• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

“အနိမ့်ဆုံး လုပ်အားခ တိုးပေးဖို့ တောင်းဆိုတယ်”

by ဧရာဝတီ
25 July 2025
in အင်တာဗျူး
A A
“အနိမ့်ဆုံး လုပ်အားခ တိုးပေးဖို့ တောင်းဆိုတယ်”

ရန်ကုန်မြို့ စက်မှုဇုန်အတွင်းရှိ အထည်ချုပ်လုပ်ငန်းတခု မြင်ကွင်း/AFP

570
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီကို ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO က ပုဒ်မ ၃၃ Article 33 ဖြင့် အရေးယူရန် ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ လုပ်သော ၁၁၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ညီလာခံတွင် ဆုံးဖြတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၀ ပြည့်နှစ် စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် ယခုလို ILO က မြန်မာနိုင်ငံအား ပုဒ်မ ၃၃ အသုံးပြု အရေးယူခဲ့ပြီး ယင်းအချိန် အလုပ်သမား သောင်းနှင့်ချီ အလုပ်လက်မဲ့ ဖြစ်ပွားခဲ့ရသည်ဟု အကြောင်းပြကာ လက်ရှိအချိန် အထည်ချုပ်လုပ်ငန်း လက်ခစားစနစ် CMP များ ထိခိုက်လာမည်ကို စက်ရုံပိုင်ရှင်များက စိုးရိမ်နေသည်။

ယခုလို ILO က ထပ်မံ အရေးယူမှုနှင့် ပတ်သက်ပြီး လက်ခစားများ ဘယ်လိုသက်ရောက်မှု၊ မြန်မာပြည်တွင်းရှိ အလုပ်သမားများ ရပိုင်ခွင့် အခြေအနေများအား ဥရောပကုန်သည်ကြီးများအသင်း (EuroCham Myanmar ) မှ မူဝါဒနှင့် မဟာဗျူဟာ တာဝန်ခံ ဦးသက်ဇော်ထွေးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ILO က မြန်မာကို ပုဒ်မ ၃၃ အရ အရေးယူဖို့ ဇွန်လ ၃၀ ရက်နေ့က ဆုံးဖြတ်လိုက်တယ်။ အဲဒီကိစ္စက အထည်ချုပ်လုပ်ငန်းအပါအဝင် ညှပ်၊ ချုပ်၊ ထုတ်ပိုး (CMP) လုပ်ငန်းတွေအပေါ် ဘယ်လိုသက်ရောက်မလဲ။ အလုပ်သမားတွေအပေါ်မှာလည်း သက်ရောက်မှုရှိနိုင်မလား။

ဖြေ။ CMP လုပ်ငန်းတွေ အထူးသဖြင့် အထည်ချုပ်နဲ့ အထည်အလိပ်လုပ်ငန်းတွေက အမျိုးသမီးငယ် သိန်းချီ တိုက်ရိုက်အလုပ်ပေးပြီး သူတို့မိသားစုတွေနဲ့ လူမှု အသိုက်အဝန်းတွေကို သွယ်ဝိုက်ထောက်ပံ့နေတယ်။ ဒီဆုံးဖြတ်ချက်မှာ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့လူမှုအသိုက်အဝန်းတွေကို တိုက်ရိုက်အကျိုးရှိစေတဲ့ အထောက်အကူဆက်လက်ပေးနိုင်ရေး ILO ရဲ့ ကတိကဝတ်ကို အတိအလင်း ထပ်လောင်းအတည်ပြုထားတယ်။

၁၁၃ ကြိမ်မြောက် ILO ညီလာခံက ဥရောပသမဂ္ဂရဲ့ကြေညာချက်နဲ့ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့ရဲ့ ပူးတွဲကြေညာချက်မှာ ILO ရဲ့ ပုဒ်မ ၃၃ အစီအမံတွေဟာ အလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေနဲ့ မြန်မာမှာ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ဆိုးကျိုးမဖြစ်သင့်ဘဲ တာဝန်သိသော စီးပွားရေးလုပ်ငန်းအလေ့အထတွေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာအောင်လုပ်ရမယ်လို့ အလေးထားဖေါ်ပြထားတယ်။

၁၁၃ ကြိမ်မြောက် ILO ညီလာခံက ဥရောပသမဂ္ဂရဲ့ကြေညာချက်နဲ့ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့ရဲ့ ပူးတွဲကြေညာချက်မှာ ILO ရဲ့ ပုဒ်မ ၃၃ အစီအမံတွေဟာ အလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေနဲ့ မြန်မာမှာ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းတွေကို ဆိုးကျိုးမဖြစ်သင့်ဘဲ တာဝန်သိသော စီးပွားရေးလုပ်ငန်းအလေ့အထတွေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လိုက်နာအောင်လုပ်ရမယ်လို့ အလေးထားဖေါ်ပြထားတယ်။

မည်သည့် ILO ရဲ့ ဆုံးဖြတ်ချက်မှာမဆို အလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းကို ကာကွယ်ရေးဟာ အခြေခံ စဉ်းစားသုံးသပ်ချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပကုန်သည်ကြီးများအသင်း EuroCham Myanmar က အခိုင်အမာ ယုံကြည်တယ်။ အလုပ်အကိုင်အခွင့်အလမ်းတွေကို အကာအကွယ်ပေးပြီး မြန်မာလုပ်သားအင်အားစုတွေ၊ သူတို့မိသားစုတွေနဲ့ စီးပွားရေးကို အကျိုးပြုတဲ့ ရေရှည်တည်တံ့ပြီး တာဝန်သိသော စီးပွားရေးလုပ်ငန်းအလေ့အထတွေကို အားပေးတဲ့ အလေ့အထတွေကို အားပေးဖို့ EuroCham Myanmar က ဆက်လက်ကတိကဝတ်ပြုတယ်။

EuroCham Myanmar မှ မူဝါဒနှင့် မဟာဗျူဟာ တာဝန်ခံ ဦးသက်ဇော်ထွေး

မေး။ ILO ပုဒ်မ ၃၃ နဲ့ အရေးယူမှုက မြန်မာ့ CMP ပို့ကုန်လုပ်ငန်းအတွက် အခွန်နဲ့ပတ်သက်ပြီး ကန့်သတ်ချက်တွေဖြစ်နိုင်လား။

ဖြေ။ အစိုးရတွေရဲ့ ကုန်သွယ်ရေးမူဝါဒ ချဉ်းကပ်ပုံနည်း ကိုယ်စား ကျနော်တို့ EuroCham Myanmar က ခန့်မှန်း ပြောကြားခြင်းမပြုနိုင်ပါဘူး။ ဒါပေမဲ့ ၁၁၃ ကြိမ်မြောက် ILO ညီလာခံက မြန်မာ့ CMP အထည်ချုပ်လုပ်ငန်းရဲ့ အရေးပါတဲ့ ပို့ကုန်ဈေးကွက်တွေဖြစ်တဲ့ ဥရောပသမဂ္ဂရဲ့ကြေညာချက်နဲ့ ဗြိတိန်၊ သြစတြေးလျ၊ ကနေဒါနဲ့ နယူးဇီလန်တို့ရဲ့ ပူးတွဲကြေညာချက်တွေကို ကျနော်တို့ မှတ်သားထားတယ်။ မြန်မာပြည်က အလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေကို ကာကွယ်ထောက်ပံ့ရေးနဲ့ တာဝန်သိသော စီးပွားရေးလုပ်ငန်း မြန်မာမှာ ဆက်လက်လုပ်ကိုင်နိုင်ရေးရဲ့ အရေးပါမှုကို သူတို့ ဦးစားပေးမယ်လို့ ရှင်းလင်းစွာ ဖေါ်ပြတာကို ကျနော်တို့ ကြိုဆိုပါတယ်။

မေး။ ILO နိုင်ငံတကာ သဘောတူညီချက် အမှတ် ၂၉ နဲ့ ၈၇ ကို ချိုးဖေါက်တယ်လို့ စုံစမ်းစစ်ဆေးရေးကော်မရှင် (COI) က တွေ့ရှိတယ်လို့ နားလည်ထားပြီး အဲဒီပြဿနာတွေကို ဖြေရှင်းပြုပြင်ဖို့ အချိန်ပေးပေမယ့် အာဏာသိမ်း စစ်ကောင်စီက ချိုးဖေါက်မှုတွေ ဆက်လက်လုပ်နေလို့ နောက်ဆုံးမှာ အခုလိုအရေးယူတယ်။ မြန်မာက CMP လုပ်ငန်းတွေအပါအဝင် လက်ရှိအထည်ချုပ်လုပ်ငန်းက အလုပ်သမားအခွင့်အရေးတွေနဲ့ပတ်သက်ပြီး EuroCham Myanmar က ဘာမှတ်ချက်ပေးမလဲ။

နိုင်ငံတကာ အလုပ်သမားအခွင့်အရေးတွေ၊ စံနှုန်းတွေနဲ့ သဘောတူညီချက်တွေကို လိုက်နာဖို့ သက်ဆိုင်သူအားလုံးအနေနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ခြေလှမ်းတွေ လှမ်းဖို့ EuroCham Myanmar က အခိုင်အမာ အားပေးတယ်။ အဲဒီအခွင့်အရေး၊ စံနှုန်းနဲ့ သဘောတူညီချက်တွေမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အတင်းအကျပ် လုပ်အားစေခိုင်းမှု ပပျောက်ရေးနဲ့ ဘေးအန္တရာယ်ကင်း၊ ပွင့်လင်းမြင်သာ၊ ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းအခြေအနေတွေ ပါဝင်ပါတယ်။

ဖြေ။ နိုင်ငံတကာ အလုပ်သမားအခွင့်အရေးတွေ၊ စံနှုန်းတွေနဲ့ သဘောတူညီချက်တွေကို လိုက်နာဖို့ သက်ဆိုင်သူအားလုံးအနေနဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ ခြေလှမ်းတွေ လှမ်းဖို့ EuroCham Myanmar က အခိုင်အမာ အားပေးတယ်။ အဲဒီအခွင့်အရေး၊ စံနှုန်းနဲ့ သဘောတူညီချက်တွေမှာ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်၊ အတင်းအကျပ် လုပ်အားစေခိုင်းမှု ပပျောက်ရေးနဲ့ ဘေးအန္တရာယ်ကင်း၊ ပွင့်လင်းမြင်သာ၊ ဂုဏ်သိက္ခာရှိတဲ့ လုပ်ငန်းအခြေအနေတွေ ပါဝင်ပါတယ်။

ဒီလို နောက်ခံအခြေအနေမှာ EuroCham Myanmar အနေနဲ့

-ILO စံနှုန်းတွေနဲ့ နိုင်ငံတကာ သဘောတူညီချက်တွေကို လိုက်နာရေး အားပေးဖို့ စီးပွားရေးလုပ်ငန်းတွေ၊ အလုပ်သမားတွေနဲ့ နိုင်ငံတကာ မိတ်ဘက်တွေအကြား အပြုသဘော ထိတွေ့ဆက်ဆံမှုကို ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုတယ်။

-နိုင်ငံစုံလုပ်ငန်းတွေအတွက် OECD လမ်းညွန်ချက်တွေနဲ့ စီးပွားရေးလုပ်ငန်းနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂရဲ့ လမ်းညွန်မူများလို နိုင်ငံတကာမူဘောင်တွေနဲ့ ကိုက်ညီရေး လုံလောက်တဲ့ လုံ့လစိုက်ထုတ်လာပြီး တောင့်တင်းခိုင်မာတဲ့ လုပ်ငန်းစဉ် အကောင်အထည်ဖေါ်ဖို့ ကုမ္ပဏီအားလုံးကို အားပေးတယ်။

-အလုပ်သမားတွေအနေနဲ့ လက်စားချေမခံရဘဲ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ ထုတ်ဖေါ်နိုင်အောင်၊ အလုပ်သမား အခွင့်အရေးအတွက် ငြိမ်းချမ်းစွာ စည်းရုံးနိုင်အောင်နဲ့ နစ်နာမှုဖြေရှင်းရေးယန္တရားတွေ အသုံးပြုနိုင်အောင် ဆောင်ရွက်ရေးရဲ့ အရေးပါမှုကို အလေးထားတယ်။

