ထိုင်းနဲ့ ကမ္ဘောဒီးယားအကြားမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ သတိထား နေထိုင်ကြဖို့လိုအပ်တယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူတွေက တိုက်တွန်း ပြောဆိုနေကြပါတယ်။
နှစ်နိုင်ငံ နယ်စပ်မှာ သွားရောက် အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေ အနေနဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေကို လုံခြုံရေးဂရုစိုက်နေထိုင်ဖို့ အပါအဝင် ဒီပဋိပက္ခနဲ့ ပတ်သက်ပြီး အမုန်းတရား ဖြစ်စေမယ့် ပြောဆိုရေးသားမှုတွေ ရှောင်ရှားကြဖို့လိုတယ်လို့လည်း ဆိုပါတယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယားနယ်စပ်မှာ ဒီနေ့ မနက်ပိုင်းထဲက နှစ်ဖက်စစ်တပ်အကြားမှာ အပြန်အလှန် ပစ်ခတ်၊ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေသလို လူသေဆုံးမှုတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေ ဆက်တိုက် ရှိလာနေတာလည်း ဖြစ်ပါတယ်။
နှစ်နိုင်ငံအကြားက စစ်ရေး၊ သံတမန်ရေးမှာ အပြင်းထန်ဆုံးအခြေအနေကို ရောက်ရှိနေတာကြောင့် ထိုင်းရောက် မြန်မာနိုင်ငံသားတွေအနေနဲ့လည်း အထူး သတိထား ဆင်ခြင် နေထိုင်ကြဖို့ လိုအပ်တယ်လို့လည်း ရွှေ့ပြောင်းမြန်မာအရေးဆောင်ရွက်နေသူတွေက သတိပေး ထောက်ပြနေတာဖြစ်ပါတယ်။
#ဧရာဝတီ #ထိုင်း #ကမ္ဘာဒီးယား #မြန်မာရွှေ့ပြောင်း #နယ်စပ် #စစ်ရေး #သံတမန်ရေး #အမုန်းစကား
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













