ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံကြား လပေါင်းများစွာကြာ တင်းမာနေမှုများသည် ယခုအခါ ပေါက်ကွဲထွက်လာပြီး အရှေ့တောင်အာရှ အိမ်နီးချင်း နှစ်နိုင်ငံအကြား နှစ်ပေါင်းများစွာအတွင်း အပြင်းအထန်ဆုံး တိုက်ပွဲဖြစ်လာခဲ့သည်။
အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဋ္ဌနှင့် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား ဆွေးနွေးညှိနှိုင်းမှုဖြင့် တည်ငြိမ်အေးချမ်းစွာ ဖြေရှင်းရေးအတွက် နှစ်နိုင်ငံ ခေါင်းဆောင်များနှင့် မကြာမီ ပြောဆိုသွားမည်ဟု ပြောသည်။ တရုတ်နိုင်ငံလည်း ထိုတိုက်ပွဲအပေါ် စိုးရိမ်မှုဖော်ပြခဲ့ပြီး ပဋိပက္ခချုပ်ငြိမ်းရေး တောင်းဆိုသည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့သည် ၈၁၇ ကီလိုမီတာ (၅၀၈ မိုင်) ရှည်သည့် နယ်နိမိတ်တလျှောက်၌ အပြန်အလှန်ပစ်ခတ်မှုများ နှစ်ပေါင်းများစွာ ဖြစ်စေသည့် နှစ်ဘက်စလုံးမှ ပိုင်ကြောင်း အငြင်းပွါးသည့် နေရာများရှိသည်။ ၂၀၁၁ ခုနှစ်တွင် နှစ်ဘက် အပြန်အလှန် တပတ်ကြာ အမြောက်ကြီးများ ပစ်ခတ်ခဲ့ကြပြီး လူ ၁၂ ယောက် သေဆုံးခဲ့ဖူးသည်။
၂၀၂၅ ခုနှစ် မေလတွင် ကမ္ဘောဒီးယား စစ်သားတဦး သေဆုံးမှုနှင့် စတင်ခဲ့သည့် သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် ဆက်ဆံရေး တင်းမာလာခဲ့သည်။ သံတမန်ဆက်ဆံရေး မုန်တိုင်းထန်ခဲ့ပြီး ယခုအခါတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်လာခဲ့တော့သည်။
၂၀၂၅ ခုနှစ် မေလတွင် ကမ္ဘောဒီးယား စစ်သားတဦး သေဆုံးမှုနှင့် စတင်ခဲ့သည့် သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်မှုကြောင့် ဆက်ဆံရေး တင်းမာလာခဲ့သည်။ သံတမန်ဆက်ဆံရေး မုန်တိုင်းထန်ခဲ့ပြီး ယခုအခါတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်လာခဲ့တော့သည်။
ဤအခြေအနေတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့၏ စစ်တပ်အင်အားနှင့် လက်နက်အင်အား အခင်းအကျင်းကို အောက်ပါအတိုင်း ဆန်းစစ်နိုင်သည်။ (သတင်းအချက်အလက်များသည် လန်ဒန်မြို့ရှိ International Institute for Strategic Studies (IISS) ၏ ဒေတာများအပေါ် အခြေခံထားသည်။)
ဘတ်ဂျက်နှင့် မြေပြင်တပ်အင်အား

ကမ္ဘောဒီးယားနိုင်ငံ၏ ကာကွယ်ရေးဘတ်ဂျက်သည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၃ ဘီလျံ သုံးစွဲပြီး တာဝန်ထမ်း စစ်သား ၁၂၄,၃၀၀ ဦးရှိသည်။ ကမ္ဘောဒီးယား၏ လက်ရှိ လက်နက်ကိုင်တပ်ဖွဲ့ကို ၁၉၉၃ ခုနှစ်တွင် နိုင်ငံ၏ ယခင် ကွန်မြူနစ်စစ်တပ်နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့ နှစ်ခုကို ပေါင်းစည်းကာ တည်ထောင်ခဲ့သည်။
ကမ္ဘောဒီးယား မြေပြင်တပ်သည် စစ်သား ၇၅,၀၀၀ ခန့် ပါဝင်ပြီး တိုက်ခိုက်ရေးတင့်ကား ၂၀၀ ကျော်နှင့် အမြောက်ကြီး ၄၈၀ ခန့်ဖြင့် ဖွဲ့ထားသည်။
ထိုင်းနိုင်ငံသည် အမေရိကန်၏ “NATO မဟာမိတ် မဟုတ်သော အဓိက မဟာမိတ်” ဟု သတ်မှတ်ခံထားရပြီး ၂၀၂၄ ခုနှစ် ကာကွယ်ရေးဘတ်ဂျက် အမေရိကန်ဒေါ်လာ ၅ ဒဿမ ၇၃ ဘီလျံ သုံးစွဲသည်။ လက်ရှိ တာဝန်ထမ်း စစ်သည်အင်အား ၃၆၀,၀၀၀ ခန့်ရှိသည်။
ထိုင်းကြည်းတပ်တွင် စစ်သားစုစုပေါင်း ၂၄၅,၀၀၀ ခန့်ရှိပြီး ယင်းတို့အထဲ ဥပဒေအရ စစ်မှုထမ်းရသူ ၁၁၅,၀၀၀ ခန့် ပါဝင်သည်။ ထိုင်းကြည်းတပ်တွင် တိုက်ခိုက်ရေးတင့်ကား ၄၀၀ ခန့်၊ သံချပ်ကာယာဉ် ၁,၂၀၀ ကျော်နှင့် အမြောက်ကြီး ၂,၆၀၀ ခန့်ရှိသည်။
ထိုင်းကြည်းတပ်သည် ကိုယ်ပိုင် လေယာဉ်အုပ်စုကို ပိုင်ဆိုင်ထားပြီး ခရီးသည်တင်လေယာဉ်များ၊ အမေရိကန်ထုတ် Black Hawk တိုက်ခိုက်ရေးရဟတ်ယာဉ် ဒါဇင်ခန့်နှင့် ဒရုန်းများ ပါဝင်သည်။
လေတပ်များ
ကမ္ဘောဒီးယားလေတပ်တွင် စစ်သား ၁,၅၀၀ ခန့်ရှိပြီး လေယာဉ်အုပ်အနေဖြင့် ပမာဏသေးငယ်သော အရေအတွက်သာ ရှိသည်။ ထိုအထဲ ပို့ဆောင်ရေးလေယာဉ် ၁၀ စင်းနှင့် ပို့ဆောင်ရေးရဟတ်ယာဉ် ၁၀ စင်း ပါဝင်သည်။
ကမ္ဘောဒီးယားလေတပ်တွင် တိုက်လေယာဉ် လုံးဝ မရှိပဲ မျိုးစုံသုံး ရဟတ်ယာဉ် (multi-role helicopters) ၁၆ စင်းသာရှိသည်။ ထိုအထဲ ဆိုဗီယက်ခေတ် Mi-17 ၆ စင်းနှင့် တရုတ်ထုတ် Z-9 ၁၀ စင်း ပါဝင်သည်။
တိုက်လေယာဉ် လုံးဝ မရှိပဲ မျိုးစုံသုံး ရဟတ်ယာဉ် (multi-role helicopters) ၁၆ စင်းသာရှိသည်။ ထိုအထဲ ဆိုဗီယက်ခေတ် Mi-17 ၆ စင်းနှင့် တရုတ်ထုတ် Z-9 ၁၀ စင်း ပါဝင်သည်။

ထိုင်းလေတပ်သည် အရှေ့တောင်အာရှတွင် အကောင်းဆုံး ဖွဲ့စည်းမှုနှင့် လေ့ကျင့်မှု ရရှိထားသည့် တပ်ဖွဲ့တခုဖြစ်ပြီး၊ စစ်သား ၄၆,၀၀၀ ခန့်နှင့် တိုက်ခိုက်နိုင်သော လေယာဉ် ၁၁၂ စင်းပါရှိသည်။ ထိုထဲတွင် အမေရိကန်ထုတ် F-16 တိုက်လေယာဉ် ၂၈ စင်းနှင့် ဆွီဒင်ထုတ် Gripen တိုက်လေယာဉ် ၁၁ စင်း ပါဝင်သည်။ ထို့အပြင် ရဟတ်ယာဉ်အများအပြားလည်း ရှိသည်။
ရေတပ်များ
ကမ္ဘောဒီးယားရေတပ်တွင် စစ်သည် ၂,၈၀၀ ခန့်ရှိပြီး ထိုထဲတွင် တိုက်ခိုက်ရေးစစ်သား (naval infantry) ၁,၅၀၀ ခန့် ပါဝင်သည်။ ကမ်းရိုးတန်း ကင်းလှည့်နှင့် စစ်သုံးသင်္ဘော ၁၃ စင်း၊ ကမ်းတက်ရေယာဉ် ၁ စင်း ရှိသည်။

ထိုင်းရေတပ်သည် ကြီးမားပြီး စစ်သည် ၇၀,၀၀၀ ခန့်ရှိသည်။ ထိုထဲတွင် ရေတပ်ပိုင်လေယာဉ်တပ်ဖွဲ့၊ ကမ်းတက်တိုက်ခိုက်ရေးတပ် (marines)၊ ကမ်းခြေစောင့်တပ်နှင့် ဥပဒေအရ စစ်မှုထမ်းသူများ ပါဝင်သည်။
ထိုင်းရေတပ်တွင် လေယာဉ်တင်သင်္ဘော (aircraft carrier) ၁ စင်း၊ ဖရီးဂိတ် တိုက်ရေယာဉ် ၇ စင်းနှင့် ကမ်းရိုးတန်း ကင်းလှည့်နှင့် စစ်သင်္ဘော ၆၈ စင်းရှိသည်။
ထိုင်းရေတပ်တွင် လေယာဉ်တင်သင်္ဘော (aircraft carrier) ၁ စင်း၊ ဖရီးဂိတ် တိုက်ရေယာဉ် ၇ စင်းနှင့် ကမ်းရိုးတန်း ကင်းလှည့်နှင့် စစ်သင်္ဘော ၆၈ စင်းရှိသည်။
ထို့ပြင် ထိုင်းရေတပ်တွင် တပ်သားရာချီ တင်နိုင်သော ကမ်းတက်သင်္ဘော အနည်းငယ်နှင့် ပို သေးငယ်သော ကမ်းတက်သင်္ဘော ၁၄ စင်းလည်း ရှိသည်။
ထိုင်းရေတပ်တွင် ကိုယ်ပိုင်လေယာဉ်အုပ်စုရှိပြီး ရဟတ်ယာဉ်နှင့် ဒရုန်းများ ပါဝင်သည်။ ကမ်းတက်တိုက်ခိုက်ရေးစစ်သား ၂၃,၀၀၀ ခန့် ရှိပြီး လက်နက်တပ်ဆင်ထားသော စစ်ရေယာဉ်များ အများအပြားဖြင့် ထောက်ကူထားသည်။
(The Independent ပါ How do Cambodia and Thailand’s military capabilities compare? ကို ဘာသာပြန်သည်။)
You may also like these stories:
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ
ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ ပိုမိုပြင်းထန်လာ (ရုပ်/သံ)
ထိုင်းနဲ့ ကမ္ဘောဒီးယား ပဋိပက္ခအကြား မြန်မာတွေ သတိထားနေထိုင်ဖို့လို (ရုပ်/သံ)
ထိုင်းနဲ့ ကမ္ဘောဒီးယား အပြန်အလှန်ပစ်ခတ် (ရုပ်သံ)
ထိုင်းဘုန်းကြီးလောကနှင့် လိင်အရှုပ်တော်ပုံ