-မျှတတဲ့ လုပ်အားခပေးရေးကို ထောက်ခံပြီး မြန်မာ့ပို့ကုန် အထည်ချုပ်လုပ်ငန်းမှာ အနိမ့်ဆုံး လုပ်အားခ တိုးပေးဖို့ တောင်းဆိုတယ်။

EuroCham Myanmar ဟာ လုပ်ငန်းခွင် အခြေအနေတွေနဲ့ လုပ်အားခ စဉ်ဆက်မပြတ် တိုးတက်ရေး အလုပ်သမားသမဂ္ဂတွေ၊ လုပ်ငန်းရှင်အသင်းတွေ၊ နိုင်ငံတကာမိတ်ဘက်တွေနဲ့ ကျနော်တို့အဖွဲ့ဝင်တွေ အထူးသဖြင့် အထည်ကုန်အမှတ်တံဆိပ်တွေ အပါအဝင် ပြည်တွင်းက သက်ဆိုင်သူတွေနဲ့ တက်ကြွစွာ ထိတွေ့ဆက်ဆံနေတယ်။ ဒီအားထုတ်မှုတွေဟာ အလုပ်သမားတွေရဲ့ အသက်မွေးဝမ်းကြောင်းတွေကို ထောက်ကူဖို့၊ အထည်ချုပ်လုပ်ငန်းမှာသာမက ကျနော်တို့အဖွဲ့ဝင် ဥရောပကုမ္ပဏီတွေ လုပ်ကိုင်နေတဲ့ ကဏ္ဍအားလုံးမှာ တာဝန်သိသော စီးပွားရေးလုပ်ငန်းအလေ့အထတွေကို အားပေးဖို့ ရည်ရွယ်တယ်။

မေး။ အထည်ချုပ်ကဏ္ဍမှာ တရားဝင်အနိမ့်ဆုံးလုပ်အားခကို ပြန်လည်သုံးသပ်ဖို့ EuroCham Myanmar က မကြာသေးမီလများမှာ ထောက်ခံအားပေးနေတယ်လို့ နားလည်ထားတယ်။ ဒါပေမဲ့ စက်ရုံအချို့က လုပ်အားခ တိုးပေးဖို့ ကတိပြုပြီး အလုပ်သမားဆန္ဒပြပွဲတွေအတွင်း သဘောတူညီချက်တွေ လက်မှတ်ရေးထိုးကြပေမယ့် ဒါတွေကို လက်တွေ့အမှန်တကယ် လိုက်နာ သို့မဟုတ် အကောင်အထည်မဖေါ်ဘူးလို့ အလုပ်သမားတွေဆီက လတ်တလော သိထားရတယ်။ အဲဒီကိစ္စကို ဘာမှတ်ချက်ပေးမလဲ။

လုပ်အားခ အဆင့်တွေဟာ အလုပ်သမားတွေဘ၀ သာယာစိုပြေရေး၊ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ လုပ်ငန်းလက်ခံလုပ်တဲ့နိုင်ငံအနေနဲ့ မြန်မာရဲ့ဂုဏ်သတင်းအတွက် အရေးပါတယ်လို့ ကျနော်တို့မြင်တယ်။

ဖြေ။ Garment Advocacy Group ရဲ့ ၂၀၂၅ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ ကြေညာချက်အပါအဝင် EuroCham Myanmar ဟာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေး အထူးသဖြင့်အထည်ချုပ်ကဏ္ဍမှာ တိုးမြှင့်ရေးကို အမှန်တကယ် တက်ကြွစွာတောင်းဆိုနေတယ်။ လုပ်အားခ အဆင့်တွေဟာ အလုပ်သမားတွေဘ၀ သာယာစိုပြေရေး၊ ယှဉ်ပြိုင်နိုင်စွမ်းနဲ့ လုပ်ငန်းလက်ခံလုပ်တဲ့နိုင်ငံအနေနဲ့ မြန်မာရဲ့ဂုဏ်သတင်းအတွက် အရေးပါတယ်လို့ ကျနော်တို့မြင်တယ်။

အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေအကြား သဘောတူညီမှု အတိအကျကို EuroCham Myanmar အနေနဲ့ ပါဝင်ပတ်သက်ခြင်း သို့မဟုတ် မှတ်တမ်းတင်ခြင်း မလုပ်ပေမဲ့ လစာအပါအဝင် ဥပဒေအရ လိုက်နာရမယ့် ကတိကဝတ်တွေကို သက်ဆိုင်သူအားလုံးက လေးစားလိုက်နာမယ်၊ အငြင်းပွားမှုဖြေရှင်းရေးကို သဘောရိုးနဲ့ လုပ်မယ်လို့မျှော်လင့်တယ်။ EuroCham Myanmar ဟာ မြန်မာက အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေထဲက တခုနဲ့ လက်ရှိ ဆွေးနွေးနေပြီး့ အလုပ်သမားအခွင့်အရေးချိုးဖေါက်မှု စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ဥရောပအဖွဲ့ဝင်ကုန်အမှတ်တံဆိပ်တွေ သတိပေးနှိုးဆော်ထားတယ်။

မြန်မာ အလုပ်သမား ဥပဒေတွေနဲ့ နိုင်ငံတကာအလုပ်သမားစံနှုန်းတွေကို လိုက်နာရေးကို EuroCham Myanmar က ဆက်လက်အားပေးနေတယ်။ သဘောတူညီချက်တွေကို လိုက်နာဖို့နဲ့ အလုပ်သမား အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက စဉ်ဆက်မပြတ် အကောင်အထည်ဖေါ်ရေးရဲ့ အရေးပါမှုကို ကျနော်တို့ အလေးထားတယ်။ EuroCham Myanmar ဟာ မြန်မာက ကျနော်တို့အဖွဲ့ဝင်တွေနဲ့ ပိုမိုကျယ်ပြန့်တဲ့ စီးပွားရေးအသိုက်အဝန်းကြားမှာ တာဝန်သိတတ်တဲ့ စီးပွားရေးအလေ့အထကို အာပေးဖို့ သန္နိဌာန်ချထားပါတယ်။

မေး။ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းက ILO ရဲ့အရေးယူမှုတွေကို စိုးရိမ်ကြောင်းဖေါ်ပြပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ပြောပေမဲ့ လက်တွေ့မှာ ဘာစိန်ခေါ်မှုနဲ့ အခက်အခဲတွေရှိမယ်လို့ ထင်လဲ။

ဖြေ။ EuroCham Myanmar ရဲ့အမြင်အရ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းကဏ္ဍမှာ အလုပ်သမား အခွင့်အရေးနဲ့ စံနှုန်းတွေ တိုးတက်စေဖို့ ILO နဲ့ အခြားမိတ်ဘက်တွေနဲ့ မည်သည့် အပြုသဘော ပူးပေါင်းဆောင်ရွက်မှုကိုမဆို ကြိုဆိုတယ်။

အဲဒီလို ညှိနှိုင်းပူးပေါင်းဆောင်ရွက်ခြင်းဟာ တာဝန်သိပြီး ရေရှည်တည်တံ့တဲ့၊ နိုင်ငံတကာမှာလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ လုပ်ငန်းကဏ္ဍတခု ထူထောင်ရေးအတွက် အရေးပါတယ်လို့ ကျနော်တို့ ယုံကြည်တယ်။

လက်တွေ့စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေနိုင်ပေမဲ့ သက်ဆိုင်သူအားလုံး ထိရောက်ပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုက အဲဒါတွေကို ဖြေရှင်းဖို့သော့ချက်ပဲ။

လက်တွေ့စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေဟာ အချိန်နဲ့ အမျှ ပြောင်းလဲနေနိုင်ပေမဲ့ သက်ဆိုင်သူအားလုံး ထိရောက်ပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှုက အဲဒါတွေကို ဖြေရှင်းဖို့သော့ချက်ပဲ။

You may also like these stories:

ILO ဆုံးဖြတ်ချက်တွင် ဖောက်ထွက်ရမည့် စိန်ခေါ်မှုများရှိနေ

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
126
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
140
ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

ပုံပျက်ပန်းပျက် ရွေးကောက်ပွဲ (ရုပ်/သံ)

29 December 2025
108

စစ်အုပ်စု ဆက်ချိုးဖောက်နေလားကြည့်ပြီး ILO ဆက်သွားဖို့ ရှိတယ်

ချန်းရိစက်ရုံဆန္ဒပြပွဲ တပတ်အကြာ ညှိနှိုင်းမှုအဆင်ပြေ

လုပ်ခလစာနဲ့ ကုန်ဈေးနှုန်းက အလှမ်းအရမ်းကွာတယ်

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

Your Thoughts …
Tags: EuroCham MyanmarILO Article 33အထည်ချုပ်လုပ်ငန်းအနိမ့်ဆုံး လုပ်အားခအလုပ်သမားအခွင့်အရေးဦးသက်ဇော်ထွေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ပိုဆိုးလာဖွယ်ရှိဟု ကမ္ဘာ့ဘဏ်ပြော

by ဧရာဝတီ
11 September 2023
5.1k

၂၀၃၀ ခုနှစ်တွင် အားလုံး လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အလားအလာ မှေးမှိန်နေသည်ဟုလည်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြသည်။

H&M  မြန်မာပြည်က ထွက်ခွာသွားသော အခါ

H&M မြန်မာပြည်က ထွက်ခွာသွားသော အခါ

by ဧရာဝတီ
31 August 2023
4.6k

ထိုသို့ နိုင်ငံတကာအမှတ်တံဆိပ်များသည် မြန်မာနှင့် အဆက်အဆံ မရှိတော့ခြင်းသည် နိုင်ငံအတွင်းရှိ အလုပ်သမားဘဝများကို ပိုမိုဆိုးရွားသွားစေနိုင်ကြောင်း ကျွမ်းကျင်သူအချို့က ဆိုကြသည်

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

မြန်မာအလုပ်သမား လှုပ်ရှားမှု ရက်စက်ကြမ်းကြုတ်စွာ လက်စားချေခံနေရ

by ခိုင်ဇာအောင်
17 October 2024
4.2k

အာမခံကုမ္ပဏီတွေနဲ့ ဖက်ရှင်ကုန်အမှတ်တံဆိပ်တွေ အပါအဝင် နိုင်ငံစုံကုမ္ပဏီတွေ မြန်မာကနေ တာဝန်သိစွာ ထွက်ခွာဖို့ တောင်းဆိုတယ်။

ပြည်တွင်းစစ်ကြောင့် ဆုံးရှုံးနိုင်သည့် မြန်မာ့ “လူဦးရေအချိုးအစား အားသာချက်”

ပြည်တွင်းစစ်ကြောင့် ဆုံးရှုံးနိုင်သည့် မြန်မာ့ “လူဦးရေအချိုးအစား အားသာချက်”

by David Hutt
27 July 2024
2.8k

သို့သော် နောက်ထပ် ဆယ်နှစ် သို့မဟုတ် အနှစ် နှစ်ဆယ်တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု၏ ဆိုးရွားလှသော နောက်ထပ် အကျိုးဆက်တခု ရှိနေသည်။

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

တရုတ်အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားများ၏ ဆင်းရဲဒုက္ခ

by ဇုန်းရိန်
10 May 2025
1.7k

အမှတ် (၁) ယူနန်ပြည်နယ် အကျဉ်းထောင်မှ မြန်မာနိုင်ငံသားများသည် ထောင်အာဏာပိုင်တို့၏ ခွဲခြားဆက်ဆံခြင်းကို အပြင်းထန်ဆုံး ခံနေကြရကြောင်း သိရသည်။

Next Post
အီလွန်မတ်စ် မဟုတ်သည့် တတိယပါတီကို အမေရိကန်များ လိုလား

အီလွန်မတ်စ် မဟုတ်သည့် တတိယပါတီကို အမေရိကန်များ လိုလား

သပိတ်ကျင်းသိမ်းအပြီး ၇ မိုင်၌ စစ်တပ် အင်အားပြန်စု

သပိတ်ကျင်းသိမ်းအပြီး ၇ မိုင်၌ စစ်တပ် အင်အားပြန်စု

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved