရှိခြင်းပင်မရှိသည့်အတွက် အပြစ်မရှိ ကြောင်း ပြောဆိုခဲ့ကြသည်။

သမ္မတဦးဝင်းမြင့်က ထွက်ဆိုရာတွင် အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်အရာရှိနှစ်ဦးလာရောက်ကာ သမ္မ တရာထူးက ကျန်းမာရေးအကြောင်းပြကာ နုတ်ထွက်ရန် ဖိအားပေးခြိမ်းခြောက်ခဲ့ကြကြောင်း၊ ယင်းသို့ခြိမ်းခြောက်မှုအား ၎င်းအနေဖြင့် ငြင်းဆိုခဲ့ပြီး နုတ်ထွက်ခြင်းမရှိခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

ယင်းသို့ သမ္မတဦးဝင်းမြင့်ထွက်ဆိုပြီးနောက် ၎င်းတို့၏ရှေ့နေအဖွဲ့အား အမှုနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်း၊ မီဒီယာများနှင့် ပြောဆိုဖြေကြားခြင်းမပြုရန် အာဏာသိမ်းစစ်ကောင်စီက ပိတ်ပင်ခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါက်တာမျိုးအောင်တို့၏ တရားခွင်အတွင်း ထွက်ဆိုချက်များ အသေးစိတ်သိရှိရခြင်းမရှိတော့ပေ။

လက်ရှိတွင် ဖမ်းဆီးချုပ်နှောင်ခံရပြီး အမှု ၁၁ ဖြင့် တရားစွဲဆိုခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမှုများရင် ဆိုင်နေရသည့် သမ္မတဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင်တို့အား ရွေးကောက်ပွဲမသမာမှုများတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုကာ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ယမန်နေ့က ထပ်မံ၍ တရားစွဲ ဆိုခဲ့ကြောင်း ကြေညာခဲ့သည်။

မဲစာရင်းအကြောင်းပြကာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင်များနှင့် ပါတီဝင်၊ ပါတီထောက်ခံသူများအား ပစ်မှတ်ထားကာ ဖမ်းဆီးတရားစွဲခြင်း၊ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခြင်းတို့အပြင် ဖမ်းဆီးချုပ်နှောင်ထားစဉ် သေဆုံးသည်အထိ နှိပ်စက်ညှင်းပမ်းမှုများ ကျူးလွန်လျှက် ရှိသည်။

NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေး၏ပြောကြားထားချက်အရ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်နေ့က စပြီး NLD ပါတီမှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၄၁၈ ဦးဖမ်းဆီးခံခဲ့ရပြီး ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ယင်းသေဆုံးသူများထဲတွင် ၅ ဦးမှာ စစ်ကြောရေးတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၃ မှာထောင်များအတွင်း သေဆုံးခဲ့ခြင်းလည်း ဖြစ်ကြောင်းသိရသည်။

You may also like these stories:

NLD ပါတီဝင် ၄၁၈ ဦးအဖမ်းခံရပြီး ၈ ဦးသေဆုံး၊ ၅ ဦးမှာ စစ်ကြောရေးတွင် သေဆုံးခြင်းဖြစ်

ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင်ကို သက်သေတင်

လုံခြုံရေးအဖွဲ့သုံး ဆက်သွယ်ရေးစက်အမှု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုမည်

ဒေါ်အောင်ဆန်းစုကြည်အား ပေးရန် ရွှေနှင့် ဒေါ်လာများ ကိုယ်တိုင်ပြင်ဆင်ခဲ့ဟု ဦးဖြိုးမင်းသိန်းဇနီးထွက်ဆို

Your Thoughts …
Tags: NLDဒေါ်အောင်ဆန်းစုကြည်သမ္မတ ဦးဝင်းမြင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.3k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.5k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.6k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

Next Post
“ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့” နဲ့ ဆက်သွယ်မေးမြန်းချက် (ရုပ်/သံ)

“ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့” နဲ့ ဆက်သွယ်မေးမြန်းချက် (ရုပ်/သံ)

၂၀၁၇ မေလ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံ တက်ရောက်လာသော တရုတ် အထူးကိုယ်စားလှယ် ဆွန်ကော့ရှန်

အာဏာသိမ်းခေါင်းဆောင်နှင့် တရုတ်၊ ဂျပန်၊ ထိုင်း အဆင့်မြင့်အရာရှိများတွေ့ဆုံ

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate