• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချအပြီး ဦးဝဏ္ဏမောင်လွင် ဖနွမ်းပင်သွား

by ဧရာဝတီ
7 December 2021
in သတင်း
A A
ဖနွမ်းပင်မြို့တော်ရှိ ငြိမ်းချမ်းရေးနန်းတော် Peace Palace တွင် ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဦးဝဏ္ဏမောင်လွင်တို့ ၂ ဦး တတောင်ဆစ်ချင်း ထိတွေ့နှုတ်ဆက်နေပုံ

ဖနွမ်းပင်မြို့တော်ရှိ ငြိမ်းချမ်းရေးနန်းတော် Peace Palace တွင် ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဦးဝဏ္ဏမောင်လွင်တို့ ၂ ဦး တတောင်ဆစ်ချင်း ထိတွေ့နှုတ်ဆက်နေပုံ

12k
VIEWS
Share on FacebookShare on Twitter

ဖမ်းဆီးခံ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်ချမှတ်ခဲ့သောကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းရှုတ်ချခံရအပြီး နောက်တရက် အင်္ဂါနေ့တွင် အာဏာသိမ်းစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ကမ္ဘောဒီးယားသို့ ရောက်သွားသည်။

ဖနွမ်းပင်မြို့တော်ရှိ ငြိမ်းချမ်းရေးနန်းတော် Peace Palace တွင် ပြောဆိုဆွေးနွေးမှုမတိုင်မီ နှာခေါင်းစည်းတပ် ဝန်ကြီးချုပ် ဟွန်ဆန်နှင့် ဦးဝဏ္ဏမောင်လွင်တို့ ၂ ဦး တတောင်ဆစ်ချင်း ထိတွေ့နှုတ်ဆက်နေသော ဓာတ်ပုံကို ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ ခေါင်းဆောင်များနှင့် ဆွေးနွေးရေး မြန်မာနိုင်ငံသို့ လာရောက်ရန် အစီအစဉ် ရှိကြောင်းနှင့် မြန်မာ စစ်ခေါင်းဆောင်ကို အာဆီယံ အစည်းအဝေးများသို့ တရားဝင် ဖိတ်ကြားသင့်ကြောင်း ကမ္ဘောဒီယား ဝန်ကြီးချုပ် ဟွန်ဆန်က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပြောဆိုခဲ့သည်။

လာမည့်နှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ၏အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ကမ္ဘောဒီးယားက ယူရတော့မည် ဖြစ်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဂျကာတာ ဘုံသဘောတူညီချက်များအား ဖြည့်ဆည်းရန် မြန်မာစစ်ကောင်စီဘက်မှ ပျက်ကွက်ပြီးနောက် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အောက်တိုဘာလက ဘရူနိုင်းနိုင်ငံတွင် ကျင်းပသည့် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးသို့ မဖိတ်ကြားခဲ့ဘဲ ဆက်ဆံရေး တင်းမာနေသောအချိန်တွင် ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်နှင့် မိတ်ဆွေဖြစ်ကြောင်း ပြလာနေခဲ့သည်။

သူကိုယ်တိုင်လည်း မြန်မာသို့ သွားရောက်ရန် ပြင်ဆင်ထားကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပြီးခဲ့သည့်အပတ်က ပြောခဲ့ပြီး ယခုအခါ ဇန်နဝါရီလ ၇ ရက်နေ့တွင် နေပြည်တော်သွားမည်ဟု သိရသည်။

ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားပြီး ဟွန်ဆန် မြန်မာပြည်သွားမည်ဟု ကြေညာချက်သည် ဖမ်းဆီးခံ ဒေါ်အောင်ဆန်းစုကြည်ကို ကိုဗစ်ထိန်းချုပ်ရေးစည်းမျဉ်းများ ချိုးဖောက်မှုကြောင့် ထောင်ဒဏ်ချမှတ်လိုက်အပြီး နောက်တရက်တွင် ဖြစ်သည်။ နိုင်ငံတကာက ယင်းတရားစီရင်ချက်ကို “အတုအယောင်”အဖြစ် ဝေဖန်နေခဲ့ပြီး တချိန်တည်းတွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြစ်ဒဏ်တဝက် လျှော့ပေးကြောင်း ကြေညာသည်။

ထို့အပြင် ဒီဇင်ဘာ ၅ ရက် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်ရှိ လူငယ်များ ဆန္ဒပြပွဲကို ကားဖြင့်တိုက်၊ ပစ်ခတ် နှိမ်နင်းမှုများကြောင့် ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများက ထိုအကြမ်းဖက် ဖြိုခွင်းမှုအပေါ် စိုးရိမ်ကြောင်းနှင့် ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင်ကို လူရာသွင်းမည့် ဟွန်ဆန်သည် လူ့အခွင့်အရေးချိုးဖောက်ရာတွင် ဝေဖန်ရှုတ်ချခံနေရသူတဦးဖြစ်ကာ မြန်မာစစ်ကောင်စီနှင့်လည်း နီးစပ်သော အင်အားကြီး တရုတ်နိုင်ငံ၏ ရုပ်သေးရုပ်အဖြစ် အမြင်ခံနေရသူလည်း ဖြစ်သည်။

ကိုးကား။ ။ Bangkok Post, AFP

You may also like these stories:

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
1.8k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
51

ကမ္ဘောဒီးယား၊ အာဆီယံနှင့် မြန်မာ

မြန်မာဗိုလ်ချုပ်များကို နွေးထွေးလာသော တရုတ်နိုင်ငံ

စစ်ကောင်စီကို ဖိအားပေးရန် နည်းမျိုးစုံ သုံးမည်ဟု အမေရိကန် သံတမန် ပြော

စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံ ဖိတ်ခွင့်ရှိကြောင်း ကမ္ဘောဒီးယား ဝန်ကြီးချုပ် ပြော

Your Thoughts …
Tags: Aseanကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ဦးဝဏ္ဏမောင်လွင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ

by ဧရာဝတီ
22 January 2025
9.7k

ထရမ့်ပြန်လာပြီ။ ကမ္ဘာက စိတ်လှုပ်ရှားနေသည်။ သမ္မတထရမ့်သည် အပေးအယူ လုပ်တတ်သော ခေါင်းဆောင်ဖြစ်သည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

မြန်မာ့တော်လှန်ရေးအောင်ပွဲ လမ်းမထက်ဝယ်

by Anthony Davis
17 July 2024
8.6k

လာမည့်နှစ်အတွင်း မြန်မာ၏ ဖရိုဖရဲနိုင်သည့် စစ်မြေပြင်ကို ပုံဖော်ရာတွင် အဓိက အချိန်မရွေး ပြောင်းလဲနိုင်သည့် အခြေအနေ နှစ်ခုသည် အရေးပါမည်ဖြစ်သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များအား နှိုင်းယှဉ်ချက်

ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံ စစ်တပ်များအား နှိုင်းယှဉ်ချက်

by Devjyot Ghoshal
26 July 2025
8.6k

ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ စစ်တပ်အင်အားနှင့် လက်နက်အင်အား အချက်အလက်များက လန်ဒန်မြို့ရှိ International Institute for Strategic Studies (IISS) ၏ ဒေတာများအပေါ် အခြေခံ ထားသည်။

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

စင်္ကာပူ၌ ငွေကြေးခဝါချမှုဖြင့် ဖမ်းခံရသူများ ရွှေကုက္ကိုလ်စီမံကိန်းနှင့် ဆက်စပ်နေ

by ဧရာဝတီ
5 September 2023
7.9k

ရှီကျီကျန့်နှင့် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူတို့ အကျိုးအမြတ်ခွဲဝေခံစားသည့် ရွှေကုက္ကိုလ်စီမံကိန်းသည် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုနှင့် လူကုန်ကူးမှုကဲ့သို့သော ရာဇဝတ်မှုများဖြင့် နာမည်ဆိုးကျော်ကြားလျက်ရှိသည်။

Next Post
သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်/ / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် ထောင်ဒဏ်ချမှတ်မှုအပေါ် နိုင်ငံတကာ တုံ့ပြန်ချက်များ

မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် လာမည့်နှစ်အစောပိုင်းတွင် ဆင်းရဲနွမ်းပါးမှုကို ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်က ထုတ်ပြန်ခဲ့သည် / Flickr/International Labour Organization

စစ်အာဏာသိမ်းမှုက လူ ၂၅ သန်းကို ဆင်းရဲတွင်းထဲ တွန်းချခဲ့သည်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved