• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ

by ဧရာဝတီ
7 December 2021
in ဆောင်းပါး
A A
သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်/ / ဧရာဝတီ

သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်/ / ဧရာဝတီ

16.3k
VIEWS
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်ကောင်စီက စွဲထားသည့် အမှုများအနက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် အများပြည်သူအကျိုးကို ပျက်စီးစေမှု ပုဒ်မ ၅၀၅ (ခ) တို့အတွက် ဒီဇင်ဘာလ ၆ ရက်နေ့က ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့သည်။ သမ္မတ ဦးဝင်းမြင့်ကိုလည်း အလားတူ ပုဒ်မများဖြင့်ပင် ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အပေါ်ရော သမ္မတ ဦးဝင်းမြင့်ကိုပါ ချမှတ်လိုက်သည့် ထောင်ဒဏ် လေးနှစ်ကို နှစ်နှစ်သို့ လျှော့ချမည်ဟု စစ်ကောင်စီ ထိန်းချုပ်သည့် ရုပ်သံက ကြေညာခဲ့သည်။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲထားသည့် အမှု ၁၁ ခုအနက် နှစ်ခုအတွက် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာက ဝေဖန်ရှုတ်ချ တုံ့ပြန်ခဲ့ကြသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကင်က စစ်ကောင်စီ၏ ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်၍ “မတရားမှု”၊ “ဒီမိုကရေစီနှင့် တရားမျှတမှုကို မထေမဲ့မြင်ပြုမှု” ဟု အမည်တပ်လိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကင်က စစ်ကောင်စီ၏ ပြစ်ဒဏ်ချမှတ်မှုများနှင့် ပတ်သက်၍ “မတရားမှု”၊ “ဒီမိုကရေစီနှင့် တရားမျှတမှုကို မထေမဲ့မြင်ပြုမှု” ဟု အမည်တပ်လိုက်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် မတရားသဖြင့် ဖမ်းဆီးခံရသူ အားလုံးကို လွှတ်ပေးရန်လည်း ဝန်ကြီး မစ္စတာ အန်တိုနီ ဘလင်ကင်က တိုက်တွန်းလိုက်သည်။

ရီပတ်ဘလီကန်ပါတီခေါင်းဆောင် အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်ကလည်း ” မြန်မာပြည်မှာ တရားမဝင်တဲ့ ရွေးကောက်ခံမဟုတ်တဲ့ စစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်တဲ့ ထောင်ဒဏ်အတုအယောင်နဲ့ တရားရုံးတုကို ကျနော် ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ထုတ်ပြန်ကြေညာခဲ့သည်။

စစ်တပ်ထိန်းချုပ်သည့် တရားရုံးတွင် လူသိမခံဘဲ ဟန်ပြတရားခွင်ပြုလုပ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပေါ် စွပ်စွဲပြစ်တင်ချမှတ်ခြင်းသည် နိုင်ငံရေးအရ ဆန့်ကျင်မှုများကိုသာ မြင့်တက်စေမည်ဖြစ်ကြောင်း၊ ဤသို့လုပ်ဆောင်ခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ လွတ်လပ်ခွင့်ကို အာဏာရှင်ဆန်စွာ ငြင်းပယ်ခြင်းဖြစ်ပြီး နိုင်ငံရေး ဆွေးနွေးမှု နောက်ထပ်လမ်းကြောင်းကို ပိတ်ပစ်ခြင်းသာ ဖြစ်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘားချလက်က ထုတ်ပြန်သည်။

မန္တလေးမြို့ရှိ NLD ပါတီရုံးချုပ်တွင် ပါတီထောက်ခံသူများကို တွေ့ရစဉ် / ဓာတ်ပုံ – ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲချမှတ်ခြင်းသည် အာဏာသိမ်းမှုအား ငြင်းဆန်ပယ်ချမှုကို ပို၍ နက်ရှိုင်းစေမည်သာ ဖြစ်ကြောင်း၊ ယခု အကျပ်အတည်းနှင့် ပတ်သက်၍ နိုင်ငံရေး အထိုင်ကျမှု၊ ငြိမ်းချမ်းရေးနှင့် ဆွေးနွေးအဖြေရှာရေးတို့ကို ပိုခက်သွားစေမည်ဟုလည်း ပြောထားသည်။

နိုဘယ်လ် ဆုချီးမြှင့်ရေး ကော်မတီကလည်း ၁၉၈၁ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်အတွက် စိုးရိမ်ပူပန်ကြောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အနာဂတ်၏ အကျိုးဆက်များအတွက် စိုးရိမ် ထိတ်လန့်ကြောင်း၊ အလားတူ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်နှစ်ရှည် ချမှတ်မည့်အပေါ်လည်း စိုးရိမ်ကြောင်း ထုတ်ပြန်သည်။

ဒေါက်တာ ဆာဆာက မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့အတွက် ရှက်ဖွယ်ကောင်းသော နေ့ဖြစ်ကြောင်း၊ ရက်စက်ဖိနှိပ်သော စစ်အာဏာရှင်များက သူတို့ကိုယ်သူတို့ ဥပဒေအထက်တွင် ရှိသည်ဟု ထင်မြင်နေမှုကို အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ ပြောခွင့်ရသူ ဒေါက်တာ ဆာဆာက မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး၊ တရားမျှတမှုနှင့် တာဝန်ခံမှုတို့အတွက် ရှက်ဖွယ်ကောင်းသော နေ့ဖြစ်ကြောင်း၊ ရက်စက်ဖိနှိပ်သော စစ်အာဏာရှင်များက သူတို့ကိုယ်သူတို့ ဥပဒေအထက်တွင် ရှိသည်ဟု ထင်မြင်နေမှုကို အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။ ထို့အပြင် ဒေါက်တာ ဆာဆာက နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက် နေသူများအပေါ် ပိတ်ဆို့အရေးယူများ လုပ်ဆောင်ပေးရန်လည်း တောင်းဆိုလိုက်သည်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ်က “ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ်ချမှတ်တာဟာ အတိုက်အခံပါတီတွေကို ဖိနှိပ်ဟန့်တားပြီး လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ချိုးနှိမ်ဖို့ မြန်မာအာဏာရှင်ရဲ့ နောက်ထပ် ထိတ်လန့်ဖွယ်ရာ ကြိုးပမ်းမှုတခုပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆွေးနွေးအဖြေရှာရန် ဗြိတိန်က တောင်းဆိုကြောင်း၊ ရွေးကောက်ခံ နိုင်ငံရေးသမားများကို ဥပဒေမဲ့ ဖမ်းဆီးထားခြင်းသည် နောက်ထပ် မငြိမ်သက်မှုများ ဖြစ်စေမည့် အန္တရာယ်သာ ရှိကြောင်းလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေး ဆွေးနွေးအဖြေရှာရန် ဗြိတိန်က တောင်းဆိုကြောင်း၊ ရွေးကောက်ခံ နိုင်ငံရေးသမားများကို ဥပဒေမဲ့ ဖမ်းဆီးထားခြင်းသည် နောက်ထပ် မငြိမ်သက်မှုများ ဖြစ်စေမည့် အန္တရာယ်သာ ရှိကြောင်းလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ကျောက်လီကျန်က မိတ်ဆွေ အိမ်နီးချင်းအနေဖြင့် မြန်မာနိုင်ငံမှ သက်ဆိုင်သူများက နိုင်ငံ၏ ရေရှည်အကျိုးစီးပွားအတွက်၊ ဖွဲ့စည်းပုံနှင့် ဥပဒေအရ ကွဲပြားမှုများကို ပေါင်းကူးကြရန်၊ မြန်မာ့အမျိုးသားရေး အခြေအနေများအရ ခက်ခဲနေသည့် ဒီမိုကရေစီ ကူးပြောင်းရေး လိုအပ်ချက်အတွက် ဆက်လက် ဆောင်ရွက်ကြရန် စိတ်ရင်းဖြင့် မျှော်လင့်ကြောင်း ပြောသည်။

ဥရောပ သမဂ္ဂ သံတမန် ဂျိုးဆက် ဘော်ရယ်လ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းပြီး ကတည်းက မြန်မာနိုင်ငံတွက် ဒီမိုကရေစီ အဓိက နောက်ကြောင်းပြန်မှုကို ဖြစ်စေသည့် နိုင်ငံရေးရည်ရွယ်ချက်ရှိသော စွပ်စွဲချမှတ်မှုကို ဥရောပ သမဂ္ဂက ပြင်းထန်စွာ ပြစ်တင် ရှုတ်ချကြောင်း ပြောသည်။

ထို့ပြင် အာဏာသိမ်းပြီးနောက် ဖိနှိပ် ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် အရေးတကြီး တောင်းဆိုသည်ဟု ထပ်လောင်း ပြောလိုကြောင်းလည်း သံတမန် ဂျိုးဆက် ဘော်ရယ်လ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် လုံခြုံရေး ကိုယ်ရံတော်များ

နိုင်ငံတကာ အကျပ်အတည်းဖြေရှင်းရေးအဖွဲ့ (ICG) မှ မြန်မာ့အရေး ကျွမ်းကျင်သူ ရစ်ချတ် ဟော်စေက လူထုထောက်ခံသည့် ခေါင်းဆောင်များအပေါ် ထောင်ဒဏ်ချမှတ်မှုများသည် လက်ခံနိုင်ဖွယ်မရှိ၊ တမင်လုပ်ကြံဖန်တီးမှုသာ ဖြစ်ကြောင်း၊ ထို့ကြောင့် စွပ်စွဲမှုနှင့် ထောင်ဒဏ်ချမှတ်မှုများသည် အံ့ဩဖွယ် မရှိကြောင်းနှင့် ဤရလဒ်ကို စစ်ကောင်စီအဖွဲ့ဝင်များမှတပါး တခြားသူများကို လက်ခံနိုင်စေမည် မဟုတ်ကြောင်း ပြောသည်။

စစ်ကောင်စီကို အသိအမှတ်ပြုရေးနှင့် အနာဂတ်နှင့် ပတ်သက်၍ အာဆီယံက ကိုင်တွယ်ဖြေရှင်းရန် နောက်ထပ် အထောက်အထားဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ထိန်းသိမ်းထားသည့် လွှတ်တော်အမတ်များကို အမှုစွဲဆို အရေးယူခြင်းသည် စစ်ကောင်စီက တရားမဝင် အာဏာရယူခြင်းအပေါ် ခွင့်လွှတ်နိုင်ဖွယ်ရာ မရှိကြောင်း၊ စစ်ကောင်စီကို အသိအမှတ်ပြုရေးနှင့် အနာဂတ်နှင့် ပတ်သက်၍ အာဆီယံက ကိုင်တွယ်ဖြေရှင်းရန် နောက်ထပ် အထောက်အထားဖြစ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က ပြောသည်။

ထို့အပြင် အာဆီယံ အစည်းအဝေးများသို့ စစ်ကောင်စီ ကိုယ်စားလှယ်များ တက်ရောက်ခွင့်၊ မြန်မာအာဏာရှင် ဗိုလ်ချုပ်များ ဒေသတွင်း ခရီးသွားခွင့်များ ပိတ်ပင်ရေး ဆက်လက် တောင်းဆိုသွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ခံ စင်ပြိုင် အစိုးရဖြစ်သည့် NUG နှင့် ဆွေးနွေးမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) မှ လူ့အခွင့်အရေး လှုပ်ရှားမှု လက်ထောက် ဌာနေ ဒါရိုက်တာ မင်ယူဟာက စစ်ကောင်စီ တရားရုံး၏ အဓိပ္ပယ်မရှိ၊ ခြစားနေသည့် ဥပဒေမဲ့ ထောင်ဒဏ်ချမှတ်မှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် လူ ၁,၃၀၀ ကျော် အသတ်ခံရမှု၊ ထောင်နှင့်ချီ အဖမ်းခံရမှုများ၏ တစိတ်တပိုင်းဖြစ်သည်ဟု ထောက်ပြသည်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) မှ လူ့အခွင့်အရေး လှုပ်ရှားမှု လက်ထောက် ဌာနေ ဒါရိုက်တာ မင်ယူဟာက စစ်ကောင်စီ တရားရုံး၏ အဓိပ္ပယ်မရှိ၊ ခြစားနေသည့် ဥပဒေမဲ့ ထောင်ဒဏ်ချမှတ်မှုသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် လူ ၁,၃၀၀ ကျော် အသတ်ခံရမှု၊ ထောင်နှင့်ချီ အဖမ်းခံရမှုများ၏ တစိတ်တပိုင်းဖြစ်သည်ဟု ထောက်ပြသည်။

ပြည်သူတို့၏ လူ့အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့မှုကြောင့် အကျယ်ချုပ် နှစ်ရှည် ကျခံခဲ့ရဖူးသည့် လူသိများသော ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ မဟုတ်ဘဲ လူသိနည်းကြသည့် ဖမ်းဆီးထိန်းသိမ်းခံရသူ များစွာရှိနေကြောင်း၊ ၎င်းတို့၏ ကံကြမ္မာကိုလည်း ချန်လှပ်၊ မေ့ဖျောက်ရမည် မဟုတ်ကြောင်းလည်း မင်ယူဟာက ပြောသည်။

သမိုင်းပညာရှင် ဒေါက်တာ သန့်မြင့်ဦးက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ ဖယ်ထုတ်ခြင်းသည် အာဏာသိမ်းမှု နောက်ဆက်တွဲကိစ္စတရပ်သာ မဟုတ်ဘဲ ယင်းသည် အာဏာသိမ်းရခြင်း၏ အကြောင်းရင်း တခုလုံးပင် ဖြစ်သည်ဟု ပြောသည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနကမူ ဤသို့ ပြစ်ဒဏ်ချမှတ်ခြင်း မြန်မာနိုင်ငံတွင် ဒီမိုကရေစီ နိုင်ငံရေးစနစ် စောလျှင်စွာ ပြန်လည် ရရှိရေး ဂျပန်အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက တောင်းဆိုမှုအတွက် လက်ခံနိုင်စရာမရှိကြောင်း ထုတ်ပြန်သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
223
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
95
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.3k

You may also like these stories:

ထောင်ဒဏ် ၄ နှစ်ချမှတ်ခံရသည့် ဒေါ်အောင်ဆန်းစုကြည် အမှု ၁၁ မှုထပ်ရင်ဆိုင်ရဦးမည်

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချအပြီး ဦးဝဏ္ဏမောင်လွင် ဖနွမ်းပင်သွား

ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ

Your Thoughts …
Tags: UKကုလသမဂ္ဂဒေါ်အောင်ဆန်းစုကြည်ပုဒ်မ ၅၀၅(ခ)ပုဒ်မ-၂၅အမေရိကန်ဦးဝင်းမြင့်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

Next Post
မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် လာမည့်နှစ်အစောပိုင်းတွင် ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က ထုတ်ပြန်ခဲ့သည် / Flickr/International Labour Organization

စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်

စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သူ၏ မိသားစု

စစ်ခေါင်းဆောင်သားနှင့် ဗိုလ်ချုပ်ဟောင်းများက ဒလန်လုပ်မှုဖြင့် သတ်ခံရသူများအတွက်ငွေလှူ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

20 hours ago
1.3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved